Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ပီကေ

ကျော်ကြမယ်ဟေ့ ကောင်းကောင်း

ပြည်တွင်း ဘလော့ဂ်ဝါသနာရှင်တွေ အတွက် မရှိမဖြစ် မသိမဖြစ် အရာတစ်ခုက ဘယ်လို ကျော်ခွကြမလဲ ဆိုတာပါ။
မကျော်နိုင် မခွနိုင်ရင် ပြည်တွင်းဘလော့ဂါ မဖြစ်နိုင်ဘူးဆိုတာ ဘယ်သူမှ ငြင်းမရဘူးဗျ။
ဒါကြောင့် ဘလော့ဂ်ဝါသနာရှင်တွေအတွက် ဘယ်လို ကျော်ကြခွကြမလဲ ဆိုတာ မျှဝေ ပေးကြပါဦး။
ကျနော်က ဒီ Discussion ကို အစဆွဲထုတ် ပေးလိုက်တာပါ။

Share

Reply to This

Replies to This Discussion

ကျွန်တော်ကတော့ Ultra-Surf နဲ့ ကျော်ပါတယ်.. အဲဒါပဲသုံးတယ် များသောအားဖြင့် မကျော်ဖြစ်တာများပါတယ် အားလုံးကို reader နဲ့ပဲဖတ်တယ်.. reader နဲ့ ဖတ်တော့ ကွန်မန့်ပေးမရ cbox မှာေ၇းလို့ မရတော့ ကိုယ့်ဘလောခ့် စာဖတ်သူမရဘူးပေါ့ =P စိတ်တော့မပျက်ပါဘူး ဟဲ ဟဲ

Reply to This

ကျွန်တော်ကတော့ U နဲ့ရော Freegate နဲ့ရော အဆင်ပြေတာနဲ့ကျော်တယ်။

Reply to This

To Htoo Tayzar & AungMyoHan

ကျနော်က အဲဒီ နာမည်တွေကော ဆော့ဝဲကော သိနေကြားဖူးနေတော့ ဘာမှ ပြောစရာ မရှိပါဘူး။ ဒါပေမယ့် မသိတဲ့လူတွေ သုံးနိုင်အောင် ဒေါင်းလုလင့်ခ်လေးတွေတော့ ထည့်ပေးစေချင်ပါတယ်။

Reply to This

www.internetfreedom.org မှာအကုန်ရှိပါတယ်။ ultrasurf, freegate, Gpass အားလုံး ၅ ခုတောင်ရှိတယ်။
အောက်က Download လင့်တွေပါ။ ပထမလင့် တွေကို ပိတ်ထားရင် ဒုတိယ လင့်တွေနဲ့ download လုပ်နိုင်ပါတယ်။

UltraSurf
http://www.wujie.net/downloads/ultrasurf/u.zip
http://bashroan.googlepages.com/U90.exe

FreeGate
http://us.dongtaiwang.com/loc/software/676p/fg676p2fd.exe
http://bashroan.googlepages.com/fg672p.exe

GTunnel
http://gardennetworks.com/download/GTunnel.zip
http://bashroan.googlepages.com/GTunnel.exe

GPass
http://gpass1.com/download/GPass.zip
http://bashroan.googlepages.com/GPass.exe

Reply to This

Thanks for ur sharing.

dR.cARBOn said:
www.internetfreedom.org မှာအကုန်ရှိပါတယ်။ ultrasurf, freegate, Gpass အားလုံး ၅ ခုတောင်ရှိတယ်။
အောက်က Download လင့်တွေပါ။ ပထမလင့် တွေကို ပိတ်ထားရင် ဒုတိယ လင့်တွေနဲ့ download လုပ်နိုင်ပါတယ်။

Reply to This

ကျော်နေ ခွနေမှ အဆင်ပြေတဲ့ ရောင်းရင်းတွေ အတွက် .. ကာလာစုံအောင် ကျော်ခွပြီး မျက်စိလှည့်နိုင်အောင် လက်ဆောင်တစ်ခု ပေးလိုက်ပါတယ်။ အသုံးပြုနည်းကို software run တာနဲ့ flash tutorial နဲ့ ရှင်းပြမှာ ဖြစ်ပါတယ်။ ပုံကြည့်လိုက်တာနဲ့ စိတ်ဝင်စားစရာပါ။

Image Hosting by Picoodle.com

Proxy Switcher PRO v3.9.0.4059
Image Hosting by Picoodle.com

Reply to This

freegate ရော ultrasurf ပါ ကောင်းပါတယ်ဗျာ။ ၂ခုလုံးကြိုက်ပါတယ်။ Your Freedom ကတော့ နဲနဲ နှေးတော့ နောက်ပိုင်းသိပ်မကြိုက်တော့ဘူး။ ဒါပေမယ့် torrent ကို Your Freedom နဲ့ ချိတ်မှ အဆင်ပြေသလိုပဲဗျနော်။ အရင်က ရန်ကုန်မှာတုန်းကတော့ အဲ့ဒီ့ကျော်နည်းခွနည်းတွေကို တော်တော်ကလိဖူးတယ်။ ခုတော့ ကလိလို့ မရတော့ဘူးဗျာ။ ကျွန်တော်ရောက်နေတဲ့ နေရာမှာ ဒါမျိုးပိတ်ထားတာမရှိတော့ ကျော်စရာမလိုဘူးလေ။ တော်တော်ပျင်းစရာကောင်းသားဗျာ။ အရင်က ကျော်လို့ရနေတာကိုက ပျော်စရာကောင်းနေတာ။ ဟုတ်တယ်လေ။ သူများသုံးလို့ မရတာတွေ ကိုယ်က သုံးလို့ရနေတယ်။ အဲ့ဒါကိုက ဖီလင် တစ်မျိုးဗျ။ ဘာသိလို့လဲ။ ရန်ကုန်မှာတုံးကတော့ ရှိသမျှ IM တွေကို ဝင်ကလိကြည့်၊ သုံးကြည့်ပေါ့ဗျာ။ ကျွန်တော့ ဘလော့လေးတောင်မှ အဲ့ဒီ့တုံးက Ultrasurf တို့ Your Freedom တို့ အကြောင်းရေးထားတာတွေကို search engine ကနေ ရောက်ရောက်လာသဗျ။ ခုတော့လဲ ကျွန်တော့ဘလော့လဲ update မလုပ်တာကြာလှပေါ့။
ကျွန်တော်လက်လှမ်းမှီသလောက် သိရတာကတော့ မြန်မာပြည်မှာ ဒီ software တွေအားလုံး အလုပ်လုပ်နေသေးပါတယ်တဲ့။ Proxy မထဲ့ပဲ တိုက်ရိုက်ချိတ်ရင် ရပါတယ်တဲ့။ တချို့ Access Kit နဲ့ သုံးတဲ့ သူတွေကျတော့ မရဘူးဆိုပဲဗျ။

Reply to This

ကျွန်တော်ကတော့ UltraSurf ပဲသုံးဖြစ်တယ်။ အရင်တုန်းကတော့ Polysolve တို့ဘာတို့သုံးတာပေါ့။ အခုနောက်ပိုင်း U မရှိတဲ့သူတွေကော အခုမှ စဖတ်တဲ့သူတွေပါ ကြည့်လို့ရအောင် co.cc ပြောင်းထားလိုက်တယ်။ ကိုယ်ကိုယ်တိုင်တော့ ကျော်ရခွရသေးတာပေါ့လေ။

Reply to This

https ကို support လုပ်တဲ့ဘယ် site မှာမဆို url ရှေ့မှာ https ဆိုတာထည့်ပြီးသုံးလို့ရသေးတယ်။
Software မသုံးချင်ရင်ပြောတာပါ။
ကျွန်တော်ကတော့ freedom ရော ultrasurf ရောသုံးတယ်။ Freedom ကိုတော့ပိုကြိုက်တယ်။

Reply to This

dR.cARBOn said:
www.internetfreedom.org မှာအကုန်ရှိပါတယ်။ ultrasurf, freegate, Gpass အားလုံး ၅ ခုတောင်ရှိတယ်။
အောက်က Download လင့်တွေပါ။ ပထမလင့် တွေကို ပိတ်ထားရင် ဒုတိယ လင့်တွေနဲ့ download လုပ်နိုင်ပါတယ်။

UltraSurf
http://www.wujie.net/downloads/ultrasurf/u.zip
http://bashroan.googlepages.com/U90.exe

FreeGate
http://us.dongtaiwang.com/loc/software/676p/fg676p2fd.exe
http://bashroan.googlepages.com/fg672p.exe

GTunnel
http://gardennetworks.com/download/GTunnel.zip
http://bashroan.googlepages.com/GTunnel.exe

GPass
http://gpass1.com/download/GPass.zip
http://bashroan.googlepages.com/GPass.exe

ကျေးဇူးပဲဗျာ...ဘာကြောင့်လည်းဆိုတော့ ကျွန်တော့်စက်က Diup လေ Freegate တို့ U တို့နဲ့ က အချိန်တိုင်း ကျော်လို့မရဘူးဖြစ်နေတယ်ဒါကြောင့် အခုလိုအများကြီးသိလိုက်ရတော့ ကောင်းတာပေါ့.။
ကျေးဇူးကမ္ဘာပါ ဘလော့ကာ ရေ..။

Reply to This

ဘာလို့ကျော်ခွရတာလဲ .. ဘယ်လိုတွေဖြစ်နေလို့ ရေးလို့မရတာလဲ .. တကယ်သိချင်လို့မေးတာပါ .. ရွာပြန်ရင် ဘလော့တင်ရတာ ခက်မှာလား .. အသစ်မို့ပါ .. လမ်းညွန်ပေးပါ ..

Reply to This

The page you have requested could not be found. (404)
အဲလို ကြီး ဖြစ်သွားတယ် သံလုံငယ်ရေ...

သံလုံငယ် said:
ကျော်နေ ခွနေမှ အဆင်ပြေတဲ့ ရောင်းရင်းတွေ အတွက် .. ကာလာစုံအောင် ကျော်ခွပြီး မျက်စိလှည့်နိုင်အောင် လက်ဆောင်တစ်ခု ပေးလိုက်ပါတယ်။ အသုံးပြုနည်းကို software run တာနဲ့ flash tutorial နဲ့ ရှင်းပြမှာ ဖြစ်ပါတယ်။ ပုံကြည့်လိုက်တာနဲ့ စိတ်ဝင်စားစရာပါ။

Image Hosting by Picoodle.com

Proxy Switcher PRO v3.9.0.4059
Image Hosting by Picoodle.com

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service