မကျော်မခွပဲ လွယ်လွယ်ကူကူ ၀င်ဖတ် လို့ရမယ်ဆိုရင် blog တွေ ကို လူတွေ Reader တွေ ပိုဖတ်လာကြမှာပေါ့နော်။
အဲလို မကျော်ပဲ ဖတ်လို့ရရင်ကောင်းမယ်ပေါ့။ ဒီလိုနဲ့ ရှာနေတုန်း ဆရာ့ဆရာသမားတွေရဲ့ လမ်းညွှန်ချက်တွေကြောင့် CO.CC:Free Domain ကိုသွားတွေ့တယ်လေ ဒီလိုနဲ့ FREE DOMAIN လေးတွေရရော DOMAIN ရတော့ဘယ်လို SET UP လုပ်ရမှန်းမသိဘူးလေ။အဲလိုနဲ့ ကြာလာလိုက်တာ ခုတော့ ရပြီနည်းလမ်းက ဒီလိုတဲ့ဗျ။
1. CO.CC:Free Domain မှာ account မရှိရင် sign up လုပ် / ရှိရင် sign in....(နင်ပြောမှလား..ဟတ်ဟတ်)
2. ပြီးရင် ကိုယ်ကြိုက်တဲ့ နာမည်နဲ့
www.yourname.co.cc ဆိုပြီး လုပ်ပေါ့။ available မဖြစ်ရင်တော့ ထပ်ရှာပေါ့ဗျာ..
3. ဟုတ်ပြီ domain ရပြီ register လဲ ပြီးပြီ ဆိုရင်တော့ set up လုပ်ရတော့မယ်။"setup-->Manage domain"
4. Manage DNS/Zone Record/URL forwarding တွေရှိတဲ့ အထဲက Zone Record ကိုရွေးမယ်
5. ပြီးတော့ Host ဆိုတဲ့ နေရာမှာ ကိုယ်ရွေးထားတဲ့ Domain ကိုထည့်မယ်
6. TTL ဆိုတဲ့ နေရာမှာ 1D
7. Type မှာ CNAME ကိုရွေး
8. Value မှာတော့ "ghs.google.com" ကိုထည့်
9. ပြီးရင်တော့ Setup ကိုသာနှိပ်ချလိုက်တော
အဲဒါတွေပြီးပြီဆိုရင်တော့ နောက်တစ်ပိုင်းလေးပဲကျန်တော့တယ်။ အဲဒါက Blogger အပိုင်း။
ကဲကဲ Blogger က ကိုယ့် Dashboard ကိုမရောက်သေးရင် လဲ ၀င်လိုက်ပါ
ရောက်ပြီဆိုရင်တော့
1. Setting=>Publishing ကိုသွား
2. အဲဒီမှာ "Switch to: • Custom Domain ကိုရွေး
3. "Already own a domain? Switch to advanced settings" မှာclick မယ်
4. ပြီးရင်ပေါ်လာတဲ့ အကွက်ကလေးထဲမှာ ခုဏက setup လုပ်လာတဲ့ domain ကို ရိုက်ပဲထည့်ထည့် copy/paste ပဲလုပ်လုပ် ကြိုက်သလိုသာလုပ်
5. ပြီးရင်တော့Save Setting ကိုနှိပ်ပေါ့
၄၈ နာရီအတွင်း Domain အသစ်ပြောင်းပြီးဖြစ်သွားမှာပါ။ အဲ ၄၈ နာရီလို့သာပြောတာဗျ ကျွန်တော်လုပ်တုန်းကတော့ ၁ နာရီတောင်မပြည့်ဘူးထင်တာပဲ။
ကျော်ခွဖတ်ရခြင်းဒုက္ခမှ ကင်းဝေးနိုင်ကြပါစေဗျာ။