Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ကဲ .. ဘယ်သူမှ မစသေးတော့ .. စလိုက်ပါပြီ။
Entrepreneur ဆိုတာကို ဘယ်လိုနားလည်လဲ ဆိုတာ ၀ိုင်းပြီး discuss လိုက်ကြရအောင် ..
(ပလို့ဂျိ ..) :D

Share

Reply to This

Replies to This Discussion

ပြောပြမယ်လေ အားအားယားယား တောင်စဉ်းစား မြောက်စဉ်းစား ပြီးတော့ နဲနဲညစ်ပေါက်ကပ်ကျယ်ပြော နောက်တော့ သူများ မလုပ်တတ်ဘူး မလုပ်နိုင်ပါဘူးဆိုတာ ဇွတ်ကို လုပ်တော့တာ။ အဲလိုကောင်မျိုးတွေ ထင်ပါ့။
:D

Reply to This

haha! you got the point zeRoTrash :D

Reply to This

Economic Agent ဆိုတာကိုတော့ ကြိုက်သွားပြီ။ ငယ်ငယ်ထဲက စိတ်ထဲက ဖြစ်ချင်နေခဲ့တာလေ။ မလွယ်သေးပါဘူး။ လုပ်ငန်းရှင်တောင် မနည်းလုပ်နေရတာ။ စွန့်ဦးဖြစ်ဖို့တော့ ....

Reply to This

ပညာရပ်ဆန်ဆန်တချို့က ပြောတာက ဒီလိုလူတွေက စွန့်စားရဲတဲ့သူမျိုးတဲ့။( risk lover ) တချို့ကတော့ စွန့်စားမှုမျိုးဆို ပေမယ့် သေချာမှ ဂလိုင်ခေါက်တဲ့သူတွေတဲ့။ အားလုံးလက်ခံတာကတော့ သူများတွေနဲ့ ကွဲပြားစွာမိမိရဲ့လုပ်ငန်း၊ ထုတ်ကုန်၊ ကြော်ငြာ စသည်တို့ကို တီထွင်လုပ်ကိုင်သူတွေတဲ့လေ။ ဘယ်လိုပဲ ဖွင့်ဆိုဖွင့်ဆို အိုင်ဒီယာကောင်းကို ရောင်းနိုင်မှ ဒါမှမဟုတ် ငွေကြေးအရှုံးခံရဲလောက်အောင် တောင့်တင်းဖို့တော့ လိုတာပေါ့နော်။

Reply to This

ko ko free said:
ငွေကြေးအရှုံးခံရဲလောက်အောင် တောင့်တင်းဖို့တော့ လိုတာပေါ့နော်။

.. ဒီကိစ္စမှာ၊ သူတို့ဆီမှာတော့ proposal ကောင်းကောင်းတင်ပေးနိုင်ရင် နောက်က funding ပေးမယ့်လူတွေ ရှိတာ စွန့်ဦးတီထွင်သူတွေ အတွက် တပန်းသာတယ်လို့ ထင်တယ်။

Reply to This

entrepreneur ဆိုတာပေါ့လေ များသောအားဖြင့် စီးပွားရေးလုပ်ငန်းတွေမှာ တမူထူးခြားစွာ စွမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်တွေကိုသုံးလေ့သုံးထ ရှိပေမယ့် ကျနော့်အမြင်ဒီထက်ကျယ်ပြန့်တယ် လူတစ်ယောက်က သူ့လုပ်ငန်းနယ်ပါယ် အသီးသီးမှာ စွန့်ဦးတည်ထွင်သူဖြစ်နိုင်တယ်လို့ထင်တယ်။ အဓိက ကတော့အတွေးအမြင် လွတ်လပ်သူ စိတ်ကူးနဲ့ အကြံအစည်တွေကို မဆုတ်မနစ်လုပ်တက်သူ့ အားလုံးရဲ့ ဝေဖန်ပြစ်တင်မှုတွေထက် သူ့ဘာသူ အောင်မြင်မယ်ထင်တာကိုရဲဝံ့စွာဆုံးဖြတ်လုပ်ကိုင်ရဲသူ ဦးစွာစွန့်လွတ်တည်ထွင်သူပေါ့ ။ ဒီတော့ကား ကိုဇီးရိုးပြောသလို နဲနဲ ညစ်ပေါက်ကပ်ကျယ်ကျတက်တဲ့သဘောလေးတော့ရှိတာပေါ့ဗျာ ။ :)

Reply to This

စွန့်ဦးတီထွင်သူတွေ အရင်ဆုံးစိတ်ကူးတွေကို တီထွင်တာပဲဗျ။ နောက်တော့မှ အိပ်မက်တွေကို မဖြစ်မနေ အကောင်အထည်ဖော်တယ် လို့ယူဆတယ်ဗျ။ စွန့်ဦးတီထွင် တစ်ယောက်ဖြစ်ဖို့က ခိုင်မာတဲ့ ယုံကြည်ချက်ရှိရမယ်။ အဲဒီယုံကြည်ချက်ကလည်း ခိုင်မာရမယ်ဗျ။ Risk Lover ဆိုပြီး မဖြစ်လာနိုင်တာကို အတင်းကြီး စွန့်ဦးတီထွင်မယ်ဆိုရင်တော့ လှူပစ်လိုက်ဗျို့။ ဒီတော့ စွန့်ဦးတီထွင် ဖြစ်ချင်တဲ့သူက သူများတွေ သတိမထားမိနိုင်အောင် လျှင်မြန်ဖို့လိုတယ်။ ပါးနပ်ဖို့လိုတယ်။ ဆုံးဖြတ်ရဲဖို့လိုတယ်။ ခေါင်းမာဖို့လည်း လိုတယ်လေဗျာ။ အဓိက တချက်ကျန်သေးတယ်ဗျ။ ဖြတ်ထိုးဥာဏ်လည်းကောင်းရမယ်။ အကွက်လည်းမြင်ရမယ်ဗျ။

ဒါပေမယ့် တချို့သော သူများက သေချာမှ လုပ်ချင်တာမျိုးလည်း ရှိတယ်။ ဒါဆိုရင်တော့ သေတဲ့အထိ ချာသွားနိုင်တယ်ဗျ။
ဒီထက်ပိုပြီးဆွေးနွေးချင်ပေမယ့် type မလုပ်နိုင်တော့လို့ ရပ်လိုက်ပြီဗျာ။
နောက်တော့ ဆုံကြတာပေါ့။

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service