Blogger ဖဲသမားများ သမဂ္ဂ တည်ထောင်ခဲ့တဲ့ ကိုမိုးမှောင် စောင်ခြုံကွေးက ဖဲရိုက်ရင်းခြင်ကိုက်ရင် ရောဂါရမှာစိုးလို့ ဘုရှ့်ဆီကနေ အိမ်ဖြူတော်လည်း ဖဲလိမ်ရိုက်ပြီးမပေးပြီးပြီ။
သူကပြီးတော့ မက်လုံးပေးထားတာရှိပါသေးတယ်။ ကွဲပြားတဲ့ဖဲကစားနည်းတွေ စုစည်းဖို့ ရဲရင်ဗျူး ဖဲနည်းသင်တန်းပြပေးရင် အကောက်မပေးဘဲ ရိုက်ခွင့်ပေးမယ်ဆိုလို့ ကျနော်လည်းသိသိသမျှ ဖဲနည်းလေးများနဲ့ အကောက်ရှောင်ကွင်းဖို့ကြိုးစားကြည့်တာပါ။
မိတ်ဆွေတို့လည်း ကျနော့်လိုမျိုး အကောက်မပေးရတဲ့နည်းနဲ့ စမ်းကြည့်ကြပါဦးလား ...?
ကျနော်သိတဲ့ဖဲနည်းတချို့ကတော့ ...
၁။ ဘန်ကာပလေယာ
၂။ ဘလက်ဂျက်
၃။ တွမ်တီဝမ်း
၎။ ဘူကြီး (မြန်မာ)
၅။ ဘူကြီး (တရုတ်)
၆။ ကိုးမီး(ခ) ၀ိုက်
၇။ ရှမ်းကိုးမီး
၈။ ၁၀တွဲခြင်း
၉။ ဟောလီးဝုဒ်
၁၀။ ပိုကာ
၁၁။ ရှိုး (ရိုးရိုး)
၁၂။ ဗွီဒီယိုပိုကာ (ခ) ရှိုး(ဒိုင်)
၁၃။ ဘင်္ဂလားဖဲ
၁။ ဘန်ကာပလောယာ
သူကတော့ ရှင်းရှင်းလေးပါ။ ဘန်ကာ နဲ့ ပလောယာ နှစ်ဘက်ယူပြီး ဖဲနှစ်ချပ်ကို အရိုးရှင်းဆုံး အပွင့်ရေရေတွက်ကစာနည်းတခုပါ။
၂။ ဘလက်ဂျက်
သူကတော့ တွမ်တီဝမ်းနဲ့ လုံးဝနည်းပါ ဆင်တူပြီး၊ ဘမ် (ခ်) ထဲကမှ ဘလက်ဂျက်က လောင်းကြေးပိုရသော ကစာနည်းဖြစ်ပါတယ်။
၃။ တွမ်တီဝမ်း
နှစ်ချပ်ဝေ ... ၁၆ မရှိသေ၊ ၂၁ ကျော်ရင်ဝေ၊ စီစီ ၊ ဘမ်နဲ့ ငါးချပ်ပေါက် ကစာနည်းတွေကတော့ ဖဲသမားတိုင်းလိုလို သိပြီးသားပါ။ တချို့က ၁၅ အသက်ရှိပြီး ၊ ခြောက်ချပ်ပေါက်အထိ ဆော့လို့ရပါတယ်။
၎။ ဘူကြီး (မြန်မာ)
မြန်မာတွေကတော့ ဘူကြီးကို သိပ်ထူးပြီးမိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး။ ငါးချပ်ဝေ ... သုံးချပ် ကို နှစ်ဆယ် (သို့) တစ်ဆယ်တွဲ။ ကျန်တာအပွင့်ဖဲ ...။ ၁၀(ဘူ) ဆို အနိုင်သာဆွဲပေတော့။ တချို့ကကြိုက်ရင် အဆထည့်ဆော့ချင်ကြတယ်။
၅။ ဘူကြီး (တရုတ်)
မြန်မာဘူကြီးနဲ့ ထူးထူးခြားခြားကွာတာဆိုလို့ ၃ နဲ့ ၆ ကို ခလောက်လို့ရခြင်းပါ။ ၃ ဖဲကိုလိုရင် ၆အဖြစ်ယူလို့ရသလို၊ ၆ ဖဲကို လိုရင် ၃အဖြစ်ယူကစားလို့ရပါတယ်။ ၁ စပိတ်နဲ့ ကုလားတွဲရင်တော့ ၅ ဆပေါ့ဗျာ။ တချို့က အပွင့်ဖဲ နှစ်လုံးတူရင် နှစ်ဆပေးကြပါတယ်။
၆။ ကိုးမီး(ခ) ၀ိုက်
ကိုးမီးဆိုတာကတော့ မင်းတုန်းမင်းလက်ထက်ကတည်းက ပေါ်ခဲ့တဲ့ ပြည်ပသွင်းကုန်တမျိုးဖြစ်ပါတယ်။ နှစ်ချပ်ဝေ ကြိုက်ရင်တချပ်ထပ်ဆွဲ အပွင့်ဖဲမှာ အနိုင်အရှုံးကြည့်ကြတဲ့နည်းပေါ့။ (ဆတိုးမရှိပါဘူး။)
၇။ ရှမ်းကိုးမီး
ရိုးရိုး ကိုးမီး ဆတိုးထည့်ရင် ရှမ်းကိုမီးပေါ့ဗျာ။ တချို့က နှစ်ချပ်အပွင့်တူရင် နှစ်ဆပေးတတ်ပါတယ်။ ကုလား သုံးကောင် ( J Q K ကြိုက်တာ) ပါရင် ၃ဆပေးပါတယ်။ များသောအားဖြင့် အချပ်တူ သုံးရွက်သာသုံးဆပေးလေ့ရှိပြီး၊ ကုလားသုံးချပ် (JJJ , QQQ or KKK) ဆိုရင် ၅ဆ ပေးပါတယ်။
၈။ ၁၀တွဲခြင်း
ရှေ့ကပစစ်ဖဲ ၁၀ဖြစ်ရင်ဆွဲတဲ့ဒီနည်းက အပျော်တန်းတချို့ကစားတာကလွဲရင် သိပ်မကြိုက်တတ်ကြပါဘူး။
၉။ ဟောလီးဝုဒ်
အမှတ်ပေးစနစ်နဲ့ဆော့တဲ့ ဒီနည်းမှာတော့ လူငယ်တွေသိပ်မကြိုက်ကြပါဘူး။ ၀ရမ်းထွေအတိုင်းခင်းတဲ့ဖဲကို အမှတ်နဲ့တွက်ပြီး ပထမအလှည့်မှာ ကစားသူဦးရေကိုမူတည်ပြီး အမှတ် ၁၀၀ ဖြစ်စေ၊ ၁၂၅ ဖြစ်စေ တကြိမ်ထဲခင်းနိုင်ရပါမယ်။၁ ကို ၁၅ မှတ်အဖြစ်သတ်မှတ်ပါတယ်။ ကျန်ဖဲများကတော့ သူ့အပွင့်နဲ့ သူ့အမှတ်အတိုင်းပါ။
၁၀။ ပိုကာ
ပိုကာဒေါင်းနည်း ပြောပြရင် အရစ်ရှည်တယ်ထင်ပြီး အဘေခံရမှာစိုးလို့ အသုဘအိမ်မှာ အချိန်ရှည်ဆော့တာမျိုးလို့ဘဲ ပြောပါရစေ...။ အင်းလေး ဒေသမှာတော့ မီးဖွားချိန် မီးနေစောင့်ချိန်မှာ တချို့ ဒီနည်းကစားတတ်ပါတယ်။
၁၁။ ရှိုး (ရိုးရိုး)
9/10/J/Q/K/A ဖဲခြောက်မျိုးနဲ့ တချပ်မှောက်ကစားနည်းကတော့ ရှိုးလို့ခေါ်ပါတယ်။ စီနေယာ အကြီး/အသေး ၁ပူး ၂ ပူးနဲ့ ဟိတ်ဟန်ကောင်းကောင်းကစားရတဲ့ ဒီနည်းကတော့ တချက်မှားရင် ပါသမျှကုန်လို့ရတဲ့ ကြေးအကြီးဆုံးကစားနည်းပါ။ တချို့တွေက ဒီဖဲခြောက်မျိုးအပြင် ၈ ဖဲ ထပ်ထည့်ကစားပါတယ်။
၁၂။ ဗွီဒီယိုပိုကာ (ခ) ရှိုး(ဒိုင်)
ရှိုး လို့ နိုင်ငံတကာမှာ ခေါ်တဲ့ဒီကစားနည်းကတော့ ပိုကာလို့လည်း ခေါ်တတ်ကြပါတယ်။ တချပ်မှောက် ကစားနည်း (ရှိုး) နဲ့ တူညီပြီး၊ မိမိဖဲ နှစ်ချပ်ကို ဒိုင်ဖဲနဲ့တွဲကစားရတာပါ။ ဒီနေရာမှာ ဒိုင်ဆိုတာ ပါဝင်ကစားသူမျိုးမဟုတ်ဘဲ စည်းကျပ်သူသက်သက်ဖြစ်ပါတယ်။
၁၃။ ဘင်္ဂလားဖဲ
ကျနော်တို့ ကွန်ပျူတာ မှာ မိုက်ခရိုဆော့သုံးရင်ပါတဲ့ ဟတ်ဖဲ ကစားနည်းလိုပါဘဲ။ လှန်ထားတဲ့ဖဲချပ်ကို တချပ်စီပြိုင် အကြီးဆုံးသူကစားရပါတယ်။ တချို့က အချပ်ရေနဲ့ကစားပြီး တချို့က အပွင့်ရေနဲ့ကစားပါတယ်။ တခါတရံ စပိတ်ကွင်းကို အမှတ် သီးသန့်သတ်မှတ်တတ်ပါတယ်။
ဒါတွေကတော့ ကျနော်သိသလောက်ကို ဆရာဖြစ်စေ လို့သဘောမပါဘဲ၊ အကောက်မပေးဘဲ ဖက်ရိုက်ရယုံသက်သက် ဖောက်သည်ချခြင်းပါ။
မိတ်ဆွေတို့လည်း အမှားတွေ့ရင် ပြင်ပေးကြပါဦး။ နည်းသစ်ရှိလည်း ထည့်ပေးကြပါဦး။
Tags: blackjack, poker, video
Share
-
▶ Reply to This