Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ကဲ .. ဒီနေရာမှာ
စင်ကာပူမှာပျော်တဲ့ ဘလော့ဂ်ဂါ တွေလား ..???
မြန်မာပြည်မှာပဲ ပျော်ကြတဲ့ ဘလော့ဂ်ဂါတွေလား ..???

အကြောင်းပြချက်လေးတွေ နဲ့ ဝင်ဆွေးနွေးကြရအောင်လို့ ။။

Share

Reply to This

Replies to This Discussion

ဟုတ်တယ်ရှင့်.. ဆိုင်နာမည်က Anana တဲ့ (Not Banana) .. မြန်မာပြည်နဲ့တူပုံများ S'pore မှာ တွေ့ရခဲတဲ့ ယင်ကောင်တွေတောင် အဲဒီဆိုင်ထဲမှာ ရှိတယ်.. :)...ကျွန်မ Saturday တိုင်း နေ့လည်စာစားနေကျ နေရာပေါ့..
မစ်(စ်)သွန်းသွန်း said:
အဲ .. မြန်မာပြည်ကလို ခွေးခြေနဲ့တော့ မတွေ့ဖူးသေးဘူး ။ ဒါပေမဲ့ Aljunied MRT အနောက်ဘက်ထွက်ပေါက်မှာ မြန်မာပြည်ဆန်ဆန်အအေးဆိုင်လေး တစ်ဆိုင်တော့ရှိတယ် ။ မြန်မာပြည်က မော်ဒန် လက်ဘက်ရည်ဆိုင်မျိုး ထိုင်ခုံမရှည့်တရှည်လေးတွေနဲ့ ။
WitNyin said:
ကျွန်တော်ကတော့ ၂ ခုလုံးမှာပျော်တယ်....
်အဲ.. မြန်မာပြည်က ခွေးခြေနဲ့လက်ဖက်ရည်ဆိုင်လေးတွေ ဒီမှာရှိရင်ကောင်းမယ်... သစ်ပင်ရိပ်ကလေးဘာလေးနဲ့ပေါ့...
ဒါဆို ရန်ကုန်ပြန်တော့ဘူး... ဒီမှာပဲ မိန်းမယူ အူဝဲမွေး... ကလေးထိန်း... အဲ.. ရောကုန်ပြီ... ဟီး...

Reply to This

ဒီမှာနေရတာ.. စနေ တနင်္ဂနွေနေ့ တွေကအပျော်ဆုံးဘဲ..ရုံးမတတ်ရလို့လေ...သွားချင်တဲ့နေရာတွေလည်းလျှောက်သွားလို့ရတယ်.. ဟီး..ဟီး...ကျန်တဲ့ ငါးရက်ကတော့ပျော်ပါဘူး..

Reply to This

ဟုတ်... ကျေးဇူး... သွားချောင်းလိုက်မယ်.... ဟီးဟီး...

မစ်(စ်)သွန်းသွန်း said:
အဲ .. မြန်မာပြည်ကလို ခွေးခြေနဲ့တော့ မတွေ့ဖူးသေးဘူး ။ ဒါပေမဲ့ Aljunied MRT အနောက်ဘက်ထွက်ပေါက်မှာ မြန်မာပြည်ဆန်ဆန်အအေးဆိုင်လေး တစ်ဆိုင်တော့ရှိတယ် ။ မြန်မာပြည်က မော်ဒန် လက်ဘက်ရည်ဆိုင်မျိုး ထိုင်ခုံမရှည့်တရှည်လေးတွေနဲ့ ။

WitNyin said:
ကျွန်တော်ကတော့ ၂ ခုလုံးမှာပျော်တယ်....
်အဲ.. မြန်မာပြည်က ခွေးခြေနဲ့လက်ဖက်ရည်ဆိုင်လေးတွေ ဒီမှာရှိရင်ကောင်းမယ်... သစ်ပင်ရိပ်ကလေးဘာလေးနဲ့ပေါ့...
ဒါဆို ရန်ကုန်ပြန်တော့ဘူး... ဒီမှာပဲ မိန်းမယူ အူဝဲမွေး... ကလေးထိန်း... အဲ.. ရောကုန်ပြီ... ဟီး...

Reply to This

တစ်ချို့ကပြောတယ်.. မဗေဒါကို.. အောက်မှာပြောထားတွေက အမှန်တွေဆိုပေမဲ့.. မပြောသင့်ပါဘူးတဲ့.. တစ်အိမ်ထဲနေတဲ့မောင်နှမတွေက အိမ်ပြန်လာပြီး ကိုယ့်အိမ်ကိုစိတ်ကုန်တယ်လို့ ပြောတဲ့လေသံနဲ့တူပါတယ်တဲ့...
မဗေဒါလဲ အရင် နိုင်ငံခြားမသွားခင်က ဒီလိုခံစားခဲ့ဘူးပါတယ်.. နိုင်ငံခြားကပြန်လာတဲ့သူတွေပြောရင်.. ကြီးကျယ်တယ်.. ဘာညာပေါ့...
ဒါပေမဲ့လဲ ဒါတွေဟာတကယ်ဖြစ်နေတာပါ... တကယ်ဖြစ်နေတာကို မပြောပဲနေလို့လဲ.. ဒီတိုင်းပဲဆက်သွားနေမှာပါ...
ဒီလိုပြောလိုက်လို့ ဘာမှထူးမလာဘူးဆိုရင်တောင်... ပြောပါများရင်ထူးလာမှာပါ... အဲလိုထူးလာတော့.. အဲဒိမြန်မာပြည်မှာနေနေပါတယ်ဆိုတဲ့.. တစ်အိမ်ထဲနေမောင်နှမတွေပဲ ကောင်းစားမှာမဟုတ်ဘူးလား.. ခုလိုရေးတာ.. ပုတ်ခတ်ရှုပ်ချချင်လို့ရေးတာမဟုတ်ပါဘူး.. အထင်သေးနှိမ်ချပြီးတော့လဲရေးတာမဟုတ်ပါဘူး.... ဒါတွေဒီလိုဖြစ်နေတော့ သူများနိုင်ငံတွေနဲ့မျက်ဝါးထင်ထင်မြင်နေတဲ့ ကျမတို့က အားမလိုအားမရနဲ့ ဂရုဏာဒေါသောဖြစ်လို့ရေးလိုက်မိတာပါ...
ပြောခဲ့တဲ့ ကျမကိုယ်တိုင်လဲ.. မြန်မာပြည်ကို ၁နှစ်တစ်ခေါက်တော့ အရောက်ပြန်နေတာပါပဲရှင်...

ဒါပေမဲ့.. အမှန်ကို အမှန်ပြောတာကို.. လူတစ်ယောက်က ကျမ profile မှာလာပြီး.. ကော်ပီ paste လုပ်ပြီး.. ဒါမျိုးမပြောသင့်ပါဘူးတဲ့..
ကဲ...... ဒီတော့..........................

mabaydar said:
စကာင်္ပူရောက်ရောက်ချင်းတော့ မိသားစုကရန်ကုန်မှာရော.. သူငယ်ချင်းတော်တော်များများကရန်ကုန်မှာရောကြောင့်ရန်ကုန်ကိုပျော်တယ်..
ခုတော့ မိသားစုလဲဒီရောက်.. သူငယ်ချင်းတော်တော်များများလဲနိုင်ငံခြားထွက်ကုန်..
စကာင်္ပူမှာနဲနဲ stress များတာကလွဲလို့.. လူနေမှုအဆင့်အတန်းကကောင်းတယ်..
မြန်မာပြည်ပြန်ရင်.. မီးကပြတ်.. ဖုန်ကထူ.. အလှူခံကများ.. ၀မ်းကလျှော... ဈေးကကြီး.. service ကမကောင်း.. bus ကားလဲမတိုးနိုင်.. taxi စီးတော့လဲ ပေးရတာနဲ့မတန်..
မဗေဒါအတွကဆိုရင်တော့ နေစရာကမရှိ.. အပေါင်းအသင်းနဲ့အပြင်ထွက်ဖို့တောင် ကိုယ်ကသွားလေရာသူတို့အားလုံးအတွက် ဆိုက်ပေးနိုင်မှ.. ဒီလောက်ပြန်နေတာလဲ.. တွေ့တဲ့သူတိုင်း လက်ဆောင်ပဲမျှော်... ကိုယ်ဒီမှာစားစရာမရှိဒုတ်ခရောက်တုန်းကတော့ သောက်ဂရုတောင်မစိုက်ပဲနဲ့..တောက်.. တော်ပြီကွာ... ဆက်ရေးတော့ဘူး.. ဒါတွေအားလုံး.. နိုင်ငံခြားရောက်တဲ့သူတော်တော်များများခံစားဖူးမယ်ထင်ပါတယ်..

Reply to This

အင်း..သွန်းသွန်းက စင်္ကာပူရောက်နေတဲ့သူတွေ ဘယ်မှာပျော်လဲ မေးမိပါတယ် ၊ ဘယ်သူက ဘယ်လို ဝင်ကစ်သွားပြန်ပြီလဲ မသိ။ စင်္ကာပူ ရောက်နေလို့ ဘဝင်ခေါင်ခိုက်ပြောစရာလည်း မရှိပါဘူး။ ဒါပေမဲ့ ပြောမယုံ ကြုံဖူးမှ သိလေ။ တစ်ကယ်တမ်း ရောက်ဖူးတဲ့ သူတွေက မဗေဒါ ပြောသလိုပဲ ကိုယ့်အမိမြေကြည့်ပြီး ဖြစ်ရလေခြင်းလို့ အားမလိုအားမရ ကရုဏာဒေါသောဖြစ်ကြသူချည်း ရယ်ပါ။ လူတွေကလည်း ခက်တယ်။ အမှန်ဆိုပေမဲ့ မပြောသင့်ဘူးဆိုတဲ့ အတွေးမျိုး ဘယ်နှစ်ယောက်များရှိနေဦးမှာလဲ မသိဘူး။ အမှန်ကို အမှန်မှန်းသိပေမဲ့ မပြောသင့်ဘူးပဲ ရှိသေးလားရှင်။ (ဟို ရဟန်းက ပတ္တမြားကြီးကို ငန်းမျိုချတာ မြင်ပေမဲ့ မပြောဘူးလို့တော့ မကပ်နဲ့ပေါ့ရှင် ၊ ဒါက ဆိုးကျိုးတစ်စုံတစ်ရာ ဖြစ်စေနိုင်လို့ မပြောတာမဟုတ်လား)။ ကိုယ်ပြောလိုက်တဲ့ အမှန်က ဖတ်သောသူ အသိအမြင် တစ်ခု ရစေမယ် ဆို ပြောကို ပြောသင့်တာပါပဲ။ ကျမကတော့ တမင်နှိမ်ချရေးတယ် မထင်ဘူး။ ကိုယ့်ဆီမှာ ဖြစ်ပျက်နေတာတွေနဲ့ သူများဆီမှာ ဖြစ်ပျက်နေတာတွေ ယှဉ်ပြီးမြင်သင့်တယ်ထင်လို့ ပြောတယ်ပဲ ယူဆတယ်။ ပြီးတော့ ဒါက ကိုယ့်ခံစားချက် ကိုယ်ပိုင်လွတ်လပ်ခွင့်မို့ ဘယ်မှာပဲပျော်ပျော်လေ ၊ ဘာမဆိုင်ညာမဆိုင် ဝင်ရောက်ရှုံ့ချတာတော့ မကောင်းဘူးထင်ပါ့။

mabaydar said:
တစ်ချို့ကပြောတယ်.. မဗေဒါကို.. အောက်မှာပြောထားတွေက အမှန်တွေဆိုပေမဲ့.. မပြောသင့်ပါဘူးတဲ့.. တစ်အိမ်ထဲနေတဲ့မောင်နှမတွေက အိမ်ပြန်လာပြီး ကိုယ့်အိမ်ကိုစိတ်ကုန်တယ်လို့ ပြောတဲ့လေသံနဲ့တူပါတယ်တဲ့...
မဗေဒါလဲ အရင် နိုင်ငံခြားမသွားခင်က ဒီလိုခံစားခဲ့ဘူးပါတယ်.. နိုင်ငံခြားကပြန်လာတဲ့သူတွေပြောရင်.. ကြီးကျယ်တယ်.. ဘာညာပေါ့... ဒါပေမဲ့လဲ ဒါတွေဟာတကယ်ဖြစ်နေတာပါ... တကယ်ဖြစ်နေတာကို မပြောပဲနေလို့လဲ.. ဒီတိုင်းပဲဆက်သွားနေမှာပါ... ဒီလိုပြောလိုက်လို့ ဘာမှထူးမလာဘူးဆိုရင်တောင်... ပြောပါများရင်ထူးလာမှာပါ... အဲလိုထူးလာတော့.. အဲဒိမြန်မာပြည်မှာနေနေပါတယ်ဆိုတဲ့.. တစ်အိမ်ထဲနေမောင်နှမတွေပဲ ကောင်းစားမှာမဟုတ်ဘူးလား.. ခုလိုရေးတာ.. ပုတ်ခတ်ရှုပ်ချချင်လို့ရေးတာမဟုတ်ပါဘူး.. အထင်သေးနှိမ်ချပြီးတော့လဲရေးတာမဟုတ်ပါဘူး.... ဒါတွေဒီလိုဖြစ်နေတော့ သူများနိုင်ငံတွေနဲ့မျက်ဝါးထင်ထင်မြင်နေတဲ့ ကျမတို့က အားမလိုအားမရနဲ့ ဂရုဏာဒေါသောဖြစ်လို့ရေးလိုက်မိတာပါ...
ပြောခဲ့တဲ့ ကျမကိုယ်တိုင်လဲ.. မြန်မာပြည်ကို ၁နှစ်တစ်ခေါက်တော့ အရောက်ပြန်နေတာပါပဲရှင်...

ဒါပေမဲ့.. အမှန်ကို အမှန်ပြောတာကို.. လူတစ်ယောက်က ကျမ profile မှာလာပြီး.. ကော်ပီ paste လုပ်ပြီး.. ဒါမျိုးမပြောသင့်ပါဘူးတဲ့..
ကဲ...... ဒီတော့..........................

Reply to This

ကျတော်ကတော့ ရောက်ပြီး တစ်ပတ်လောက်မှာပဲ ပြန်ချင်နေတယ်။ပြန်လာရင်လဲ အိမ်က ရိုက်ထုတ်မှာလဲကြောက်ရတယ်။ ဒီမှာနေရတာ ပျင်းဖို.ကောင်းတယ်။ မီးနဲ.internet သာမရှိရင် ပျင်းလို.သေနိုင်တယ်။ သွားရအောင်ကလည်း သူငယ်ချင်းမရှိ၊ ချစ်သူမရှိ(ကြော်ငြာတာမဟုတ်ပါ :P) အကိုတွေကလည်း တနင်္ဂနွေနေ့မှအားတာ သွားတော့လည်း Cityhall ပဲသွားတယ်။ နေ.လို.တော့ကောင်းပါတယ်။ ဒါပေမဲ့ တစ်သက်လုံးနေဖို.တော့ မကောင်းဘူးလို.ထင်ပါတယ်။ အခုတော့ ပျင်းဖို.အချိန်မရှိတော့ဘူး။ blog တွေလိုက်ဖတ်တယ်။ ကဗျာသေးသေးလေးတွေရေးတယ်။ မြန်မာပြည်ကို အရမ်းပြန်ချင်နေတဲ့ ခပ်ပိန်းပိန်ကောင်လေးတစ်ယောက်ပေါ့ဗျာ။

Reply to This

အဲဒါရောက်စမို့လို့ အစ်ကိုရေ... မဗေဒါဆို အစထဲက လာကိုမလာချင်ရတဲ့အထဲ အိမ်က အတင်းလွှတ်လို့ရောက်လာရတာ.. ရောက်ပြီး ၁နှစ်တစ်ခေါက်အမြဲပြန်တယ်... တစ်ခါတစ်လေ ၁နှစ်၂ခေါက်ပြန်တယ်.. ပြန်တိုင်းလဲ နောင်တရရတာချည်းပဲ.. မီးကပျက်တာလုံးဝမခံစားနိုင်ဘူး.. အရင်က မိသားစုနဲ့ သူငယ်ချင်းတွေရှိတော့ ပြန်ရတာ ဘယ်လောက်ပဲ ကုန်ကုန်ဘယ်လောက်ပဲ ပင်ပန်းပါစေပြန်တာတန်သေးတယ်.. ခုတော့ မိသားစုလဲဒီရောက်... သူငယ်ချင်းတွေအားလုံးလဲ နိုင်ငံခြားတွေရောက်ကုန်ကြတယ်.. ပြီးတော့ ဒီမှာနေတာကြာတော့လဲ သူ့ lifestyle ရယ်သူ့ပတ်ဝန်းကျင်ရယ်နဲ့ လိမ့်ပတ်လည်သွားတယ်.. အစ်ကို ဒီမှာ ၁နှစ်လောက်နေလိုက်ရင် အသားကျသွားပါလိမ့်မယ်.. ၁နှစ်လောက်နေပြီးမှ ပြန်ရင်လဲ မြန်မာပြည်နဲ့ ဘယ်လောက်ကွာခြားလဲသိလာပါလိမ့်မယ်.. မဗေဒါဆိုလဲရောက်စက ဟိုနေရာလေးက မြန်မာပြည်က ဘယ်နေရာနဲ့တူလိုက်တာ.. ဟိုလိုမျိုးလေးကိုမြင်တော့ မြန်မာပြည်က ဘာလေးကိုသတိရလိုက်တာ.. ထင်နေပင်မဲ့.. တကယ်မြန်မာပြည်လဲပြန်ရော.. တော်တော်လေးကွာခြားတာ သိလိုက်ရပါတယ်..
ဒါပေမဲ့လဲ မြန်မာနိုင်ငံသားပီပီ မြန်မာပြည်ကိုချစ်ဆဲပါ.. မြန်မာပြည်ကြီးကို တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးရမယ်ဆိုတဲ့ တစ်နေ့ကျရင်.. ကျမပထမဦးဆုံးပြန်ပြီး တက်စွမ်းသလောက်တိုးတက်အောင် လုပ်ပေးမှာပါ..

jeljel said:
ကျတော်ကတော့ ရောက်ပြီး တစ်ပတ်လောက်မှာပဲ ပြန်ချင်နေတယ်။ပြန်လာရင်လဲ အိမ်က ရိုက်ထုတ်မှာလဲကြောက်ရတယ်။ ဒီမှာနေရတာ ပျင်းဖို.ကောင်းတယ်။ မီးနဲ.internet သာမရှိရင် ပျင်းလို.သေနိုင်တယ်။ သွားရအောင်ကလည်း သူငယ်ချင်းမရှိ၊ ချစ်သူမရှိ(ကြော်ငြာတာမဟုတ်ပါ :P) အကိုတွေကလည်း တနင်္ဂနွေနေ့မှအားတာ သွားတော့လည်း Cityhall ပဲသွားတယ်။ နေ.လို.တော့ကောင်းပါတယ်။ ဒါပေမဲ့ တစ်သက်လုံးနေဖို.တော့ မကောင်းဘူးလို.ထင်ပါတယ်။ အခုတော့ ပျင်းဖို.အချိန်မရှိတော့ဘူး။ blog တွေလိုက်ဖတ်တယ်။ ကဗျာသေးသေးလေးတွေရေးတယ်။ မြန်မာပြည်ကို အရမ်းပြန်ချင်နေတဲ့ ခပ်ပိန်းပိန်ကောင်လေးတစ်ယောက်ပေါ့ဗျာ။

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service