Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ကိုဆန်းဝင်း

ဆရာဆူဒိုနင်၏ >blog = ကူမှတ်တမ်း< ဟုမြန်မာမှုပြုခြင်း ဆောင်းပါးအား ၀ိုင်းဝန်းဆွေးနွေးကြ ။

အို.. ဘလောက်ဂါ အပေါင်းတို့…
အွန်လိုင်း မြန်မာ့ စွယ်စုံကျမ်းတွင် ပင့်ကူအိမ်မှတ်တမ်းဟု အများသိထားသော “blog ကို ဘလော့ဂ်” ၊ blogger ကို ဘလော်ဂါ ဟိုဖေါ်ပြ သုံးနှုန်းသည်။ ယနေ့အခါဝယ် လေးစားထိုက်သော မြန်မာဘလော်ဂါတို့၏ ရပ်တည်ချက် လုပ်ဆောင်ချက်များကြောင့် ဘလော့ဂ်အား လူထုက လက်ခံယုံကြည်လာကြသည်။

ယမန်နေ့က ဖတ်လိုက်ရသော ဘိုင်ဝိကလီး ဂျာနယ်တွင် သတင်းတပုဒ်ထူး၏။
စာရေးဆရာ ဆူဒိုနင်က blog ခေါ် ပင့်ကူအိမ်မှတ်တမ်း ကို ခေတ်နှင့်အညီ “blog = ကူမှတ်တမ်း” ဟု မြန်မာမှုပြု ချင်သည်။
ဆောင်းပါး အပြည့်စုံအား http://www.first-11.com/bdet.php?id=23 ဤ မှာ ဖတ်ကြကုန်လော့ ???

Share

Reply to This

Replies to This Discussion

ဆရာဆူဒိုနင်နာမည်ကို အရင်မှန်အောင် ပေါင်းပေးပါဦး။ ဆူးဒိုနင်က တမင်ပေါင်းထားတာတော့ မဟုတ်လောက်ပါဘူးနော်။

သူက အမြဲတမ်း အင်္ဂလိပ်စာလုံးတွေကို မြန်မာလိုပြန်ရတာ ၀ါသနာပါတယ်။ အီးမေးလ်ကို ဓာတ်ချောစာလို့ သုံးတယ်။ အဲဒါကို တော်တော်များများက မျက်စိစပါးမွေးစူးကြပါတယ်။ ဘာလို့ဆိုတော့ အင်္ဂလိပ်လို့ သုံးလို့ရရချည်းနဲ့ ဘာလို့ မြန်မာလိုပြန်မှာလဲတဲ့။

ဟုတ်ပြီ... ဒါဆို ကျွန်မတို့ ဘိုးဘွားဘီဘင်တွေက ဘာဖြစ်လို့ ဘိုစာလုံးတွေကို ဘာသာပြန်ပေးခဲ့ကြတာလဲ။ refrigeratorကို ရေခဲသေတ္တာ၊ air-conditioner ကို လေအေးပေးစက်၊ spataclesကို မျက်မှန်၊ film ကို ရုပ်ရှင် စသဖြင့်ပေါ့။ ဟိုတုန်းက လူကြီးတွေအတွက်လည်း ဒီပစ္စည်းတွေ စပေါ်ခဲ့တုန်းက အသစ်အဆန်းပဲလေ။ သူတို့ရအောင် မြန်မာလို့ပြန်ခဲ့တယ်။ ခုထိကျွန်မတို့ လက်ခံသုံးစွဲနေကြတယ်။

ဘာသာမပြန်လို့ မွေးစားစကားလုံးသုံးရင်ရော ဘာဖြစ်မှာမို့လို့လဲ၊ ဘာသာစကားတိုင်းမှာ မွေးစားစကားလုံးရှိတယ်လို့ လက်လွတ်စပယ်တော့ မပြောကြပါနဲ့။ တရုတ်ရော၊ ဂျပန်ရောမှာ carကို သူတို့ဘာသာစကားနဲ့ခေါ်စရာ စကားလုံးရှိတယ်။ မြန်မာတွေမှာ မရှိဘူး။ အဲဒီတော့ ဘာဖြစ်လဲ။ အဲဒီတော့ သူတို့နိုင်ငံတွေမှာ ကွန်ပျူတာကို သူတို့ဘာသာစကားနဲ့ လွယ်လွယ်ကူကူသုံးနိုင်တယ်။ နည်းပညာဝေါဟာရတွေကို သုံးလို့ရအောင် ဘာသာပြန်နိုင်ခဲ့တယ်။ ကျွန်မတို့ဆီမှာတော့ မြန်မာစာသုံးကွန်ပျူတာစနစ်ကို ဘယ်ဆီမျှော်လင့်ရမှန်းမသိဘူး။

ဒီတော့ ကျွန်မတို့ တစ်ခုခုစဉ်းစားကြဖို့လိုပါပြီ

Reply to This

ဆရာဆူဒိုနင်ရဲ့ ဆောင်းပါးကို ကျွန်တော်လည်းဖတ်လိုက်ရပါတယ်...။ ဒါပေမယ့် ကူမှတ်တမ်း ဆိုတာကြီးက နဲနဲထောက်နေသလိုပဲနော်..။ ကျွန်တော့ကို ရွေးခွင့်ပေးရင်တော့ ကွန်မှတ်တမ်း ဒါမှမဟုတ် ကွန်လွှာ လို့ပေးမိမယ်ထင်တယ်...။ :D

Reply to This

ဟုတ်တယ် ကူမှတ်တမ်းကတော့ တစ်မျိုးကြီးပဲ

လဂွန်းအိန် said:
ဆရာဆူဒိုနင်ရဲ့ ဆောင်းပါးကို ကျွန်တော်လည်းဖတ်လိုက်ရပါတယ်...။ ဒါပေမယ့် ကူမှတ်တမ်း ဆိုတာကြီးက နဲနဲထောက်နေသလိုပဲနော်..။ ကျွန်တော့ကို ရွေးခွင့်ပေးရင်တော့ ကွန်မှတ်တမ်း ဒါမှမဟုတ် ကွန်လွှာ လို့ပေးမိမယ်ထင်တယ်...။ :D

Reply to This

thanks 4 ur discussion ..
I have been chainged the name by removeing : .

mydaydream said:

Blog ဆိုသော ဝေါဟာရ ... Posted by သူရိန် On 8:53 PM
စာရေးဆရာ တစ်ယောက်က ပြောတယ်.. blog ဆိုတာ web log ဆိုတာကလာတယ်။ အင်တာနဲ့ စာမျက်နှာပေါ်မှာ ကိုယ့်စိတ်ထဲရှိတာကို ရေးတဲ့ မှတ်တမ်းမှတ်ရာလို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်တဲ့။ web ဆိုတာက ပင်ကူအိမ်ဖြစ်ပါသတဲ့။ ဒါကြောင့် blog ဆိုတာကိုတော့ ကူမှတ်တမ်းလို့ ဘာသာပြန်ချင်ပါသတဲ့။ ဘာပြောရမှန်းတောင် မသိတော့ဘူး။

ကျောင်းတုန်းက calculus သင်ရဘူးတယ်။ Calculus အခြေခံမှာ Differentiation နဲ့ Integration ဆိုတာ သင်ခဲ့ရဘူးသူတိုင်း သိမှာပါ။ စိတ်ဝင်စားလို့ စာအုပ်တွေ ရှာဖတ်တော့ ဗမာလို ရေးထားတဲ့ စာအုပ်တစ်အုပ် မှာ integration ဆိုတာကို သမူဟခြင်းလို့ ဘာသာပြန်ထားတော့ ဘာပြောတာလဲ နားမလည်တော့ဘူး။

နောက် modulation ဆိုတဲ့ ဝေါဟာရကို မြန်မာမှုပြုပြီး လွှဲသခြင်းလို့ ဘာသာပြန်ပါတယ်။ ရုပ်သံထုတ်လွှင့်မှုတွေမှာ frequency modulation (FM) နဲ့ Amplitude modulation (AM) ဆိုတာရှိပါတယ်။ ရုပ်နဲ့အသံ signal တွေကို အဝေးတစ်နေရာအထိ ရောက်အောင် ပို့ဆောင်ပေးဖို့၊ အမြန်နှုန်းမြင့်တဲ့ carrier wave ပေါ်ကို တင်ပေးရတဲ့ စနစ်ကို modulation လို့ ခေါ်ပါတယ်။ အဲဒါကို လွှဲသခြင်းလို့ ပြောလိုက်ရုံနဲ့ နားလည်ပါသလား။ ကျွန်တော်တော့ နားမလည်ပါ။

ဇာဂနာတို့ ပြက်ခဲ့ဘူးတဲ့ ဇာတ်ကွက်လေး တစ်ခုသွားသတိရတယ်။ ကားဆိုတာကို မြန်မာမှုပြုရမယ်။ လေးဘီးတပ်၍ ရှေ့တိုးနောက်ငင် ရွေ့လျားနိုင်သော စက်တပ်ယာဉ်လို့ ပြောသင့်တယ် ဆိုတာလေးပါ။ ကားဆိုရင် လူတိုင်းနားလည် နေမှတော့ ဘာသာပြန်စရာ လိုသေးလို့လား။

ဘာသာစကား ဝေါဟာရဆိုတာ လူအချင်ချင်း ဆက်သွယ်မှု သင်္ကေတလို့ ကျွန်တော်ကတော့ သဘော ပေါက်တယ်။ အဓိက ဆိုလိုချက်ကို သဘောပေါက်ရင် ဒီဝေါဟာရကို လက်ခံသင့်တယ် မဟုတ်လား။ ဝေါဟာရဆိုတာ သူစတင် ထွက်ပေါ်လာရာ နေရာဒေသနဲ့ ဖန်တီးသူ ပုဂ္ဂိုလ်တွေက လိုက်လျောညီထွေရှိတဲ့ အဓိပ္ပါယ်တစ်ခုနဲ့ သတ်မှတ်လိုက်လို့ ပေါ်ထွက် လာရတယ်လို့ ကျွန်တော်နားလည်းမိတယ်။ ဒါကြောင့်သူ့ရဲ့ မူလအဓိပ္ပါယ်ကို ပေါ်လွင်အောင် တိကျစွာ မပြောနိုင်ရင်၊ ပြောနိုင်သော်လည်း သုံးစွဲရမလွယ်ကူလျင် မူလအသံအတိုင်း မွေးစားလိုက်တာ ပိုကောင်းတယ်လို့ ထင်ပါတယ်။

သင်္ချာနဲ့ ရူပဗေဒပညာရှင် William Roentgen ဟာ Cathode Rays တွေအကြောင်း လေ့လာရင်း ဘာမှန်း မသိတဲ့ ray အသစ်တမျိုးကို တွေ့ရှိပါတယ်။ သင်္ချာမှာ မသိကိန်းကို x လို့သတ်မှတ်လေ့ရှိသလို ဘာမှန်း မသိလို့ သူတွေ့ရှိခဲ့တဲ့ ray ကို X-rays လို့ အမည်ပေးလိုက်ပါတယ်။ ခုအချိန်ထိ ဒီအတိုင်းပဲ နေရာဒေသ မရွေး ခေါ်ဝေါ်လျှက်ပါပဲ။ မြန်မာမှုပြုပြီး ဘာမှန်းမသိတဲ့ အတန်းများ၊ ၂၅လုံးမြောက် အင်္ဂလိပ်အက္ခရာ အတန်းများလို့ ခေါ်သင့်တယ်လို့ ပြောရင် ဘယ်သူ လက်ခံမလဲ။

Web ဆိုတာ မူလအဓိပ္ပါယ်ကတော့ ပင့်ကူအိမ်ပေါ့၊ အင်တာနက်မှာ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေဟာ ပင့်ကူအိမ်လို ဖြစ်နေတာမို့ တင်စားပြီး ဥပစာပြုခေါ်ဆိုတယ်လို့ ကျွန်တော်တော့ နားလည်မိတယ်။ internet ဆိုတာ ကိုကလည်း ဗမာစကားမှ မဟုတ်ပဲလေ.၊ ဒါကို inter=အတွင်းပိုင်း net=ကွန်ယက်၊ ဒါကြောင့် အင်တာနက်လို့ ခေါ်မယ့် အစား ဗမာမှုပြုပြီး အတွင်းပိုင်းကွန်ယက်လို့ ခေါ်သင့်တယ်လို့ ပြောရင် ဘယ်လိုနေမလဲ။ ဘယ်သူနားလည်မလဲ။ web page = ပင့်ကူအိမ်စာမျက်နှာ = ကူစာမျက်နှာ ( အဲဒီဆရာရဲ့ အာဘော်အတိုင်း) လို့ပြောရင်ရော..။

ကျွန်တော်တို့ မြန်မာစကားမှာလဲ ရှိပြီးသားပါ။ စကားပုံတွေ၊ ဗန်းစကားတွေ ဆိုတာ ဘယ်သူက မူလအဓိပ္ပါယ်နဲ့ ပြောကြလဲ။ အိုးကမပူ စလောင်းကပူ ဆိုတဲ့စကားဆိုတာ ကလေးတဖက် အလုပ်တစ်ဖက်နဲ့ ထမင်းအိုးကပွက် ရုံးချိန်နီးလို့ အလုပ်ကရှုပ်နေတဲ့ အိမ်ထောင်ဦးစီးကြီး (ကိုကို ဒီဘီ) ဗျာများနေရင်း အိမ်သူကိုမကျေမနပ် ရေရွတ်တဲ့စကား ဖြစ်ရမယ်လို့ ပြောရင် စာဖတ်သူလက်ခံမလား... ဟဲ…ဟဲ။ ဒီကောင်မလေး (ညည) သိပ်ပဲများတာပဲလို့ ပြောရင် ဘယ်လိုပြန်ပြီး မြန်မာမှုပြူသင့်ပါသလဲ။ ဒါပေမယ့် သဘောတရားကိုတော့ အားလုံးနားလည်ပြီးသားပါ။ အားလုံးနာလည်ပြီးသား စကားလုံးကို ထပ်မံ ရှင်းပြနေတာ ပိုရှုပ်ထွေးသွားစေတယ်လို့ ထင်ပါတယ်။

ဒါကြောင့် ဘလော့ဂ်ကို ဘလော့ဂ်လို့ပြောရင် ပါတ်သက်ဖူးသူတိုင်း နားလည်ပြီးသားပါ။ ကူမှတ်တမ်း ဆိုတော့ ဘာမှန်း မသိတော့ဘူးဗျာ။ အဲဒီတော့ ဘလော့ဂ်လို့ပဲ ပြောတာကောင်းပါတယ်။

Blog = ကူမှတ်တမ်း

Web page = ကူစာမျက်နှာ

Internet = အတွင်းပိုင်းကွန်ယက်

X rays = ဘာမှန်းမသိတဲ့ အတန်းများ

အိုးကမပူ စလောင်းကပူ = ကလေးတဖက် အလုပ်တစ်ဖက်နဲ့ ထမင်းအိုးကပွက် ရုံးချိန်နီးလို့ အလုပ်က ရှုပ်နေတဲ့ အိမ်ထောင်ဦးစီးကြီး( ကိုကို ဒီဘီ) ဗျာများနေရင်း အိမ်သူကိုမကျေမနပ် ရေရွတ်တဲ့စကား

ကောင်မလေး( ညည) သိပ်ပဲများသည် = ကောင်လေးတွေ စိတ်ဝင်စားမှုရရှိအောင် ပုံစံအမျိုး မျိုးနှင့် ဆွဲဆောင်သည်။

အဲဒီလို ဘာသာပြန်မှုများကို ကျွန်တော် ဘ၀င်မကျပါ။ ထိရောက်သော အဓိပ္ပါယ်သက်ရောက်မှု မရှိဟု ထင်မိပါသည်။ ထို့ကြောင့် လက်မခံပါ။

Reply to This

Reply to This

ကားကို ကားလို့နားလည်နေတာ ပြန်စရာမလိုဘူးဆိုတာ မြန်မာနိုင်ငံကို ကားရောက်လာကတည်းက ဘာသာမပြန်ခဲ့လို့လေ.. တရုတ်တွေ ဂျပန်တွေလို့ နိုင်ငံချစ်ပြီး ထိန်းသိမ်းချင်တဲ့သူတွေကျတော့ ကားလည်း ဘာသာပြန်တာပဲ။ အခု ဘာသာပြန်ဖို့ မလိုဘူးလို့ ပြောနေကြတဲ့ လူတော်တော်များများက ပစ္စည်းအသစ်တွေ၊ နည်းပညာအသစ်တွေနဲ့ စထိတွေ့ရကတည်းက ဘာသာပြန်ဖို့ ဆိုတာ စဉ်းမှမစဉ်းစားခဲ့ကြတာ. ဒီတိုင်းအလွယ်ပဲ ကောက်သုံးနေကြတာကိုး.... ဒီစကားလုံးတွေကို ဘာသာပြန်ပြီးမသုံးရင် ဘာဖြစ်မလဲ.. ဘာမှမဖြစ်ဘူး. တကယ်လို့ တရုတ်စကားက နောက်အနှစ်တစ်သောင်းနေမှ ပျောက်ကွယ်မယ်ဆို မြန်မာစကားက နောက်အနှစ်တစ်ထောင်အထိတောင် တည်မြဲနေဖို့ အာမခံနိုင်မှာမဟုတ်ဘူး

ကိုဆန်းဝင်း said:
Blog ဆိုသော ဝေါဟာရ ... Posted by သူရိန် On 8:53 PM
စာရေးဆရာ တစ်ယောက်က ပြောတယ်.. blog ဆိုတာ web log ဆိုတာကလာတယ်။ အင်တာနဲ့ စာမျက်နှာပေါ်မှာ ကိုယ့်စိတ်ထဲရှိတာကို ရေးတဲ့ မှတ်တမ်းမှတ်ရာလို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်တဲ့။ web ဆိုတာက ပင်ကူအိမ်ဖြစ်ပါသတဲ့။ ဒါကြောင့် blog ဆိုတာကိုတော့ ကူမှတ်တမ်းလို့ ဘာသာပြန်ချင်ပါသတဲ့။ ဘာပြောရမှန်းတောင် မသိတော့ဘူး။

ကျောင်းတုန်းက calculus သင်ရဘူးတယ်။ Calculus အခြေခံမှာ Differentiation နဲ့ Integration ဆိုတာ သင်ခဲ့ရဘူးသူတိုင်း သိမှာပါ။ စိတ်ဝင်စားလို့ စာအုပ်တွေ ရှာဖတ်တော့ ဗမာလို ရေးထားတဲ့ စာအုပ်တစ်အုပ် မှာ integration ဆိုတာကို သမူဟခြင်းလို့ ဘာသာပြန်ထားတော့ ဘာပြောတာလဲ နားမလည်တော့ဘူး။

နောက် modulation ဆိုတဲ့ ဝေါဟာရကို မြန်မာမှုပြုပြီး လွှဲသခြင်းလို့ ဘာသာပြန်ပါတယ်။ ရုပ်သံထုတ်လွှင့်မှုတွေမှာ frequency modulation (FM) နဲ့ Amplitude modulation (AM) ဆိုတာရှိပါတယ်။ ရုပ်နဲ့အသံ signal တွေကို အဝေးတစ်နေရာအထိ ရောက်အောင် ပို့ဆောင်ပေးဖို့၊ အမြန်နှုန်းမြင့်တဲ့ carrier wave ပေါ်ကို တင်ပေးရတဲ့ စနစ်ကို modulation လို့ ခေါ်ပါတယ်။ အဲဒါကို လွှဲသခြင်းလို့ ပြောလိုက်ရုံနဲ့ နားလည်ပါသလား။ ကျွန်တော်တော့ နားမလည်ပါ။

ဇာဂနာတို့ ပြက်ခဲ့ဘူးတဲ့ ဇာတ်ကွက်လေး တစ်ခုသွားသတိရတယ်။ ကားဆိုတာကို မြန်မာမှုပြုရမယ်။ လေးဘီးတပ်၍ ရှေ့တိုးနောက်ငင် ရွေ့လျားနိုင်သော စက်တပ်ယာဉ်လို့ ပြောသင့်တယ် ဆိုတာလေးပါ။ ကားဆိုရင် လူတိုင်းနားလည် နေမှတော့ ဘာသာပြန်စရာ လိုသေးလို့လား။

ဘာသာစကား ဝေါဟာရဆိုတာ လူအချင်ချင်း ဆက်သွယ်မှု သင်္ကေတလို့ ကျွန်တော်ကတော့ သဘော ပေါက်တယ်။ အဓိက ဆိုလိုချက်ကို သဘောပေါက်ရင် ဒီဝေါဟာရကို လက်ခံသင့်တယ် မဟုတ်လား။ ဝေါဟာရဆိုတာ သူစတင် ထွက်ပေါ်လာရာ နေရာဒေသနဲ့ ဖန်တီးသူ ပုဂ္ဂိုလ်တွေက လိုက်လျောညီထွေရှိတဲ့ အဓိပ္ပါယ်တစ်ခုနဲ့ သတ်မှတ်လိုက်လို့ ပေါ်ထွက် လာရတယ်လို့ ကျွန်တော်နားလည်းမိတယ်။ ဒါကြောင့်သူ့ရဲ့ မူလအဓိပ္ပါယ်ကို ပေါ်လွင်အောင် တိကျစွာ မပြောနိုင်ရင်၊ ပြောနိုင်သော်လည်း သုံးစွဲရမလွယ်ကူလျင် မူလအသံအတိုင်း မွေးစားလိုက်တာ ပိုကောင်းတယ်လို့ ထင်ပါတယ်။

သင်္ချာနဲ့ ရူပဗေဒပညာရှင် William Roentgen ဟာ Cathode Rays တွေအကြောင်း လေ့လာရင်း ဘာမှန်း မသိတဲ့ ray အသစ်တမျိုးကို တွေ့ရှိပါတယ်။ သင်္ချာမှာ မသိကိန်းကို x လို့သတ်မှတ်လေ့ရှိသလို ဘာမှန်း မသိလို့ သူတွေ့ရှိခဲ့တဲ့ ray ကို X-rays လို့ အမည်ပေးလိုက်ပါတယ်။ ခုအချိန်ထိ ဒီအတိုင်းပဲ နေရာဒေသ မရွေး ခေါ်ဝေါ်လျှက်ပါပဲ။ မြန်မာမှုပြုပြီး ဘာမှန်းမသိတဲ့ အတန်းများ၊ ၂၅လုံးမြောက် အင်္ဂလိပ်အက္ခရာ အတန်းများလို့ ခေါ်သင့်တယ်လို့ ပြောရင် ဘယ်သူ လက်ခံမလဲ။

Web ဆိုတာ မူလအဓိပ္ပါယ်ကတော့ ပင့်ကူအိမ်ပေါ့၊ အင်တာနက်မှာ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေဟာ ပင့်ကူအိမ်လို ဖြစ်နေတာမို့ တင်စားပြီး ဥပစာပြုခေါ်ဆိုတယ်လို့ ကျွန်တော်တော့ နားလည်မိတယ်။ internet ဆိုတာ ကိုကလည်း ဗမာစကားမှ မဟုတ်ပဲလေ.၊ ဒါကို inter=အတွင်းပိုင်း net=ကွန်ယက်၊ ဒါကြောင့် အင်တာနက်လို့ ခေါ်မယ့် အစား ဗမာမှုပြုပြီး အတွင်းပိုင်းကွန်ယက်လို့ ခေါ်သင့်တယ်လို့ ပြောရင် ဘယ်လိုနေမလဲ။ ဘယ်သူနားလည်မလဲ။ web page = ပင့်ကူအိမ်စာမျက်နှာ = ကူစာမျက်နှာ ( အဲဒီဆရာရဲ့ အာဘော်အတိုင်း) လို့ပြောရင်ရော..။

ကျွန်တော်တို့ မြန်မာစကားမှာလဲ ရှိပြီးသားပါ။ စကားပုံတွေ၊ ဗန်းစကားတွေ ဆိုတာ ဘယ်သူက မူလအဓိပ္ပါယ်နဲ့ ပြောကြလဲ။ အိုးကမပူ စလောင်းကပူ ဆိုတဲ့စကားဆိုတာ ကလေးတဖက် အလုပ်တစ်ဖက်နဲ့ ထမင်းအိုးကပွက် ရုံးချိန်နီးလို့ အလုပ်ကရှုပ်နေတဲ့ အိမ်ထောင်ဦးစီးကြီး (ကိုကို ဒီဘီ) ဗျာများနေရင်း အိမ်သူကိုမကျေမနပ် ရေရွတ်တဲ့စကား ဖြစ်ရမယ်လို့ ပြောရင် စာဖတ်သူလက်ခံမလား... ဟဲ…ဟဲ။ ဒီကောင်မလေး (ညည) သိပ်ပဲများတာပဲလို့ ပြောရင် ဘယ်လိုပြန်ပြီး မြန်မာမှုပြူသင့်ပါသလဲ။ ဒါပေမယ့် သဘောတရားကိုတော့ အားလုံးနားလည်ပြီးသားပါ။ အားလုံးနာလည်ပြီးသား စကားလုံးကို ထပ်မံ ရှင်းပြနေတာ ပိုရှုပ်ထွေးသွားစေတယ်လို့ ထင်ပါတယ်။

ဒါကြောင့် ဘလော့ဂ်ကို ဘလော့ဂ်လို့ပြောရင် ပါတ်သက်ဖူးသူတိုင်း နားလည်ပြီးသားပါ။ ကူမှတ်တမ်း ဆိုတော့ ဘာမှန်း မသိတော့ဘူးဗျာ။ အဲဒီတော့ ဘလော့ဂ်လို့ပဲ ပြောတာကောင်းပါတယ်။

Blog = ကူမှတ်တမ်း

Web page = ကူစာမျက်နှာ

Internet = အတွင်းပိုင်းကွန်ယက်

X rays = ဘာမှန်းမသိတဲ့ အတန်းများ

အိုးကမပူ စလောင်းကပူ = ကလေးတဖက် အလုပ်တစ်ဖက်နဲ့ ထမင်းအိုးကပွက် ရုံးချိန်နီးလို့ အလုပ်က ရှုပ်နေတဲ့ အိမ်ထောင်ဦးစီးကြီး( ကိုကို ဒီဘီ) ဗျာများနေရင်း အိမ်သူကိုမကျေမနပ် ရေရွတ်တဲ့စကား

ကောင်မလေး( ညည) သိပ်ပဲများသည် = ကောင်လေးတွေ စိတ်ဝင်စားမှုရရှိအောင် ပုံစံအမျိုး မျိုးနှင့် ဆွဲဆောင်သည်။

အဲဒီလို ဘာသာပြန်မှုများကို ကျွန်တော် ဘ၀င်မကျပါ။ ထိရောက်သော အဓိပ္ပါယ်သက်ရောက်မှု မရှိဟု ထင်မိပါသည်။ ထို့ကြောင့် လက်မခံပါ။

Reply to This

ဒါကတော့ ဆရာဆူဒိုနင် သို့ အတ္တကျော် ကိုယ်တိုင် ကျွန်တော့်ဘလော့ဂ်မှာ ၀င်ရောက် ဆွေးနွေးတာဖြစ်ပါတယ်။

UN ကို ကုလသမဂ္ဂ၊ YMCA ကို ခရစ်ယာန်ကလျာဏယုဝအသင်း၊
Movies ကို ရုပ်ရှင်၊ Commonwealth ကို ဓနသဟာယ၊
fluroscent lamp ကို မီးချောင်း အစရှိသဖြင့် ပြန်ဆိုခဲ့ကြတဲ့ မြန်မာစာကို လေးစားတန်ဖိုးထားသူ
ရှေ့ရှေ့က မြန်မာဆရာကြီးတွေကို လေးစားသောအားဖြင့် အလွယ်လမ်းကို မလိုက်ဘဲ မြန်မာမှုပြုဖို့ မခက်လှတာကို မြန်မာမှု ပြုဖို့ အကြံပြုမိတာဟာ အပြစ်တစ်ခုဆိုရင် အဲဒီ့အပြစ်ကို ကျွန်တော် ကျေနပ်စွာ ခံယူပါ့မယ်။

အင်္ဂလိပ်စကားကို မိခင်ဘာသာစကားအဖြစ် သုံးစွဲကြသူများရဲ့ နားမှာလည်း blog ဆိုတဲ့ ဝေါဟာရဟာ ကြားစမှာ “တစ်မျိုးကြီးပဲ”ဖြစ်နေမှာလည်း အင်မတန်သေချာပါတယ်ခင်ဗျာ။

Reply to This

ဟုတ်တယ် ကျွန်တော်လဲ ကြားရတာ တစ်မျိုးကြီးဖြစ်နေလို့ ဘယ်သူ့ကိုမေးမေး .. အဲလိုပဲပြောကြတယ် အခြားနာမည် တစ်ခုခု ဆိုပိုကောင်းမလား။ အတိုမချုပ်ပဲ blog = ပင့်ကူအိမ်မှတ်တမ်း ဆိုလဲ ရတာပဲဗျာ..

လဂွန်းအိန် said:
ဆရာဆူဒိုနင်ရဲ့ ဆောင်းပါးကို ကျွန်တော်လည်းဖတ်လိုက်ရပါတယ်...။ ဒါပေမယ့် ကူမှတ်တမ်း ဆိုတာကြီးက နဲနဲထောက်နေသလိုပဲနော်..။ ကျွန်တော့ကို ရွေးခွင့်ပေးရင်တော့ ကွန်မှတ်တမ်း ဒါမှမဟုတ် ကွန်လွှာ လို့ပေးမိမယ်ထင်တယ်...။ :D

Reply to This

ကားကို မော်တော်ယာဉ်လို့ ခေါ်တာ မသိဘူးထင်တယ်။ မြန်မာစာ (ရုံးစာ) ရေးရင် မော်တော်ယာဉ်လို့ ရေးတယ်.. ဘယ်သူ့မှ ကားလို့ မရေးဘူး။ တခုဗျာ စာရေးဆရာဆူဒိုနင် လုပ်ချင်ရာလုပ်နေတာ ဝေဖန်ရင် လက်ညောင်းပါတယ်။ လိုအပ်ရင် သုံးပါ။ မလိုအပ်ရင် မသုံးပါနဲ့။ အပြုသဘောပြောချင်းဖြစ်ပါတယ်။ နှစ်သက်ရင်သုံးပါ။ မြန်မာစာသုံးကွန်ပျူတာ စနစ် ရှိနေပါသည်။ ရှာဖွေ လေ့လာသုံးစွဲပါ။
ဖိုးသူတော် ( ၇.၁၁.၂၀၀၉)

mydaydream said:
ဆရာဆူဒိုနင်နာမည်ကို အရင်မှန်အောင် ပေါင်းပေးပါဦး။ ဆူးဒိုနင်က တမင်ပေါင်းထားတာတော့ မဟုတ်လောက်ပါဘူးနော်။

သူက အမြဲတမ်း အင်္ဂလိပ်စာလုံးတွေကို မြန်မာလိုပြန်ရတာ ၀ါသနာပါတယ်။ အီးမေးလ်ကို ဓာတ်ချောစာလို့ သုံးတယ်။ အဲဒါကို တော်တော်များများက မျက်စိစပါးမွေးစူးကြပါတယ်။ ဘာလို့ဆိုတော့ အင်္ဂလိပ်လို့ သုံးလို့ရရချည်းနဲ့ ဘာလို့ မြန်မာလိုပြန်မှာလဲတဲ့။

ဟုတ်ပြီ... ဒါဆို ကျွန်မတို့ ဘိုးဘွားဘီဘင်တွေက ဘာဖြစ်လို့ ဘိုစာလုံးတွေကို ဘာသာပြန်ပေးခဲ့ကြတာလဲ။ refrigeratorကို ရေခဲသေတ္တာ၊ air-conditioner ကို လေအေးပေးစက်၊ spataclesကို မျက်မှန်၊ film ကို ရုပ်ရှင် စသဖြင့်ပေါ့။ ဟိုတုန်းက လူကြီးတွေအတွက်လည်း ဒီပစ္စည်းတွေ စပေါ်ခဲ့တုန်းက အသစ်အဆန်းပဲလေ။ သူတို့ရအောင် မြန်မာလို့ပြန်ခဲ့တယ်။ ခုထိကျွန်မတို့ လက်ခံသုံးစွဲနေကြတယ်။

ဘာသာမပြန်လို့ မွေးစားစကားလုံးသုံးရင်ရော ဘာဖြစ်မှာမို့လို့လဲ၊ ဘာသာစကားတိုင်းမှာ မွေးစားစကားလုံးရှိတယ်လို့ လက်လွတ်စပယ်တော့ မပြောကြပါနဲ့။ တရုတ်ရော၊ ဂျပန်ရောမှာ carကို သူတို့ဘာသာစကားနဲ့ခေါ်စရာ စကားလုံးရှိတယ်။ မြန်မာတွေမှာ မရှိဘူး။ အဲဒီတော့ ဘာဖြစ်လဲ။ အဲဒီတော့ သူတို့နိုင်ငံတွေမှာ ကွန်ပျူတာကို သူတို့ဘာသာစကားနဲ့ လွယ်လွယ်ကူကူသုံးနိုင်တယ်။ နည်းပညာဝေါဟာရတွေကို သုံးလို့ရအောင် ဘာသာပြန်နိုင်ခဲ့တယ်။ ကျွန်မတို့ဆီမှာတော့ မြန်မာစာသုံးကွန်ပျူတာစနစ်ကို ဘယ်ဆီမျှော်လင့်ရမှန်းမသိဘူး။

ဒီတော့ ကျွန်မတို့ တစ်ခုခုစဉ်းစားကြဖို့လိုပါပြီ

Reply to This

ကိုဆန်းဝင်း said:
internet ဆိုတာ ကိုကလည်း ဗမာစကားမှ မဟုတ်ပဲလေ.၊ ဒါကို inter=အတွင်းပိုင်း net=ကွန်ယက်၊ ဒါကြောင့် အင်တာနက်လို့ ခေါ်မယ့် အစား ဗမာမှုပြုပြီး အတွင်းပိုင်းကွန်ယက်လို့ ခေါ်သင့်တယ်လို့ ပြောရင် ဘယ်လိုနေမလဲ။ ဘယ်သူနားလည်မလဲ။

inter ဆိုတာ “အချင်းချင်း”၊ “စပ်ကြား” ပါInternational Interlink Interstate တို့ Interface တို့ က “Inter” နဲ့ Internet က “Inter” နဲ့ အဓိပ္ပါယ်တူပါတယ်။

Reply to This

အောက်ပါအကြောင်းအရာများ အား အောက်ပါလင့်၌ ၀င်ရောက်လေ့လာကြပါကုန်...

http://myanmaritpros.com/

Motherboard = အမေ့အပြားကြီး
OS = ပဲ့ကိုင်ထိန်းချုပ်စနစ်
OS = စက်မောင်းစနစ်
router = လမ်းကြောင်းရှာပေးပို့စက်
Hard Disk = အမာဝိုင်းပြား
hard disk = ဓါတ်ပြားအမာဖတ်စက်
Memory = မှတ်ဉာဏ်
central procession Unit Box = ဗဟိုတွက်ချက်ပုံး
LCD( liquid crystal Display)= အရည်ပုံဆောင်ခဲအမြင်
Monitor = အတန်းခေါင်းဆောင်
key board = သော့ပြားကြီး
Mouse = ကြွက်
power switch= စွမ်းအားခလုပ်
windows= ပြူတင်းပေါက်
web =ပင်ကူအိမ်
email = အီးစာ
email = လျှပ်စစ်စာပို့စနစ်
online = လိုင်းအပေါ်
download= အောက်ဝန်လုပ်
printer = ပုံနှိပ်သူ
power point = စွမ်းအားအပြောက်
office = ရုံး စနစ်
Installation = တပ်ဆင်ခြင်း
speaker = ပြောသူ
hang = ပီစီကြီး တွဲလောင်း
Undo = အန်ထုတ်ရန်
Cancel = ကင်ဆယ် or ပြန်ဖျက်ရန်
Cancel = ဆက်မလုပ်ရန်
plug-and-play စွပ်ပီးဆော့
Opensource အိုပင်းစို့
Open Source = အပွင့်ကုတ်
Open Source = တံခါးမရှိ ဓါးမရှိ စူးစမ်းရှာဖွေရေး
Outsourcing = အပြင်ထွက်ရင်းမြစ်ရှာခြင်း
protocol = ပရိုတိုကော
protocol= ပဏာမ သဘောတူချက်
Software = အပျော့ထည်
Hardware = အမာထည်
Firmware = အမာထည်နှင့်အပျော့ထည်ကြား တနေရာရာတွင် ရှိသောအရာ

အခုဆို..တော်တော်ကို ရှုပ်ကုန်ပါပီ... တော်တော်လေးကို ခေါင်းရှုပ် ကုန်ပါပီ..

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service