Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

naymoekyal

လူတွေနဲ့ စကားပြောတဲ့ အခါ ကိုယ့် ကိုအထင်ကြီးစေလိုတဲ့ စိတ်မျိုးနဲ့ ပြောနေရင် အဲဒီ့လူကို ဘယ်လိုပြန်ပြောမလဲ?

သင်က လူတစ်ယောက်နဲ့ စကားပြောမယ်...ဆိုပါတော့..ဗျာ
သူက ခင်ဗျားကို သူ့ ကိုယ်သူ ဆရာအထာနဲ့ပေါ့ ဗျာ...ပြောမယ်...( တကယ့် ဘာမှ မဟုတ်တဲ့ သူမျိုးဗျာ )
သူက တကယ်ဆရာမျိုး ဖြစ်နေရင်တော့ မပြောပါဘူးဗျာ...( သူ့ ရာဇ၀င်တွေ အရပေါ့ )
အဲလိုလူမျိုးနဲ့ သင် စကားပြောမယ်ဆိုပါတော့...
သူက အထက်ကနေပဲ ပြောမယ်..ဘာပြောပြော သူသိတယ်..သူတက်တယ်ပေါ့ ဗျာ...
သူ့ကို တစ်ခု ပြောမယ်ဗျာ. သူက ပြန်ဖြေမယ်.." အဲဒါက ကျွန်တော် သိတာပေါ့ ...ကျွန်တော် လဲလုပ်ခဲ့ဖူးတယ်လေ...ဘယ်သူနဲ့ ဘယ်လိုလုပ်ခဲ့တယ်...ဘယ်လိုလူတွေနဲ့ပဲ ပြောနေရတာတို့ ဘာတို့ ပေါ့ ဗျာ..."
သင် သူ့ ကို ဘယ်လို ဆက်ပြောသင့်လဲ? ဒီလူကို ဘယ်လို လုပ်သင့် လဲ?

Tags: naymoekyal

Share

Reply to This

Replies to This Discussion

အနည်းဆုံးတော့ လေးလေးစားစားပဲ စကားပြန်မယ်။ ကိုယ်စိတ်မပါတဲ့ ကိစ္စဆိုရင်လည်း မရမက အကြောင်းရှာပြီး စကားဖြတ်မယ်။ သူ့အကြောင်း ကိုယ်က သိနေလို့ သူနဲ့တောင် အချိန်ပေးပြီး စကားမပြောချင်ဘူးဆိုရင်တော့ ဝေါင်ဝေါင်ရှေး ဝေးဝေးကရှောင်မယ်ဗျာ။ ကိုယ်က စိတ်ဝင်စားတဲ့ အကြောင်းဆိုရင်ဖြစ်ဖြစ်၊ သူ့ကို "ဘယ်သူမှာ ပြည့်စုံတယ်ရယ်လို့မရှိဘူး"ဆိုပြီး အသိပေးချင်လို့ပဲဖြစ်ဖြစ်၊ "လဒလောက်ငှက်တိုင်းလှ"ဆိုတာလို မင်းလောက်တော့ ငါလည်းတတ်ပါတယ်လို့ တွယ်ဝိုက်တဲ့နည်းနဲ့ ပြန်တွယ်ချင်လို့ပဲဖြစ်ဖြစ် သူ့ကို မေးခွန်းတွေ ရှုး(တ်)တာဟာ နည်းလမ်းကောင်းတစ်ခုလို့ထင်ပါတယ်။ ဒီနေရာမှာ စိတ်ပညာကို လေ့လာထားတဲ့သူတွေဆီမှာ အခြေအနေကို ဘယ်လို ဖြေရှင်းမယ်ဆိုတဲ့ အကြံဉာဏ်ကောင်းတွေ ရှိနိုင်ပါတယ်။ :D

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service