Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

အချစ်စစ်ကရယူခြင်းလား
ပေးစပ်ခြင်းလား?
မင်းတို့ဘယ်လိုသဘောရလဲ?
သူ့ကိုချစ်နေမိပြီ ဆိုရင်ဘယ်လိုသိမလဲ...

Share

Attachments:

Reply to This

Replies to This Discussion

ကိုရဲလွင်ရေးပြီး ခင်မောင်တိုးဆိုထားတဲ့ အချစ်စစ်ဆိုတာ သီချင်းထဲကလိုပေါ့ .. အချစ်စစ်ဟာ ဘယ်သောအခါမှ မပျက်စီးသွားပါဘူး။ ရယူတာ၊ ပိုင်ဆိုင်တာ၊ ပေးဆပ်တာ ဆိုတာတွေထက် ကိုယ်တကယ်ချစ်ရင် ကိုယ်ချစ်တဲ့သူ စိတ်ချမ်းသာဖို့ ဦးစားပေးရပါတယ် .. အဓိကထားရပါတယ် .. ကိုယ့်အတ္တကို ရှေ့တန်းမတင်ရပါဘူး
ဒီလိုပဲ သဘောပေါက်ပါတယ်

Reply to This

အချစ်+ စစ် = အချစ်စစ်

Reply to This

hninpwintphyu said:
လူတစ်ယောက်ချစ်မိပြီဆိုရင် သူ အတွက် ဘာမဆိုပေးဆပ်နိုင် သွားတယ်အလိုအလျောက်ပဲ။

ယုံဘူး မှုန်ရွှေရည်အကလေးကပြပါဗျို့
နောက်တာ ဟဲဟဲ

Reply to This

tay zar said:
အချစ်+ စစ် = အချစ်စစ်
အချစ် + စစ် = အချစ်စစ်
love + War = LoveWar
Love = အချစ် (သို့တည်းမဟုတ်) အကြင်နာဝေမျှခြင်း
War = စစ် (အရပ်အခေါ်ထသတ်ခြင်း)
ထို့ကြောင့် အချစ်စစ်သည် အကြင်ဝေမျှရင်းထသတ်ကြခြင်းလို့မှတ်ယူမိပါတယ် မောင်တေဇာ

Reply to This

အချစ်ဆိုတာ အပူလွန် ကော်ဖီ တစ်ခွက်ကို သောက်ရင်း လျှာကျက်သွားတာမျိုးပဲ.။
စောစောကပဲ ကော်ဖီ သောက်ရင်း လျှာကျက်သွားလို့  စိတ်ပေါက်ပေါက်နဲ့  လျှောက်ရေးတာ။ဟီးဟီး

Reply to This

"အဟမ်း....အချစ်စစ်ဆိုတာကတော. ပေးလည်းပေးတယ်..ယူလည်းယူတယ်။
နောက်ဆုံးအပေးအယူတွေမမျှကြတော. ထသတ်ကုန်ရော.. :D"

ဟီး ... မှန်၏ .. မှန်၏ ... ကောင်မလေးကလဲ ခါးတောင်းကျိုက် .. အဲမှားလို့ ... ကောင်လေးပြောပါတယ် ...

"အချစ်ဆိုတာအ၀တ်လျော် ဆပ်ပြာမှုန့်
ညစ်နေတာတွေ သန့်သွားတယ်လေ"

တားတား ဒက်ဒီက ဆပ်ပြာမှုန့်စက်ရုံပိုင်ရှင်လားဟင် ... အရေးထဲ ဆပ်ပြာမှုန့်ကြော်ငြာ လာဝင်နေသေးတယ် ...

"အချစ်ဆိုတာ နူးညံ့တဲ့ အရာလေးတစ်ခုပါ"
မှန်၏ ... ပိုရှင်းအောင် ပြောရရင် အချစ်ဆိုတာ ပန်းကန်ဆေးတဲ့ ရေမြှုပ်တုံးကြီးလိုပဲ ... ပျော့စိစိနဲ့ .... ;P

"ချစ်တယ်ဆိုတာ...................
ရယူခြင်း တစ်မျိုးလေးပါ "

မှန်၏ ... ရည်းစားဆီက ပိုက်ဆံများများချေးတတ်ရင် .. အဲဒါ ရယူခြင်းပဲ ... သူလိုချင်တာတွေချည်းပဲ ကိုယ်က ၀ယ်ပေးနေရရင်တော့ အဲဒီကောင် လဒူ ... စကားလှလှလေးသုံးရရင်တော့ ပေးဆပ်ခြင်းပေါ့ ...

Reply to This

ddieko said:
"အဟမ်း....အချစ်စစ်ဆိုတာကတော. ပေးလည်းပေးတယ်..ယူလည်းယူတယ်။
နောက်ဆုံးအပေးအယူတွေမမျှကြတော. ထသတ်ကုန်ရော.. :D"

ဟီး ... မှန်၏ .. မှန်၏ ... ကောင်မလေးကလဲ ခါးတောင်းကျိုက် .. အဲမှားလို့ ... ကောင်လေးပြောပါတယ် ...

"အချစ်ဆိုတာအ၀တ်လျော် ဆပ်ပြာမှုန့်
ညစ်နေတာတွေ သန့်သွားတယ်လေ"

တားတား ဒက်ဒီက ဆပ်ပြာမှုန့်စက်ရုံပိုင်ရှင်လားဟင် ... အရေးထဲ ဆပ်ပြာမှုန့်ကြော်ငြာ လာဝင်နေသေးတယ် ...

"အချစ်ဆိုတာ နူးညံ့တဲ့ အရာလေးတစ်ခုပါ"
မှန်၏ ... ပိုရှင်းအောင် ပြောရရင် အချစ်ဆိုတာ ပန်းကန်ဆေးတဲ့ ရေမြှုပ်တုံးကြီးလိုပဲ ... ပျော့စိစိနဲ့ .... ;P

"ချစ်တယ်ဆိုတာ...................
ရယူခြင်း တစ်မျိုးလေးပါ "

မှန်၏ ... ရည်းစားဆီက ပိုက်ဆံများများချေးတတ်ရင် .. အဲဒါ ရယူခြင်းပဲ ... သူလိုချင်တာတွေချည်းပဲ ကိုယ်က ၀ယ်ပေးနေရရင်တော့ အဲဒီကောင် လဒူ ... စကားလှလှလေးသုံးရရင်တော့ ပေးဆပ်ခြင်းပေါ့ ...

သြော် အချစ်ဆိုတာ ဂလိုကိုး ......ဗျ...
ဟိ မှတ်သားစရာ။

Reply to This

အချစ်မှာ ပေးစပ်ခြင်းရော ရယူခြင်းရော နှစ်ခုလုံးပါတယ်ဗျ
အချစ်၏တန်ဖိုးမှာ နှလုံးသာထဲက ချစ်ခြင်းဖြင့်တာ ရယူနိုင်သည်ဆိုပဲ

Reply to This

အချစ်ဆိုတာ ရယူခြင်းလို့ ပြောလို့ရသလို ပေးဆပ်ခြင်းလို့လည်း ပြောလို့ရဒယ်.. အဲနှစ်ခုက ယှဉ်တွဲပြီး သွားနေတာလေ... ကျွန်တော်ခံယူချက်က ရယူခြင်းပဲဖြစ်စေ.. ပေးဆပ်ခြင်းပဲဖြစ်စေ.. ကိုယ့်က တကယ်ချစ်မိပြီဆိုရင်.. သူ့အတွက် ဘာမဆိုပေးဆပ်နိုင်ရမယ်လို့ ခံယူထားတယ်.. ကိုယ်က ရယူဖို့ကို မစဉ်းစားဘူး။ စဉ်းလည်းမစဉ်းစားသင့်ဘူးလို့ မြင်တယ်.. အဲလိုရယူလိုစိတ်နဲ့ ချစ်တဲ့ အချစ်ဟာ အတ္တမကင်းဘူးလို့ ထင်တယ်.. ကျွန်တော်ကတော့ ကိုယ်တကယ်ချစ်မိပြီဆိုရင် ဘာမဆိုပေးဆပ်နိုင်ရမယ်လို့ ယုံကြည်လို့ ... အချစ်ဆိုတာ ပေးဆပ်ခြင်းလို့မြင်တယ်..
ဒါက ကျွန်တော်အမြင်ကိုပြောတာပါ... အခြားလူတွေလည်း အမြင်တမျိုးဖြစ်ရင်ဖြစ်မှာပေါ့..လူတစ်ကိုယ် အကြိုက်တမျိုးလေ.. ဟုတ်ဘူးလား..း)

Reply to This

နောက်ဆုံးတော့ မုန့်လုံးစက္ကူကပ်ပါပဲကွယ် ...

Reply to This

အချစ်စစ်မှာ နားလည်မှုက အဓိကကျမယ်လို့ ထင်တာပါပဲ..:)
(၀င်ရောက်ဖောရှောသွားသည် ...ဟီးးးး)

Reply to This

အချစ်ကို စာတွေပေတွေဖွဲ့နေရင်
ကုန်နိုင်မယ်မထင်ပါဘူး...
အချစ်ကို အချစ်လို့ပဲ
အမုန်းကိုလည်း အမုန်းလို့ပဲ
သူနေရာနှင့်သူပါ...
ဒီကမ္ဘာလောကကြီးမှာ အချစ်နဲ့တော့ဘယ်သူမှ
မကင်းနိုင်ကြပါဘူး...
သတ္တ၀ါမှန်ရင်ချစ်တတ်ကြပါ တယ်...
အချစ်ကြီးလွန်းရင် အမုန်းကို မမြင်သလို့
အမုန်းကြီးလွန်းပြန်ရင်လည်း အချစ်ကိုကြောက်သွားတတ်ကျတယ်..
ဘယ်လိုပဲချစ်ချစ်..ချစ်တတ်ဖို့က အရေးကြီးတာပါ
အချစ်နဲ့အမုန်း ဒွန်တွဲနေတယ်ဆိုတာကိုလည်း
မိတ်ဆွေမမေ့ပါနဲ့နော်...:P


ပျော်ရွှင်နိုင်ပါစေ...

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service