Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

kalyar

ယုံပေးတာက ကိုယ့်အပိုင်းလား

ယုံပေးတာက ကိုယ့်အပိုင်းဆိုပြီး လူတစ်ယောက်ကိုမျက်စိမှိတ်ယုံပေးဖူးတယ်။
သူက ကျွန်မကိုအကြီးအကျယ်လိမ်နေတယ်ဆိုတာသိလိုက်ရတော့ ကျွန်မအရမ်းအံ့သြသွားသလို
အရမ်းလည်းစိတ်ပျက်သွားတယ်။ ၀မ်းနည်းတာကတော့ ဘယ်ပြောကောင်းမလဲ။
သူက ကျွန်မအချစ်ဆုံးသူပါ။ အခုတော့ သံသယတွေနဲ့သူ့ကို ကျွန်မကြည့်နေပြီ။
သူဘာပြောပြော အဲဒါက သူ့ကိုယ်သူကာကွယ်နေတာလို့ ယုံနေပြီ။ ဘယ်လိုလုပ်ရပါ့။

Share

Reply to This

Replies to This Discussion

အကြံကောင်းပြောမယ်နော်။ ခါးသွားရင် သီးခံပါ -

ဘယ်လိုမှ မလုပ်ပါနဲ့၊ ကိုယ်အထင်ကြီး လေးစားလို့ မရတဲ့ သူတစ်ဦးကို ဘာလို့ ဆက်ပြီး လက်တွဲနေမှာလဲ...၊ နောင်ဆို ကိုယ့်ရဲ့ အိမ်ထောင်ဦးစီးတောင် လုပ်ရမှာ။ ခုကတည်းက သံသယရှိနေရပြီဆိုရင် ဖြတ်. . . ပေ . . တော. . .

Reply to This

အရမ်းကောင်းတဲ့အကြံပါ...ဒါပေမဲ့ ကျွန်မက စိတ်ပျော့နေသလိုဖြစ်နေတယ်
အချိန်ကများ စကားပြောမလားပဲ..ကျွန်မကမပြတ်သားဘူးကွာ
ကိုယ့်ကိုယ်ကို ဆဲချင်တယ်

Reply to This

မပြတ်သားဘူး စိတ်ပျော့တယ် ဆိုတာ ကို့ကိုကို ဝါနုတယ်လို့ပြတာပဲ

kalyar said:
အရမ်းကောင်းတဲ့အကြံပါ...ဒါပေမဲ့ ကျွန်မက စိတ်ပျော့နေသလိုဖြစ်နေတယ်
အချိန်ကများ စကားပြောမလားပဲ..ကျွန်မကမပြတ်သားဘူးကွာ
ကိုယ့်ကိုယ်ကို ဆဲချင်တယ်

Reply to This

ကြည့်နေရင် ထပ်ခံစားရမယ်နော် ..။ သူ့ လိမ်ခဲ့တယ်လေ.. ပြန်သာ လိမ်လိုက်နော် နောက်မကျစေနဲ့ဗျ..။

Reply to This

ပြန်လိမ်လိုက်ရင် သရေကျသွားမှာပေါ့နော် အဲဒါလည်းတမျိုးကောင်းတာပဲ။ အဟီး
လောလောဆယ်တော့ အလိမ်ခံရတာနည်းနည်းလေးအသားကျလာပါပြီ။ အကြံဥာဏ်တွေ ဖတ်ရတာကျေးဇူးအရမ်းတင်ပါတယ်။

Reply to This

ဒီအကြောင်းကို ဒီ့ထက် ပြည့်ပြည့်စုံစုံ သိရရင် ပိုပြီးကောင်းမယ်ဗျာ.....

Reply to This

ကိုယ်တွေ့ကြုံဖူးလို့ အတိအကျ ကိုယ်ချင်းစာနိုင်တာ ယုံပါ။ ဝမ်းနည်းမှုနဲ့ ယူကြုံးမရမှုတွေ ပိကျလာတဲ့အခါ ထရပ်ဖို့တောင် မတတ်နိုင်အောင်ဘဲ။ အဓိက ဒါ အခြေအနေမှန်ပဲလို့ အရင်လက်ခံနိုင်အောင် ကျိုးစားပါ။ ပြုပြင်လို့ ရမရဆိုတာ ကံသေကံမ ပြောလို့မရပေမယ့် မျိုးရိုးဗီဇဆိုရင်တော့ အရမ်းကို ခက်ပါလိမ့်မယ်။ ပြုပြင်ဖို့ ကျိုးစားပြီးမှ နောက် တခါ ထပ်ကြုံရရင် နှစ်ဆမက ကိုယ်လဲ အထိနာလှသလို ကိုယ့်ကို ကိုယ် သတ်မသေမိအောင် အတော် ထိန်းရပါလိမ့်မယ်း) ။ သံသယတွေနဲ့ ကြည့်နေရပြီးမှ နေနေရရင်လည်း အစိုင်အခဲက ကိုယ့်ကိုပိလာပါလိမ့်မယ်။ လူတွေအမျိုးမျိုးရှိကြတော့ ဘာမှ သေချာပြောမရပါဘူး။ လိမ်ရမှ နေပျော်သူရှိသလို အလိမ်ခံရတာကိုလည်း ကြိုက်သူရှိပြန်ရော။ အဲလို ဆိုရင် သူ့အရပ်နဲ့ သူဇတ်က ကိုက်နေပြန်ရော။ အဲဒီတော့ အခြေအနေမှန်ကို လက်ခံပြီး ကိုယ့်စိတ်ကိုယ် ကို သေချာပြန်မေးပြီး ဆုံးဖြတ်ပါလို့ အကြံပေးချင်ပါတယ်။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို စိတ်ဆင်းရဲမှုတွေနဲ့ မဖြုန်းတီးမိဖို့ ဆုံးဖြတ်ချက်မမှားဖို့ပဲ လိုပါလိမ့်မယ်။ ကိုယ့်စိတ်ကို ကိုယ်သိဖို့က အရေးအကြီးဆုံးပါ။ ပျော်ရွှင်ပါစေ သူငယ်ချင်းရေ။

Reply to This

Reply to This

RSS

About

MBS MBS created this Ning Network.

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service