Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

၁။ ရှိတယ်လို့တော့ ထင်တာပါပဲ။
၂။ ဒါပေမယ့် ရှိတယ်ဆိုတာ ယုံလည်းမယုံဘူး။
၃။ ဒါပေမယ့်လည်း ငရဲသွားရမှာတော့ တအားကိုကြောက်သားဗျ။

ဘာကြောင့်လဲဆိုတော့ သူများပြောတိုင်း ကြောက်စရာကောင်းအောင်ပြောပြလို့ပဲ။ မေးကြည့်လိုက်တိုင်း သူများလည်း ရောက်ဖူးတာမဟုတ်ဘူး။ တစ်ကယ်လို့ ကျွန်တော့်ကို ငယ်ငယ်လေး ကတည်းက ငရဲအကြောင်း ဘယ်သူမှ မပြောရင် အခု ကျွန်တော် မကြောက်ဘူး။
ခင်ဗျားတို့ရော ငရဲကို ယုံရော ယုံကြသလားဗျ။ ကြောက်ရောကြောက်သလား။

Share

Reply to This

Replies to This Discussion

ဂျေဂျူဝိုင် said:
ငရဲဆိုတာ တကယ်ရှိတာပေါ့ဗျာ...။ Black hole ဟာ ငရဲရဲ့ တစ်ပိုင်းတစ်စပါပဲ...

အကြောင်းနည်းနည်းလောက်ပြောပြနိုင်မလား။ စိတ်ဝင်စားလို့ပါ။ ဥာဏ်မကောင်းလို့ပါ။

Reply to This

မယုံကြည်ရင် ခိုးမှုဖြစ်စေ တိုက်မှုဖြစ်စေ တစ်ခုခုသော မကောင်းမှုကို လုပ်ကြည့်လိုက်ကြပါ။ သို့မဟုတ် ငရဲကြီးတတ်သည်ဆိုကြသော မိဘတွေကို စော်ကားမော်ကားနဲ့ ပြုမူဆက်ဆံကြည့်ပါ။ အကယ်၍ ခင်ဗျားတို့ ပြုလုပ်ကြတဲ့ အမှုတွေကြောင့် ခင်ဗျားတို့မှာ ပုံမှန်အတိုင်း ရှင်သန် လှုပ်ရှားနေနိုင်မယ်ဆိုလို့ရှိရင် ခင်ဗျားတို့ ရှိတယ်လို့လည်းမထင်ပါနဲ့။ ယုံလည်းမယုံပါနဲ့လို့ ပြောချင်ပါတယ်။ ငရဲနှင့် နတ်ပြည်ဆိုတာ ဘာသာတိုင်းမှာ ရှိနေပေမယ့် ရည်ရွယ်ချက်နဲ့ တည်နေရာချင်းတော့ တစ်ခြားစီဆိုတာ နားလည် ရင်တော့ အကောင်းဆုံးပဲ လို့ ထင်မိပါတယ်။
ငရဲ နှင့် အဲငြင်းပွားမှုကိစ္စမှာ လောက်ဂျစ် ကျကျနဲ့ ဆုံးဖြတ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုပါတယ်။

Reply to This

ခွန်နှင်းစက်သွေး said:

ငရဲဆိုတာ တကယ်ရှိပါတယ်၊ ၃၁ ဘုံထဲက တစ်ဘုံပေါ့၊ ၃၁ ဘုံဆိုတာ ..လူ့ပြည်-၁ဘုံ၊ နတ်ပြည်-၆၊ဗြမာ့ပြည်-၂၀၊ငရဲ-၄၊
မကောင်းတာလုပ်တဲ့သူတွေဟာ ငရဲမှာခံရတယ်၊သေရွာပြန်ဆိုတာမျိုးတွေ ကြားဖူးမှာပေါ့၊ ပြန်ပြောပြနိုင်တဲ့တစ်ချို့က ပြောကြတယ်၊
ငရဲကိုရောက်ခဲ့တဲ့အကြောင်း၊လူ့ပြည်မှာငရဲခံနေရတဲ့သူတွေလည်း ရှိတာပဲ၊ လူ့ငရဲပေါ့၊
ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတာကို ကျွန်မယုံတယ်၊အတိတ်က ၀ဋ်ကျွေးရှိရင်တော့ လက်ရှိဘ၀မှာ ပြန်ဆပ်ရတာပေါ့၊

Reply to This

ငရဲ အကြောင်း သိချင် တယ် ဆို ရင် အဲ့ဒီ့ ငရဲ အကြောင်း ကိုသေသေ ခြာခြာ လိုက်ပြီးလေ့ လာလိုက်စားဖူးပါသလား မိတ်ဆွေ ။
မသိသေးခဲ့ ရင် မိမိ ထင်ရာ ကို ရမ်းတွေးရမ်းပြော နေ မဲ့ အစား တကယ် သိတကယ်နားလည်သော သံဃာတော် အရှင်သူမြတ်တွေ
ထံမှာ ချဉ်းကပ် ပြီး မေးမြန်း နာယူကြည့် ပါ ။ မသိနား မလည်သူတွေ ထံမှ မမှန်ကန်တဲ့ အဖြေတွေ ကို လက်ခံရုံကြည်မိခဲ့ရင် အမှားတွေ
ထပ်မှားကုန်တော့မှာပေါ့

Reply to This

သတ္တ၀ါတွေဟာ (၃၁)ဘုံမှာ မရောက်ဖူးတဲ့နေရာရယ်လို့ မရှိပါဘူး။ ငရဲကို မရောက်ဖူးတာ မဟုတ်ပါဘူး။ ငရဲမှာ ခံခဲ့ရတာတွေကို မေ့ကုန်တာကိုး။ ဇာတိဿရဥာဏ်(အတိတ်ဘ၀ကို သိတဲ့ဥာဏ်) မှ မရကြပဲလေ။ ငရဲဆိုတာကတော့ တကယ်ရှိတယ်ဆိုတာ အမှန်ပါ။ ဘာလို့ယုံတာလည်း ဆိုတော့ ဘုရားဟောမို့လို့ ယုံတာလို့ပဲပြောရမယ်။

Reply to This

ငရဲဆိုတာတကယ်ရှိလား? ဆိုတဲ့မေးခွန်းလေးဟာ ဒသနဆန်နေပါတယ်. ကျွန်တော်သိသလောက်အဓပ္ပါယ်ဖွင့်ရင် မကောင်းသည့်လုပ်ရပ်ကြောင့် ခံရမည့်ဒုက္ခ လိုဆိုချင်ပါတယ်. ဒီနေရာမှာ ဘာသာရေးရှု့ထောင့်ကကြည့်မလား. လူ့ယဉ်ကျေးမှုရှု့ထောင့်ကကြည့်မလား. အမြင်တွေကွဲနေပါလိမ့်မယ်. ငရဲ ဆိုတဲ့ ဝေါဟာရဟာ ဘာသာရေးကဆင်သက်လာတယ်လို့ကျွန်တော်ထင်ပါတယ်. ဒါကြောင့် ငရဲ ဆိုတာနဲ့ ဘာသာတရားနဲ့ တွဲပြီးမြင်မိနေကြမှာပါ. သီးသန့်တွေးကြည့်ပါ. မကောင်းမှုမလုပ်ဖို့ တားမြစ်ထားတဲ့ ဝေါဟာရပါ. ကောင်းမှုကိုလိုလားတဲ့ ကျွန်တော်တို့တွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငရဲဆိုတာရှိတာကိုလက်ခံရမှာ. ဒါမှ မကောင်းမှုတွေကို ရှောင်ရှားနိုင်ကြမှာပါ.
မိဘက သားသမီးကို၊ လူကြီးက လူငယ်ကို ” ဒီလိုမလုပ်နဲ့ ငရဲကြီးလိမ့်မယ်“ လို့ဆုံမကြတာတွေဟာ မကောင်းမှုတွေ မလုပ်ဖြစ်အောင် တားမြစ်တဲ့သဘောပါပဲ. ဒီလောက်ဆိုရင် ငရဲကို လက်ခံသင့်၊ လက်မခံသင့် စဉ်းစားလို့ရမည်ထင်ပါတယ်ခင်ဗျာ...

Reply to This

ကိုပီတာ,
ငရဲဆိုတာ ရှိတယ်လို့ယုံကြည်ရမယ်
မမြင်ဘူး မကြုံဘူးတိုင်းသာ မယုံဘူးဟေ့လို့ တွက်နေရင် ဘာမှကိုယုံစရာမရှိတော့ဘူးဗျ..
ကျွန်တော်တို့ သိတဲ့ကြုံတဲ့ အတွေ့အကြုံလေးက ကို့ရဲ့ကလေးဘ၀ကို တောင်ပြန်မမှတ်တာရှိသေးတာ.
ဘုရားကိုရောအကို မြင်ဘူးလား..
ကံဆိုးလို့ ဘုရားကို မမြင်ဘူးပေမယ့် ရတနာသုံးပါးကို အပြီးအပိုင် အားကိုးရမှာပဲ..
ဘာလို့လဲ ဗုဒ္ဓဘာသာမှာ သမိုင်းကြောင်းတွေရှိတယ် ကျမ်းတွေရှိတယ်
ငရဲနဲ့ပက်သက် ပြီးတော့ ရေးထားတဲ့ကျမ်းတွေရှိတယ်
ဗုဒ္ဓဘာသာ ဖြစ်ရင် ရတနာသုံးပါးနဲ့ပက်သက်တာ ဆိုဆုံးမထားတာတွေအားလုံးကို ယုံရမယ်..
မျက်စိမှိတ်ယုံခိုင်းတာမဟုတ်ဘူး..
ကံ ကံရဲ့ အကျိုးဆိုတာ အကိုလဲသိတာပဲလေ..
မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးရမှာ သေချာပဲ..
ဒါက သဘောလေး..
ငရဲတွေ နတ်ပြည်တွေ မမြင်ရဘူးလို့ မယုံဘူးလို့ ပြောနေရင်..
ကိုယ်က ဒီလို ဥာဏ်လေးနဲ့ ဘယ်လိုလုပ်ပြီး မြင်ဘူးမှာလဲ..ဘယ်လိုလုပ်သိမှာလဲ..
ုကိုယ်ဥာဏ်မမီတာတွေ လိုက်စဉ်းစားစရာမလိုပါ..
ဗုဒ္ဓဘာသာ ရဲ့ ရည်ရွယ်ချက်တိုင်း နိဗ္ဗာန်သွားရုံပဲ..

Reply to This

ခွန်နှင်းစက်သွေး said:
မယုံကြည်ရင် ခိုးမှုဖြစ်စေ တိုက်မှုဖြစ်စေ တစ်ခုခုသော မကောင်းမှုကို လုပ်ကြည့်လိုက်ကြပါ။ သို့မဟုတ် ငရဲကြီးတတ်သည်ဆိုကြသော မိဘတွေကို စော်ကားမော်ကားနဲ့ ပြုမူဆက်ဆံကြည့်ပါ။ အကယ်၍ ခင်ဗျားတို့ ပြုလုပ်ကြတဲ့ အမှုတွေကြောင့် ခင်ဗျားတို့မှာ ပုံမှန်အတိုင်း ရှင်သန် လှုပ်ရှားနေနိုင်မယ်ဆိုလို့ရှိရင် ခင်ဗျားတို့ ရှိတယ်လို့လည်းမထင်ပါနဲ့။ ယုံလည်းမယုံပါနဲ့လို့ ပြောချင်ပါတယ်။ ငရဲနှင့် နတ်ပြည်ဆိုတာ ဘာသာတိုင်းမှာ ရှိနေပေမယ့် ရည်ရွယ်ချက်နဲ့ တည်နေရာချင်းတော့ တစ်ခြားစီဆိုတာ နားလည် ရင်တော့ အကောင်းဆုံးပဲ လို့ ထင်မိပါတယ်။
ငရဲ နှင့် အဲငြင်းပွားမှုကိစ္စမှာ လောက်ဂျစ် ကျကျနဲ့ ဆုံးဖြတ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုပါတယ်။

လူသတ်တာက ထောင်ကျနိုင်မကျနိုင်သိချင်တာနဲ့ လူသတ်ကြည့်ရမှာလား။
ကျွန်တော်ဥပမာပေးတာပါ။ ဥပဒေဆိုတာရှိတဲ့အတွက်ထောင်ကျမှာပါ။
သိချင်တာတစ်ခုအတွက်နဲ့ ကိုယ့်ဘဝကို အဆုံးခံမှာလား။

Reply to This

ဂျေဂျူဝိုင် said:
ငရဲဆိုတာ တကယ်ရှိတာပေါ့ဗျာ...။ Black hole ဟာ ငရဲရဲ့ တစ်ပိုင်းတစ်စပါပဲ...

Black hole နဲ့ဘာဆိုင်လို့လဲ

Reply to This

ငရဲဆိုတာ တကယ်ရှိမရှိကို မယုံကြည်တာက တစ်ချို့က မည်သည့်ဘာသာရေး ယုံကြည်ချက်မှ မရှိလို့၊ တစ်ချို့က သိပ္ပံနည်းကျကျ လက်တွေ့ပြမှ ယုံကြည်ချင်လို့၊ တစ်ချို့က ငရဲကျမယ်ဆိုတာကို မယုံလို့ ကိုယ်တိုင်က မကောင်းမဟုတ်တာတွေ လုပ်နေပြီး ဒိဋ္ဌိ ဖြစ်နေလို့ပါ။
ကျွန်ပ်ဖတ်ဖူးသမျှ စာပေတွေထဲကနေ ကောက်နှုတ်ဖော်ပြရေးသားထားရာကနေ ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဗဟုသုတ အနေဖြင့် သိရတာပေါ့။ နောက်ထပ်အခြေအနေပေးရင် ငရဲ တစ်ခုချင်းစီရဲ့ ခံစားရတဲ့ ဒုက္ခအမျိုးမျိုးကို ထပ်မံဖော်ပြပေးပါမယ်။

မိတ်ဆွေ... ဘယ်လိုဘာသာ အယူဝါဒ ယုံကြည်သူဆိုတာ မသိပေမယ့် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တယ်ဆိုရင်တော့ ဘာသာရေးယုံကြည်ချက်ခိုင်မာစေရန် ဗုဒ္ဓစာပေတွေကို လိုက်စား ဖတ်ကြည့်စေချင်ပါတယ်။ သက်သေ သာဓကတွေ အများကြီးတွေ့ရပါလိမ့်မယ်။ ဗုဒ္ဓဘာသာမှာ ပြောတိုင်းလည်းမယုံနဲ့၊ မိမိကိုယ်တိုင်အသိဉာဏ်နဲ့ မှန်မမှန်ကို ဆုံးဖြတ်ပြီးမှ ယုံကြည်ပါလို့ ဗုဒ္ဓမြတ်စွာဘုရားက ပြောခဲ့တယ်။ ကံ နှင့် ကံ၏အကျိုးပေးကို ယုံကြည်တယ်ဆိုရင်တော့ ငရဲကိုလည်း ယုံကြည်ပါလိမ့်မယ်။
ဒါပေမယ့် သိပ္ပံနည်းကျကျ သက်သေပြမှ၊ လက်တွေ့ကျကျ ကိုယ်တိုင်တွေ့ကြုံမြင်တွေ့မှ ယုံမယ်ဆိုတဲ့သူတွေကိုတော့ အထူးသတိပေးချင်ပါတယ် မိတ်ဆွေ... အမှားဆိုတာကို ကိုယ်တိုင်မမှားခင် သူများအမှားကို နမူနာယူတတ်သူမှ ပညာရှိပါ။ ငရဲကို ကိုယ်တိုင်ကြုံဖူးမှ ယုံမယ်ဆိုတာကိုတော့ စဉ်းစားသာကြည့်ပါတော့...... ငရဲကို ကိုယ်တွေ့ကြုံတွေ့ပြီးမှတော့လည်း.......... အချိန်တွေ သိပ်လွန်ကုန်ပြီနော့......... နောက်ပြီးတော့ သိပ္ပံနည်းကျကျ လက်တွေ့ပြလို့ မရတဲ့ ဘာသာရေးယုံကြည်ချက်တွေ၊ လောကဖြစ်စဉ်တွေက အများကြီးပါ။ စိတ်ကူးယဉ်ပြီး ခြောက်ပြီးပြောနေတာလည်း မဟုတ်ပါဘူး။ ဘယ်လိုဘာသာဝင်ပဲဖြစ်ဖြစ် ငရဲကို ယုံကြည်သင့်ပါတယ်။ ဘာသာမဲ့သူကလွဲရင်ပေါ့...

====================
ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာကြီးသည် ကျွန်းကြီးလေးကျွန်းအနက် တောင်ကျွန်းကြီးပင်ဖြစ်သည်။ မြေပြင်ပေါ်၌ လူ့ဘုံတည်ရှိ၍ မြေကြီးအောက်၌ ငရဲဘုံတည်ရှိသည်။

၁) သိဉ္စိုငရဲ၊
၂) ကာလသုတ်ငရဲ၊
၃) သင်္ဃတာငရဲ၊
၎) ရောရုဝငရဲ၊
၅) မဟာရောရုဝ ငရဲ၊
၆) တာပန္နာငရဲ၊
၇) မဟာ တာပန္နာငရဲ၊
၈) အဝီစိငရဲ

စသည်ဖြင့် ငရဲကြီး ရှစ်ထပ်နှင့် ငရဲငယ် ၁၂၈ ခု ရှိသည်၊ အဝီစိသည် အောက်ဆုံးငရဲဖြစ်သည်။

ငရဲကြီးရှစ်ထပ်သည် တစ်ထပ်နှင့်တစ်ထပ် ယူဇနာတစ်သောင်း ငါးထောင်စီကွာခြားသည်၊၊
=================

Reply to This

ကိုပီတာရေ
အရင်တစ်ခေါက်လည်း ၀င်ရောက်ဆွေးနွေးခဲ့ဖူးပါတယ်။ ပေးခဲ့တဲ့ကတိအတိုင်း ငရဲအကြောင်းရေးသားခဲ့တာလေးကို ပြန် လက်ဆင့်ကမ်းလိုက်ပါတယ်။ လာရောက် ဖတ်ကြည့်လို့ ဆွေးနွေးအကြံပေးပါဦး။
ဒါကတော့ ငရဲဆိုတာ ချိုနဲ့လား http://myanmarbloggersociety.ning.com/profiles/blogs/2256053:BlogPo..."> ဆိုတဲ့ Blog လေးပါ။
နောက်တစ်ခုကတော့ ငရဲဆိုသည်မှာ... နှင့် ငရဲ၏ ဆင်းရဲဒုက္ခများဟူသည်... http://myanmarbloggersociety.ning.com/profiles/blogs/2256053:BlogPo... ဆောင်းပါးလေးပါ။
နောက်လည်း သိသမျှ ကို လက်လှမ်းမီသမျှ လာမျှဝေပါမယ်။

ထူးပ said:
ငရဲဆိုတာ တကယ်ရှိမရှိကို မယုံကြည်တာက တစ်ချို့က မည်သည့်ဘာသာရေး ယုံကြည်ချက်မှ မရှိလို့၊ တစ်ချို့က သိပ္ပံနည်းကျကျ လက်တွေ့ပြမှ ယုံကြည်ချင်လို့၊ တစ်ချို့က ငရဲကျမယ်ဆိုတာကို မယုံလို့ ကိုယ်တိုင်က မကောင်းမဟုတ်တာတွေ လုပ်နေပြီး ဒိဋ္ဌိ ဖြစ်နေလို့ပါ။
ကျွန်ပ်ဖတ်ဖူးသမျှ စာပေတွေထဲကနေ ကောက်နှုတ်ဖော်ပြရေးသားထားရာကနေ ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဗဟုသုတ အနေဖြင့် သိရတာပေါ့။ နောက်ထပ်အခြေအနေပေးရင် ငရဲ တစ်ခုချင်းစီရဲ့ ခံစားရတဲ့ ဒုက္ခအမျိုးမျိုးကို ထပ်မံဖော်ပြပေးပါမယ်။ မိတ်ဆွေ... ဘယ်လိုဘာသာ အယူဝါဒ ယုံကြည်သူဆိုတာ မသိပေမယ့် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တယ်ဆိုရင်တော့ ဘာသာရေးယုံကြည်ချက်ခိုင်မာစေရန် ဗုဒ္ဓစာပေတွေကို လိုက်စား ဖတ်ကြည့်စေချင်ပါတယ်။ သက်သေ သာဓကတွေ အများကြီးတွေ့ရပါလိမ့်မယ်။ ဗုဒ္ဓဘာသာမှာ ပြောတိုင်းလည်းမယုံနဲ့၊ မိမိကိုယ်တိုင်အသိဉာဏ်နဲ့ မှန်မမှန်ကို ဆုံးဖြတ်ပြီးမှ ယုံကြည်ပါလို့ ဗုဒ္ဓမြတ်စွာဘုရားက ပြောခဲ့တယ်။ ကံ နှင့် ကံ၏အကျိုးပေးကို ယုံကြည်တယ်ဆိုရင်တော့ ငရဲကိုလည်း ယုံကြည်ပါလိမ့်မယ်။ ဒါပေမယ့် သိပ္ပံနည်းကျကျ သက်သေပြမှ၊ လက်တွေ့ကျကျ ကိုယ်တိုင်တွေ့ကြုံမြင်တွေ့မှ ယုံမယ်ဆိုတဲ့သူတွေကိုတော့ အထူးသတိပေးချင်ပါတယ် မိတ်ဆွေ... အမှားဆိုတာကို ကိုယ်တိုင်မမှားခင် သူများအမှားကို နမူနာယူတတ်သူမှ ပညာရှိပါ။ ငရဲကို ကိုယ်တိုင်ကြုံဖူးမှ ယုံမယ်ဆိုတာကိုတော့ စဉ်းစားသာကြည့်ပါတော့...... ငရဲကို ကိုယ်တွေ့ကြုံတွေ့ပြီးမှတော့လည်း.......... အချိန်တွေ သိပ်လွန်ကုန်ပြီနော့......... နောက်ပြီးတော့ သိပ္ပံနည်းကျကျ လက်တွေ့ပြလို့ မရတဲ့ ဘာသာရေးယုံကြည်ချက်တွေ၊ လောကဖြစ်စဉ်တွေက အများကြီးပါ။ စိတ်ကူးယဉ်ပြီး ခြောက်ပြီးပြောနေတာလည်း မဟုတ်ပါဘူး။ ဘယ်လိုဘာသာဝင်ပဲဖြစ်ဖြစ် ငရဲကို ယုံကြည်သင့်ပါတယ်။ ဘာသာမဲ့သူကလွဲရင်ပေါ့... ====================
ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာကြီးသည် ကျွန်းကြီးလေးကျွန်းအနက် တောင်ကျွန်းကြီးပင်ဖြစ်သည်။ မြေပြင်ပေါ်၌ လူ့ဘုံတည်ရှိ၍ မြေကြီးအောက်၌ ငရဲဘုံတည်ရှိသည်။

၁) သိဉ္စိုငရဲ၊
၂) ကာလသုတ်ငရဲ၊
၃) သင်္ဃတာငရဲ၊
၎) ရောရုဝငရဲ၊
၅) မဟာရောရုဝ ငရဲ၊
၆) တာပန္နာငရဲ၊
၇) မဟာ တာပန္နာငရဲ၊
၈) အဝီစိငရဲ

စသည်ဖြင့် ငရဲကြီး ရှစ်ထပ်နှင့် ငရဲငယ် ၁၂၈ ခု ရှိသည်၊ အဝီစိသည် အောက်ဆုံးငရဲဖြစ်သည်။

ငရဲကြီးရှစ်ထပ်သည် တစ်ထပ်နှင့်တစ်ထပ် ယူဇနာတစ်သောင်း ငါးထောင်စီကွာခြားသည်၊၊
=================

Reply to This

Reply to This

RSS

About

MBS MBS created this Ning Network.

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service