Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

Stanley

IT နည်းပညာစာတမ်းများ ဖိတ်ခေါ်ခြင်း

IT နည်းပညာစာတမ်းများ ဖိတ်ခေါ်ခြင်း

MyanmarING ဆိုသည်မှာ Myanmar Internet and Networking Group ဖြစ်ပါသည်။ MyanmarING သည် Asia Pacific Networking Group (APNG) အဖွဲ့ကြီး၏ မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း တွင်မူ MyanmarING သည် Myanmar Egress ကျောင်းသားဟောင်းများ ဦးစီးဆောင်ရွက်သော Project တစ်ခု ဖြစ်ပါသည်။

MyanmarING အဖွဲ့သည် အောက်ပါခေါင်းစဉ် ( ၃ ) ခုဖြင့် စာတမ်းဖတ်ပွဲ ကျင်းပရန် စီစဉ်လျက်ရှိသည်။

Internet Technology
Internet Culture
Dumbo and Live E!
ယင်းစာတမ်းဖတ်ပွဲသို့ ကွန်ပျူတာပညာရပ်အား စိတ်ဝင်စားသူ လူငယ်များ စာတမ်းတင်သွင်း ယှဉ်ပြိုင်နိုင်ပါသည်။ တင်သွင်းလာသည့် စာတမ်းများအနက်မှ စာတမ်း ( ၃၀ ) ကို MyanmarING မှ စာတမ်းဖတ်ပွဲအတွက် ရွေးချယ် သွားမည် ဖြစ်သည်။ အဆိုပါစာတမ်း ( ၃၀ ) အနက် အကောင်းဆုံးနှင့် အချက်အလက်အပြည့်အစုံဆုံး စာတမ်း ( ၂ ) စောင်ကို ရွေးချယ်၍ ဆုရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ( ၂ ) ဦးကို ၂၀၀၉ ခုနှစ် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် Asia Pacific Networking Group ( APNG ) မှ စီစဉ်သည့် International Camp သို့ MyanmarING ကိုယ်စား တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

စည်းကမ်းချက်များ

ခေါင်းစဉ်တစ်ခုလျှင် မြန်မာ၊ အင်္ဂလိပ် နှစ်သက်ရာဘာသာဖြင့် ယှဉ်ပြိုင်နိုင်သည်။
စာတမ်းတစ်စောင်လျှင် တစ်ဦးသာ ပါဝင်ရေးသားပြီး စာတမ်းတင်သွင်းသူသည် အသက် ( ၃၅ ) နှစ် မပြည့် သေးသူ ဖြစ်ရမည်။
မြန်မာနိုင်ငံသားဖြစ်ပြီး အစိုးရအသိအမှတ်ပြု ကွန်ပျူတာပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာတစ်ခုခု ရရှိ/ တက်ရောက်ဆဲ ဖြစ်ရမည်။ သို့မဟုတ် ကွန်ပျူတာနယ်ပယ်တွင် လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်ရမည်။
စာတမ်းကို ကိုယ်တိုင်ရေးသားကြောင်း ဝန်ခံချက်ဖြင့် အောက်တိုဘာ ( ၃၁ ) ရက်နေ့နောက်ဆုံးထား၍ ပေးပို့ရမည်။

Ph: 388367

Email: contact@myanmaring.asia

Location:Myanmar Internet Networking Group
Myanmar Egress
Thamada Business Suite,Thamada
Hotel ,Yangon ,Myanmar

MyanmarING ဆိုသည်မှာ

MyanmarING ဆိုသည်မှာ Myanmar Internet and Networking Group ဖြစ်ပါသည်။ MyanmarING သည် Asia Pacific Networking Group (APNG) အဖွဲ့ကြီး၏ မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းတွင်မူ MyanmarING သည် Myanmar Egress ကျောင်းသားဟောင်းများ ဦးစီးဆောင်ရွက်သော Project တစ်ခု ဖြစ်ပါသည်။

ခံယူထားသည့် တာဝန်

MyanmarING မှ ခံယူထားသည့် တာဝန် (Mission) မှာ မြန်မာနိုင်ငံအတွင်း အင်တာနက်နည်းပညာအား အားပေး အထောက်အကူပြုရန်နှင့် တည်ရှိနေသော နည်းပညာဆိုင်ရာ ကွန်ယက်၊ အဖွဲ့အစည်းများအား အချင်းချင်း အပြန်အလှန် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားရေးပင် ဖြစ်ပါသည်။

ရည်ရွယ်ချက်

MyanmarING ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ မျိုးဆက်သစ်လူငယ်များအား နိုင်ငံတကာ အင်တာနက် အသိုက်အ၀န်းများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေး လမ်းဖွင့်ပေးရန်နှင့် သုတေသီများ၊ စနစ်ကိုင်တွယ် ထိန်းသိမ်းသူများ၊ လုပ်ငန်းခွင်တွင် လုပ်ကိုင်ဆောင်ရွက်နေသူများနှင့် ကျောင်းသားများအကြား အတွေ့အကြုံနှင့် ဗဟုသုတများ ဖလှယ်ရာ နေရာတစ်ခု ဖန်တီးပေးရန်တို့ ဖြစ်ပါသည်။

လုပ်ငန်းအဖွဲ့များ (Working Groups)

MyanmarING အား လတ်တလောအချိန်တွင် လုပ်ငန်းအဖွဲ့ သုံးဖွဲ့ဖြင့် ဖွဲ့စည်းထားပါသည်။ ယင်းတို့မှာ -
• အင်တာနက်နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ (Internet Technology)
• အင်တာနက် ဓလေ့ထုံးစံများဆိုင်ရာ လုပ်ငန်းအဖွဲ့ (Internet Culture)
• Dumbo နှင့် Live E! software များဆိုင်ရာ လုပ်ငန်းအဖွဲ့ တို့ ဖြစ်ကြသည်။

အဖွဲ့ဝင်ဖြစ်ခွင့်

MyanmarING အနေဖြင့် အင်တာနက်နှင့် ကွန်ယက်ချိတ်ဆက်ခြင်း (networking) အကြောင်းအရာများအား စိတ်ပါဝင်စားမှုရှိသည့် ပင်ကိုယ်စွမ်းရည်ရှိသူ မည်သည့် မြန်မာနိုင်ငံသားကိုမဆို အဖွဲ့ဝင်အဖြစ် ၀င်ရောက်ခွင့်ပြုမည် ဖြစ်ပါသည်။
အဖွဲ့ဝင်ခြင်း၏ အကျိုးကျေးဇူးများ

MyanmarING အဖွဲ့ဝင်များအနေဖြင့်
• MyanmarING ၏ လုပ်ငန်းများတွင် ပါဝင်ခွင့်ရမည် ဖြစ်ပါသည်။
• ပြည်တွင်းနှင့် နိုင်ငံတကာ အသိုက်အ၀န်းမှ ပညာရှင်များနှင့် ဆွေးနွေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အရေး ရရှိနိုင်ပါမည်။
• APNG ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများ၏ အသိအမှတ်ပြုခြင်း ခံရမည် ဖြစ်ပါသည်။
• နိုင်ငံတကာ အတွေ့အကြုံများ ရရှိပေမည်။
• APNG ၏ အခြားသော နိုင်ငံကိုယ်စားပြုအဖွဲ့များနှင့် project များ တွဲဖက်လုပ်ကိုင်ခွင့် ရရှိနိုင်ပါမည်။
ပြည်တွင်းစာတမ်းဖတ်ပွဲ

MyanmarING သည် ယခုနှစ် (၂၀၀၈ ခုနှစ်) တွင် ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းစာတမ်းဖတ်ပွဲတစ်ရပ်ကို စတင် ကျင်းပသွားမည် ဖြစ်ပါသည်။ ထိုစာတမ်းဖတ်ပွဲတွင် အသက် ၃၅ နှစ်အောက် အရည်အချင်းပြည့်မီသော မြန်မာလူငယ် ၃၀ တက်ရောက် စာတမ်းဖတ်ခွင့် ရကြမည်ဖြစ်ပြီး ထိုအခမ်းအနားသို့ အိုင်တီနယ်ပယ်အတွင်းမှ ထူးချွန်ကျောင်းသားများအား ဖိတ်ခေါ် လေ့လာခွင့်ပြုမည် ဖြစ်ပါသည်။ အဆိုပါစာတမ်းဖတ်ပွဲမှ အကောင်းမွန်ဆုံး စာတမ်းရှင် ငါးဦးအား MyanmarING မှ ရွေးချယ် ဆုချီးမြှင့်မည်ဖြစ်ကာ ထိုငါးဦးအနက်မှ အထူးချွန်ဆုံးနှစ်ဦးအား ၂၀၀၉ ခုနှစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ပြုလုပ်မည့် APNG ၏ နိုင်ငံတကာ စာတမ်းဖတ်ပွဲသို့ MyanmarING ကိုယ်စား စေလွှတ် တက်ရောက်စေမည် ဖြစ်ပါသည်။

အနာဂါတ် လုပ်ငန်းစဉ်များ

MyanmarING အနေဖြင့် APNG ၏ အခြားသော နိုင်ငံကိုယ်စားပြုအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး MyanmarING အဖွဲ့ဝင်များအား project များတွင် အမြဲတွေ့ဆုံ ဆောင်ရွက်သွားစေခြင်းဖြင့် အတွေ့အကြုံများ၊ ယုံကြည်ချက်များ ရရှိစေကာ ၎င်းတို့၏ အသိပညာများအား နိုင်ငံအတွက် အသုံးချနိုင်စေမည် ဖြစ်ပါသည်။ ထို့ပြင် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ သုတေသနများ ပြုလုပ်ကာ International အဖွဲ့အစည်းများသို့ project proposal များ တင်သွင်းကာ သုတေသနဆိုင်ရာ အထောက်အပံ့များ ရရှိနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အဖွဲ့၏ လုပ်ငန်းအဖွဲ့များနှင့် သုတေသနခေါင်းစဉ်များအား ပိုမို စုံလင်များပြားလာအောင် ဆောင်ရွက်သွားပါမည်။ စာတမ်းဖတ်ပွဲများတွင်လည်း အရေအတွက် ပိုမိုလက်ခံနိုင်ရန်နှင့် ရန်ကုန်မြို့တွင်သာမက အခြားမြို့များတွင်ပါ ကျင်းပသွားနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

Share

Reply to This

Replies to This Discussion

ဒီ Topic ကို တင်ပေးတဲ့အတွက် .....ကျေးဇူးတင်ပါတယ်........

စိတ်ဝင်းစားပါတယ်..........

MyanmarING အဖွဲ့ ၀င်မယ်ဆို၇င် .......ဘယ်လိုဝင်၇မလဲသိချင်ပါတယ်.......

Reply to This

If you want to member, you can firstly submit paper and read it @ seminar.
For papers I would like to call all members from MBS and this is some of topic I can think of, suggest us for more topics here.

Nowadays in Myanmar, Blog is popular topic among teenager, so 1st output will be research topic about Myanmar Blog will be most popular. And Myanmar IT sector is now promoting localization; next hot more papers will be Myanmar Language and IT.

• Myanmar Internet Culture and Blog research
• Myanmar Language and ICT

1.Policy and ICT in Myanmar
2.Economic and ICT in Myanmar
3.Education and ICT in Myanmar
4.Social and ICT in Myanmar
5.Health and ICT in Myanmar
6. Human Resource Development and ICT in Myanmar
7. ICT Infrastructure in Myanmar
8. Legal Infrastructure and ICT in Myanmar
9.Future of Wireless network in Myanmar
10.Myanmar Cyberwar (hot ??? or dangerous???)

Ph: 388367, 095142508,099970880
Email: contact@myanmaring.asia
Web: www.myanmaring.asia

Again I love to get papers from MBS. All members please contact us.

Reply to This

Applications will first be reviewed by the committee members of the MyanmarING Committee and APNG, our main organization.
To apply, please submit your Application with full details to the MyanmarING Committee, by email to . Application form can be downloaded from www.myanmaring.asia .Along with the application form , the applicant must also submit a 2-page paper as well as the accompanying presentation material for speech opportunity in the MyanmarING 1st seminar.

Reply to This

ကျွန်တော် ဒီအကြောင်းအရာကို စိတ်ဝင်စားပါတယ်.. ကျွန်တော် ဖုန်းနဲ့ဆက်သွယ်လိုက်ပါမယ်.. ပရောဂျက်အတွက် နမူနာ စာတမ်းလေးတွေ အကြောင်းလဲ သိချင်ပါတယ် ခင်ဗျ..

Reply to This

စိတ်ဝင်စားတဲ့အတွက် ၀မ်းသာပါတယ်။ နမူနာ စာတမ်းတွေကိုတော့ အောက်က လင့်ခ်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ဒါက ဒီနှစ် ဘန်ကောက်မှာလုပ်သွားတဲ့ APNG Camp မှာ တင်သွားတဲ့ စာတမ်းတွေပါ။
http://www.myanmaring.asia/APNGProceedings-2008.pdf

Reply to This

great idea indeed

Reply to This

ကျန်တာအကုန်ကောင်းတယ်.. မဲပေးတဲ့နေရာမှာ mingအဖွဲ့ဝင်တွေက သူတို့ပြိုင်ဖို့ခေါ်ထားတဲ့ သူတို့နဲ့သိတဲ့သူတွေကို မဲအများဆုံးပေးတာတော့ သိပ်မကောင်းဘူးနော်.....

Reply to This

Reply to This

RSS

About

MBS MBS created this Ning Network.

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service