Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

R-kar htet myat

တကယ်လို့ ဘ၀မှာအလိုချင်ဆုံးဆု ၃ ခုတောင်းပါဆိုရင်ဘာတွေတောင်းမလဲ

ကျွှန်တော်ထင်တယ် ကျွှန်တော်တို့ဘာဖြစ်ချင်တယ် ညာဖြစ်ချင်တယ်သာပြောနေတာ တကယ်လို့ အလိုချင်ဆုံး တောင်းပါဆိုရင် ဘာတောင်းရမှန်းမသိကြတော့ဘူး ဖြစ်တတ်တယ်လေ ကိုယ့်အတွက်ဘာ က အရေးအကြီးဆုံးလဲ စဉ်းစာ ဖူးလား ကျွှန်တော်ကတော့အလိုချင်ဆုံး ၃ ခုတောင်းပါဆိုရင် ၁. နွေးထွေးတဲ့မိသားစုလေးနဲ့နေချင်တယ်ဗျာ...၂. စိတ်ချမ်းသာချင်တယ် ကိုယ်လဲကျန်းမာချင်တယ် ၃.ချစ်သူနဲ့မဝေးချင်ဘူး (ဝေးမယ်ဆိုရင်လဲ ၁နဲ့ ၂ ဆုတောင်းတွေမပြည့်တာနဲ့ဘာထူးလဲဗျာနော်) ကဲ ခင်ဗျားဆိုရင်ရော ဘာဆုတွေတောင်းချင်လဲ
တကယ်ပြည့်မှာနော် ယုံယုံကြည်ကြည်လုပ်ရင် .. မပြောမရှိနဲ့

Share

Reply to This

Replies to This Discussion

1) တောင်းတဲ့ဆုတွေ ပြည့်တဲ့ ဆုတောင်းမယ်
2) ကောင်းကျိုးတွေပဲဆုတောင်းတတ်တဲ့သူ ဖြစ်ဖို့ ဆုတောင်းမယ်
3) တောင်းဆုတွေပြည့်လို့ လိုတရတဲ့သူဖြစ်ဖို့ ဆုတောင်းမယ်

အဟီးး ဆော်တီး ပတ်ချာလည်နေပီထင်တယ်
ဘ၀မှာ အဲလိုပတ်ချာလည်မနေဖို့ပဲ ဆုတောင်းချင်ပါတယ်ဟာ :)

Reply to This

ကျနော်ကတော့ .....ဆုတာင်းပြီနော်.......
၁)....... လက်ဖက်ရည်ချိုကျတစ်ခွက်၊ လန်ဒန်တစ်လိပ်နဲ့ ရေနွေးကြမ်းတစ်အိုးရယ်...... ပြီးတော့ လက်ဝဲသုန္ဒရရဲ့ စာအုပ် (မဲဇာတောင်ခြေကဗျာ) ကို အရိပ်ကောင်းကောင်းရတဲ့ ဆိုင်တစ်ဆိုင်ထဲမှာ...ဇိမ်ကျကျအေးအေးဆေးဆေး ထိုင်ဖတ်ချင်တယ်........
၂)...... လူပီသတဲ့ လူမဖြစ်ပါစေနဲ့ ။ လောကဓံတစ်ရားရှစ်ပါးနဲ့ ကင်းဝေးပါစေပေါ့ ။မချစ်၊မမုန်း၊၀မ်းမနဲ၊၀မ်းမသာ၊ တတ်ပါစေပေါ့ ဗျာ....။
၃)...... ဒုက္ခဆိုတာ မသိချင်ဘူး၊ ခြင်ကိုက်တာကအစ၊ ငါးရိုးစူးတာကအဆုံး ဘာဒုက္ခမှကိုမသိချင်ဘူး...... ...... အဲလိုဆုတောင်းလိုက်တယ်။

အဟဲ........ ပြည့် ချင်ပြည့် ... မပြည့် ချင်လည်း... ပြည့် ...ပေါ့ .... ဟီဟိ။

Reply to This

အိန်း ...
နာဂတော့ (၁)။ ။ နောက်ထပ်အလိုချင်းဆုံး (၃ ) ခုထပ်တောင်းမယ် (၂)။ ။ အမိုက်စားစော်ကိုယူမယ် (၃) စပိုက်တာမန်း ဖြစ်ချင်တယ်ကွာ....
ကဲ ဘီလိုလဲ ဘီတူကပေးမှာလဲပြော နာတွားတောင်လိုက်မယ် ဟီး ဟီး.........

Reply to This

လင်းအိမ်နက် said:
အိန်း ...
နာဂတော့ (၁)။ ။ နောက်ထပ်အလိုချင်းဆုံး (၃ ) ခုထပ်တောင်းမယ် (၂)။ ။ အမိုက်စားစော်ကိုယူမယ် (၃) စပိုက်တာမန်း ဖြစ်ချင်တယ်ကွာ....
ကဲ ဘီလိုလဲ ဘီတူကပေးမှာလဲပြော နာတွားတောင်လိုက်မယ် ဟီး ဟီး.........

spiderman ဖြစ်ရင်ဘာလုပ်မလို့လဲဟင်

Reply to This

အင်း ဟုတ်ပ စပိုက်တာမန်း ဘာလို့ဖစ်ချင်ပါလိမ့်နော်
ကလေးလေးလား တိဘူး :P

လင်းအိမ်နက် said:
အိန်း ...
နာဂတော့ (၁)။ ။ နောက်ထပ်အလိုချင်းဆုံး (၃ ) ခုထပ်တောင်းမယ် (၂)။ ။ အမိုက်စားစော်ကိုယူမယ် (၃) စပိုက်တာမန်း ဖြစ်ချင်တယ်ကွာ....
ကဲ ဘီလိုလဲ ဘီတူကပေးမှာလဲပြော နာတွားတောင်လိုက်မယ် ဟီး ဟီး.........

Reply to This

တကယ်ပြည့်မှာလား။ ဒါဆိုတောင်းပြီ..။ (၁) အလုပ် မလုပ်ပဲ ချမ်းသာချင်..။ (၂) အစား မစားဘဲ ဗိုက်ပြည့်နေချင်..။ (၃) ငုတ်တုပ် ထိုင်လျက် ချစ်သူ တစ်ယောက် ရချင် (အတည်တော့ အတည်ပါ)..။

Reply to This

thitsinn said:
တကယ်ပြည့်မှာလား။ ဒါဆိုတောင်းပြီ..။ (၁) အလုပ် မလုပ်ပဲ ချမ်းသာချင်..။ (၂) အစား မစားဘဲ ဗိုက်ပြည့်နေချင်..။ (၃) ငုတ်တုပ် ထိုင်လျက် ချစ်သူ တစ်ယောက် ရချင် (အတည်တော့ အတည်ပါ)..။

ပြည့်စေဗျာ.........

ပုံ
သကြားမင်း..

Reply to This

၁။ ဖြစ်လေရာတိုင်းမှာ အသိဥာဏ်ပညာပြည့်စုံပါစေ။ ၂။ လောကအတွက် အကျိုးပြုတဲ့သူဖြစ်နိုင်ပါစေ။ ၃။ လောကဓံကို ကြံကြံခံနိုင်တဲ့သူဖြစ်နိုင်ပါစေ။

Reply to This

ကျနော်လိုချင်တာ(၃)ခုမကရှိတယ် အလိုချင်ဆုံး ကတော့

၁) မိဘတွေနဲ့ တူတူ မပူမပင် အေးချမ်းစွာနေထိုင်ပြီး သာယာတဲ့ မိသားစု တစ်ခုကိုပိုင်ဆိုင်ချင်တယ်(မေမေ့ရင်ခွင်ထဲကို ခေါင်းလေးတိုးဝင်ပြီး လိုချင်တာကိုပူဆာချင်တယ်)
၂) ချစ်တဲ့သူနဲ့ တစ်ဘ၀လုံး အေးအတူပူအမျှ အတူတကွ လက်တွဲသွားချင်တယ်................(တားတား မီးမီးလေးတွေလည်းလိုချင်တယ်)
၃) ဗုဒ္ဒသာသနာထွန်းကားရာ နေရာဒေသမှာ အေးဆေးစွာ တရားရိပ်ကိုခိုလှုံချင်တယ် (အလှူအတန်းတွေလည်းလုပ်ချင်တယ်)

ကျနော်အလိုချင်ဆုံး တွေထဲက ပထမဆုံးလိုချင်သော တောင်းဆုတွေပါ

Reply to This

တစ်ခုပဲတောင်းမယ် .. ဆုတောင်းတိုင်း ပြည့်မယ့်ဆု

Reply to This

ဆနနဲ့ ဘ၀ တစ်ထပ်တည်းကျချင်တယ်...
လိုအပ်ချက်တွေ လိုအင်တွေကလည်း များမှများ၊ ပုထုဇဉ်ဆိုတော့လည်း..
အင်း...
အေးချမ်းသာယာတဲ့မိသားစုလေးတစ်ခုကို ပိုင်ဆိုင်ချင်တယ်..
လူညစ်တွေနဲ့ မပတ်သက်ချင်ဘူး...
နောက်ဆုံးထွက်သက်အထိပေါ့...
ဘ၀ကို အေးအေးဆေးဆေးလေးနဲ့ပဲ ပြီးဆုံးချင်တယ်.

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service