Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

Naylinn

သင် တကယ်လွမ်းတတ်ပြီလား

လူတိုင်း လူတိုင်း လွမ်းတယ် လို့ပြောဖူးတယ်။
ဒါပေမဲ့ သင် တကယ်လွမ်းဖူးရဲ့လား ။

Share

Reply to This

Replies to This Discussion

လွမ်းတယ်လို့ ပြောတာတော့ မှန်ပါတယ် ကိုသူရိန်ရေ..... ဒါပေမယ့် ဘာကိုလွမ်းတာလဲ..... ဘယ်သူ့ ကိုလွမ်းတာလဲ.လွမ်းတော့ လွမ်းနေကြတာပဲ ကျွန်တော်တောင်(Big Bag သီချင်း) တစ်ခါတစ်လေ ရွာက ဦးတုတ် ဗီဒီယို ရုံလေးကိုတောင်လွမ်းသေးတယ်ဗျ။

Reply to This

တစ်ကယ့်ကိုလွမ်းတတ်ပါတယ်၊ ဘာလို့လဲဆိုတော့ ကောင်မလေးက အဝေးတစ်နေရာမှာ၊ ကိုယ်ကလည်း ခရီးလွန်နေတော့ လွမ်းပြီးရင်း လွမ်းနေရတယ် .....

Reply to This

တကယ်ကိုလွမ်းနေတာပါ......... လွမ်း၇တာတော်တော်လေးမောပါတယ်................
ကိုယ့်ကိုကိုယ် သိလိုက်တဲ့အချိန်မှာ .....တယ်ကယ်ကိုခံစားနေ၇ပါပြီ..................... :P

Reply to This

လွမ်းတာလား စိတ်ပူတာလားတော့ မသိဘူး။ အလုပ်နေရင်းနဲ.တောင် စိတ်ထဲမှာ သူ.အကြောင်းရောက်နေတယ်။ လက်ကအလုပ် လုပ် စိတ်က သူ.အကြောင်းစဉ်းစား ညဘက် သူ.အကြောင်းစဉ်းစားရင်း အိပ်မရတော့ ကဗျာထရေး၊ blog တွေ လိုက်ဖတ် အင်းဒါနဲ.ပဲ မိုးလင်းခါနီးမှအိပ် မနက်ကျတော့ ၀ရုမ်းသုန်းကားနဲ. ကျောင်းကို ပြေး အတန်းထဲရောက်တော့ ကဗျာခိုးရေး၊ အတန်းပြီးတော့ သူ.နဲ.တွေချင်တော့ အိမ်ကိုမြန်မြန်ပြန် online မှာ ထိုင်စောင့်၊ အင်းဒါနဲ.ပဲ လူလဲ ရဲ.ရဲ.ပဲ ကျန်တော့တယ်။ တော်သေးတာပေါ့ အလုပ်က အချိန်ပိုင်းအလုပ်ဖြစ်လို. အချိန်ပြည့်အလုပ်သာဆို လူလဲ လူရုပ်ထွက်မှာမဟုတ်တော့ဘူး။ အခုတောင် သူ.ကို စောင့်နေရင်းနဲ. ရေးနေတာပါ။

Reply to This

လွမ်းတယ်ဆိုတာ သတိရခြင်းအပြင်းစားလေးပေါ့ အချိန်တိုင်းလွမ်းတယ် အပျော့အပြင်းနဲနဲပဲကွာမယ်

Reply to This

မြန်မာတွေက အလွမ်းအဆွေး သမားတွေ ပိုများလို့ပဲလား မသိဘူး.. လွမ်းတော့ လွမ်းနေကြတာပဲ.. မိုးရေ ဖွေးဖွေးကို မြင်ရင် လွမ်းကြတယ် ပိတောက်တွေ ပွင့်ရင် လွမ်းတယ် ခွာညိုတွေ သင်းရင် လွမ်းတယ် နေညိုချိန်ဆို လွမ်းကြတယ် လပြည့်ည ဆိုလည်း လွမ်းမိကြတာပဲ အလွမ်း တွေကတော့ ဆုံးနိုင်ဖွယ် မရှိဘူး ဘာကို လွမ်းတာမှန်း အတိအကျ မသိပေမယ့် ကျနော်လည်း လွမ်းမိပါသေးတယ် ငယ်စဉ် ကလေး ဘဝ လေးကို လွမ်းတယ် ကျောင်းတက် ချိန်တွေကို လွမ်းတယ် ကြုံဆုံဖူး သိမြင်ဖူး ရင်နှီးကြဖူးပြီး ခွဲခွာနေရ သူတွေကို လွမ်းတယ် နောင် မတွေ့ ကြတော့မှာကို တွေးပြီးလည်း လွမ်းတယ် .. လွမ်းတတ် ပြီလားလို့တော့ ကျေးဇူး ပြုပြီး မမေးလိုက်ပါနဲ့ ပိုပြီး လွမ်းလာ မိလို့ပါ..

Reply to This

အချိန်တိုင်းတော့ အဟုတ်ဘူး .. အမြဲတမ်းလိုလိုတော့ လွမ်းဖူးတယ် .. ပြန်မေးလိုက်အုံးမယ် .. လွမ်းတာနဲ့ တမ်းတတာနဲ့ တူလား .. လွမ်းတာ သတိရနေတာကို ပြောတာထင်တယ် .. တမ်းတတာက ကိုယ့်နားရှိစေချင်တာကို ပြောတာထင်တယ် ..

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service