တစ်ချို့ blog တွေဝဘ်ဆိုက်တွေမှာတော့ credit card ( master,visa အစရှိသဖြင့် )နဲ့
အွန်လိုင်းမှာကဒ်နံပါတ်တွေကုဒ်နဲပါတ်တွေဒါရိုက်ရေးထည့်ပြီးဈေးဝယ်တာတွေကိုရေးသား
ထားတာတွေဖတ်ရပါတယ်။ကျွန်တော်သိထားတဲ့ဗဟုသုနဲနဲကအဲဒီလိုမျိုးမိမိရဲ့ကဒ်နံပါတ်နဲ့
secret codeကိုဘယ်လိုဝဘ်ဆိုက်မျိုးမှာမှရေးထည့်ပြီးဝယ်လိုက်တာမျိုးကိုအားမပေးချင်ပါဘူး။
ဘာလို့လဲဆိုတော့အဲဒီလိုရေးထည့်လိုက်တဲ့အတွက်မိမိရဲ့ကဒ်နံပါတ်နဲ့ကုဒ်ကိုအဲဒီဆိုက်ကသိ
သွားပြီးသူတို့ကသစ္စာရှိရင်တော့တစ်မျိုးပေါ့...သစ္စာမရှိရင်ဘယ်လိုလုပ်ကြမလဲဗျာ...ဒီတော့
အဲဒီလိုမိမိရဲ့မူရင်းကဒ်အချက်အလက်တွေနဲ့အွန်လိုင်းမှာဈေးတစ်ခါလောက်ဝယ်ထားဖူးတဲ့သူ
တွေအနေနဲ့မကြာခဏဆိုသလိုမိမိတို့ရဲ့ကိုယ်ပိုင်အကောင့်ထဲကငွေကြေးပမာဏကိုဆန်းစစ်
ဖို့လိုပါတယ်..ဒါမှမဟုတ်ရင်လဲ secret code ကိုပြန်ပြောင်းလိုက်ဖို့လိုပါတယ်။အကောင်းဆုံး
ကတော့အွန်လိုင်းမှာဈေးဝယ်တော့မယ်ဆိုရင်မ၀ယ်ခင်မှာပဲမိမိတို့ရဲ့သက်ဆိုင်ရာဘဏ်ကိုအရင်
သွားပြီးအွန်လိုင်းမှာဈေးဝယ်ဖို့အတွက်prepaid cardတစ်ခုကိုတန်ဖိုးသတ်မှတ်ပြီးအရင်လုပ်စေ
ချင်ပါတယ်။ဒီကိစ္စနဲ့ပတ်သတ်ပြီးဒီထက်ပိုအသေးစိတ်ဝိုင်းဆွေးနွေး
ပေးကြပါလို့မေတ္တာရပ်ခံပါတယ်။
Tags: card, credit, internet, online, shopping
Share
-
▶ Reply to This