Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

LagoonEain

ကိုယ်နဲ့ ဘာသာမတူရင် ဘယ်လိုသတ်မှတ်မလဲ

ဘာသာတရားတစ်ခုကိုခံယူထားသူတော်တော်များများရဲ့ အယူအဆတစ်ခုပါ.....ကျွန်တော် ဘ၀င်မကျတဲ့အချက်ပေါ့
ကိုယ်ကိုးကွယ်တဲ့ဘာသာဝင်မဟုတ်ရင် အယူလွဲနေတဲ့လူတစ်ယောက် ငရဲသွားမယ့်လူလိုမျိုး
မြင်ကြတယ်
ဥပမာ...........
ဗုဒ္ခဘာသာဝင်က တခြားဘာသာဝင်ကို တိတ္တိ တဲ့
မူဆလင်က တခြားဘာသာဝင်ကို ကာဖွေရ် တဲ့
ခရစ်ယာန်က တခြားဘာသာဝင်ကို မယုံကြည်သူ တဲ့......ငရဲသွားမယ့်လူပေါ့ဗျာ
မကောင်းတာလုပ်တဲ့ ကိုယ့်ဘာသာဝင်နဲ့ ကောင်းတာလုပ်တဲ့ ဘာသာခြားကိုရော တတန်းတစားတည်းထားကြမလား
သတ်မှတ်ချက်တစ်ခုတော့ရှိသင့်တယ်ထင်တယ်...
တရားဟာ ဒီနေရာမှာ မတရားသလို ခံစားရတယ် ....
ကိုင်း............ခင်ဗျားတို့ ရော ဘယ်လိုမြင်လဲ

Share

Reply to This

Replies to This Discussion

ဒီဇင်ဘာနှင်း said:
သူယုံကြည်ရာကို ကိုးကွယ်နေတဲ့လူတွေကို ကိုယ်နဲ့ဘာသာမတူတာနဲ့ မကောင်းတဲ့သူလို့သတ်မှတ်လို့မရပါဘူး။ ဘယ်ဘာသာကိုပဲကိုးကွယ်ကိုးကွယ် ကောင်းတာလုပ်မှကောင်းတဲ့လူလို့ သတ်မှတ်နိုင်မှာပါ။
ဟုတ်တယ်ဗျး)

Reply to This

တရားဟာ မတရားတာမဟုတ်ပါဘူး။ လူတွေကပါပဲ.....။ လူအမျိုးမျိုးစိတ်အထွေထွေပဲလေ...။

Reply to This

မိမိယုံကြည်တဲ့ ဘာတရားရဲ့ အနစ်သာရကို မသိကြသူကသာ တစ်ခြားသူကို ဒိဋ္ဌိလို့ လောင်ပြောင်ခေါ်ဝေါ်ကြတာပါ။ ပါဠိတော်မှာ ဒိဋ္ဌိဆိုတာ နားမလည်ပဲ မှားယွင်းစွာကိုးကွယ်နေကြတာကို ဆိုတာပါ။ အခြားဘာသာတရားရဲ့ အနစ်သာကို မသိပဲ ဒိဋ္ဌိလို့ခေါ်ဝေါ်သုံးစွဲတာဟာ မိမိကိုးကွယ်နေတဲ့ဘာသာတရားရဲ့ တန်ဘိုးကို ယုတ်လျော့အောင်လုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်။ မိမိတို့ကိုးကွယ်နေတဲ့ဘာသာတရားကို သိအောင်လုပ်ကြရမယ်။ မြန်မာနိုင်ငံမှာ ရိုးရာယဉ်ကျေးမှုတွေအရ ၊ မိဘဘိုးဘွားအစဉ်အဆက်အရ ၊၄င်း မိသားစုဝင်တွေမှာမွေးဖွားလာခဲ့ကြလို့ အလိုအလျောက် ဗုဒ္ဓဘာသာဖြစ်နေကြတာကို ဗုဒ္ဓဘာသာလို့မခေါ်ဆိုနိုင်ပါဘူး။ ပညာဝန္တဿာယံဓမ္မော နာယံဓမ္မော ဒုပညဿ ဆိုပြီးဘုရားဟောခဲ့ပါတယ်။ ( ငါဘုရားရဲ့တရားဟာ ပညာရှိသူတွေအတွက်သာဖြစ်တယ်၊ လူမိုက်တွေအတွက်မဟုတ်ဘူး)။ နောက်တစ်ချက်က ဗုဒ္ဓဘာသာဟာ လူဦးရေကိုဦးစားပေးတဲ့ဘာသာမဟုတ်ဘူး။ လက်တွေ့ကျင့်ကြံနေထိုင်ကြမည့် ဘာသာဖြစ်တယ်။ မှတ်ချက်။ ။ သူတို့ဘာသာတရားကို မယုံကြည်လို့ ငရဲသွားမယ်လို့ပြောဆိုနေကြတာဟာ ကျိန်စာတိုက်နေခြင်းသာဖြစ်ပါတယ်။ ဘုရားလုပ်မယ်ဆိုရင် သတ္တ၀ါမှန်သမျှကို ကျောသားရင်းသာခွဲခြားလို့ မရပါဘူး။ ကြင်နာတတ်ရမယ်။ ကောင်းသောလမ်းကိုညွန်ကြားတတ်ရမယ်။ တန်းတူရည်တူဖြစ်အောင်ဟောကြားရမယ်။ အကြင်နာမဲ့သူဟာ ဘုရားမဟုတ်ပါ။
ဘာသာခြားနဲ့လက်ထပ်တာဟာ အပြစ်မဟုတ်ပါ။ သို့သော် မဲမဆွယ်ရ။ အတင်းအဓမ္မမ၀င်းခိုင်းရ။
ဘုရားပဲဟောဟော ဘယ်သူပဲဟောဟော အပြစ်ကင်းသော၊မွန်မြတ်သောလမ်းစဉ်ကို လိုက်ကြနာကြရမယ်။ ဘာသာတရားရဲ့ အနစ်သာရကို မိမိတို့ရင်ထဲမှာ ထိမ်းသိမ်းထားကြရမယ်။ သို့သော်အပြင်ကို မထုတ်ရ။ ဘာသာတရားဆိုတာ အိမ်တွင်းရေးလိုဖြစ်တယ်။ ဒါကြောင့် မိမိတို့နှလုံးသားအိမ်တွင်းရေး ဘာသာတရားကို ညစ်ပေနေတဲ့ခင်ဗျားတို့အပြင်လောကကိစ္စတွေနဲ့မရောကြပါနဲ့။
နားလည်မှုနဲ့တည်ဆောက်ထားတဲ့အိမ်ထောင်ရေးဟာ ဘာပြဿနာမှမဖြစ်ပါဘူး။ ဗုဒ္ဓဘာသာဟာ နားလည်မှုကိုအခြေခံပါတယ်။ ဖာသိဖာသာဆိုရင်တော့.....................

ကျနော် အလုပ်အားရက်မှာ အတွေးနယ်ဆန့် ကြည့်တာပါ.. တော့ပစ်ကိုလည်း စိတ်ဝင်စားလို့ပါ.. ဘာသာတရားတွေရဲ့ အယူအဆတစ်ခုလို့ သုံးလိုက်တာကို သိပ် နားမလည်ပါဘူး..။ ဘာသာတရားဆိုတာက လူသားတွေကြောင့်သာ ပေါ်ပေါက်လာရတာပါ.. ။ ဘယ်ဘာသာ ဝင်ပဲ ဖြစ်ဖြစ် အားလုံးဟာ ဒီလောက ကြီးထဲက လောက သတ္တဝါတွေပါပဲ..။ ကောင်းတာ ဆိုးတာကတော့ အားလုံးမှာ ရှိကြမှာပါပဲ.. ။ ဘာသာခြား အပေါ် မပြောနဲ့ ..။ ဘာသာတူချင်းလည်း ကိုယ်စိတ် သဘောနဲ့ မတိုက်ဆိုင်ရင် ရန်သူ အဖြစ် သတ်မှတ်ကြတာတွေ... မလိုမုန်းထားမှုတွေ.. ဒေါသတွေ.. ရှိကြတော့တာပဲ..။ အနည်းနဲ့ အများပေါ့..။ ဒါတွေကို နည်းနိုင်သမျှ နည်းအောင် ဘာသာ တရားတွေက ကူညီမှု ပြုနေကြတာလို့ ထင်မိပါတယ်..။ ဘာသာ တရားတိုင်းဟာ အဲဒီ ဘာသာကို ကိုးကွယ်နေသူတွေ အတွက် ကောင်းမွန်မှန်ကန်ရာကို လမ်းညွှန်မှု ပေးနေကြတယ် မဟုတ်လား..။ အဓိက လိုက်နာ ကျင့်ကြံကြရမှာက ကျနော်တို့ လူသားတွေပါပဲ.. ။ အဘယ် အလုပ်ဟာ အမြင့်မြတ် ဆုံးလဲ ဆိုတာတော့ လူ တစ်ဦးစီရဲ့ ဆန္ဒ တွေ မတူညီ နိုင်တာကြောင့် အတိအကျ မပြောနိုင်ပါဘူး..။လူသားတိုင်းဟာ မြင့်မြတ်တာကို သိရှိနားလည် ပြီး နားလည် သလိုလဲ ကြိုးစား အားထုတ်ကြပါစေလို့ပဲ ကျနော်ကတော့ မျှော်လင့်နေမိပါတယ်..။

Reply to This

thitsinn said:

ဆောရီးဗျ ဘာသာတစ်ခုကို ခံယူထားသော ဘာသာဝင်ဆိုသူတွေလို့ ပြောချင်တာပါ

Reply to This

Ashin Mettacara said:
မိမိယုံကြည်တဲ့ ဘာတရားရဲ့ အနစ်သာရကို မသိကြသူကသာ တစ်ခြားသူကို ဒိဋ္ဌိလို့ လောင်ပြောင်ခေါ်ဝေါ်ကြတာပါ။ ပါဠိတော်မှာ ဒိဋ္ဌိဆိုတာ နားမလည်ပဲ မှားယွင်းစွာကိုးကွယ်နေကြတာကို ဆိုတာပါ။ အခြားဘာသာတရားရဲ့ အနစ်သာကို မသိပဲ ဒိဋ္ဌိလို့ခေါ်ဝေါ်သုံးစွဲတာဟာ မိမိကိုးကွယ်နေတဲ့ဘာသာတရားရဲ့ တန်ဘိုးကို ယုတ်လျော့အောင်လုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်။ မိမိတို့ကိုးကွယ်နေတဲ့ဘာသာတရားကို သိအောင်လုပ်ကြရမယ်။ မြန်မာနိုင်ငံမှာ ရိုးရာယဉ်ကျေးမှုတွေအရ ၊ မိဘဘိုးဘွားအစဉ်အဆက်အရ ၊၄င်း မိသားစုဝင်တွေမှာမွေးဖွားလာခဲ့ကြလို့ အလိုအလျောက် ဗုဒ္ဓဘာသာဖြစ်နေကြတာကို ဗုဒ္ဓဘာသာလို့မခေါ်ဆိုနိုင်ပါဘူး။ ပညာဝန္တဿာယံဓမ္မော နာယံဓမ္မော ဒုပညဿ ဆိုပြီးဘုရားဟောခဲ့ပါတယ်။ ( ငါဘုရားရဲ့တရားဟာ ပညာရှိသူတွေအတွက်သာဖြစ်တယ်၊ လူမိုက်တွေအတွက်မဟုတ်ဘူး)။ နောက်တစ်ချက်က ဗုဒ္ဓဘာသာဟာ လူဦးရေကိုဦးစားပေးတဲ့ဘာသာမဟုတ်ဘူး။ လက်တွေ့ကျင့်ကြံနေထိုင်ကြမည့် ဘာသာဖြစ်တယ်။ မှတ်ချက်။ ။ သူတို့ဘာသာတရားကို မယုံကြည်လို့ ငရဲသွားမယ်လို့ပြောဆိုနေကြတာဟာ ကျိန်စာတိုက်နေခြင်းသာဖြစ်ပါတယ်။ ဘုရားလုပ်မယ်ဆိုရင် သတ္တ၀ါမှန်သမျှကို ကျောသားရင်းသာခွဲခြားလို့ မရပါဘူး။ ကြင်နာတတ်ရမယ်။ ကောင်းသောလမ်းကိုညွန်ကြားတတ်ရမယ်။ တန်းတူရည်တူဖြစ်အောင်ဟောကြားရမယ်။ အကြင်နာမဲ့သူဟာ ဘုရားမဟုတ်ပါ။
ဘာသာခြားနဲ့လက်ထပ်တာဟာ အပြစ်မဟုတ်ပါ။ သို့သော် မဲမဆွယ်ရ။ အတင်းအဓမ္မမ၀င်းခိုင်းရ။ ဘုရားပဲဟောဟော ဘယ်သူပဲဟောဟော အပြစ်ကင်းသော၊မွန်မြတ်သောလမ်းစဉ်ကို လိုက်ကြနာကြရမယ်။ ဘာသာတရားရဲ့ အနစ်သာရကို မိမိတို့ရင်ထဲမှာ ထိမ်းသိမ်းထားကြရမယ်။ သို့သော်အပြင်ကို မထုတ်ရ။ ဘာသာတရားဆိုတာ အိမ်တွင်းရေးလိုဖြစ်တယ်။ ဒါကြောင့် မိမိတို့နှလုံးသားအိမ်တွင်းရေး ဘာသာတရားကို ညစ်ပေနေတဲ့ခင်ဗျားတို့အပြင်လောကကိစ္စတွေနဲ့မရောကြပါနဲ့။ နားလည်မှုနဲ့တည်ဆောက်ထားတဲ့အိမ်ထောင်ရေးဟာ ဘာပြဿနာမှမဖြစ်ပါဘူး။ ဗုဒ္ဓဘာသာဟာ နားလည်မှုကိုအခြေခံပါတယ်။ ဖာသိဖာသာဆိုရင်တော့.....................
တစ်ဖက်သတ်အမြင်ကိုမလိုချင်ပါ တော့ပစ်တစ်ခုကိုဆွေးနွေးလျှင် မိမိ ဟူသောအတ္တအား ထားရစ်ခဲ့ကြပါ။ဘာအရေမှမခြုံပါနှင့်
ဆွေးနွေးမှုအားကျေးဇူးတင်ပါသည်

Reply to This

I think same to you R-kar htet myat ."ဘုရားတိုင်းကတော့ကောင်းတာပဲဟောမှာပြောမှာပါ မကောင်းတာကလူတွေလေ"

Reply to This

တရားဟာ ဒီနေရာမှာ မတရားဘူးလို့မသုံးပါနဲ့.. တရားဆိုတာ ဘယ်တရားကိုပြောတာလဲ.. ဗုဒ္ဓရဲ့တရားကတော့ အယူမတူတိုင်း ဒိဌိခေါ်ဖို့ မဟောခဲ့ပါဘူး....
နေ့အိပ်မက်တစ်ယောက်တည်းရဲ့အမြင်ကတော့ ၀က်သတ်သမားဗုဒ္ဓဘာသာဝင်ထက် မိဘမဲ့ကလေးတွေကို ထောက်ပံ့တဲ့ တခြားဘာသာဝင်ကို ပိုလေးစားပါတယ်....

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service