The Prominent Online Society of Myanmar Blogger
We're sorry, but this discussion has just been closed to further replies.
Tags:
ဒီလိုအယူအဆမျိုး လူဘယ်နှစ်ယောက်မှာရှိနိုင်ပါ သလဲကျနော့် အမြင်အရဆိုရင်တော့ ဗုဒ္ဓဘာသာဝင် မဟုတ်တိုင်း တိတ္ထိရယ်လို့ မဟုတ်၊ လွဲမှားတဲ့ အယူ ရှိသူကိုသာ တိတ္ထိ လို့ မြင်ပါတယ်။ မှန်ကန်တဲ့ အယူကို အင်္ဂုတ္တရနိကာယ် မှာ လေ့လာနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင် မဟုတ်ပေ မယ့် မှန်ကန်တဲ့ အယူရှိရင် တတ္ထိ မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင် ဖြစ်ပေမယ့် အယူမှား နေရင် တိတ္ထိပါပဲ။ အခြား အယူဝါဒတွေမှာလည်း သူတို့ အကြောင်းပြချက်နဲ့ သူတို့ ရှိမှာပါ။ ကျနော်ကတော့ ဘယ်ဘာသာ ၀င်ထားသလဲ ဆိုတာထက်၊ ဘယ်လို စိတ်နေစိတ်ထား ရှိသလဲ ဆိုတာပဲ အဓိက ထားပါတယ်။
ဒီလိုအယူအဆမျိုး လူဘယ်နှစ်ယောက်မှာရှိနိုင်ပါ သလဲ
" ဗုဒ္ခဘာသာဝင်က တခြားဘာသာဝင်ကို တိတ္တိ တဲ့ ၊မူဆလင်က တခြားဘာသာဝင်ကို ကာဖွေရ် တဲ့ ၊ ခရစ်ယာန်က တခြားဘာသာဝင်ကို မယုံကြည်သူတဲ့ " အဲ့လိုပြောတဲ့သူတွေက ဘာသာရေးမကိုင်းရှိုင်းတဲ့သူတွေဘဲပြောတာ ။ ဘာသာရေးကို ကိုင်းရှိုင်းတဲ့သူက ဒီလိုမပြောပါဘူး ။
ကိုကိုးကွယ်တဲ့ဘာသာက တခြားဘာသာကို စော်ကားဖို့လမ်းမညွှန်ထားပါဘူး ။ ကျွန်တော်ကတော့ ဘယ်ဘာသာကိုပဲကိုးကွယ်ကိုးကွယ် ယုံကြည်မှုနဲ့ ကိုယ့်စိတ်ထဲမှာ ဘာသာရေးတည်မြဲ ဖို့ကအရေးကြီးတယ်လို့ထင်တယ် ။
© 2009 Created by MBS on Ning. Create a Ning Network!