Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

R-kar htet myat

ဘုရားရှင်တွေဟာဘာဖြစ်လို့တိုးတက်တဲ့ဒီဘက်ခေတ်မှာမပွင့်ကြတာလဲ

ကျွှန်တော်သိသလောက် ဘုရားရှင်တွေဟာ တိုးတက်တဲ့ဒီဘက်ခေတ်မှာမပွင့်ကြဘူးနော်
အဲဒါဘာကြောင့်ဖြစ်နိုင်လဲ လူတွေကိုနည်းပညာအကူအညီနဲ့သာတရား ပြနိုင်ခဲ့ရင်ပိုပြီး အဆင်ပြေနိုင်မယ်ထင်တယ် မိတ်ဆွေရောဘယ်လိုထင်လဲ

Share

Reply to This

Replies to This Discussion

ဘာတဲ့ ဒီဘက်တိုးတက်တဲ့ခေတ်မှာ ဘုရားမပွင့်သလဲ ဟုတ်လား.....
ဘာတွေတိုးတက်နေတာလဲ သေချာကြည့်ဦး..
လောဘ ဒေါသ မောဟ ဆိုတာတွေ ငြိမ်းအေးဖို့ ဒီဘက်ခေတ်လူတွေ လုပ်နေသလား ဒါမှမဟုတ် လောဘ ဒေါသ မောဟ တိုးပွားအောင်လုပ်နေလား..
အဲဒါလေးကိုပဲ အရင်ဖြေကြည့်ပါဦး..ခရေငယ် နဲ့ R-kar htet myat ရေ...
ဒီဘက် အိုင်တီတွေခေတ်မှာ လူတွေ အဆင်ပြေအောင်ဆို လုပ်လာကြပေမယ့် တဖက်က လောဘနည်းအောင် ဘယ်မှာကြံဆောင်ကြပါသလဲ..
ဖြေပါ။ အဆင်ပြေအောင် တီထွင်ကြတာ သိပ်ကောင်းပါတယ် မင်ဂလာပါပဲ..ဒါပေမယ့် လောဘတွေက များသထက်များလာတယ် ဒေါသတွေက များသထက်များလာတယ် မောဟတွေက တိုးပြီးရင်းတိုးလာတယ်..ကိုးကွယ်မှုအနေအထားကိုပဲ ကြည့်ဦး ဗုဒ္ဓဘာသာ အရမ်းကို နည်းနေတယ် ကိုယ့်ဘာသာမို့လို ကိုယ်ပြောတာ မဟုတ်ပါ။ ဗုဒ္ဓဘသာမှာ ကျင့်စဉ်တွေကောင်းတာ ကမ္ဘာက လက်ခံတယ် ဒါပေမယ့် လိုက်လုပ်တဲ့သူ မနည်းဘူးလား ကံကောင်းပါတယ်ဆိုတဲ့ ကိုယ့် မြန်မာနိုင်ငံမှာတောင်တကယ် ဘာသာရေးကို မှန်မှန်ကန်ကန် လိုက်လုပ်တဲ့သူ နည်းလွန်းနေတယ်။ စဉ်းစားပါ။
အဲလို တရားကောင်းတရားမြတ်ကို အမှန်တရားကို မလိုက်နာတဲ့ခေတ်မှာ ဗုဒ္ဓ ဆိုတာ မပွင့်ဘူး ကွယ့်..နားလည်လား..
ငွေချမ်းသာတိုင်း ပြည့်စုံအောင် တိုးတက်တယ် မထင်နဲ့..
လောကီ နည်းပညာကောင်းတိုင်း ပြည့်စုံနေပြီ မထင်နဲ့
လောကီ တိုးတက်နေတာ လောကုတ်တရာ မတိုးတက်ဘူး..
ရှင်းကြလား။
ကိုယ်ကိုယ်တိုင်ရော ဗုဒ္ဓရဲ့ နည်းလမ်း တရားတွေကို နားလည်အောင် တိုးတက်အောင် ကျင့်နေရဲ့လားဟင်။..
မဂ္ဂင်လမ်းကျောင်းကို ကျင့်နေရဲ့လားဟင်။..
အင်း အခု လောက ကြီးမှာလဲပဲ ဒီလိုပဲ မဂ္ဂင်လမ်းကျောင်းကို သိတဲ့လူ အလွန်ရှားသထက်ရှားနေပြီ။..
လောဘ ကင်းအောင် ဘယ်နည်းလမ်းတွေ ကြံဆောင်ကြမယ်ဆိုပြီး ဘယ်သူတွေ သုတေသနတွေလုပ်သလဲ..
မောဟ ကင်းအောင် လုပ်မယ်ဟေ့ဆိုပြီး နည်းပညာတွေ ထွင်ကြသလဲ..ဟင်..
ရှိပြီးသား လက်ရှိကျင့်သုံးနေတဲ့ ဗုဒ္ဓဘာသာ ကိုတောင် အတိအကျမသိကြဘဲ ဟိုရောဒီရောနဲ့ ကိုးကွယ်တဲ့သူ ကိုးကွယ် လုံးလုံးမသိတဲ့သူက မသိ လုပ်နေကြတာ။.
အဲတော့ ဘုရားပွင့်နိုင်ခြေ ဘယ်ရှိမလဲ..
ခရေငယ် နဲ့ R-kar htet myat တို့ အမှန်တရား ဗုဒ္ဓဘာသာကို သေချာ ကျင့်သုံးလေ့လာပါ။
တရားတွေကို သေချာနာပါ။
ကုသိုလ်ရရုံမလုပ်ပါနဲ့။
ထေရ၀ါဒ စစ်စစ်ကို လေ့လာပါ။
ကိုသိသလောက်လေးတွေနဲ့ အရမ်း တွေ လျှောက်ပြီး မတွေးခေါ်ပါနဲ့..
မရှင်းတာရှိရင် တကယ်တော်တဲ့ ဆရာတော်တွေကို ဆက်သွယ်မေးပါ။..
ဥပမာ..အရှင်ကောသလ္လ ဆရာတော် အရမ်းတော်ပါတယ်..
ဗုဒ္ဓ ဘယ်လောက်တော်တာ သိချင်ရင် ဗုဒ္ဓနဲ့ တွေ့မှ သိနိုင်တာမဟုတ်ပါ။
သူ့တရားကို သိရင် လုပ်ရင် ဗုဒ္ဓ ဘယ်လောက်တော်တာ မြင်လာပါလိမ့်မယ်။။
ဘာမှ မလေ့လာ မလုပ်ဘဲနဲ့ တော့ ဘယ်လိုမှ မသိနိုင်ပါ။ ..
ဗုဒ္ဓတရားဟာ ဆရာကောင်းရှိမှ လုပ်နိုင်တာပါ။
ဆရာကောင်းလိုပါမယ်။
မိုးကုတ်ဆရာတော် ကို စဉ်းစားကြည့်ပါလား။
ဗုဒ္ဓတရားကို အမိအရ ယူပြီး ခန္ဓာ ချုပ်ငြိမ်းသွားတယ် နိဗ္ဗာန်စံဝင်သွားတယ်။
အဲလို ကိလေသာ နည်းအောင် လုပ်လေလေ ဗုဒ္ဓဘယ်လောက်တော်တယ်ဆိုတာ သိနိုင်လေလေပဲ ကွယ်တို့ရဲ့...
ရှင်းကြလား...
ဘာသာရေးနဲ့ ပက်သက်ပြီး အရမ်းအရမ်း တွေ လျှောက်မပြောကြဖို့ အားလုံးကို အကြံပြုစေချင်ပါတယ်။...
ကျွန်တော့် ဘသာရေးဘလော့ကို လာလည်ကြပါဦး http://sankooo.iblogger.org
လောဘ ဒေါသ မောဟ တွေ နည်းအောင် ကြိုးစားနိုင်ပါစေ...
နည်းအောင် လုပ်နေသူတွေ ကို လဲ အကျိုးပြုနိုင်ပါစေ..
ကျွန်တော် ပြောတာကို ကွန့်မန့်ပေးကြပါဦး...

R-kar htet myat said:
ခရေငယ် said:
ဟုတ်တယ် . . ဘယ်ဘုရားပဲ ဖြစ်ဖြစ် ဟိုးအရင်က ဖြစ်ခဲ့တာတွေပဲ . .
ခုခောတ်မှာနောက်ထပ် ဘုရားတစ်ဆူတော့ ပွင့်သင့်တယ်ထင်တာပဲ . . လူတွေက မမြင်ရတော့မှ ပိုယုံကြည်ကြတာလား . . . ပြီးတော့ ဘယ်လောက်မြင့်မြတ်တယ် . . ဘယ်လောက် တော်တယ်လို့ တိုင်းတာလို့မရတော့တဲ့ အခါမျိုးမှ
အဲဒီဟာ ဘရားပဲလို့ပြောကြတာ သိပ်တော့မကောင်းလှဘူးလားလို့လေ . .
အရင်ကရှိခဲ့တဲ့ ဘုရားတွေလဲရှိခဲ့ပေါ့ . . ခုလဲ အသစ်တစ်ဆူလောက်တော့ ပွင့်စေချင်သေးတယ် . . .
ခရေငယ် ဆွေးနွေးပေးတာကျေးဇူးပါ သူငယ်ချင်းဖြစ်ပါရစေ arkarhm@gmail.com ကို invite လုပ်ပေးပါလား

reply to this following message:

RSS

About

MBS MBS created this Ning Network.

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service