Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

နေ့လည်က အလုပ်ကနေ ခဏပြန်လာခိုက်မှာ MBS ထဲကို ၀င်ကြည့်ပြီး Reply လုပ်ခဲ့တဲ့ Topic တခု အခုညနေ ပြန်လာတော့ မတွေ့တော့ဘူး။ ဒါပေမယ့် အဲဒီလို တော့ပစ်မျိုးက ဖျက်ပစ်လိုက်တာကပဲ ခပ်ကောင်းကောင်းမို့ ဖျက်ပစ်လိုက်တဲ့ တာဝန်ရှိသူ တယောက်ယောက်ကို ကျေးဇူးတင်မိတယ်။

ကျနော် မြင်တာ တခုတော့ ပြောကြည့်ချင်တယ်။ ကျနော်တို့တွေ အကြောင်းအရာ တခုခုကို ဆွေးနွေးတဲ့ နေရာမှာ အကျိုးမဲ့ ဖြစ်လာနိုင်စရာ ခေါင်းစဉ်မျိုးကို ဆင်ခြင်ကြရင် ကောင်းမယ်လို့ ထင်တယ်။ ဆိုလိုတာက စာပေတို့၊ စီးပွားရေး၊ ပညာရေး အဲဒါတွေကို ပြောနေမှ မဟုတ်ပါဘူး။ သူငယ်ချင်း အချင်းချင်း ချစ်ကြည်ရင်းနှီးနေဖို့ဆိုရင် အချစ်တွေ၊ အလွမ်းတွေမှာ ရေးနေလဲ ဘာမှမဖြစ်ဘူး။ တနေ့တာ နွမ်းနယ် ပင်ပန်းလာတဲ့လူတွေက သူ စိတ်သန်ရာ ခေါင်းစဉ်အောက်မှာ ရေးကြပစေပေါ့။ အသက်အရွယ်ရယ်၊ ၀ါသနာရယ်၊ အတွေ့အကြုံတွေရယ်ကို မူတည်ပြီးတော့ ရေးကြတဲ့ အကြောင်းအရာတွေ မတူနိုင်တာကို ဘာမှပြောစရာ မရှိဘူး။

ဒါပေမယ့် ပြောစရာရှိတာကတော့ တချို့သော ခေါင်းစဉ်တွေ ကိစ္စပဲ။ ခေါင်းစဉ်က စလိုက်ကတည်းကိုက အငြင်းအခုန်တွေဖြစ်ပြီး နေရင်းထိုင်ရင်း စကားထများရမယ့် ခေါင်းစဉ်မျိုးတွေ ဖြစ်နေတယ်။ အငြင်းအခုန် မလုပ်ရဘူးလို့ မဆိုလိုပါဘူး။ မတူတဲ့ အမြင်တွေကနေ ကောင်းရာကောင်းကြောင်း တခုခု ဖြစ်လာမယ့် ကိစ္စမျိုးဆိုရင်တော့ ငြင်းကြ၊ ခုန်ကြလဲ ဘာပြဿနာမှ မရှိဘူး။ ဒါပေမယ့် ရန်တကျက်ကျက်ဖြစ်ကြပြီးတော့ တယောက်မျက်နှာတယောက် မကြည့်ချင်လောက်အောင် ဖြစ်စေနိုင်လောက်တဲ့ ခေါင်းစဉ်မျိုးကိုကျတော့ ဆင်ဆင်ခြင်ခြင်လေး တင်ကြစေချင်မိတယ်။ ဘယ်လိုမှ မအောင့်နိုင်ရင်တော့လဲ ကိုယ်ပိုင်တဲ့ ဘလော့ဂ်မှာ ကိုယ်တင်ပေါ့။ အခု ဒီနေရာကျတော့ လူအများစုဝေးနေတဲ့ Public နေရာ တခု၊ အ၀န်းအ၀ိုင်းလေး တခု ဖြစ်နေတဲ့အတွက် အကျိုးမဲ့ အငြင်းပွားစရာ ဖြစ်မယ့် တော့ပစ်မျိုးကိုတော့ မတင်ကြဖို့ ကောင်းတယ်လို့ မြင်တယ်။

အခု ကျနော် ဒါကို ပြောလို့ ကျနော့်ကို စိတ်ဆိုးသူတွေလဲ ရှိနိုင်တယ်။ ဘာအကြောင်းအရာကိုပဲ တင်ရမယ် ဆိုတဲ့ စည်းကမ်းချက် ရှိလို့လား ဆိုတဲ့ မေးခွန်းတွေလဲ ပြန်မေးနိုင်တယ်။ စည်းကမ်းချက်တော့ မရှိပေမယ့် အားလုံး စကားထများကြရမယ့် အကြောင်းအရာမျိုးဆို ကိုယ်စီကိုယ်င ဆင်ခြင်ကြရင် မကောင်းဘူးလားဗျာ။

လေးစားခင်မင်စွာ

ကလိုစေးထူး

Share

Reply to This

Replies to This Discussion

ဒါမျိုးဆိုတာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကန့်သက်ရတဲ့ အမျိုးမှ မဟုတ်ဘဲလေ။ ကိုယ်ပိုင် အသိစိတ်ဓါတ်တွေနဲ့ အချင်းချင်း မျှထိန်းသွားရင် ပိုပြီး ပျော်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်နိုင်ပါတယ်။
ကျေးဇူးပါ အကိုစေထူး။

Reply to This

ဟုတ်တယ်။ ကျွန်တော်လည်း အဲဒီကိစ္စကို Reply နောက်ဆုံး လုပ်လိုက်ပါတယ်။ Topic စထောင်တဲ့ လူက ဖျက်လိုက်တာ ဖြစ်ဖို့ များပါတယ်။ ကိုကလိုစေးထူး ပြောသလို ကျွန်တော်လည်း အဲဒီ Discussion ကို Reply လုပ်လိုက်တာပါ။

Reply to This

ကိုစေးထူးကြီး ပြောတာ ထောက်ခံပါတယ်ဗျို့

Reply to This

ဟုတ်ပါတယ် ....ဒီကိုစ၀င်ကတည်းက မြန်မာဆိုတဲ့ စာသားပါလို့ စိတ်ဝင်စားလို့ ၀င်ခဲ့တာပါ။ ဗဟုသုတတွေလဲ အများကြီးရတယ်...ကျေးဇူးလည်းတင်ပါတယ်။ ယဉ်ကျေးဖို့ နဲ့ အသိစိတ်ဓါတ်ရှိဖို့လိုပါတယ်။

Reply to This

"ပြဿနာကို မီးထွန်းပြီး ရှာ"ဆိုတာလို ပြဿနာ ဖြစ်ချင်သူက ပြဿနာကို ဖန်တီးနေမှာပါ။ ပြဿနာ ဖြစ်နိုင်မယ် မထင်လို့ တင်တာလည်း ဖြစ်နိုင်တာပဲလေ။ အစ်ကိုပြောသလို "ဘာအကြောင်းအရာကိုပဲ တင်ရမယ် ဆိုတဲ့ စည်းကမ်းချက် မရှိတော့" တင်သူရဲ့အပြစ်လို့လည်း ပြောရခက်မှာပါ။ ခေါင်းစဉ်က အကျိုးရှိမရှိဆိုတာကလည်း "တန်ဖိုးထားမှု" ပေါ်မှာပဲ မူတည်တာမလား? ကျနော့်အကြံကတော့ : (သိပ်မလွယ်ပေမဲ့) "လက်ရှိအဖွဲ့ဝင် အားလုံးရဲ့ သဘောတူညီချက် ယူပြီး မတင်ရဆိုတဲ့ Topic တွေ၊ အကြောင်းအရာတွေကို စရင်းပြုစုပြီး MBS က ကြေညာပါ့လား?" "Topic တင်ကြတဲ့အခါ"ဆိုတဲ့ ကိုကလိုစေးထူးရဲ့ စကားဝိုင်းလေး ပေါ်လာတာကလည်း အယင်စကားဝိုင်း (ကျနော် မဖတ်လိုက်ရပါဘူး) ရဲ့ အပြုသဘောဆောင်တဲ့ သက်ရောက်မှုပဲ မဟုတ်ပါလားဗျာ? လူအများစု အထိအခိုက်မခံတဲ့ ဘာသာရေး၊ လူမျိုးရေး၊ ယုံကြည်ချက်၊ တန်ဖိုးထားမှုစတာတွေကို အစွန်းတစ်ဖက်ထဲကနေပြီး ဆွေးနွေးဖို့တော့ မသင့်ဘူးပေါ့ဗျာ။ မျှမျှတတဆို "အိုကေ" လို့ထင်ပါတယ်။

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service