Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ကိုဆန်းဝင်း

ဘလော့ကို..edit လုပ်ခြင်လို့..ကူညီကြပါဦး.

မေးခွန်း (၁) ဘလော့ပို့(စ်)ကျဉ်နေတယ်..ချဲ့ချင်ပါတယ်..
မေးခွန်း(၂) ဆိုဒ်ဘားမှာ သူငယ်ချင်းတွေ ဖတ် ဖူးတဲ့ ဘလော့ဂါ စာရင်းလေး သူများတွေလို.. ထည့်ချင်းပါတယ်.
မေးခွန်း(၃) ကိုယ်ဘလော့ကို..ဘယ်နှစ်ယောက်လာကြည့်သလဲ ရေတွက်ချင်တယ်...
မေးခွန်း(၄) MBS logo ကို ဆိုဒ်ဘားမှာ ထည့်ချင်ပါတယ်..
မေးခွန်း(၅) လူမှုရေးအသင်းဖွဲ့၊ စေတနာရှင်အသင်းဖွဲ့ များ ကြေညာခြင်းကို ဆိုဒ်ဘားမှားထည့်ခြင်ပါတယ်...
အားလုံးပဲ..ကူညီဖြေရှင်းပေးပါဦး..လေ့လာလို့ရနိုင်မယ့်..စာအုပ်၊ ဘလော့ ညွန်းပေးပါဦး..
ကျေးဇူးတင်ပါသည်..

Share

Reply to This

Replies to This Discussion

မင်္ဂလာပါ ကိုဆန်းဝင်း။

ဒီထဲမှာ How to Blog ဆိုတဲ့ group ရှိတယ်။ အဲဒီထဲမှာ ဘလော့ အတွက် tips လေးတွေရှိတယ်။
မေးခွန်း ၂ နဲ့ ၃ ကို ဖြေရှင်းနိုင်မယ်ထင်ပါတယ်။
မေးခွန်း ၄ နဲ့ ၅ ကတော့ blogspot ဆိုရင် Template ထဲမှာ Add Gadget ထဲမှာ Add HTML/ Javascript ဆိုတာရှိတယ်။ အဲဒီထဲကို အသင်းအဖွဲ့များရဲ့ ကြော်ငြာ codes တွေထဲ့လို့ရတယ်။
မေးခွန်း ၁ ကတော့ အကို template ပေါ်မူတည်မယ်ထင်တယ်။ blogspot ဆိုရင် Template -> Edit HTML ထဲမှာ CSS ရဲ့ width တွေကို ပြောင်းရမယ်။ နောက်ပြီး ပုံတွေပါရင် ပုံတွေကိုပါ ကျယ်အောင်ချဲ့ပေးရတာတွေရှိတယ်။

ဒီထဲမှာ blog ကို customize လုပ်တာ ကျွမ်းကျင်သူတွေအများကြီးရှိပါတယ်။ သူတို့လဲဖြေပေးကြမယ်လို့ ထင်ပါတယ်။

မာ့ခ်

Reply to This

ဟုတ်ကဲ့....ကျေးဇူးပါ..ကိုစိုးမင်းရေ.....
သိပ်မလုပ်တတ်တော့..ရထားတဲ့.ဘလော့လေး..ပျက်မှာစိုးလို့..တသသနဲ့ပေါ့..cbox နဲ.clock တော့..ok နေပြီ။ မနေ့ကတော့.. gadget မှာ လုပ်ကြည့်တယ်.. ဥပမာ။ ဖတ်ဖူးသောဘလော့များ ဆိုပြီး ဘလော့ဂါတွေ.ရဲ့ဆိုဒ်တွေ addုလုပ်တယ်..ဟိုအောက်ဆုံးမှာသွားပေါ်နေတယ်..ဗျ ဒီလိုပဲလား..code copy and past ကိုတော့..နည်နည် သဘောပေါက်သလိုပဲ..သိပ်မရဲသေးဘူဖြစ်နေတယ်..ကိုယ်ဘာလုပ်လိုက်သလဲ..မသိရင်..ခက်နေမှာစိုးလို့ဗျ..

Reply to This

ဟုတ်ကဲ့။ အကောင်းဆုံးကတော့ အစမ်း ဘလော့ တစ်ခုဖွင့်ပြီးစမ်းတာကောင်းမယ်ထင်တယ်။ တကယ် အဆင်ပြေသွားမှ ကိုယ့်သုံးနေတဲ့ ဘလော့မှာ ထပ်ထဲ့ယူပေါ့။

အောက်ဆုံးနားရောက်နေတာက template ထဲမှာ မောက်စ်နဲ့ ပြန်စီလို့ရမလားပဲ။ မရရင်တော့ edit HTML ထဲမှာ နေရာရွေ့ဖို့ ကော်ပီပေ့စ် လုပ်ရင်လုပ်ရမယ်ထင်တယ်။

မာ့ခ်

ကိုဆန်းဝင်း said:
ဟုတ်ကဲ့....ကျေးဇူးပါ..ကိုစိုးမင်းရေ.....
သိပ်မလုပ်တတ်တော့..ရထားတဲ့.ဘလော့လေး..ပျက်မှာစိုးလို့..တသသနဲ့ပေါ့..cbox နဲ.clock တော့..ok နေပြီ။ မနေ့ကတော့.. gadget မှာ လုပ်ကြည့်တယ်.. ဥပမာ။ ဖတ်ဖူးသောဘလော့များ ဆိုပြီး ဘလော့ဂါတွေ.ရဲ့ဆိုဒ်တွေ addုလုပ်တယ်..ဟိုအောက်ဆုံးမှာသွားပေါ်နေတယ်..ဗျ ဒီလိုပဲလား..code copy and past ကိုတော့..နည်နည် သဘောပေါက်သလိုပဲ..သိပ်မရဲသေးဘူဖြစ်နေတယ်..ကိုယ်ဘာလုပ်လိုက်သလဲ..မသိရင်..ခက်နေမှာစိုးလို့ဗျ..

Reply to This

အင်း..ဟုတ်တယ်နော်...
ဘလော့..အစမ်းတစ်ခု ထပ်လုပ်တာကောင်းတယ်...
ကျေးဇူးပဲ.....ကိုစိုးမင်းရေ...အလုပ်နဲ့မလို့..ချက်ချင်းအကြောင်းမပြန်နိုင်တာ..နားလည်ပေးပါ..

Reply to This

ဒီဆိုဒ်မှာပဲ “ကျော်ကြမယ်ဟေ့ ကောင်းကောင်း” ကိုလည်း သွားဖတ်သင့်တယ်လို့ ထင်ပါတယ်။ ပြည်တွင်းကနေ လုပ်မယ်ဆိုရင် ပြောတာပါ...

Reply to This

ကိုဆန်းဝင်း အနေနဲ့ Myanmar blogger helpdesk ကိုဖတ်ကြည့်သင့်တယ်ထင်တယ်ဗျ။
အဲဒီမှာ Template width ချဲ့နည်းတွေ ဘာတွေ ကိုသေသေချာချာ ရေးပေးထားတာတွေ့တယ်ဗျ
အဲဒီ ဘလောဂ့်သာဖတ်ကြည့်လိုက်ဗျာ။ တော်တော်အဆင်ပြေသွားလိမ့်မယ်။

Reply to This

ကျေးဇူး အများကြီးတင်ပါတယ်.....ဗျို့.....
သွားကြည့်လိုက်ပါဦးမယ်.....

Reply to This

ခုဆို ကျွန်တော့်ဘလော့..တော်တော်လေးဟုတ်နေပြီ .. ကိုယ်ထင်တာပေါလေ..
ကိုအောင်မျိုးဟန် ပြောတဲ
http://mmbloggershelpdesk.blogspot.com/
ဆိုတဲ့ဘလော့ဟာ ဘလော့ပြုလုပ်မယ်သူတွေ စတင်မယ့်သူတွေ အတွက်..
သိသင့်တာတွေ.. အများကြီးပေးထားပါတယ်..ဘလော့ကိုစိတ်ဝင်စားသူများ
မလုပ်ခင် အရင်ဖတ်သင့်တယ်..အရမ်းကောင်းပါတယ်...
ဒါပေမယ် post ကျဉ်းတာကို ချဲ့ဖို့ကတော့ လေ့လာရဦးမှာပဲ..လုပ်တတ်သေးဘူး
side bar မှာ ဘာညာဘာညာလေးတွေ ထဲ့တာကိုတော့ .. သိသွားပြီ...
သိုင်းကျူး........ဗျာ..

Reply to This

Post ကိုချဲ့လိုရင်တော့
#main-wrapper {
width : xxx px;
သို့
width : xx %;
ဆိုတာကို template မှာလိုက်ရှာလိုက်ပြီး လိုချင်တဲ့တန်ဖိုးရိုက်လိုက်ပါ။

Reply to This

http://www.mediafire.com/?tmmnvb2mbzl
ဘလောခ့်တည်ဆောက်နည်း (မြန်မာဘာသာ)
http://www.mediafire.com/?4ynnm4nnjtm
မြန်မာဘလောခ့်များတည်ဆောက်ခြင်း
http://www.mmbloggershelpdesk.blogspot.com/
ဒီဘလောခ့်က မြန်မာဘာသာနဲ့ အကူအညီတွေပေးထားတာရှိပါတယ်
အသုံးဝင်မယ်လို့ထင်ပါတယ်။

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service