Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

မောင်မိုးသား

သေဖို့ (10)ရက်ပဲ လိုတော့တယ် ... မင်းဘာတွေ လုပ်ခဲ့မလဲ ...

လူဆိုတာက သေမျိုးပဲ..
မသေခင်မှာ ပြင်ဆင်ကြရမယ် ...
သေမယ့်အချိန်ကို ကြိုသိရင် လူတွေ ဘာလုပ်မလဲ သိချင်တယ်..
ကျွန်တော်ကတော့ သေတော့မယ်ဆိုရင် ဘုန်းကြီးချက်ချင်း ၀တ်မယ် ..
တကယ် ....

Share

Reply to This

Replies to This Discussion

လူ့ဘ၀မှာ မလုပ်ဖူးသေး တာ လုပ်သွားချင်တယ်၊
eg. ပိုင်သမျှအားလုံးလိုက်ဝေမယ်။
တိုက်အမြင့်ကြီးပေါ်ကခုန်ချမယ်၊

Reply to This

1 - ရက် ပိုက်ဆံလည်ချှီးမယ်၊ရနိုင်သမျှများများ။
2 - ရက် ချီးထားတဲ့ပိုက်ဆံတွေကို တကယ်လိုအပ်တဲ့နေရာတွေမှာလျှောက်လှုမယ်
3 - ရက် တွေ့သမျှ ကောင်မလေးတွေကို ရည်းစားစကားလည်ပြောမယ်
4 - ရက် မကျေနပ်တဲ့ လူတွေအကုန်လုံးကို ကားငှားပြီး လည်တိုက်မယ်။
5 - ရက် ကိုယ်ပိုင်ပစ္စည်းတွေကို အကုန်ရောင်းမယ်၊ ပောာ်တယ်မှာ သွားနေမယ်၊ကောင်းကောင်းကဲမယ်
6 - ရက် မရောက်ဖူးတဲ့ အလှဆုံး မြို့ကိုသွားလည်မယ်
7 - ရက် အဲဒီမြို့မှာ အနားယူမယ်
၈ - ရက် ပြန်လာမယ်
9 - ရက် ဘုန်းကြီးဝတ်မယ်
10 - ရက် နောက်ဆုံးရက်ဆိုတော့ ပြုခဲ့ဖူးသမျှကောင်းမှုအားလုံးကို တွေး ပြီး ငြိမ်းငြိမ်း ချမ်း ချမ်း သေမယ်
................(ပဲာ ပဲာ မကောင်းဖူးလား)

Reply to This

သေခါနီးမှ ဘုန်းကြီးဝတ်တာကြီးက မနိပ်ပါဘူး ... ငါကတော့ သေတော့မယ်ဆိုတာ ကြိုသိရင် ... ကိုယ်လုပ်ချင်ရက်နဲ့ အောင့်အီးထားရတာတွေ ... မလုပ်ရသေးတာတွေ အကုန်လုံး အားရအောင်လျှောက်လုပ်ပစ်မယ် .... နတ်ပြည် ငရဲပြည်ဆိုတာ တကယ်ရှိတာ မရှိတာအပထား .. မသေခင်လေး စိတ်ချမ်းသာအောင်တော့ လုပ်ချင်တာလုပ်သွားမှာ ... :P

Reply to This

သေဖို့ ၁၀ ရက်ပဲလိုတော့မယ်ဆိုရင်တော့လည်း ...
မစောင့်တော့ပါဘူး... တန်းသေလိုက်တော့မယ်လေ...
၁၀ ရက်လောက်နဲ့လည်း ဘာမှ မထူးလာပါဘူး...း)

Reply to This

ကောင်းပါ့ဗျာ ..
ဒါပေမယ့် ငါ့ဆီတော့ လာမချေးနဲ့ နော် ..
နင်ချေးရင် ပြန်မရမှာ သေချာတယ်ဆိုတော့ . . .

Nayminkha said:
1 - ရက် ပိုက်ဆံလည်ချှီးမယ်၊ရနိုင်သမျှများများ။
2 - ရက် ချီးထားတဲ့ပိုက်ဆံတွေကို တကယ်လိုအပ်တဲ့နေရာတွေမှာလျှောက်လှုမယ်
3 - ရက် တွေ့သမျှ ကောင်မလေးတွေကို ရည်းစားစကားလည်ပြောမယ်
4 - ရက် မကျေနပ်တဲ့ လူတွေအကုန်လုံးကို ကားငှားပြီး လည်တိုက်မယ်။
5 - ရက် ကိုယ်ပိုင်ပစ္စည်းတွေကို အကုန်ရောင်းမယ်၊ ပောာ်တယ်မှာ သွားနေမယ်၊ကောင်းကောင်းကဲမယ်
6 - ရက် မရောက်ဖူးတဲ့ အလှဆုံး မြို့ကိုသွားလည်မယ်
7 - ရက် အဲဒီမြို့မှာ အနားယူမယ်
၈ - ရက် ပြန်လာမယ်
9 - ရက် ဘုန်းကြီးဝတ်မယ်
10 - ရက် နောက်ဆုံးရက်ဆိုတော့ ပြုခဲ့ဖူးသမျှကောင်းမှုအားလုံးကို တွေး ပြီး ငြိမ်းငြိမ်း ချမ်း ချမ်း သေမယ်
................(ပဲာ ပဲာ မကောင်းဖူးလား)

Reply to This

ကောင်းလိုက်တဲ့ အတွေးအခေါ် ..
ဟုတ်ပါတယ် ..
သေမယ့်နေ့ဟာ ဘာမှ မထူးဆန်းတဲ့နေ့အဖြစ် ကျွန်တော်တို့ ရင်ဆိုင်နိုင်ဖို့ အရေးကြီးပါတယ် ။။။
အဲဒီအတွက် ဆရာ နန္ဒာသိန်းဇံရဲ့ ``ဖြေဆည်ရာ´´ဆိုတဲ့ စာအုပ်လေး ၀ယ်ဖတ်သင့်ပါတယ် ။
ကိုယ်မဖတ်ဖြစ်ရင် လည်း ၀ယ်ထားပေါ့ ..
သေမှာက ကိုယ်တစ်ယောက်တည်းမှ မဟုတ်ဘဲ ...
သေရမယ့်သူတွေ ဘယ်သူဖတ်ဖတ် အကျိုးရှိမယ့် စာအုပ်လေးမို့ပါ.

Reply to This

(၁၀)ရက်အလို > ဒီနေ့မှာတော့ ဝမ်းနည်းမှုအချို့နဲ့ ပုံမှန်အတိုင်းလည်ပတ်နေဦးမှာပဲ။ အသက်ရှင်ဖို့နောက်ကိုးရက်ပဲကျန်တော့တယ် ဆိုတာကို ဆွေမျိုးသားချင်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက်အချို့ကို ပြောကောင်း ပြောပြနေမိလိမ့်မယ်။ ဒီနေ့ညက စပြီး တစ်သက်လုံးရေးလေ့မရှိတဲ့ ဒိုင်ယာရီစာအုပ်မှာ တစ်နေ့တာမှတ်တမ်းလေးတွေ စရေးသွားမယ်။
(၉)ရက်အလို > ဘုရားသွားမယ်ရှင်။ လေးလေးနက်နက်တောင်းဆုပြုနေမယ်။
(၈)ရက်အလို > နောက်တစ်ပတ်မှာကွယ်လွန်သွားတော့မဲ့ ခန္ဓာကိုယ်ကို ဆေးရုံတစ်ခုမှာလှူဖို့စာရင်းပေးထားမယ်ရှင်။ တစ်ဆက်တည်း သွေးလည်းသွားလှူဖြစ်ဦးမယ်။
(၇)ရက်အလို > ဘိုးဘွားရိပ်သာသွားပြီး အာဟာရအလှူအတန်းတစ်ခုခုပြုကောင်းပြုလိမ့်မယ်။
(၆)ရက်အလို > မိဘမဲ့ကလေးကျောင်းမှာ သွားလှူဦးမယ်။
(၅)ရက်အလို > ဒီနေ့ ဘဝမှာနောက်ဆုံးအကြိမ်ဖြစ်မဲ့ ဝတ္ထုတိုတစ်ပုဒ် စရေးမယ်။ ကမ္ဘာကျော်ဖို့မလိုဘူး ၊ ကိုယ်တိုင်ကျေနပ်နေဖို့ လုံလောက်တဲ့ဇာတ်လမ်းမျိုး။
(၄)ရက်အလို > ရည်းစားဟောင်းကို ဖုန်းတစ်ကောခေါ်ပြီး နှုတ်ဆက်မယ်ရှင်။ သူ့ကိုတစ်ချိန်တုန်းက ကိုယ်ချစ်ဖူးခဲ့တာပဲ။ သူ့ဘက်ကအားပေးစကားတွေပြောလာချိန်မှာတော့ ဖုန်းချလိုက်မိမယ်။
(၃)ရက်အလို > ဘုရားနောက်တစ်ခေါက်ထပ်သွားမယ်။ ဒီတစ်ခါ ဘုရားပေါ်မှာ တစ်နေကုန်ချင်လည်းကုန်သွားနိုင်တယ်။
(၂)ရက်အလို > တစ်နေ့လုံး ဝတ္ထုလေးအပြီးသတ်ဖို့ စိတ်လောနေမိမယ်။ သတင်းလာမေးတဲ့သူတွေကို ပြုံးပြနှုတ်ဆက်ဖို့လည်း ဝန်လေးနေမိလိမ့်မယ်။
(ဒီနေ့) > ရင်တုန်လို့ မသောက်ဖြစ်ခဲ့တဲ့ကော်ဖီကို မနက်မိုးလင်းကတည်းက တစ်ခွက်ပြီးတစ်ခွက်စိတ်ရှိလက်ရှိ သောက်နေမယ်။ ငါ ဘယ်အချိန်သေမှာလဲလို့လည်း စိတ်ဝင်တစားမျှော်နေမိမယ်။

Reply to This

ဘာပြန်ပြောရမှန်းတောင်မသိတော့ဘူး သွန်းရေ ...
စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်သွားတယ် ..

မစ်(စ်)သွန်းသွန်း said:

မစ်(စ်)သွန်းသွန်း တွေးတာ ကောင်းတော့ ကောင်းပါတယ်.. ဒါပေမဲ့ သေမဲ့သူမှာ သွေးလှူလို့မရနိုင်တဲ့ ရောဂါနဲ့ သေရမယ်ဆိုရင် အဲဒီအချက် ဖြစ်လာမှာမဟုတ်ဘူးပေါ့

မစ်(စ်)သွန်းသွန်း said:
(၁၀)ရက်အလို > ဒီနေ့မှာတော့ ဝမ်းနည်းမှုအချို့နဲ့ ပုံမှန်အတိုင်းလည်ပတ်နေဦးမှာပဲ။ အသက်ရှင်ဖို့နောက်ကိုးရက်ပဲကျန်တော့တယ် ဆိုတာကို ဆွေမျိုးသားချင်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက်အချို့ကို ပြောကောင်း ပြောပြနေမိလိမ့်မယ်။ ဒီနေ့ညက စပြီး တစ်သက်လုံးရေးလေ့မရှိတဲ့ ဒိုင်ယာရီစာအုပ်မှာ တစ်နေ့တာမှတ်တမ်းလေးတွေ စရေးသွားမယ်။
(၉)ရက်အလို > ဘုရားသွားမယ်ရှင်။ လေးလေးနက်နက်တောင်းဆုပြုနေမယ်။
(၈)ရက်အလို > နောက်တစ်ပတ်မှာကွယ်လွန်သွားတော့မဲ့ ခန္ဓာကိုယ်ကို ဆေးရုံတစ်ခုမှာလှူဖို့စာရင်းပေးထားမယ်ရှင်။ တစ်ဆက်တည်း သွေးလည်းသွားလှူဖြစ်ဦးမယ်။
(၇)ရက်အလို > ဘိုးဘွားရိပ်သာသွားပြီး အာဟာရအလှူအတန်းတစ်ခုခုပြုကောင်းပြုလိမ့်မယ်။
(၆)ရက်အလို > မိဘမဲ့ကလေးကျောင်းမှာ သွားလှူဦးမယ်။
(၅)ရက်အလို > ဒီနေ့ ဘဝမှာနောက်ဆုံးအကြိမ်ဖြစ်မဲ့ ဝတ္ထုတိုတစ်ပုဒ် စရေးမယ်။ ကမ္ဘာကျော်ဖို့မလိုဘူး ၊ ကိုယ်တိုင်ကျေနပ်နေဖို့ လုံလောက်တဲ့ဇာတ်လမ်းမျိုး။
(၄)ရက်အလို > ရည်းစားဟောင်းကို ဖုန်းတစ်ကောခေါ်ပြီး နှုတ်ဆက်မယ်ရှင်။ သူ့ကိုတစ်ချိန်တုန်းက ကိုယ်ချစ်ဖူးခဲ့တာပဲ။ သူ့ဘက်ကအားပေးစကားတွေပြောလာချိန်မှာတော့ ဖုန်းချလိုက်မိမယ်။
(၃)ရက်အလို > ဘုရားနောက်တစ်ခေါက်ထပ်သွားမယ်။ ဒီတစ်ခါ ဘုရားပေါ်မှာ တစ်နေကုန်ချင်လည်းကုန်သွားနိုင်တယ်။
(၂)ရက်အလို > တစ်နေ့လုံး ဝတ္ထုလေးအပြီးသတ်ဖို့ စိတ်လောနေမိမယ်။ သတင်းလာမေးတဲ့သူတွေကို ပြုံးပြနှုတ်ဆက်ဖို့လည်း ဝန်လေးနေမိလိမ့်မယ်။
(ဒီနေ့) > ရင်တုန်လို့ မသောက်ဖြစ်ခဲ့တဲ့ကော်ဖီကို မနက်မိုးလင်းကတည်းက တစ်ခွက်ပြီးတစ်ခွက်စိတ်ရှိလက်ရှိ သောက်နေမယ်။ ငါ ဘယ်အချိန်သေမှာလဲလို့လည်း စိတ်ဝင်တစားမျှော်နေမိမယ်။

Reply to This

ဟုတ်လို့လားကွာ ..
သေချာတယ်နော်

Shanpyaebo said:
လူ့ဘ၀မှာ မလုပ်ဖူးသေး တာ လုပ်သွားချင်တယ်၊
eg. ပိုင်သမျှအားလုံးလိုက်ဝေမယ်။
တိုက်အမြင့်ကြီးပေါ်ကခုန်ချမယ်၊

Reply to This

ကိုယ်ကအဲ့ဒီ 10 ရက်မတိုင်မီရုတ်တရက်( ဥပမာ ) ဆေးရုံရောက်ပြီးသတိမေ့နေရင်ရော ဘာလုပ်မလဲ ။

ပြောတဲ့အတိုင်းတကယ်လုပ်မှာလား ။ တကယ်လုပ်ဖြစ်ရင် ကျွန်တော်အတွက် ဝေစုခွဲပေးခဲ့ပါ ။ ကျွန်တော်လာယူမယ်။

Shanpyaebo said:
လူ့ဘ၀မှာ မလုပ်ဖူးသေး တာ လုပ်သွားချင်တယ်၊
eg. ပိုင်သမျှအားလုံးလိုက်ဝေမယ်။
တိုက်အမြင့်ကြီးပေါ်ကခုန်ချမယ်၊

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service