Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

လရိိပ်

ယူသင့် မယူသင့်။ အပျိုကြီး မလုပ်မည့်သူ များ ၀င်ရောက်ဆွေးနွေးပေးပါ ။း)

အိမ်ကပေးစားသူ ကို ယူသင့်လား။ ကိုယ် ကြိုက် တဲ့ လူကို ယူသင့်လား။။
ဘယ်ဟာ က ကိုယ်အတွက် ပိုကောင်းမလဲ။ အိမ်ထောင် ရေးဆိုတာ ပြင်ဖို့ ခက်တဲ့ အရာ မဟုတ်လား။ လရိပ် အမြင်ကတော့ မိဘရွေးချယ် ပေးတာ ကောင်းမယ်ထင် တာပဲ။

Share

Reply to This

Replies to This Discussion

အဆင်ပြေမယ်ထင်ရင်တော့ ၂ခုလုံးအိုကေတာပဲ . . ဟိဟိ . . ကိုယ်ကြိုက်တာလဲယူ . . မိဘပေးစားတာလဲယူ . . ညှိယူပေါ့ . . .
ကိုယ်ကဘယ်လိုလူမျိုးလဲဆိုတာ နဲနဲပြန်စဉ်းစားပေါ့ . .
အဓိကပေါင်းရမှာကကိုယ်တိုင်ကိုး . . မိဘပေးစားတာယူလို့စိတ်ချမ်းသာမယ်ထင်ရင်လဲ ယူပေါ့ . .
ကိုယ်ချစ်တဲ့သူယူမှ စိတ်ချမ်းသာမယ်ဆိုရင်လဲ ယူပေါ့ . . ဒါပေမယ့် မိဘနဲ့တော့နဲနဲ ညှိကြည့်လေ . . အဆင်ပြေမလား ပေါ့ ..
မိဘခွင့်မလွတ်နိုင်တဲ့ သူ့အပြစ်တွေကို ကိုယ်ကတော့ အိုကေပါတယ်ဆိုရင်တော့ လုပ်လိုက်ပါ . . ကိုယ့်အိမ်ထောင်ဖက်ကကိုယ့်အပေါ်မှာ ကောင်းလောက်တယ် . . ကိုယ်နဲ့ အပေးအယူမျှတတယ်ဆိုရင်တော့ . . အကောင်းဆုံးပေါ့ နော် . .
အာလုံးပျော်ရပါစေလို့ပဲ ဆုတောင်းနေပါတယ် . . .း)

Reply to This

သံစဉ်ကတော့ ကိုယ်ကြိုက်တဲ့သူကိုပဲယူမယ်။ မကြိုက်ဘဲနဲ့တော့ မပေါင်းသင့်နိုင်ဘူး။ မသင့်တော်တဲ့သူ၊ ဆိုသွမ်းမိုက်မဲတဲ့သူကိုလည်းသွားမကြိုက်ဘူး။ လက်ထပ်လို့သင့်တော်တယ်ထင်တဲ့သူကိုမှအစတည်းကရွေးချယ်မယ်။ မတွေ့ရင်တော့ အပျိုကြီးဘဲလုပ်မယ်။ မကြိုက်တဲ့သူကိုလက်ထပ်၊ သူနဲ့တစ်အိမ်ထဲအတူနေ၊ တစ်ခန်းတည်းအတူအိပ်၊ အတူသွား၊အတူစား . . . အောင်မလေး မတွေးရဲပေါင်။ မကြိုက်တဲ့သူတစ်ယောက်ကိုစဉ်းစားပြီး၊သူနဲ့အိမ်ထောင်ကျတယ်လို့ ခဏလေးပဲစိတ်ကူးကြည့်ပါဦး။
ဖြစ်တယ်။ပေါင်းနိုင်တယ် လို့ထင်ရင်တော့ မကြိုက်ပေမယ့် မိဘပေးစားတဲ့သူကိုယူလို့ဖြစ်လိမ့်မယ်ထင်တယ်။ စိတ်ကူးကြည့်ရုံနဲ့ စိတ်ဆင်းရဲတယ်ဆိုရင်တော့ မယူတာကောင်းလိမ့်မယ်ထင်တယ်။

Reply to This

ဖြေထားထာလေးသဘောကျပါတယ်။ ဟုတ်တယ်။ သံစဉ်ဆိုရင်တော့ မုန့်ဟင်းခါးပဲစားချင်နေမှာ။

Kaung Khant Zan said:
အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဖတ်ဖူးတာလေး တစ်ခုရှိတယ် ..
ချစ်တဲ့သူနဲ့ တစ်အိုးတစ်အိမ် ထူထောင်ခြင်းကို အိမ်ထောင်ပြုခြင်းတဲ့
ကိုယ့်ရဲ့ လွတ်လပ်မှုကို အဆုံးရှုံးခံရခြင်းကိုတော့ အိမ်ထောင်ကျခြင်းတဲ့ ..
အိမ်ထောင်ပြုတဲ့အခါမှာ ကိုယ်ချစ်တဲ့သူကို လက်ထပ်မလား .. မိဘပေးစားတဲ့သူကိုလက်ထပ်မှာလားဆိုတော့
တစ်ခုစဉ်းစားကြည့်ပါ ..
ကိုယ်က မုန့်ဟင်းခါးကိုအရမ်းကြိုက်တယ် .. အရမ်းလည်းစားချင်နေတယ် ..
အဲဒီအချိန်မှာ မိဘက အုန်းနို့ခေါက်ဆွဲပဲစား .. အုန်းနို့ခေါက်ဆွဲက ပိုစားလို့ကောင်းတယ်လို့ဆိုလာရင် ..
ဘာစားမှာလဲ.. ကိုယ်ကြိုက်တဲ့ မုန့်ဟင်းခါးကိုစားမှာလား .. ကိုယ်မကြိုက်တဲ့ အုန်းနို့ခေါက်ဆွဲကို စားမှာလား ..
အဲဒီ အုန်းနို့ခေါက်ဆွဲကရော ကိုယ့်အတွက် အရသာရှိနိုင်ပါ့မလား ..
အစာစားလိုက်လို့ ဗိုက်ဝသွားပေမယ့် .. မုန့်ဟင်းခါးစားချင်နေတဲ့စိတ်က ပျောက်သွားနိုင်မလား ..
အုန်းနို့ခေါက်ဆွဲစားပြီးတဲ့အချိန်မှ မုန့်ဟင်းခါးပဲထပ်စားချင်နေတယ်ဆိုရင်ကော .. ဘယ်လိုလုပ်မှာလဲ ..
သေသေချာချာစဉ်းစားပြီးမှာ ဆုံးဖြတ်ပါ ..
သေချာချင်တယ်ဆိုရင်တော့ တစ်ခုခုကို စားချင်နေတဲ့အချိန်မှာ အဲဒါကို မစားဘဲ တခြား တစ်ခုခုကို စားကြည့်လိုက်ပါ .. ဆုံးဖြတ်ချက်မှန်ကန်ပါစေ ..

Reply to This

အာဟအာဟ အိမ်ကပေးစားတဲ့တစ်ယောက်ကိုလည်းယူ ကိုယ်ချစ်တဲ့သူလဲယူ သူလာချစ်လဲယူလိုက်ကောင်းဝူးလား
အားလုံးစိတ်ချမ်းသာအောင်>>>>>>>>>>>>>>လစ်ပြီ>>>>>>>>>>>

Reply to This

လရိပ်ရေ
အိမ်ကသဘောတူလို့ ပေးစားတဲ့သူနဲ့ ကိုယ်ကိုတိုင်က ချစ်နေတဲ့သူက တစ်ယောက်တည်းဖြစ်နေရင်တော့ အတိုင်းထက်အလွန်ပေါ့ ပျော်စရာကြီးနော်..။ ဒါမှမဟုတ်ရင်တော့ တူနှစ်ကိုယ်တိုင်းပြည်ထူထောင်ဖို့က စိတ်ချမ်းသာပျော်ရွှင်ရမယ်လို့ မထင်ဘူး အချစ်မပါတော့ ချောက်ကပ်ကပ်ကြီးဖြစ်နေမှာပေါ့နော်....။

Reply to This

ဒီဆုံးဖြတ်ချက်ဟာ အသက်အရွယ်နဲ့ အများကြီး သက်ဆိုင်ပါတယ်။ ငယ်ရွယ်သူတွေက အချစ်ကို အလေးထားပြီး ဆုံးဖြတ်ပေမယ့် အရွယ်နည်းနည်း ရသွားတဲ့ လူ (၂၅ နှစ်ကျော်) တွေက ဘ၀ကို ဦးစားပေးပြီး လက်ခံကြပါတယ်။ အိမ်ထောင်ပြုခြင်းသည် ထီထိုးခြင်း တစ်မျိုးဖြစ်ပါသည်။ ကျွန်မဘ၀တွင် အိမ်ထောင်ရှင်ပေါင်း မြောက်မြားစွာ၏ အဖြစ်အပျက်များကို မြင်ဘူး၊ ကြားဘူးပါသည်။ မိမိ စိတ်ကြိုက်ရွေးချယ် ခဲ့သော အမတစ်ယောက်သည်။ ယခုအခါတွင် ကလေး ၃ ယောက်နှင့် မိမိကို အလွန်ချစ်ခင်သည် ဆိုသော ယောကျာ်း၏ စွန့်ပြစ်ခြင်းကို ခံနေရပါသည်။ မိမိစိတ်ကြိုက်ရွေးချယ်ခဲ ခြင်းကြောင့် အဆိုး၊အကောင်းကို မိမိ သာလျှင် ခံစားရပါမည်။ မိမိဘ၀ တစ်လျှောက်လုံးတွင်လည်း သူတစ်ပါး၊ မိဘများ လက်ညိုးထိုးစရာ ဖြစ်နေပါသည်။ မိဘများ သဘောတူ၍ ပေးစားခဲ့သော အသိ အမျိုးသမီးကြီး တစ်ဦးသည်လည်း ကလေး ၂ ယောက်ဖြင့် ထို အမျိုးသားနှင့် ကွဲနေပါသည်။ ဒါပေမယ့် အနည်းဆုံး မိဘ အိမ်တွင် ကပ်နေ၍ ရနေပါသေးသည်။ မေမေတို့ကြောင့် ဟူ၍ ဆင်ခြင်ပေး၍ ရနေပါသေးသည်။ အိမ်ထောင်ပြုခြင်း ဆိုသည်ကား လွယ်ကူသော အရာဖြစ်ချင်ဖြစ်ပေမယ့် အိမ်ထောင်တစ်ခုကို ခိုင်မြဲ၊တံတန့်အောင် လုပ်ဆောင်ခြင်းသည် လွယ်ကူသော အရာတစ်ခု မဟုတ်ပါ။ အချစ်ဆိုသည်ကား အချိန်ကာလ၊ နေရာမရွေး အသစ်တစ်ဖန် ပြန်လည်၍ ဖြစ်ပေါ်လာရန် လွယ်ကူတတ်ပါသည်။ ထိုကြောင့် ဆုံးဖြတ်ချက်တစ်ခု မချမီ စဉ်းစား၊တွေးတော ပြီးမှ ဆုံးဖြတ်ချက်ချရန် အကြံပြုတိုက်တွန်းပါသည်။

Reply to This

I also don't know.But I will treat or act the best for all no matter what happen.
As general aung san say that we hope the best, but we are ready to react on worse.
but I think if you do well on him, he will also do well on you.I believe like that.

Reply to This

Miba yway chel pay tar miba atwat tot kaung par tal... koet a twat tot ma thay char par bu.

Reply to This

chit tae lu ko pal yway chel mal so yin tot tayar nee lan kya par tal... but, achit ma hote tar ta khu khu ko achit nae mhar pee a date pal a kauk lwel thwar yin...

dar kyaunt...

miba ka ein htaung cha pay tar khan malar, ko yin khone tae lu nae pal ein htaung pyu malar so tar ma sone phyat khin...

achit so tar ko a yin thi aung kyoe sar kya phoet lo par leint mal.

Reply to This

That applies more to women than men because they're more emotional which means easier to reciprocate someone that loves them but for men on the other hand it is not that easy a task as it is in the case of women.
Kitty said:
Oh my God, it is spooky. This morning I was thinking about throwing in this kind of discussion thread. Now it is here.
I think only "you and only you" should choose your life partner. I do not mean that it must be someone you love. Personally, I would go for someone who loves me, should I decide to get married. The most important thing is to choose the right partner. It is actually easier said than done ( a good man is hard to find these days ). In my experience, being mindful about your own gut feelings helps. If you have the same sense of security, warmth and care from a boy as you feel with your family members , that is a good start for me. Little things like how he treats you when you are not in best shape like when unwell, how he introduces you to others, is he proud to show you off etc are important too. Also, observe how he treats others ( eg old people or childen crossing the road whilst he is driving ), how he gets on with his family, how his friends and family describe him and so on. On the whole, go for a good personality. And dont forget to reciprocate his kindness too. All the best.

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service