Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

လရိိပ်

ယူသင့် မယူသင့်။ အပျိုကြီး မလုပ်မည့်သူ များ ၀င်ရောက်ဆွေးနွေးပေးပါ ။း)

အိမ်ကပေးစားသူ ကို ယူသင့်လား။ ကိုယ် ကြိုက် တဲ့ လူကို ယူသင့်လား။။
ဘယ်ဟာ က ကိုယ်အတွက် ပိုကောင်းမလဲ။ အိမ်ထောင် ရေးဆိုတာ ပြင်ဖို့ ခက်တဲ့ အရာ မဟုတ်လား။ လရိပ် အမြင်ကတော့ မိဘရွေးချယ် ပေးတာ ကောင်းမယ်ထင် တာပဲ။

Share

Reply to This

Replies to This Discussion

အိမ်ထောင်ရေးဆိုတာ ဘာထွက်မယ်မှန်းမသိတဲ့ ထီတစ်စောင်ကို ထိုးရသလိုပဲ။ ကိုယ်နဲ့အိမ်ထောင်မပြုခင်က အရမ်းကိုတော်ပါတယ်။ အလွန်ကောင်းပါတယ်ဆိုတဲ့လူတစ်ယောက် ကိုယ်နဲ့အိမ်ထောင်ကျပြီးမှ ပြောင်းလဲလာရင် ဘယ်လိုလုပ်မလဲ။ လူ့စိတ်ဆိုတာ အမြဲပြောင်းလဲနေတတ်တယ်လေ။ ကိုယ်က အဲဒီဘ၀ရဲ့ အကောင်းအဆိုးကို ခံနိုင်မယ်ထင်ရင်တော့ ယူလိုက်ပေါ့။ တစ်ချို့ကျတော့လဲ အိမ်ထောင်မှုဒုက္ခတွေကို မခံချင်လို့ အပျိုကြီး လုပ်ကြတယ်။ အိမ်ထောင်ပြုမယ်ဆိုရင်တော့ အိမ်ထောင်မှု ဒုက္ခတွေကို အရင်သိအောင် လေ့လာသင့်တယ်လို့ ထင်ပါတယ်။ မိသားစုဘ၀ သာယာဖို့ဆိုတာ ချစ်ချစ်ခင်ခင်နေနိုင်ရုံနဲ့ မပြီးဘူးလေ။ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ အရည်အချင်းတွေလဲ ရှိဖို့လိုအပ်တယ်။

နှင်းကတော့ အပျိုကြီးလုပ်မယ်လို့ အာမမခံနိုင်ဘူးနော် ဒါကြောင့်အခုထဲက လေ့လာနေတာ :P

Reply to This

How do you study ? Tell me
I want to know .

ဒီဇင်ဘာနှင်း said:

ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အိမ်ထောင်သည်တွေ အနီးစပ်ဆုံးကတော့ ကိုယ့်မိဘနှစ်ပါးရဲ့ အိမ်ထောင်ရေးပေါ့။

mrericzan said:

If a man , he has no parents . How do you do

That is not always true
Sometime မိဘရွေးချယ် ပေးတာ ကောင်းတယ် ။

Reply to This

Oh my God, it is spooky. This morning I was thinking about throwing in this kind of discussion thread. Now it is here.
I think only "you and only you" should choose your life partner. I do not mean that it must be someone you love. Personally, I would go for someone who loves me, should I decide to get married. The most important thing is to choose the right partner. It is actually easier said than done ( a good man is hard to find these days ). In my experience, being mindful about your own gut feelings helps. If you have the same sense of security, warmth and care from a boy as you feel with your family members , that is a good start for me. Little things like how he treats you when you are not in best shape like when unwell, how he introduces you to others, is he proud to show you off etc are important too. Also, observe how he treats others ( eg old people or childen crossing the road whilst he is driving ), how he gets on with his family, how his friends and family describe him and so on. On the whole, go for a good personality. And dont forget to reciprocate his kindness too. All the best.

Reply to This

if the person is pretend or not how do we know.လူစိတ်ဆို တာမှန်းရခက်တယ်။
ဖြေပေးတဲ့အတွက် ကျေးဇူးပါ။

Reply to This

အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဖတ်ဖူးတာလေး တစ်ခုရှိတယ် ..
ချစ်တဲ့သူနဲ့ တစ်အိုးတစ်အိမ် ထူထောင်ခြင်းကို အိမ်ထောင်ပြုခြင်းတဲ့
ကိုယ့်ရဲ့ လွတ်လပ်မှုကို အဆုံးရှုံးခံရခြင်းကိုတော့ အိမ်ထောင်ကျခြင်းတဲ့ ..
အိမ်ထောင်ပြုတဲ့အခါမှာ ကိုယ်ချစ်တဲ့သူကို လက်ထပ်မလား .. မိဘပေးစားတဲ့သူကိုလက်ထပ်မှာလားဆိုတော့
တစ်ခုစဉ်းစားကြည့်ပါ ..
ကိုယ်က မုန့်ဟင်းခါးကိုအရမ်းကြိုက်တယ် .. အရမ်းလည်းစားချင်နေတယ် ..
အဲဒီအချိန်မှာ မိဘက အုန်းနို့ခေါက်ဆွဲပဲစား .. အုန်းနို့ခေါက်ဆွဲက ပိုစားလို့ကောင်းတယ်လို့ဆိုလာရင် ..
ဘာစားမှာလဲ.. ကိုယ်ကြိုက်တဲ့ မုန့်ဟင်းခါးကိုစားမှာလား .. ကိုယ်မကြိုက်တဲ့ အုန်းနို့ခေါက်ဆွဲကို စားမှာလား ..
အဲဒီ အုန်းနို့ခေါက်ဆွဲကရော ကိုယ့်အတွက် အရသာရှိနိုင်ပါ့မလား ..
အစာစားလိုက်လို့ ဗိုက်ဝသွားပေမယ့် .. မုန့်ဟင်းခါးစားချင်နေတဲ့စိတ်က ပျောက်သွားနိုင်မလား ..
အုန်းနို့ခေါက်ဆွဲစားပြီးတဲ့အချိန်မှ မုန့်ဟင်းခါးပဲထပ်စားချင်နေတယ်ဆိုရင်ကော .. ဘယ်လိုလုပ်မှာလဲ ..
သေသေချာချာစဉ်းစားပြီးမှာ ဆုံးဖြတ်ပါ ..
သေချာချင်တယ်ဆိုရင်တော့ တစ်ခုခုကို စားချင်နေတဲ့အချိန်မှာ အဲဒါကို မစားဘဲ တခြား တစ်ခုခုကို စားကြည့်လိုက်ပါ .. ဆုံးဖြတ်ချက်မှန်ကန်ပါစေ ..

Reply to This

အပျိုကြီးမလုပ်ချင်တဲ့သူထဲမှာပါချင်လို့ ၀င်ဖြေတာနော်
သိလို့တော့ဟုတ်ဝူး.....
ကိုယ်ချစ်တဲ့သူကိုတော့ လိုချင်တာပေါ့ မိဘက မကြိုက်ရင်တော့မယူတာကောင်းတယ်
မေမေ(အမေ)တွေက ပိုဆိုးတယ် သူတို့မကြိုက်တဲ့သူနဲ့သာယူပြီး တစ်ခုခု အနည်းလေးမှားသွားရင်တောင်
ကြည့်ပါလား ငါပေးစားတာမယူလို့ ခုလိုဖြစ်တာလို့ ခဏခဏ ပြောတက်ကြတယ်
ပတ်ဝန်ကျင်က ဓလေ့တွေကို အများစုလေ့လာပီး ပြောပြတာနော်
ကိုယ်တွေ့ဟုတ်ဝူး ....

Reply to This

ကောင်းလိုက်တဲ့ အဖြေပဲအကိုရာ ... မိုးတိမ်တောင် အဲသလို လိုက်လုပ်ကြည့်လိုက်ဦးမယ်
Kaung Khant Zan said:
အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဖတ်ဖူးတာလေး တစ်ခုရှိတယ် ..
ချစ်တဲ့သူနဲ့ တစ်အိုးတစ်အိမ် ထူထောင်ခြင်းကို အိမ်ထောင်ပြုခြင်းတဲ့
ကိုယ့်ရဲ့ လွတ်လပ်မှုကို အဆုံးရှုံးခံရခြင်းကိုတော့ အိမ်ထောင်ကျခြင်းတဲ့ ..
အိမ်ထောင်ပြုတဲ့အခါမှာ ကိုယ်ချစ်တဲ့သူကို လက်ထပ်မလား .. မိဘပေးစားတဲ့သူကိုလက်ထပ်မှာလားဆိုတော့
တစ်ခုစဉ်းစားကြည့်ပါ ..
ကိုယ်က မုန့်ဟင်းခါးကိုအရမ်းကြိုက်တယ် .. အရမ်းလည်းစားချင်နေတယ် ..
အဲဒီအချိန်မှာ မိဘက အုန်းနို့ခေါက်ဆွဲပဲစား .. အုန်းနို့ခေါက်ဆွဲက ပိုစားလို့ကောင်းတယ်လို့ဆိုလာရင် ..
ဘာစားမှာလဲ.. ကိုယ်ကြိုက်တဲ့ မုန့်ဟင်းခါးကိုစားမှာလား .. ကိုယ်မကြိုက်တဲ့ အုန်းနို့ခေါက်ဆွဲကို စားမှာလား ..
အဲဒီ အုန်းနို့ခေါက်ဆွဲကရော ကိုယ့်အတွက် အရသာရှိနိုင်ပါ့မလား ..
အစာစားလိုက်လို့ ဗိုက်ဝသွားပေမယ့် .. မုန့်ဟင်းခါးစားချင်နေတဲ့စိတ်က ပျောက်သွားနိုင်မလား ..
အုန်းနို့ခေါက်ဆွဲစားပြီးတဲ့အချိန်မှ မုန့်ဟင်းခါးပဲထပ်စားချင်နေတယ်ဆိုရင်ကော .. ဘယ်လိုလုပ်မှာလဲ ..
သေသေချာချာစဉ်းစားပြီးမှာ ဆုံးဖြတ်ပါ ..
သေချာချင်တယ်ဆိုရင်တော့ တစ်ခုခုကို စားချင်နေတဲ့အချိန်မှာ အဲဒါကို မစားဘဲ တခြား တစ်ခုခုကို စားကြည့်လိုက်ပါ .. ဆုံးဖြတ်ချက်မှန်ကန်ပါစေ ..

Reply to This

ကျွန်မကတော့ ကိုယ့်အိမ်ထောင်ရေးကို ကိုယ့်ဘာသာ ဖန်တီးတာပဲ သဘောကျတယ်။
မိဘက ကိုယ့်အတွက်ကောင်းစေချင်လို့ သူတို့သဘောတူတဲ့သူနဲ့ ပေးစားတယ်။
သို့ပေမယ်...ဆိုတဲ့နောက်မှာ များစွာရှိပါတယ်။
မချစ်သော်လည်း အောင့်ကာမနမ်းချင်ဘူး။
မိဘစီစဉ်တာပဲဖြစ်ဖြစ်။ နှစ်ဦးသဘောတူလက်ထပ်တာပဲဖြစ်ဖြစ် အားလုံးက ကိုယ့်ကံတရားပေါ်မူတည်ပါတယ်။

ဒါကြောင့် ကိုယ့်အိမ်ထောင်ရေးကို နှစ်ဦးနှစ်ဘက် လုံးဝနားလည်းချစ်ခင်စွာနဲ့ ဖန်တီးသင့်တယ်လို့ယူဆပါတယ်။

Reply to This

မိဘသဘောတူတာကို ယူတာတော့ဟုတ်ပါပြီ.......
တစ်ကယ်ပေါင်းရမှာက ကိုယ်ကိုတိုင်ဆိုတာကိုလဲမမေ့နဲ့နော်......

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service