Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

မောင်မိုးသား

ကိုးကွယ် ယုံကြည်မှုမှာ ဗုဒ္ဓဘာသာမြန်မာလူငယ်တွေ ပေါ့လျော့နေကြသလား

ကျွန်တော်တို့လူသားတိုင်းမှာ များသောအားဖြင့် ကိုးကွယ်ယုံကြည်မှု ရှိပါတယ်။
ကျွန်တော်တို့နဲ့ နီးစပ်တဲ့ အယူဝါဒတွေကို လေ့လာကြည့်ရင် အဲဒီလူငယ်တွေဟာ
သူ့တို့ရဲ့ အယူဘာသာကို တန်ဖိုးထားပြီး ဂရုတစိုက်လုပ်ဆောင်ကြတာကို တွေ့ရပါတယ်
ကျွန်တော်တို့ မြန်မာ၊ ဗုဒ္ဓဘာသာမြန်မာလူငယ်တွေကတော့ အခါကြီးရက်ကြီးဆိုရင်တောင်
လုပ်ဖို့ ၀န်လေးနေတတ်ကြတယ်၊ (များသောအားဖြင့် ပါ)
ဒါဟာ မိရိုးဖလာဗုဒ္ဓဘာသာဖြစ်နေတာကြောင့်လား ..
ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ မိရိုးဖလာဗုဒ္ဓဘာသာကို မြန်မာဗုဒ္ဓဘာသာ
လူငယ်တိုင်းကို သေသေချာချာ နားလည်စေချင်တယ် ..ဗျာ ..

Share

Reply to This

Replies to This Discussion

ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ရှေ့လူကြီးတွေ အယူမှားနေတဲ့ ထေရ၀ါဒ စစ်စစ်မဟုတ်တဲ့ အယူတွေကို လူငယ်တွေ လက်မခံဖို့ လိုမယ် ထင်တယ်၊ ကျွန်တော်ကတော့ အပေါ်ယံ ကိုးကွယ်မှု့ထက် လက်တွေ့ကျတာကို ပိုကြိုက်တယ်၊ ကျွန်တော် ကွန်မြူနစ်တော့ မဟုတ်ပါဘူး၊ ဘုရားတည်မှာ ထက်စာရင် ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီတာ ပိုကြိုက်တယ် ။ အလှူရှင် စာတန်းတော့ ပါချင်မှ ပါမှာပေါ့ ...... ဒါက အရေးမကြီးပါဘူး...

Reply to This

Daywalker ပြောသွားတဲ့ စကားက ပိုပြီး လက်တွေ့ဆန်ပါတယ် ...။ ကျွန်တော်လည်း အဲ့လိုပါပဲ ... အိမ်မှာဆိုအမြဲ ပြသနာဖြစ်တယ် ....။ ဘုန်းကြီးကျောင်းကို ခဏခဏ အများကြီး လှူတာထက်စာရင် ဆင်းရဲတဲ့ စာသင်ကျောင်းတွေအတွက် လှူတာပိုပြီး အကျိုးရှိမယ်ထင်တာပါပဲ .. လက်တွေ့လည်းဆန်ပါတယ်...။ အနာဂါတ်အတွက်လည်း ပိုပြီး အနှစ်သာရပြည့်ဝပါတယ် ...။

Daywalker said:
ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ရှေ့လူကြီးတွေ အယူမှားနေတဲ့ ထေရ၀ါဒ စစ်စစ်မဟုတ်တဲ့ အယူတွေကို လူငယ်တွေ လက်မခံဖို့ လိုမယ် ထင်တယ်၊ ကျွန်တော်ကတော့ အပေါ်ယံ ကိုးကွယ်မှု့ထက် လက်တွေ့ကျတာကို ပိုကြိုက်တယ်၊ ကျွန်တော် ကွန်မြူနစ်တော့ မဟုတ်ပါဘူး၊ ဘုရားတည်မှာ ထက်စာရင် ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီတာ ပိုကြိုက်တယ် ။ အလှူရှင် စာတန်းတော့ ပါချင်မှ ပါမှာပေါ့ ...... ဒါက အရေးမကြီးပါဘူး...

Reply to This

ရတနာသုံးပါးကိုကိုးကွယ်ယုံကြည်ဆည်းကပ်လာသူတစ်ယောက်အကြောင်း ဆိုတဲ့ စာအုပ်ကို ညွှန်းကတည်းက မသွန်းသွန်းကို လေးစားမိပါတယ်။ ကျွန်တော်အဲဒီစာအုပ်ကို မကြာခဏ ဖတ်ဖြစ်ပါတယ်။
ကျွန်တော်က တခြားဘာသာဝင်တွေကို ဘာသာရေးလေးနက်သူများလို့ အထင်ရောက်နေတာ လုံးဝမဟုတ်ပါဘူး။ ကျွန်တော်တို့ ဘာသာဝင်လူငယ်တွေ များသောအားဖြင့် ပေါ့လျော့တာကို ဆိုလိုချင်ခဲ့တာပါ။
ဒါကိုတော့ မသွန်းသွန်း လက်ခံရလိမ့်မယ်။


မစ်(စ်)သွန်းသွန်း said:
ဟုတ်ကဲ့ ၊ အဓိက ညီမပြောချင်တာက ညီမတို့မြန်မာလူမျိုးတွေ ရေလဲသုံးလေ့ရှိတဲ့ ကိုယ့်အမျိုးကိုယ်အထင်အမြင်သေးခြင်း စကားအချို့ပါ။ မြန်မာလူမျိုးတော်တော်များများ အပြင်မှာရောက်နေကြတဲ့သူတွေ စည်းမရှိကမ်းမရှိမီးနီမှာလမ်းဖြတ်ကူးရင်တောင် “အဟား..မြန်မာပီသတယ်”လို့ ကိုယ့်ပါးစပ်ကကိုယ်ထွက်တတ်ကြပါတယ်။ လမ်းဘေးမှာ အမှိုက်ပစ်မိတာ၊ တွံတွေးထွေးမိတာ၊ ကိစ္စတစ်ခုခုဆို ရန်ဖြစ်မတတ်ငြင်းခုန်ကြတာ... ဒါတွေဟာ မြန်မာလူမျိုးတွေ လုပ်လေ့ရှိတဲ့အလုပ်၊ ဒါတွေဒီလိုတွေ လုပ်တာ မြန်မာမို့လို့ လို့အသိထဲမှာစွဲပြီး မြန်မာပီသတယ်ချည်းပြောနေတတ်ကြပါတယ်။ အခုဆိုရင်လည်း မြန်မာလူမျိုးတွေ ဘာသာရေးမှာ အားနည်းတယ်လို့ ထင်ပြန်ပြီရှင်။ အကယ်၍ တစ်ကယ်တမ်းဒီလိုမြင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို အရင်စမ်းစစ်ပါလို့ ပြောချင်ပါတယ်။ တစ်ကယ်တမ်း ဘာသာရေးလုပ်တဲ့ ဘာသာတရားကိုအလေးထားတဲ့ ဗုဒ္ဓဘာသာမြန်မာလူငယ်တွေ အများကြီးပါ။ ကိုယ်မလုပ်တာနဲ့ မြန်မာလူငယ်တွေ ဘာသာရေးအလေးမထားကြဘူးပြောတာကိုတော့ ညီမအနေနဲ့လက်မခံနိုင်တာအမှန်ပါ။ မိရိုးဖလာကြောင့် ဗုဒ္ဓဘာသာရယ်လို့ခံယူတဲ့ လူတော်တော်များများကိုတောင် မေးကြည့်ပါ။ သူတို့ဘုရားဟောတွေ တိတိပပမသိရင်တောင် ငါတို့သည်ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ခံယူချက်ကတော့ မလျော့ပါးပါဘူး။ ထေရဝါဒ ဗုဒ္ဓဘာသာမည်သည် ဗုဒ္ဓသာသနာအစစ်အမှန်ကို ကိုယ်တိုင်သဘောပေါက်ပြီး စိတ်ချယုံကြည်လက်ခံထားသည့် ဘာသာမျိုးပါ။ ညီမကိုယ်တိုင်လည်း မိရိုးဖလာထက် ထေရဝါဒဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်ဖို့ ကြိုးစားဆဲပါ။ ညီမပြောချင်တဲ့ ဗုဒ္ဓဘာသာသည် (အခြားသောဘာသာဝင်တို့ထက်) အယူအဆွဲကင်းနေခြင်းဆိုတာက ညီမတို့ဗုဒ္ဓဘုရားဟောခဲ့ခြင်းက ငါဘုရားတရားပြသည် ယုံကြည်ရမည် လို့မရှိပါဘူး။ မြတ်စွာဘုရားပြခဲ့တဲ့တရားတော်ကို ယုံကြည်က ယုံကြည်နိုင်၍ မယုံကြည်လျှင်လည်း အတင်းအကျပ်တိုက်တွန်းတတ်သည့် ဘာသာမျိုးမဟုတ်ဘူးလို့ မှတ်သားရဖူးပါတယ်။ ဤသည်မှာ ဗုဒ္ဓဘာသာ၏ လွတ်လပ်ပိုင်ခွင့်လို့ မြင်ပါတယ်။ ဤ Topic ကို တင်သောသူသည် အခြားသောဘာသာဝင်များ မည်သည့်ကိစ္စပင်ဖြစ်စေ ဘုရား ဘုရား တဖွဖွရွတ်တိုင်း ဘာသာရေးကိုင်းရှိုင်းသူများ ၊ မည်သည့်နေ့ မည်ပုံပြုရမည်ဆိုတိုင်း ဘာသာရေးလေးနက်သူများဟု အထင်ရောက်ဟန်ရှိပါသည်။ ထိုသို့ဆိုလျှင် ဦးဆန်းလွင်၏ ရတနာသုံးပါးကိုကိုးကွယ်ယုံကြည်ဆည်းကပ်လာသူတစ်ယောက်အကြောင်း ဆိုတဲ့ စာအုပ်ပေါင်းချုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။ ဗုဒ္ဓသာသာဝင်အချို့မှ မဟုတ်ပါဘူး အခြားသာဘာသာဝင်များ၌လည်း မိမိစိတ်မှတစ်ထစ်ချယုံကြည်၍မဟုတ်ဘဲ လူမျိုးကျင့်ဝတ်တစ်ခုအရ လိုက်လံကျင့်ဝတ်သူများလည်းရှိတတ်ကြောင်းကို သိစေချင်ပါတယ်။

minthuta said:
အများနဲ့မတူတဲ့ ဆွေးနွေးချက်ကို တွေ့ရပါတယ်...။ ဒီထက်ပိုပြီး ရှင်းရှင်းလင်းလင်းလေး ပိုရှင်းပြနိုင်မယ်ဆိုရင် ပိုရှင်းပြစေချင်ပါတယ်။ အယူအစွဲကင်းတဲ့ဗုဒ္ဓဘာသာနဲ့ မိရိုးဖလာဗုဒ္ဓဘာသာ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာ (၃)မျိုးစလုံး ယှဉ်ပြောရင် ပိုရှင်းသွားမယ်ထင်ပါတယ်။ ဖြစ်နိုင်ရင် ရှင်းပြပေးပါ....

မစ်(စ်)သွန်းသွန်း said:
အင်း... နည်းနည်းပြောကြည့်မယ်နော်။ ကိုယ်က ကိုယ့်မြန်မာလူမျိုးတွေရဲ့ ဘာသာရေးခံယူချက်ကို အဲလိုမြင်တယ်လို့ထင်ရင် ကိုယ်ကိုယ်တိုင်လည်းပြန်စန်းစစ်ကြည့်ပါ။ အကယ်၍သာ ကိုယ်ကိုယ်တိုင်ကလည်း ပေါ့လျော့နေတာဆိုရင်တော့ ကိုယ့်လိုလူတွေများနေကြလို့ လို့ပဲ သတ်မှတ်ရမှာပါ။ သေချာတာကတော့ ဗုဒ္ဓဘာသာသည် (အခြားသောဘာသာတို့ထက်) အယူအစွဲကင်းနေခြင်းပါ။

Reply to This

ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ..ကိုလင်းဦးခင်ဗျာ ..
အစ်ကို ပြောတာတွေကို ထောက်ခံပါတယ်။
ဗုဒ္ဓဘာသာမှာ သရဏဂုံက အခြေခံပါ၊ အုတ်မြစ်ပါ။
သရဏဂုံ (၃)ပါးဆိုတာ ဘာမှန်းမသိတဲ့လူကို ကျွန်တော်ကိုယ်တိုင်တွေ့ဖူးလို့ကို ကျွန်တော်ပြောတာပါ။

လင်းဦး(စိတ်ပညာ) said:
ဘာသာရေးနဲ့ ပတ်သက်တယ်ဆိုတော့လည်း ကျွန်တော် ၀င်ရောက် ဆွေးနွေးပါ့မယ်။ လူတစ်ယောက်ဆီမှာ ဘာသာတရား၊ ကိုးကွယ် ယုံကြည်မှု၊ ဒါတွေက မွေးကတည်းက လွှမ်းမိုးထားတယ်။ အဲ့တော့ ဘယ်လို လွှ့မ်းမိုးမှုလဲ။ အခြားဘာသာကို ကျွန်တော် မပြောဘူး။ ဒီ topic က ဗုဒ္ဓဘာသာကို ဦးတည်တဲ့အတွက် ဒါကိုပဲ ကျွန်တော် ဆွေးနွေးပါ့မယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ မွေးကတည်းက လွှမ်းမိုးခြင်းခံရတယ်ဆိုတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲ့ဒီလွမ်းမိုးမှုဆိုတာမှာ တကယ်ကော သက်ဝင်ယုံသလား။ တကယ်ကော ကိုးကွယ်ထိုက်လို့ ကိုးကွယ်ကြတာလား။ မိဘက ကိုးကွယ်ဆည်းကပ် ပူဇော်နေလို့ လိုက်ပူဇော်နေတာလား။ အခုအချိန်မှာ မြန်မာတော်တော်များများဟာ မိဘကိုးကွယ်လို့ လိုက်ကိုးကွယ်တာ များပါတယ်။ အဲ့တော့ ကျွန်တော့်ကို စော်ကားလှချည်လားလို့ ပြောပါလိမ့်မယ်။ ဒါစော်ကားတာ မဟုတ်ဘူးဗျ။ တကယ့် ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို နားမလည်ကြတော့ဘူး။ လူငယ်တွေကို လက်ညှိုးမထိုးနဲ့ဦး ၊ လူကြီးတွေကပါ အယူအဆတွေ လွဲမှားစွာနဲ့ ကိုးကွယ်ကြတယ်။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှာ ရှိသင့် ရှိထိုက်တာတွေကို နားမလည်ကြဘူး။ မွေးလာတဲ့ သားသမီးတွေက ဘယ်လိုလုပ် နားလည်မလဲ။ နတ်တွေကို ကိုးကွယ်ကြတယ်။ ဗေဒင်ကို အလွန်အကျူး ယုံကြည်ကြတယ်။ ဘာမှ မဟုတ်တဲ့ (၃၇)မင်းနတ်တွေကိုတော့ အမြဲတမ်း ပူဇော်ပသနေပြီး ၊ ဘုရားအတွက်ကတော့ ဆွမ်းတစ်ခွက်တောင် မကပ်ရက်ကြဘူး။ ဖြစ်နေကြတာတွေပါ။ တကယ့်ကို ရင်နာစရာကောင်းတယ်။ အဲ့တော့ အကုန်လုံးကို သိမ်းကျုံးမပြောပါနဲ့လို့ ချေပကြမယ်။ အကုန်လုံးမဟုတ်ပေမယ့် တော်တော်များများ ၊ မြန်မာ ဗုဒ္ဓဘာသာဝင် တော်တော်များများ အယူလွဲမှားနေတယ်။ ကိုးကွယ်မှုတွေ လွဲချော်နေတယ်။ ကိုယ့် ပတ်ဝန်းကျင်ကိုပဲ ကိုယ်ပြန်ပြီး စမ်းစစ်ကြည့်ကြပါဦး။ ဗေဒင်ကို မယုံကြည်တဲ့သူ ရှိသလား၊ နတ်ကို မကိုးကွယ်တဲ့သူ ရှိသလား။ လူငယ်တွေကအစ ဖြစ်လာရင် ဗေဒင်ဆီပြေးတာပဲ။ ဗေဒင်ကိုးကွယ်ယုံကြည်မှုကို ဗုဒ္ဓက ပယ်ချ တားမြစ်ထားတယ်ဆိုတာ မသိကြဘူးလား။ နတ်ကိုးကွယ်ရင် သရဏဂုံပျက်တယ်ဆိုတာ မသိကြဘူးလား။ ပြောတာ ပြောရတာ ... သရဏဂုံဆိုတာကိုကော နားမလည်ကြတာ များပါတယ်။

Reply to This

paingmyothet said:
ဤ Topic ကို တင်သောသူသည် အခြားသောဘာသာဝင်များ မည်သည့်ကိစ္စပင်ဖြစ်စေ ဘုရား ဘုရား တဖွဖွရွတ်တိုင်း ဘာသာရေးကိုင်းရှိုင်းသူများ ၊ မည်သည့်နေ့ မည်ပုံပြုရမည်ဆိုတိုင်း ဘာသာရေးလေးနက်သူများဟု အထင်ရောက်ဟန်ရှိပါသည်။ ထိုသို့ဆိုလျှင် ဦးဆန်းလွင်၏ ရတနာသုံးပါးကိုကိုးကွယ်ယုံကြည်ဆည်းကပ်လာသူတစ်ယောက်အကြောင်း ဆိုတဲ့ စာအုပ်ပေါင်းချုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။ ဗုဒ္ဓသာသာဝင်အချို့မှ မဟုတ်ပါဘူး အခြားသာဘာသာဝင်များ၌လည်း မိမိစိတ်မှတစ်ထစ်ချယုံကြည်၍မဟုတ်ဘဲ လူမျိုးကျင့်ဝတ်တစ်ခုအရ လိုက်လံကျင့်ဝတ်သူများလည်းရှိတတ်ကြောင်းကို သိစေချင်ပါတယ် .........ဆိုတဲ့ မသွန်းသွန်းရေ ...

ကျွန်တော်က အဲဒီလို မိမိစိတ်မှ တစ်ထစ်ချယုံကြည်လို့ မဟုတ်ဘဲ လူမျိုးကျင့်ဝတ်တစ်ခုအရ လိုက်လံ ကျင့်သုံးနေတာ ...
မိဘက ဗုဒ္ဓဘာသာမို့ လိုက်ပြီး ကိုးကွယ်တာ .....
ဒါကိုပဲ အားမရလို့ ဒီ topic မှာ ဒီလိုဆွေးနွေးခဲ့တာပါ ..
ကျွန်တော်ကို ကိုယ်မလုပ်တိုင်း သူများတွေကို အဲဒီလိုထင်နေတယ် လို့ မသွန်းက ပြောပါတယ် ။
ဟုတ်ပါတယ်။ ကျွန်တော် ဘာသာရေးနဲ့ ပတ်သတ်ပြီး ထူးထူးခြားခြား မလုပ်နိုင်သေးပါဘူး။
ဒါပေမယ့် ... ကံငါးပါးကို အတက်နိုင်ဆုံးထိန်းပါတယ်... ဗုဒ္ဓရဲ့ အယူဝါဒ ကို လေးလေးနက်နက် သက်ဝင် ယုံကြည်ပါတယ်။
ဒါတွေ ပြောပြတာလဲ ကျွန်တော်ဟာ မိရိုးဖလာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာဆိုတာကို သိစေချင်လို့ပါ။။
ကျွန်တော် ထေရ၀ါဒဗုဒ္ဓဘာသာလို့ ကိုယ့်ကိုယ်ကို ရဲရဲဝံ့ဝံ့ခံယူနိုင်ခဲ့တာကတော့ လွန်ခဲ့တဲ့ (၇)နှစ်လောက်ကတည်းက ပါခင်ဗျာ...
မသွန်းသွန်းလည်း ကြိုးစားဆဲအဆင့်ကနေ ထေရ၀ါဒဗုဒ္ဓဘာသာလို့ ကိုယ့်ကိုယ်ကို ရဲရဲဝံ့ဝံ့ခံယူနိုင်သူ မြန်မြန်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။
ကျေးဇူးပါနော် .

ရတနာသုံးပါးကိုကိုးကွယ်ယုံကြည်ဆည်းကပ်လာသူတစ်ယောက်အကြောင်း ဆိုတဲ့ စာအုပ်ကို ညွှန်းကတည်းက မသွန်းသွန်းကို လေးစားမိပါတယ်။ ကျွန်တော်အဲဒီစာအုပ်ကို မကြာခဏ ဖတ်ဖြစ်ပါတယ်။
ကျွန်တော်က တခြားဘာသာဝင်တွေကို ဘာသာရေးလေးနက်သူများလို့ အထင်ရောက်နေတာ လုံးဝမဟုတ်ပါဘူး။ ကျွန်တော်တို့ ဘာသာဝင်လူငယ်တွေ များသောအားဖြင့် ပေါ့လျော့တာကို ဆိုလိုချင်ခဲ့တာပါ။ ဒါကိုတော့ မသွန်းသွန်း လက်ခံရလိမ့်မယ်။



မစ်(စ်)သွန်းသွန်း said:
ဟုတ်ကဲ့ ၊ အဓိက ညီမပြောချင်တာက ညီမတို့မြန်မာလူမျိုးတွေ ရေလဲသုံးလေ့ရှိတဲ့ ကိုယ့်အမျိုးကိုယ်အထင်အမြင်သေးခြင်း စကားအချို့ပါ။ မြန်မာလူမျိုးတော်တော်များများ အပြင်မှာရောက်နေကြတဲ့သူတွေ စည်းမရှိကမ်းမရှိမီးနီမှာလမ်းဖြတ်ကူးရင်တောင် “အဟား..မြန်မာပီသတယ်”လို့ ကိုယ့်ပါးစပ်ကကိုယ်ထွက်တတ်ကြပါတယ်။ လမ်းဘေးမှာ အမှိုက်ပစ်မိတာ၊ တွံတွေးထွေးမိတာ၊ ကိစ္စတစ်ခုခုဆို ရန်ဖြစ်မတတ်ငြင်းခုန်ကြတာ... ဒါတွေဟာ မြန်မာလူမျိုးတွေ လုပ်လေ့ရှိတဲ့အလုပ်၊ ဒါတွေဒီလိုတွေ လုပ်တာ မြန်မာမို့လို့ လို့အသိထဲမှာစွဲပြီး မြန်မာပီသတယ်ချည်းပြောနေတတ်ကြပါတယ်။ အခုဆိုရင်လည်း မြန်မာလူမျိုးတွေ ဘာသာရေးမှာ အားနည်းတယ်လို့ ထင်ပြန်ပြီရှင်။ အကယ်၍ တစ်ကယ်တမ်းဒီလိုမြင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို အရင်စမ်းစစ်ပါလို့ ပြောချင်ပါတယ်။ တစ်ကယ်တမ်း ဘာသာရေးလုပ်တဲ့ ဘာသာတရားကိုအလေးထားတဲ့ ဗုဒ္ဓဘာသာမြန်မာလူငယ်တွေ အများကြီးပါ။ ကိုယ်မလုပ်တာနဲ့ မြန်မာလူငယ်တွေ ဘာသာရေးအလေးမထားကြဘူးပြောတာကိုတော့ ညီမအနေနဲ့လက်မခံနိုင်တာအမှန်ပါ။ မိရိုးဖလာကြောင့် ဗုဒ္ဓဘာသာရယ်လို့ခံယူတဲ့ လူတော်တော်များများကိုတောင် မေးကြည့်ပါ။ သူတို့ဘုရားဟောတွေ တိတိပပမသိရင်တောင် ငါတို့သည်ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ခံယူချက်ကတော့ မလျော့ပါးပါဘူး။ ထေရဝါဒ ဗုဒ္ဓဘာသာမည်သည် ဗုဒ္ဓသာသနာအစစ်အမှန်ကို ကိုယ်တိုင်သဘောပေါက်ပြီး စိတ်ချယုံကြည်လက်ခံထားသည့် ဘာသာမျိုးပါ။ ညီမကိုယ်တိုင်လည်း မိရိုးဖလာထက် ထေရဝါဒဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်ဖို့ ကြိုးစားဆဲပါ။ ညီမပြောချင်တဲ့ ဗုဒ္ဓဘာသာသည် (အခြားသောဘာသာဝင်တို့ထက်) အယူအဆွဲကင်းနေခြင်းဆိုတာက ညီမတို့ဗုဒ္ဓဘုရားဟောခဲ့ခြင်းက ငါဘုရားတရားပြသည် ယုံကြည်ရမည် လို့မရှိပါဘူး။ မြတ်စွာဘုရားပြခဲ့တဲ့တရားတော်ကို ယုံကြည်က ယုံကြည်နိုင်၍ မယုံကြည်လျှင်လည်း အတင်းအကျပ်တိုက်တွန်းတတ်သည့် ဘာသာမျိုးမဟုတ်ဘူးလို့ မှတ်သားရဖူးပါတယ်။ ဤသည်မှာ ဗုဒ္ဓဘာသာ၏ လွတ်လပ်ပိုင်ခွင့်လို့ မြင်ပါတယ်။ ဤ Topic ကို တင်သောသူသည် အခြားသောဘာသာဝင်များ မည်သည့်ကိစ္စပင်ဖြစ်စေ ဘုရား ဘုရား တဖွဖွရွတ်တိုင်း ဘာသာရေးကိုင်းရှိုင်းသူများ ၊ မည်သည့်နေ့ မည်ပုံပြုရမည်ဆိုတိုင်း ဘာသာရေးလေးနက်သူများဟု အထင်ရောက်ဟန်ရှိပါသည်။ ထိုသို့ဆိုလျှင် ဦးဆန်းလွင်၏ ရတနာသုံးပါးကိုကိုးကွယ်ယုံကြည်ဆည်းကပ်

Reply to This

လာရောက်ဆွေးနွေးကြသော သူငယ်ချင်းများကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ..
ဘာပဲဖြစ်ဖြစ် ..တစ်ယောက်ရဲ့ အယူအဆတွေ ..အတွေးအခေါ်တွေစုစည်းထားတာကို ဖတ်မိပြီး
မြန်မာလူငယ်တွေ ကိုယ့်ကိုယ်ကို ဘယ်လိုဗုဒ္ဓဘာသာ မျိုးလဲဆိုတာ ဝေခွဲနိုင်မယ်ဆိုရင်
အရမ်းကောင်းမယ်လို့ မျှော်လင့်မိပါတယ်။ အားလုံးပဲ မိရိုးဖလာမဟုတ်တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာ စစ်စစ်တွေ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်ဗျာ...

Reply to This

အမှန်လို့ ထင်တာလေး ပြောချင်ပါတယ်။ ဘာသာရေးမှာ ဦးစီးဦးဆောင်ဖြစ်တဲ့ ရဟန်းတော်တွေရဲ့ လိုအပ်ချက်တွေ အများကြီးပဲ ဆိုတာကို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတော့မှာပါပဲ။

လက်ရှိဒို့နိုင်ငံမှာ နာမည်ကြီး ဓမ္မကထိကတွေ အများကြီးပါ။ ဒီကနေ့ နာမည်ကြီး ဓမ္မကထိက တစ်ပါး ဟာ ဒီကနေ့ လူငယ် တွေ အပေါ်မှာ ဘာသာရေးအရ ဘယ်လောက် လွမ်းမိုးနိုင်ပြီလည်း။ ဘယ်လောက် ဦးဆောင်မှု ပေးနိုင်ပြီလဲ အဲဒီလိုမေးပြီး ပြေးကြည့်လိုက်ရင် လက်ချိုးရေစရာ မရှိလောက်အောင်ပါပဲ။ တောရ အကြောင်းတွေ ပြောပီး မြို့ပေါ် ဟိုတယ်ကြီးတွေ အထိ ရောက်လာကြတာက တစ်မျိုး။ တောမီးလောင်ပြီးလား ဆိုမှဖြင့် လက်ခမောင်းထခတ်မဲ့ တောကြောင်လို ဓမ္မကထိကတွေက လဲပေါမှပေါ။

ဟော အခု လာပြန်ပါပီ ကျော်ဟိန်းက ဘုန်းကြီး အပြီး ၀တ်တော့မည်တဲ့။ မြတ်စွာဘုရားရဲ့ မျက်နှာတော်ကို အိုးမဲသုတ်ဦးတော့မည်ထင်သည်။ ဒီကနေ့ မြန်မာ ပြည်သူတွေရဲ့ ဘာသာရေး အခြေခံက ရာခိုင်နှုန်းတော်တော် များများက အခြေခံနည်းသည်ဟု ပြောလို့ရသည်။ တစ်ကျော်ဟိန်းတည်း ဟိန်းနေဦးတော့မည်။ ကျော်ဟိန်းချမ်းသာ သာသနာ ဆုတ်ယုတ် ဖြစ်ပေဦးတော့မည်။

Reply to This

အရက်လား
မိတ်ဖြစ်ဆွေဖြစ်ပါ...
ဆေးလိပ်၊ကွမ်း
အင်း...ဒါကလူတိုင်းလိုလုပ်နေတာပဲ
မူးယစ်ဆေး
သိအောင်စမ်းကြည့်ဘူးတယ်
လိင်အပျော်အပါး
အင်း......ပုထုဇဉ်ဆိုတော့လဲ
ဘာသာရေးလား
အဟင်း...ငယ်သေးတယ်လေ

Reply to This

ကျွန်တော် တွေးမိတာလေး ဝင်ရောင်ဆွေးနွေးကြည့်မယ်ဗျာ..။ “မြန်မာလူငယ်တွေ ပေါ့လျော့နေသလား” လို့ အမေး ပြုနိုင်ဖို့ ဆိုရင် “လူငယ်တွေဟာ ဘယ်အတိုင်းအတာလောက်ထိ ဘာသာတရားကို ယုံကြည် သက်ဝင်မှု ရှိရမယ်” ဆိုတဲ့ သတ်မှတ်ထားမှုလေး လိုအပ်လာမယ် ထင်ပါတယ်..။ ဒါကိုရော ဘယ်သူက ဘယ်လို သတ်မှတ် ထားနိုင်မလဲ..။ ကာလ အခြေအနေနဲ့ လိုက်လျောညီထွေ ရှိမယ့် ပြဌာန်းချက် စံတစ်ခုခုပေါ့..။ စံတစ်ခု သတ်မှတ် ထားနိုင်တယ် ဆိုပါတော့..။ ဒီစံက ကျွန်တော်တို့ ဘက်က လူငယ်တွေကို ချိန်မျှ ကြည့်မယ့် စံ ပါ..။ ဒါပေမယ့် ဘာသာတရား အပေါ်ထားတဲ့ လူငယ်တွေရဲ့ အမြင်ဟာ အားရစရာ မရှိတာကိုတော့ ကျွန်တော်တို့ မြင်သာလှပါတယ်..။ ဒါကို ကျွန်တော်တို့အနေနဲ့လည်း ပူပန်ရုံသာ တတ်နိုင်မယ် ထင်ပါတယ်..။ လူငယ် တစ်ဦးစီတိုင်း ဘာသာတရားအပေါ်ထားတဲ့ သူတို့ အမြင်တွေ အမြန်ဆုံးနဲ့ အမှန်ကန်ဆုံး ပြောင်းလဲနိုင်ပါစေလို့ပဲ စိတ်မှာ နှလုံးသွင်းဖို့ပဲ ရှိပါတယ်..။ သူတို့ကိုယ်တိုင် အခက်အခဲလေးတွေ ကြုံလာတဲ့ အခါ ဘာသာတရားကို အားကိုးရာ အဖြစ် မြင်လာတယ်ဆိုရင်ပဲ ကျွန်တော်တို့ ဝမ်းသာ ရမှာပဲပေါ့..။ ဘာသာတရားတွေ ကိုယ်၌ကလည်း ဒုက္ခ ဆင်းရဲတွေကို ကူညီ ကယ်တင်ဖို့ ပေါ်ပေါက်လာကြတာ မဟုတ်ပါလား..။

Reply to This

ကျေးဇူးပါကိုသစ်ဆန်းရေ.. ကျွန်တော်အစ်ကိုပြောတာကိုလက်ခံပါတယ်..

thitsinn said:
ကျွန်တော် တွေးမိတာလေး ဝင်ရောင်ဆွေးနွေးကြည့်မယ်ဗျာ..။ “မြန်မာလူငယ်တွေ ပေါ့လျော့နေသလား” လို့ အမေး ပြုနိုင်ဖို့ ဆိုရင် “လူငယ်တွေဟာ ဘယ်အတိုင်းအတာလောက်ထိ ဘာသာတရားကို ယုံကြည် သက်ဝင်မှု ရှိရမယ်” ဆိုတဲ့ သတ်မှတ်ထားမှုလေး လိုအပ်လာမယ် ထင်ပါတယ်..။ ဒါကိုရော ဘယ်သူက ဘယ်လို သတ်မှတ် ထားနိုင်မလဲ..။ ကာလ အခြေအနေနဲ့ လိုက်လျောညီထွေ ရှိမယ့် ပြဌာန်းချက် စံတစ်ခုခုပေါ့..။ စံတစ်ခု သတ်မှတ် ထားနိုင်တယ် ဆိုပါတော့..။ ဒီစံက ကျွန်တော်တို့ ဘက်က လူငယ်တွေကို ချိန်မျှ ကြည့်မယ့် စံ ပါ..။ ဒါပေမယ့် ဘာသာတရား အပေါ်ထားတဲ့ လူငယ်တွေရဲ့ အမြင်ဟာ အားရစရာ မရှိတာကိုတော့ ကျွန်တော်တို့ မြင်သာလှပါတယ်..။ ဒါကို ကျွန်တော်တို့အနေနဲ့လည်း ပူပန်ရုံသာ တတ်နိုင်မယ် ထင်ပါတယ်..။ လူငယ် တစ်ဦးစီတိုင်း ဘာသာတရားအပေါ်ထားတဲ့ သူတို့ အမြင်တွေ အမြန်ဆုံးနဲ့ အမှန်ကန်ဆုံး ပြောင်းလဲနိုင်ပါစေလို့ပဲ စိတ်မှာ နှလုံးသွင်းဖို့ပဲ ရှိပါတယ်..။ သူတို့ကိုယ်တိုင် အခက်အခဲလေးတွေ ကြုံလာတဲ့ အခါ ဘာသာတရားကို အားကိုးရာ အဖြစ် မြင်လာတယ်ဆိုရင်ပဲ ကျွန်တော်တို့ ဝမ်းသာ ရမှာပဲပေါ့..။ ဘာသာတရားတွေ ကိုယ်၌ကလည်း ဒုက္ခ ဆင်းရဲတွေကို ကူညီ ကယ်တင်ဖို့ ပေါ်ပေါက်လာကြတာ မဟုတ်ပါလား..။

Reply to This

you should make a challenge if you not sure for your faith.But I saw the people who discussed in this forum are ordinary believers,because you are discuss with only one opinium.

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service