Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

မောင်မိုးသား

ကိုးကွယ် ယုံကြည်မှုမှာ ဗုဒ္ဓဘာသာမြန်မာလူငယ်တွေ ပေါ့လျော့နေကြသလား

ကျွန်တော်တို့လူသားတိုင်းမှာ များသောအားဖြင့် ကိုးကွယ်ယုံကြည်မှု ရှိပါတယ်။
ကျွန်တော်တို့နဲ့ နီးစပ်တဲ့ အယူဝါဒတွေကို လေ့လာကြည့်ရင် အဲဒီလူငယ်တွေဟာ
သူ့တို့ရဲ့ အယူဘာသာကို တန်ဖိုးထားပြီး ဂရုတစိုက်လုပ်ဆောင်ကြတာကို တွေ့ရပါတယ်
ကျွန်တော်တို့ မြန်မာ၊ ဗုဒ္ဓဘာသာမြန်မာလူငယ်တွေကတော့ အခါကြီးရက်ကြီးဆိုရင်တောင်
လုပ်ဖို့ ၀န်လေးနေတတ်ကြတယ်၊ (များသောအားဖြင့် ပါ)
ဒါဟာ မိရိုးဖလာဗုဒ္ဓဘာသာဖြစ်နေတာကြောင့်လား ..
ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ မိရိုးဖလာဗုဒ္ဓဘာသာကို မြန်မာဗုဒ္ဓဘာသာ
လူငယ်တိုင်းကို သေသေချာချာ နားလည်စေချင်တယ် ..ဗျာ ..

Share

Reply to This

Replies to This Discussion

ကိုးကွယ် ယုံကြည်မှုမှာ ပေါ့လျော့နေတာ လူငယ်တွေတင် မဟုတ်ပါဘူ ..
လူကြီးတွေကအစ .. ဟိုးးးး ... ကလေးငယ်လေးတွေ အထိပါပဲ ..
မြန်မာစကားပုံ ရှိပါတယ် .. ( ခလုတ်ထိမှ အမိတ )တဲ့ .. အဲဒီလိုပါပဲ ..
ဗုဒ္ဓဘာသာကလွဲရင် တခြားဘာသာဝင်တိုင်းက ကိုးကွယ်ယုံကြည်မှုကို လေးလေးနက်နက်ရှိကြပါတယ် ..
အစ္စလာမ်ဘာသာဝင်တွေကိုကြည့်ရင် .. ကလေးဘ၀ကတည်းက ဘာသာရေးနဲ့ပတ်သက်ပြီး သင်တန်းတွေကို လေးလေးနက်နက်သင်ကြားပို့ချပေးနေကြတယ် .. အပတ်စဉ် ဗလီကျောင်းသွားနေရတယ် .. ဘာအလုပ်ပဲရှိရှိ .. ဘာကြီးပဲဖြစ်နေဖြစ်နေ ဗလီကျောင်းကိုတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ သွားနေကြပါတယ် ..
ခရစ်ယာန်ဘာသာဝင်တွေဆိုရင်လည်း ဒီအတိုင်းပဲ .. အမြဲတမ်း ဘုရားကျောင်းနဲ့ အဆက်မပြတ် သွားလာနေကြတာ .. စကားပြောရင်တောင် ဘုရားသခင်က မပါမဖြစ်ဘဲ ..
ဗုဒ္ဓဘာသာဝင်တွေကတော့ အခါကြီးရက်ကြီးမှာ ဘုရားသွားတာကိုက အပျော်သဘောလိုဖြစ်နေကြပြီ ..
သူများသွားလို့သာ သွားနေကြတာ .. ဥပုသ်နေ့မှာ ဥပုသ်စောင့်တာတောင် လူမြင်ကောင်းအောင် ဟန်ဆောင်နေကြတာ .. သီလဆိုတာဝေးပဲ ...

Reply to This

အင်း... နည်းနည်းပြောကြည့်မယ်နော်။ ကိုယ်က ကိုယ့်မြန်မာလူမျိုးတွေရဲ့ ဘာသာရေးခံယူချက်ကို အဲလိုမြင်တယ်လို့ထင်ရင် ကိုယ်ကိုယ်တိုင်လည်းပြန်စန်းစစ်ကြည့်ပါ။ အကယ်၍သာ ကိုယ်ကိုယ်တိုင်ကလည်း ပေါ့လျော့နေတာဆိုရင်တော့ ကိုယ့်လိုလူတွေများနေကြလို့ လို့ပဲ သတ်မှတ်ရမှာပါ။ သေချာတာကတော့ ဗုဒ္ဓဘာသာသည် (အခြားသောဘာသာတို့ထက်) အယူအစွဲကင်းနေခြင်းပါ။

Reply to This

အများနဲ့မတူတဲ့ ဆွေးနွေးချက်ကို တွေ့ရပါတယ်...။ ဒီထက်ပိုပြီး ရှင်းရှင်းလင်းလင်းလေး ပိုရှင်းပြနိုင်မယ်ဆိုရင် ပိုရှင်းပြစေချင်ပါတယ်။ အယူအစွဲကင်းတဲ့ဗုဒ္ဓဘာသာနဲ့ မိရိုးဖလာဗုဒ္ဓဘာသာ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာ (၃)မျိုးစလုံး ယှဉ်ပြောရင် ပိုရှင်းသွားမယ်ထင်ပါတယ်။ ဖြစ်နိုင်ရင် ရှင်းပြပေးပါ....

မစ်(စ်)သွန်းသွန်း said:

ခေတ်လူငယ်တွေ ဘာသာတရားနဲ့ ကင်းဝေးနေတာတော့ အမှန်တကယ်ပါ
သူတို့က ဒါကိုမှ ခေတ်မီတယ်လို့ ထင်တဲ့ လူတွေ အများကြီးလေ။
ဂုဏ်တော်ကိုးပါးဘာလဲဆိုတာ မသိတဲ့ လူငယ်တွေ အများကြီးပါ။ ဘုရားရှိခိုးဆိုရင် ကျောင်းမတက်ခင်ရှိခိုးတာ အကုန်ပဲ ထင်နေကြတာ။
တခြားဘာသာရေးတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တော်တော်လေးကို အသည်းနာဖို့ကောင်းပါတယ်။
အဲ....ဘယ်အချိန်မှာ ပြန်ပြီး စိတ်ဝင်စားလာမလဲဆိုတော့ ကိုကောင်းခန့်ဇံပြောသလိုပဲ ခလုတ်ထိမှ သိကြကော။
ဒါဆို အလွယ်လမ်းကို လိုက်ပြီ။
အရင်တုန်းက ရှိရင်းစွဲ မိရိုးဖလာ ဗုဒ္ဓဘာသာပေါ့
ဒုက္ခတွေ ကြုံလာတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဘက်ကို မလိုက်တော့ပဲ
နတ်ကိုးကွယ်ယုံကြည်မှု ဘာသာရေးဘက်ကို လိုက်သွားကော
အဓိက ကတော့ ဒီဘက်ခေတ်မှာ လောကီရေးက လောကုတ္တရာရေးထက် ပိုအရေးကြီးနေတော့လဲ.........

သိသလောက် မျှဝေတာနော်. ဆရာလုပ်တာ ဟုတ်ဘူး။

Reply to This

ပါဝင် ဆွေးနွေးတဲ့အတွက် ကျေးဇူးပါ
သူငယ်ချင်းပြောတာတွေလည်း မှန်ပါတယ်။

ပေဖူးလွှာ said:
ခေတ်လူငယ်တွေ ဘာသာတရားနဲ့ ကင်းဝေးနေတာတော့ အမှန်တကယ်ပါ
သူတို့က ဒါကိုမှ ခေတ်မီတယ်လို့ ထင်တဲ့ လူတွေ အများကြီးလေ။
ဂုဏ်တော်ကိုးပါးဘာလဲဆိုတာ မသိတဲ့ လူငယ်တွေ အများကြီးပါ။ ဘုရားရှိခိုးဆိုရင် ကျောင်းမတက်ခင်ရှိခိုးတာ အကုန်ပဲ ထင်နေကြတာ။
တခြားဘာသာရေးတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တော်တော်လေးကို အသည်းနာဖို့ကောင်းပါတယ်။
အဲ....ဘယ်အချိန်မှာ ပြန်ပြီး စိတ်ဝင်စားလာမလဲဆိုတော့ ကိုကောင်းခန့်ဇံပြောသလိုပဲ ခလုတ်ထိမှ သိကြကော။
ဒါဆို အလွယ်လမ်းကို လိုက်ပြီ။
အရင်တုန်းက ရှိရင်းစွဲ မိရိုးဖလာ ဗုဒ္ဓဘာသာပေါ့
ဒုက္ခတွေ ကြုံလာတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဘက်ကို မလိုက်တော့ပဲ
နတ်ကိုးကွယ်ယုံကြည်မှု ဘာသာရေးဘက်ကို လိုက်သွားကော
အဓိက ကတော့ ဒီဘက်ခေတ်မှာ လောကီရေးက လောကုတ္တရာရေးထက် ပိုအရေးကြီးနေတော့လဲ.........

သိသလောက် မျှဝေတာနော်. ဆရာလုပ်တာ ဟုတ်ဘူး။

Reply to This

ဟုတ်ကဲ့ ၊ အဓိက ညီမပြောချင်တာက ညီမတို့မြန်မာလူမျိုးတွေ ရေလဲသုံးလေ့ရှိတဲ့ ကိုယ့်အမျိုးကိုယ်အထင်အမြင်သေးခြင်း စကားအချို့ပါ။ မြန်မာလူမျိုးတော်တော်များများ အပြင်မှာရောက်နေကြတဲ့သူတွေ စည်းမရှိကမ်းမရှိမီးနီမှာလမ်းဖြတ်ကူးရင်တောင် “အဟား..မြန်မာပီသတယ်”လို့ ကိုယ့်ပါးစပ်ကကိုယ်ထွက်တတ်ကြပါတယ်။ လမ်းဘေးမှာ အမှိုက်ပစ်မိတာ၊ တွံတွေးထွေးမိတာ၊ ကိစ္စတစ်ခုခုဆို ရန်ဖြစ်မတတ်ငြင်းခုန်ကြတာ... ဒါတွေဟာ မြန်မာလူမျိုးတွေ လုပ်လေ့ရှိတဲ့အလုပ်၊ ဒါတွေဒီလိုတွေ လုပ်တာ မြန်မာမို့လို့ လို့အသိထဲမှာစွဲပြီး မြန်မာပီသတယ်ချည်းပြောနေတတ်ကြပါတယ်။ အခုဆိုရင်လည်း မြန်မာလူမျိုးတွေ ဘာသာရေးမှာ အားနည်းတယ်လို့ ထင်ပြန်ပြီရှင်။ အကယ်၍ တစ်ကယ်တမ်းဒီလိုမြင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို အရင်စမ်းစစ်ပါလို့ ပြောချင်ပါတယ်။ တစ်ကယ်တမ်း ဘာသာရေးလုပ်တဲ့ ဘာသာတရားကိုအလေးထားတဲ့ ဗုဒ္ဓဘာသာမြန်မာလူငယ်တွေ အများကြီးပါ။ ကိုယ်မလုပ်တာနဲ့ မြန်မာလူငယ်တွေ ဘာသာရေးအလေးမထားကြဘူးပြောတာကိုတော့ ညီမအနေနဲ့လက်မခံနိုင်တာအမှန်ပါ။ မိရိုးဖလာကြောင့် ဗုဒ္ဓဘာသာရယ်လို့ခံယူတဲ့ လူတော်တော်များများကိုတောင် မေးကြည့်ပါ။ သူတို့ဘုရားဟောတွေ တိတိပပမသိရင်တောင် ငါတို့သည်ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ခံယူချက်ကတော့ မလျော့ပါးပါဘူး။ ထေရဝါဒ ဗုဒ္ဓဘာသာမည်သည် ဗုဒ္ဓသာသနာအစစ်အမှန်ကို ကိုယ်တိုင်သဘောပေါက်ပြီး စိတ်ချယုံကြည်လက်ခံထားသည့် ဘာသာမျိုးပါ။ ညီမကိုယ်တိုင်လည်း မိရိုးဖလာထက် ထေရဝါဒဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်ဖို့ ကြိုးစားဆဲပါ။ ညီမပြောချင်တဲ့ ဗုဒ္ဓဘာသာသည် (အခြားသောဘာသာဝင်တို့ထက်) အယူအဆွဲကင်းနေခြင်းဆိုတာက ညီမတို့ဗုဒ္ဓဘုရားဟောခဲ့ခြင်းက ငါဘုရားတရားပြသည် ယုံကြည်ရမည် လို့မရှိပါဘူး။ မြတ်စွာဘုရားပြခဲ့တဲ့တရားတော်ကို ယုံကြည်က ယုံကြည်နိုင်၍ မယုံကြည်လျှင်လည်း အတင်းအကျပ်တိုက်တွန်းတတ်သည့် ဘာသာမျိုးမဟုတ်ဘူးလို့ မှတ်သားရဖူးပါတယ်။ ဤသည်မှာ ဗုဒ္ဓဘာသာ၏ လွတ်လပ်ပိုင်ခွင့်လို့ မြင်ပါတယ်။ ဤ Topic ကို တင်သောသူသည် အခြားသောဘာသာဝင်များ မည်သည့်ကိစ္စပင်ဖြစ်စေ ဘုရား ဘုရား တဖွဖွရွတ်တိုင်း ဘာသာရေးကိုင်းရှိုင်းသူများ ၊ မည်သည့်နေ့ မည်ပုံပြုရမည်ဆိုတိုင်း ဘာသာရေးလေးနက်သူများဟု အထင်ရောက်ဟန်ရှိပါသည်။ ထိုသို့ဆိုလျှင် ဦးဆန်းလွင်၏ ရတနာသုံးပါးကိုကိုးကွယ်ယုံကြည်ဆည်းကပ်လာသူတစ်ယောက်အကြောင်း ဆိုတဲ့ စာအုပ်ပေါင်းချုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။ ဗုဒ္ဓသာသာဝင်အချို့မှ မဟုတ်ပါဘူး အခြားသာဘာသာဝင်များ၌လည်း မိမိစိတ်မှတစ်ထစ်ချယုံကြည်၍မဟုတ်ဘဲ လူမျိုးကျင့်ဝတ်တစ်ခုအရ လိုက်လံကျင့်ဝတ်သူများလည်းရှိတတ်ကြောင်းကို သိစေချင်ပါတယ်။

minthuta said:
အများနဲ့မတူတဲ့ ဆွေးနွေးချက်ကို တွေ့ရပါတယ်...။ ဒီထက်ပိုပြီး ရှင်းရှင်းလင်းလင်းလေး ပိုရှင်းပြနိုင်မယ်ဆိုရင် ပိုရှင်းပြစေချင်ပါတယ်။ အယူအစွဲကင်းတဲ့ဗုဒ္ဓဘာသာနဲ့ မိရိုးဖလာဗုဒ္ဓဘာသာ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာ (၃)မျိုးစလုံး ယှဉ်ပြောရင် ပိုရှင်းသွားမယ်ထင်ပါတယ်။ ဖြစ်နိုင်ရင် ရှင်းပြပေးပါ....

မစ်(စ်)သွန်းသွန်း said:
အင်း... နည်းနည်းပြောကြည့်မယ်နော်။ ကိုယ်က ကိုယ့်မြန်မာလူမျိုးတွေရဲ့ ဘာသာရေးခံယူချက်ကို အဲလိုမြင်တယ်လို့ထင်ရင် ကိုယ်ကိုယ်တိုင်လည်းပြန်စန်းစစ်ကြည့်ပါ။ အကယ်၍သာ ကိုယ်ကိုယ်တိုင်ကလည်း ပေါ့လျော့နေတာဆိုရင်တော့ ကိုယ့်လိုလူတွေများနေကြလို့ လို့ပဲ သတ်မှတ်ရမှာပါ။ သေချာတာကတော့ ဗုဒ္ဓဘာသာသည် (အခြားသောဘာသာတို့ထက်) အယူအစွဲကင်းနေခြင်းပါ။

Reply to This

ဘာသာရေးအကြောင်းပြောရင်တော့ နှုတ်ပိတ်နေတာ အကောင်းဆုံးပါပဲ ..
ဒီလို ဗုဒ္ဓဘာသာကို လုပ်ဆောင်မှုနည်းလာတာဟာ ... ဘယ်လူပုဂ္ဂိုလ်တွေမှာမှ အပြစ်မရှိဘူးလို့ ထင်တာပါပဲ ...။ ပြောရရင်တော့ ကိုးကွယ်သူတွေမှာ အပြစ်မရှိပါဘူး ...။
ဈေးဝယ် ဈေးရောင်းသလိုပြောရရင် စားသုံးသူတွေမှာ အပြစ်မရှိပါ ...။

Reply to This

ပထမဆုံး ညီမကို ကျေးဇူးတင်စကားပြောပါရစေ....
ဒီပို့စ်ကို အထူးတလည် စိတ်ဝင်တစားဝင်ရောက်ဆွေးနွေးပေးတဲ့အတွက်ပါ....
တစ်ကယ်တမ်း ဘာသာရေးလုပ်တဲ့ ဘာသာတရားကိုအလေးထားတဲ့ ဗုဒ္ဓဘာသာမြန်မာလူငယ်တွေ အများကြီးပါ။
ဒီစကားဟာ ညီမဆွေးနွေးသွားတဲ့အချက်ပါ....
ဒီတော့ ဒီစကားဘယ်လောက်မှန်ကန်ပါသလဲဆိုတာ...ဆန်းစစ်ကြည့်ရအောင်....
ဘာသာတရားကို အလေးထားတဲ့ဗုဒ္ဒဘာသာဝင်မြန်မာလူငယ်အများကြီးပါလို့ဆိုတော့...
အဲဒီ မြန်မာလူငယ်တွေကို ညီမ ဘယ်မှာတွေ့ခဲ့မိတာပါသလဲ။
ဗုဒ္ဒဘာသာဝင်မြန်မာလူငယ်အားလုံးရဲ့ ဘယ်နှစ်ရာခိုင်နှုန်းလောက်ကို တွေ့မြင်နေတာပါသလဲ။
တွေ့မြင်ခဲ့တဲ့ ဗုဒ္ဒဘာသာဝင်မြန်မာလူငယ်အားလုံးသည် ဗုဒ္ဒဘာသာဝင်တစ်ဦး၏တာဝန်(ပန်းတိုင်)များကို မည်သို့နားလည်လက်ခံသဘောပေါက်ထားသည့် လူငယ်များဖြစ်ကြပါသနည်း။
ငါတို့သည်ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ခံယူချက်ကတော့ မလျော့ပါးပါဘူး
ဆိုတော့ ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ခံယူချက်နဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်ဟု ညီမအနေနဲ့ လက်ခံယုံကြည်ထားပါသလား။
ဒါဆို ညီမသိထားတဲ့ လက်ခံထားတဲ့ ဗုဒ္ဒဘာသာဝင်တစ်ဦးရဲ့ ကျင့်ဝတ်၊ ပန်းတိုင်၊ လမ်းစဉ်တွေကို တစ်ချက်လောက် သိပါရစေ။
ရတနာသုံးပါးကိုကိုးကွယ်ယုံကြည်ဆည်းကပ်လာသူတစ်ယောက်အကြောင်းစာအုပ်ကို ညွှန်ပြတဲ့ အတွက် ကျေးဇူးတင်ပါသည်။ ဖတ်ရှုပါဦးမည်။

မစ်(စ်)သွန်းသွန်း said:
ဟုတ်ကဲ့ ၊ အဓိက ညီမပြောချင်တာက ညီမတို့မြန်မာလူမျိုးတွေ ရေလဲသုံးလေ့ရှိတဲ့ ကိုယ့်အမျိုးကိုယ်အထင်အမြင်သေးခြင်း စကားအချို့ပါ။ မြန်မာလူမျိုးတော်တော်များများ အပြင်မှာရောက်နေကြတဲ့သူတွေ စည်းမရှိကမ်းမရှိမီးနီမှာလမ်းဖြတ်ကူးရင်တောင် “အဟား..မြန်မာပီသတယ်”လို့ ကိုယ့်ပါးစပ်ကကိုယ်ထွက်တတ်ကြပါတယ်။ လမ်းဘေးမှာ အမှိုက်ပစ်မိတာ၊ တွံတွေးထွေးမိတာ၊ ကိစ္စတစ်ခုခုဆို ရန်ဖြစ်မတတ်ငြင်းခုန်ကြတာ... ဒါတွေဟာ မြန်မာလူမျိုးတွေ လုပ်လေ့ရှိတဲ့အလုပ်၊ ဒါတွေဒီလိုတွေ လုပ်တာ မြန်မာမို့လို့ လို့အသိထဲမှာစွဲပြီး မြန်မာပီသတယ်ချည်းပြောနေတတ်ကြပါတယ်။ အခုဆိုရင်လည်း မြန်မာလူမျိုးတွေ ဘာသာရေးမှာ အားနည်းတယ်လို့ ထင်ပြန်ပြီရှင်။ အကယ်၍ တစ်ကယ်တမ်းဒီလိုမြင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို အရင်စမ်းစစ်ပါလို့ ပြောချင်ပါတယ်။ တစ်ကယ်တမ်း ဘာသာရေးလုပ်တဲ့ ဘာသာတရားကိုအလေးထားတဲ့ ဗုဒ္ဓဘာသာမြန်မာလူငယ်တွေ အများကြီးပါ။ ကိုယ်မလုပ်တာနဲ့ မြန်မာလူငယ်တွေ ဘာသာရေးအလေးမထားကြဘူးပြောတာကိုတော့ ညီမအနေနဲ့လက်မခံနိုင်တာအမှန်ပါ။ မိရိုးဖလာကြောင့် ဗုဒ္ဓဘာသာရယ်လို့ခံယူတဲ့ လူတော်တော်များများကိုတောင် မေးကြည့်ပါ။ သူတို့ဘုရားဟောတွေ တိတိပပမသိရင်တောင် ငါတို့သည်ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ခံယူချက်ကတော့ မလျော့ပါးပါဘူး။ ထေရဝါဒ ဗုဒ္ဓဘာသာမည်သည် ဗုဒ္ဓသာသနာအစစ်အမှန်ကို ကိုယ်တိုင်သဘောပေါက်ပြီး စိတ်ချယုံကြည်လက်ခံထားသည့် ဘာသာမျိုးပါ။ ညီမကိုယ်တိုင်လည်း မိရိုးဖလာထက် ထေရဝါဒဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်ဖို့ ကြိုးစားဆဲပါ။ ညီမပြောချင်တဲ့ ဗုဒ္ဓဘာသာသည် (အခြားသောဘာသာဝင်တို့ထက်) အယူအဆွဲကင်းနေခြင်းဆိုတာက ညီမတို့ဗုဒ္ဓဘုရားဟောခဲ့ခြင်းက ငါဘုရားတရားပြသည် ယုံကြည်ရမည် လို့မရှိပါဘူး။ မြတ်စွာဘုရားပြခဲ့တဲ့တရားတော်ကို ယုံကြည်က ယုံကြည်နိုင်၍ မယုံကြည်လျှင်လည်း အတင်းအကျပ်တိုက်တွန်းတတ်သည့် ဘာသာမျိုးမဟုတ်ဘူးလို့ မှတ်သားရဖူးပါတယ်။ ဤသည်မှာ ဗုဒ္ဓဘာသာ၏ လွတ်လပ်ပိုင်ခွင့်လို့ မြင်ပါတယ်။ ဤ Topic ကို တင်သောသူသည် အခြားသောဘာသာဝင်များ မည်သည့်ကိစ္စပင်ဖြစ်စေ ဘုရား ဘုရား တဖွဖွရွတ်တိုင်း ဘာသာရေးကိုင်းရှိုင်းသူများ ၊ မည်သည့်နေ့ မည်ပုံပြုရမည်ဆိုတိုင်း ဘာသာရေးလေးနက်သူများဟု အထင်ရောက်ဟန်ရှိပါသည်။ ထိုသို့ဆိုလျှင် ဦးဆန်းလွင်၏ ရတနာသုံးပါးကိုကိုးကွယ်ယုံကြည်ဆည်းကပ်လာသူတစ်ယောက်အကြောင်း ဆိုတဲ့ စာအုပ်ပေါင်းချုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။ ဗုဒ္ဓသာသာဝင်အချို့မှ မဟုတ်ပါဘူး အခြားသာဘာသာဝင်များ၌လည်း မိမိစိတ်မှတစ်ထစ်ချယုံကြည်၍မဟုတ်ဘဲ လူမျိုးကျင့်ဝတ်တစ်ခုအရ လိုက်လံကျင့်ဝတ်သူများလည်းရှိတတ်ကြောင်းကို သိစေချင်ပါတယ်။

minthuta said:
အများနဲ့မတူတဲ့ ဆွေးနွေးချက်ကို တွေ့ရပါတယ်...။ ဒီထက်ပိုပြီး ရှင်းရှင်းလင်းလင်းလေး ပိုရှင်းပြနိုင်မယ်ဆိုရင် ပိုရှင်းပြစေချင်ပါတယ်။ အယူအစွဲကင်းတဲ့ဗုဒ္ဓဘာသာနဲ့ မိရိုးဖလာဗုဒ္ဓဘာသာ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာ (၃)မျိုးစလုံး ယှဉ်ပြောရင် ပိုရှင်းသွားမယ်ထင်ပါတယ်။ ဖြစ်နိုင်ရင် ရှင်းပြပေးပါ....

မစ်(စ်)သွန်းသွန်း said:
အင်း... နည်းနည်းပြောကြည့်မယ်နော်။ ကိုယ်က ကိုယ့်မြန်မာလူမျိုးတွေရဲ့ ဘာသာရေးခံယူချက်ကို အဲလိုမြင်တယ်လို့ထင်ရင် ကိုယ်ကိုယ်တိုင်လည်းပြန်စန်းစစ်ကြည့်ပါ။ အကယ်၍သာ ကိုယ်ကိုယ်တိုင်ကလည်း ပေါ့လျော့နေတာဆိုရင်တော့ ကိုယ့်လိုလူတွေများနေကြလို့ လို့ပဲ သတ်မှတ်ရမှာပါ။ သေချာတာကတော့ ဗုဒ္ဓဘာသာသည် (အခြားသောဘာသာတို့ထက်) အယူအစွဲကင်းနေခြင်းပါ။

Reply to This

ဘာသာရေးနဲ့ ပတ်သက်တယ်ဆိုတော့လည်း ကျွန်တော် ၀င်ရောက် ဆွေးနွေးပါ့မယ်။ လူတစ်ယောက်ဆီမှာ ဘာသာတရား၊ ကိုးကွယ် ယုံကြည်မှု၊ ဒါတွေက မွေးကတည်းက လွှမ်းမိုးထားတယ်။ အဲ့တော့ ဘယ်လို လွှ့မ်းမိုးမှုလဲ။ အခြားဘာသာကို ကျွန်တော် မပြောဘူး။ ဒီ topic က ဗုဒ္ဓဘာသာကို ဦးတည်တဲ့အတွက် ဒါကိုပဲ ကျွန်တော် ဆွေးနွေးပါ့မယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ မွေးကတည်းက လွှမ်းမိုးခြင်းခံရတယ်ဆိုတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲ့ဒီလွမ်းမိုးမှုဆိုတာမှာ တကယ်ကော သက်ဝင်ယုံသလား။ တကယ်ကော ကိုးကွယ်ထိုက်လို့ ကိုးကွယ်ကြတာလား။ မိဘက ကိုးကွယ်ဆည်းကပ် ပူဇော်နေလို့ လိုက်ပူဇော်နေတာလား။ အခုအချိန်မှာ မြန်မာတော်တော်များများဟာ မိဘကိုးကွယ်လို့ လိုက်ကိုးကွယ်တာ များပါတယ်။ အဲ့တော့ ကျွန်တော့်ကို စော်ကားလှချည်လားလို့ ပြောပါလိမ့်မယ်။ ဒါစော်ကားတာ မဟုတ်ဘူးဗျ။ တကယ့် ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို နားမလည်ကြတော့ဘူး။ လူငယ်တွေကို လက်ညှိုးမထိုးနဲ့ဦး ၊ လူကြီးတွေကပါ အယူအဆတွေ လွဲမှားစွာနဲ့ ကိုးကွယ်ကြတယ်။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှာ ရှိသင့် ရှိထိုက်တာတွေကို နားမလည်ကြဘူး။ မွေးလာတဲ့ သားသမီးတွေက ဘယ်လိုလုပ် နားလည်မလဲ။ နတ်တွေကို ကိုးကွယ်ကြတယ်။ ဗေဒင်ကို အလွန်အကျူး ယုံကြည်ကြတယ်။ ဘာမှ မဟုတ်တဲ့ (၃၇)မင်းနတ်တွေကိုတော့ အမြဲတမ်း ပူဇော်ပသနေပြီး ၊ ဘုရားအတွက်ကတော့ ဆွမ်းတစ်ခွက်တောင် မကပ်ရက်ကြဘူး။ ဖြစ်နေကြတာတွေပါ။ တကယ့်ကို ရင်နာစရာကောင်းတယ်။ အဲ့တော့ အကုန်လုံးကို သိမ်းကျုံးမပြောပါနဲ့လို့ ချေပကြမယ်။ အကုန်လုံးမဟုတ်ပေမယ့် တော်တော်များများ ၊ မြန်မာ ဗုဒ္ဓဘာသာဝင် တော်တော်များများ အယူလွဲမှားနေတယ်။ ကိုးကွယ်မှုတွေ လွဲချော်နေတယ်။ ကိုယ့် ပတ်ဝန်းကျင်ကိုပဲ ကိုယ်ပြန်ပြီး စမ်းစစ်ကြည့်ကြပါဦး။ ဗေဒင်ကို မယုံကြည်တဲ့သူ ရှိသလား၊ နတ်ကို မကိုးကွယ်တဲ့သူ ရှိသလား။ လူငယ်တွေကအစ ဖြစ်လာရင် ဗေဒင်ဆီပြေးတာပဲ။ ဗေဒင်ကိုးကွယ်ယုံကြည်မှုကို ဗုဒ္ဓက ပယ်ချ တားမြစ်ထားတယ်ဆိုတာ မသိကြဘူးလား။ နတ်ကိုးကွယ်ရင် သရဏဂုံပျက်တယ်ဆိုတာ မသိကြဘူးလား။ ပြောတာ ပြောရတာ ... သရဏဂုံဆိုတာကိုကော နားမလည်ကြတာ များပါတယ်။

Reply to This

အစ်ကိုပြောတာတွေ အားလုံးမှန်ပါတယ်....ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို မသိပဲ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်တစ်ယောက်လို့ ခံယူထားတဲ့သူတွေအတွက် ဒီစကားက အမှန်ဆုံးဖြစ်လိမ့်မယ်.....

လင်းဦး(စိတ်ပညာ) said:
ဘာသာရေးနဲ့ ပတ်သက်တယ်ဆိုတော့လည်း ကျွန်တော် ၀င်ရောက် ဆွေးနွေးပါ့မယ်။ လူတစ်ယောက်ဆီမှာ ဘာသာတရား၊ ကိုးကွယ် ယုံကြည်မှု၊ ဒါတွေက မွေးကတည်းက လွှမ်းမိုးထားတယ်။ အဲ့တော့ ဘယ်လို လွှ့မ်းမိုးမှုလဲ။ အခြားဘာသာကို ကျွန်တော် မပြောဘူး။ ဒီ topic က ဗုဒ္ဓဘာသာကို ဦးတည်တဲ့အတွက် ဒါကိုပဲ ကျွန်တော် ဆွေးနွေးပါ့မယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ မွေးကတည်းက လွှမ်းမိုးခြင်းခံရတယ်ဆိုတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲ့ဒီလွမ်းမိုးမှုဆိုတာမှာ တကယ်ကော သက်ဝင်ယုံသလား။ တကယ်ကော ကိုးကွယ်ထိုက်လို့ ကိုးကွယ်ကြတာလား။ မိဘက ကိုးကွယ်ဆည်းကပ် ပူဇော်နေလို့ လိုက်ပူဇော်နေတာလား။ အခုအချိန်မှာ မြန်မာတော်တော်များများဟာ မိဘကိုးကွယ်လို့ လိုက်ကိုးကွယ်တာ များပါတယ်။ အဲ့တော့ ကျွန်တော့်ကို စော်ကားလှချည်လားလို့ ပြောပါလိမ့်မယ်။ ဒါစော်ကားတာ မဟုတ်ဘူးဗျ။ တကယ့် ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို နားမလည်ကြတော့ဘူး။ လူငယ်တွေကို လက်ညှိုးမထိုးနဲ့ဦး ၊ လူကြီးတွေကပါ အယူအဆတွေ လွဲမှားစွာနဲ့ ကိုးကွယ်ကြတယ်။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှာ ရှိသင့် ရှိထိုက်တာတွေကို နားမလည်ကြဘူး။ မွေးလာတဲ့ သားသမီးတွေက ဘယ်လိုလုပ် နားလည်မလဲ။ နတ်တွေကို ကိုးကွယ်ကြတယ်။ ဗေဒင်ကို အလွန်အကျူး ယုံကြည်ကြတယ်။ ဘာမှ မဟုတ်တဲ့ (၃၇)မင်းနတ်တွေကိုတော့ အမြဲတမ်း ပူဇော်ပသနေပြီး ၊ ဘုရားအတွက်ကတော့ ဆွမ်းတစ်ခွက်တောင် မကပ်ရက်ကြဘူး။ ဖြစ်နေကြတာတွေပါ။ တကယ့်ကို ရင်နာစရာကောင်းတယ်။ အဲ့တော့ အကုန်လုံးကို သိမ်းကျုံးမပြောပါနဲ့လို့ ချေပကြမယ်။ အကုန်လုံးမဟုတ်ပေမယ့် တော်တော်များများ ၊ မြန်မာ ဗုဒ္ဓဘာသာဝင် တော်တော်များများ အယူလွဲမှားနေတယ်။ ကိုးကွယ်မှုတွေ လွဲချော်နေတယ်။ ကိုယ့် ပတ်ဝန်းကျင်ကိုပဲ ကိုယ်ပြန်ပြီး စမ်းစစ်ကြည့်ကြပါဦး။ ဗေဒင်ကို မယုံကြည်တဲ့သူ ရှိသလား၊ နတ်ကို မကိုးကွယ်တဲ့သူ ရှိသလား။ လူငယ်တွေကအစ ဖြစ်လာရင် ဗေဒင်ဆီပြေးတာပဲ။ ဗေဒင်ကိုးကွယ်ယုံကြည်မှုကို ဗုဒ္ဓက ပယ်ချ တားမြစ်ထားတယ်ဆိုတာ မသိကြဘူးလား။ နတ်ကိုးကွယ်ရင် သရဏဂုံပျက်တယ်ဆိုတာ မသိကြဘူးလား။ ပြောတာ ပြောရတာ ... သရဏဂုံဆိုတာကိုကော နားမလည်ကြတာ များပါတယ်။

Reply to This

မိရိုးဖလာအဆင့်လောက်ပဲအများစုတွေ့နေရပါတယ်....တစ်ချို့ဆို ငါးပါးသီလတောင်မှဘာမှန်းတိတိကျကျမသိကြသေးဘူး........ယဉ်ကျေးမှုသင်တန်းတွေလည်းမရှိသလောက်ကိုနည်းသွားပါပြီ ဒါတွေကြောင့်အကောင်းဆုံးအကြံပေးချင်တာကတော့ သရဏဂုံတော့ ရအောင်တည်ကြပါလို့ပြောချင်ပါတယ်...သရဏဂုံတည်လို့ အကျိုးဘယ်လောက်များတယ်ဆိုတာ ဘုရားဟောထဲမှာအများကြီးပါပဲဗျာ.....

Reply to This

ကျွန်တော်တို့ မြန်မာ၊ ဗုဒ္ဓဘာသာမြန်မာလူငယ်တွေကတော့ အခါကြီးရက်ကြီးဆိုရင်တောင်
လုပ်ဖို့ ၀န်လေးနေတတ်ကြတယ်၊ (များသောအားဖြင့်ပါ)

အဲဒါက ကိုယ်နေထိုင်တဲ့ပါတ်ဝန်းကျင်ကြောင့်လို့ပဲ ကျွန်တော်ထင်ပါတယ်.. တံငါနားနီး တံငါ.. မုဆိုးနားနီး မုဆိုးပေါ.. ဒီလောက်ဆိုဘာကိုပြောလည်းဆိုတာ သဘောပေါက်မယ်ထင်ပါတယ်..

နောက်တချက်က မိဘတွေရဲ့ သင်ကြားပေးမှု၊ ဆိုဆုံးမမှုပေါ်မှာလည်းမူတည်ပါတယ်.. မိဘက ငယ်စဉ်ကတည်းက မသင်ကြားပေးရင် သူဟာ ညတိုင်း ဘုရားကန်တော့ဖို့ သိချင်မှသိမယ်.. အဖေအမေကို ဦးချကန်တော့ပြီးမှ အိပ်ရမယ် ဆိုတာကိုသိချင်မှသိမယ်.. ဘုရားစာတွေ ရချင်မှရမယ်.. မိဘရဲ့ သင်ကြားမှုဟာလည်း အရေးပါပါတယ်..

ဒီလောက်ပြောရင် နောက်ကျန်တဲ့အပိုင်းတွေကိုပါ ဆက်လက်စဉ်းစားလို့ ရမယ်ထင်ပါတယ်..

ဒါဟာ ဒီ Topic မှာရေးထားတာကို ကျွန်တော့်အမြင်ကို ပြန်လည် Discuss လုပ်တာပါ.. အားလုံးအမြင်ကွဲလွဲနိုင်ပါတယ်.. လူတယောက်နဲ့တယောက် အမြင်မတူကြပါဘူး။ ဒါကြောင့် သူ့အမြင် ကိုယ့်အမြင်ကို ပြန်လည်ဝေမျှပေးစေချင်ပါတယ်။ ကိုယ်သိတယ်ဆို ကိုယ်ရေးချပြလိုက်ပါ.. ကိုယ်ပြန်ပြောလိုက်တဲ့ မေးလိုက်တဲ့ စကားလုံပာာ Squint (or) Inclined to quarrel စကားလုံးတွေမဖြစ်ဖို့တော့လိုပါတယ်.. ကျေးဇူးတင်ပါတယ်.. ပြန်လည်မေးခွန်းထုတ်ခြင်းသီခံပါ..

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service