Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ပီကေ

Blog အသစ်များ ကူညီဖန်တီးပေးနိုင်ရန်

MBS.ning ရဲ့ ရည်ရွယ်ချက်က “ဘလော့ဂါများအချင်းချင်း ပိုမိုရင်းနှီးမှု ရနိုင်ရန် ဆုံရပ်တစ်ခုအဖြစ် ဖန်တီးခြင်း” ဆိုတာအပြင် “ဘလော့ဂ်ရေးရန် စိတ်ဝင်စားသူများအား ဘလော့ဂါများမှ ၀ိုင်းဝန်းကူညီ အားပေးရန်” ဆိုတာလည်း ပါပါတယ်။ ဒါကြောင့် ဒုတိယပြောတဲ့ ရည်ရွယ်ချက် အထမြောက်နိုင်အောင် ကျနော်တို့ ဘလော့ဂါများအနေနဲ့ စိတ်ဝင်စားသူတွေကို (နှုတ်၏ဆောင်မခြင်း) ဖိတ်ခေါ်မှုအပြင်၊ (လက်၏ဆောင်မခြင်း) ဘလော့ဂ်ဖန်တီးပေးခြင်း ကိုပါ ၀ိုင်းဝန်းဖေးမပေးဖို့ တိုက်တွန်းချင်ပါတယ်။ ဒါကြောင့် ဘလော့ဂ်နဲ့ မရင်းနှီး မနီးစပ်သူတွေကို ဘလော့ဂ်တစ်ခု အပြီးသတ် ဖန်တီးပေးရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ ဘလော့ဂ်လုပ်ချင်သူ တစ်ဦးဦးက ဘလော့ဂ်တစ်ခု လုပ်ချင်ပါတယ်လို့ လာရောက် တောင်းဆိုရင် ကျနော်တို့က အခြေခံကျတဲ့ ဘလော့ဂ်တစ်ခု ဖန်တီးပေးပြီး သူ့ကို လက်လွှဲပေးလိုက်မယ်။ ကျန်တာတွေကို လေ့လာဖို့ သူဖာသာ ဆက်ပြီး ကြိုးစားရမယ်။ လုပ်ငန်းအတော်များများက အစပြုဖို့ ခက်လို့ မလုပ်ဖြစ်ကြတာလို့ ယူဆမိတယ်။ ဒါကြောင့် ကျနော်တို့က အစပြုပေးတဲ့ အနေနဲ့ ဘလော့ဂ်တစ်ခု အကြမ်းဖျင်းလေး ဖန်တီးပေးလိုက်မယ်။ ဒါဆို သူ့အနေနဲ့ ဆက်လုပ်ဖို့ လမ်းစ ရသွားမယ်။ အခု ကျနော် တင်ပြသွားတဲ့ တောင်းဆိုမှုကြောင့် ဘလော့ဂ်လေးတွေကို လိုက်လံဖန်တီး ပေးဖို့ ဆိုတာ တစ်ယောက်အားနဲ့ မဖြစ်တဲ့အတွက် Volunteer များများ စားစား လိုအပ်ပါတယ်။ တကယ်လို့ ဘလော့ဂ်တစ်ခု ဖန်တီးပေးဖို့ Volunteer အနေနဲ့ ကူညီပေးချင်သူများ ဒီနေရာမှာ ကွန်းမန့်လေးချပြီး စာရင်းပေးစေချင်ပါတယ်။ Blogger.com သမားတို့၊ Wordpress သမားတို့၊ အားလုံး ၀ိုင်းဝန်း ကူညီပေးစေချင်ပါတယ်။ Volunteer List ရမှ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတာ ဆွေးနွေးကြရအောင်။

ဘလော့ဂ်ဖန်တီးရှင်များ အဖွဲ့ ဖြစ်မြောက်လာပြီ ဆိုရင် စိတ်ဝင်စားသူတွေ၊ ဘလော့ဂ် လုပ်ချင်သူတွေ အတွက် လာရောက် စာရင်းပေးနိုင်မယ့် နေရာလေးတစ်ခု ဖန်တီးပေးပါ့မယ်။ ဘလော့ဂ်လောကကြီး တိုးတက်ကြီးပွား စည်ပင်လာဖို့ အားလုံး တက်အားသရွေ့ တစ်ဖက်တစ်လမ်းကနေ ၀ိုင်းဝန်း ကူညီစေချင်ပါတယ်။

Tags: invitation

Share

Reply to This

Replies to This Discussion

ကျွန်တော်တို့က ဘယ်လိုလုပ်ရတယ်ဆိုတာကို Powerpoint, flash သို့ website ပေါ်မှာတင်ထားရင်ပိုအဆင်ပြေမယ်ထင်တယ်။ အကြောင်းပြချက်ကိုအောက်မှာဖတ်ကြည့်ပါ။

Blogger.com
ကျွန်တော်တို့က သူ့ google account password မရှိဘဲ blogger မှာ blog ကိုဘယ်လိုလုပ်ပေးမလဲ။

-ကိုယ့် mail အောက်ကဖွင့်ပြီး သူ့ကို admin / writer တစ်ယောက်အဖြစ်ထားပေးမှာလား?
အစပိုင်းမှာ အဆင်ပြေပေမယ့် နောက်ပိုင်းမှာ အရမ်းအလုပ်ရှုပ်လာနိုင်တယ်။

Wordpress
www.wordpress.com ဆိုရင်လည်း email address တောင်းမှာဘဲ ဘယ်မေးလ်ကိုပေးမှာလဲ။

ကိုယ်ပိုင် Hosting နဲ့သုံးမှာလား? ဒါဆိုဘယ်မှာ Hosting လုပ်ပေးမှာလဲ အလကားရတဲ့ Hosting တွေက နှစ်နှစ်လောက်ဘဲခံတော့ အဆင်မပြေဘူး။

ကျွန်တော်ကကူညီချင်ပါတယ်။ ဘလော့ကိုစိတ်ဝင်စားလို့ လုပ်ချင်သူ သူငယ်ချင်းတွေကို လည်းဘလော့ကိုလိုက်လုပ်ပေးဖူးပါတယ်။ မေးစရှိရင်တော့ ကျွန်တော့ကို မေးလ်ပို့ပြီးမေးနိုင်ပါတယ်။ ကျွန်တော်သိသလောက်ဖြေပေးမှာပါ။

Reply to This

ကျွန်တော့်အထင်..မြန်မာပြည်မှာပေါ့နော်..အင်တာနက်ကို စိတ်ဝင်စားသူတိုင်း google mail account
ရှိကြမယ်ထင်တယ်..အရင်နဲမတူတော့ဘူလေ။ ကျွန်တော်..အင်တာနက်ဆိုတာကို စတင် စိတ်ဝင်စား ချိန်မှာ ကျွန်တော့်ဘေးမှာ..free mail account ရှိသူတော်တော်ရှားပါတယ်..ခုချိန်မှာ internet ဆိုတာနဲ့ google account ကိုအရင်လုပ်ကြတာများတယ် google account မရှိရင်..အင်တာနက့် သုံးတတ်ဖို့ လည်းတော်တော်
ဝေးမယ်ထင်တယ်.. နောက်ပြီး.. ကျွန်တော်ကတော့..သူများလုပ်ပေးတယ်ဆိုတာထက်.. ကိုယ့်ဘာသာ သိချင်တဲ့စိတ်...ပေါ်လာပြီး..စ လုံးရေ စတာကောင်းပါတယ်..ဘာလုပ်ခြင်းတယ်. ဘာကိုသွားဖတ်လိုက် .. ဘယ်ဘလော့မှာ ဘာရေးထားတယ်..ဒါမျိုး လေး လမ်းကြောင်းပေးခြင်းက..ပိုပြီးထိရောက် မယ်ထင်ပါတယ်..

Reply to This

ကူညီဖို့..လောက်ထိ..မတတ်ကျွမ်းသေးပါဘူ..ကိုပီကေ ရေ.. ဒါပေမယ့်.. နည်းနည်းပါးပါးတော့..ကိုယ်သိသလောက် ပြောပြ..ကူညီနိုင်မယ်ထင်တယ်.. ကူညီပါမယ်... ဒါပေမယ့်..ကျွန်တော်လည်းအစ..ပဲရှိသေးတယ်..let go ahead together .. to blog.. ပေါ့ဗျာ....

Reply to This

ကျွန်တော်လည်းသူ့ လိုပါပဲ... စိတ်မကောင်းပါဘူးဗျာ...ကူညီနိုင်အောင်ကြိုးစားလိုက်မယ်..

ဂျေဂျူဝိုင် said:
ဒီ ပိုစ့်လေးကို ဖတ်ပေးလိုက်ရုံကလွဲပြီး မကူညီနိုင်တာ (ဘာမှ မတတ်သေးတော့) စိတ်မကောင်းပါဘူး။ ကူညီနိုင်အောင် ကြိုးစားပါ့မယ်

Reply to This

ကိုကြီး ပီကေ ကိုပဲ ဆရာတင်ပါရစေ

Reply to This

တကယ်ရေးမဲ့သူရှိရင် ကျွန်တော့ကို ဆက်သွယ်ပါ။ ကျွန်တော် ဘလော့ဂ်တစ်ခု လုပ်ပေးပါမယ်။ ဒါပေမယ့် ကတိတခုတော့ပေးပါ။ ရလာတဲ့ဘလော့ဂ်မှာ အတတ်နိုင်ဆုံး ရေးပါမယ်လို့။ ဘလော့ဂ်တခုရဖို့ ဘာမှ မခက်ပါဘူး။ ခုလုပ်ခုရပါတယ်။ ဘလော့ဂ်ကို ပုံမှန်ရေးဖို့သာ ခက်တာပါ။ ဘလော့ဂ်အရမ်းရေးချင်နေတယ်... ဘလော့ဂ်တခု ဘယ်လိုလုပ်ရလဲ မသိဘူးလား? တကယ်ရေးချင်တဲ့ စိတ်ရှိရင် ပြောပါ။ ကျွန်တော် လုပ်တတ်သလောက်လုပ်ပေးမယ်။

Reply to This

ကျေးဇူးတင်ပါတယ်. တက်နိုင်သလောက်ကူညီပေးပါ.. ဘလော့တစ်ခုရှိပါတယ်။ မှန်မှန်လည်းရေးပါတယ် ။ အိမ်ကလေးလှဖို့ ကူညီပေးပါနော်။
ဆက်သွယ်ပါရစေ

Blogger Lay said:
ကျွန်တော် လုပ်တတ်သလောက်လုပ်ပေးမယ်။

Reply to This

မိုးတိမ္ဘေလာ့ဂ္က လွျပီးသားပါဗ်ာ။ ကျွန်တော့ ဘလော့ဂ်ထက်တောင် လှသေးတယ်။ ကျွန်တော် ကူညီစရာမလိုပါဘူး။ ကျွန်တော်က အခုမှ မြန်မာ ဘလော့ဂ် တခုကို အရမ်းရေးချင်နေပြီး ဘလော့ဂ်တစ်ခုကို ဘယ်က စလုပ်ရမယ်မှန်းမသိတဲ့ သူတွေကိုသာ ကူညီနိုင်မှာပါဗျာ။

Cloud said:
ကျေးဇူးတင်ပါတယ်. တက်နိုင်သလောက်ကူညီပေးပါ.. ဘလော့တစ်ခုရှိပါတယ်။ မှန်မှန်လည်းရေးပါတယ် ။ အိမ်ကလေးလှဖို့ ကူညီပေးပါနော်။
ဆက်သွယ်ပါရစေ

Blogger Lay said:
ကျွန်တော် လုပ်တတ်သလောက်လုပ်ပေးမယ်။

Reply to This

ကျွန်တော်အရမ်းဝမ်းသာပါတယ် ကူညီဖိုတော့မတတ်နိုင်ပါဘူးကျွန်တော်မှမလုပ်တတ်တာ အရမ်းကောင်းတဲ့အကို့ရဲ့စိတ်ကူးကိုလေးစားတယ်ဗျာကျွန်တော်လဲတစ့်နေတော့ blogger တစ်ယောက်ဖြစ့်မှာပါ
ဒီလိုလေးပဲပြန်ကူညီမှာပေါ့ အကို့အစီအစဉ်အမြန်အထမြောက်ပါစေ......................

Reply to This

http://www.mediafire.com/?tmmnvb2mbzl
ဘလောခ့်တည်ဆောက်နည်း (မြန်မာဘာသာ)
http://www.mediafire.com/?4ynnm4nnjtm
မြန်မာဘလောခ့်များတည်ဆောက်ခြင်း
http://www.mmbloggershelpdesk.blogspot.com/
ဒီဘလောခ့်က မြန်မာဘာသာနဲ့ အကူအညီတွေပေးထားတာရှိပါတယ်
အသုံးဝင်မယ်လို့ထင်ပါတယ်။ကျန်တာတွေတော့ ကိုယ့်ဟာကိုပဲလုပ်တာကောင်းမယ်ထင်ပါတယ်။ ကိုယ့်ဖာသာမတတ်ရင် ဘလောခ့်ကို maintain လုပ်ရာမှာအခက်အခဲတွေရှိလာမှာမို့ အစကစလုပ်တာကောင်းပါတယ်။

Reply to This

ကျွန်တော်လည်း.. ကိုယ်ပိုင် ဘလော့ တစ်ခု လောက်ဖန်တီးချင်ပါတယ်.. ကျွန်တော် အခု www.blogger.com ကို ဖွင့်ရတာ.. အဆင်သိပ်မပြေဘူးဖြစ်နေတယ်.. ဘယ်လိုများလုပ်ရမလဲ.. နောက်ပီး.. ဘလော့တစ်ခု ဖန်တီးဖို့.. ဘာတွေလိုအပ်လည်း..ဆိုတာလေး.. ပြောပြပေးကြပါခင်ဗျာ.............

Reply to This

သင်လည်း ဘလော့ဂါတစ်ဦး ဖြစ်နိုင်သည် ဆိုတဲ့ ခေါင်းစဉ်ကို သွားဖတ်သင့်တယ်လို့ ညွှန်းလိုက်ပါရစေ။

balar_boy said:
ကျွန်တော်လည်း.. ကိုယ်ပိုင် ဘလော့ တစ်ခု လောက်ဖန်တီးချင်ပါတယ်.. ကျွန်တော် အခု www.blogger.com ကို ဖွင့်ရတာ.. အဆင်သိပ်မပြေဘူးဖြစ်နေတယ်.. ဘယ်လိုများလုပ်ရမလဲ.. နောက်ပီး.. ဘလော့တစ်ခု ဖန်တီးဖို့.. ဘာတွေလိုအပ်လည်း..ဆိုတာလေး.. ပြောပြပေးကြပါခင်ဗျာ.............

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service