Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ဒီဇင်ဘာနှင်း

မိဘဟာ ဘ၀မှာ အဓိကဆိုတာ လက်ခံကြလား?

နှင်း ရဲ့ဘ၀မှာ မိဘတွေလောက် ဘယ်အရာကမှ အရေးမကြီးဘူးလို့ သတ်မှတ်ထားတယ်။ အချစ်ရေးတွေ တခြားအရေးတွေနဲ့ ယှဉ်လာရင် မိဘအရေးက ပိုအရေးကြီးတယ်လို့ထင်ပါတယ်။ တခြားအရာတွေ ဆုံးရှုံးသွားရင် ပြန်လည်ကြိုးစားလို့ရနိုင်ပေမယ့် မိဘတွေကို ဆုံးရှုံးလိုက်ရရင် ပြန်မရနိုင်တော့ဘူးလေ။ ကဲ သူငယ်ချင်းတို့ရော ဘယ်လိုသဘောရလဲ?

Share

Reply to This

Replies to This Discussion

ဖြေစရာမလိုတဲ့ မေးခွန်းပါ။ သွေးထွက်အောင် မှန်ပါတယ်။

Reply to This

100%

Reply to This

ဆက်မပြောကြနဲ့ဗျာ ။ ငိုမိလိမ့်မယ် ။ ရည်းစားကိုတောင် နံပါတ်တစ် မထားနိုင်ဘူး အလွန်ဆုံး သုံးပဲ (သေချာ စဉ်းစားအုံးမယ်) ။ မိဘနှစ်ပါးက ၁နဲ့ ၂ဖြစ်နေလို့ ။

Reply to This

အသေအချာပါပဲ။မိဘသည်သာအရေးကြီးဆုံး ။

Reply to This

အများကြီး လက်ခံပါတယ်.. မိဘကျေးဇူးကို အခု အချိန် မသိနားမလည် သေးဘူး ဆိုရင်တောင် နောင်တော့ သိလာမှာပါ။ အဲဒီလို သိလာတဲ့ အချိန်မှာ မိဘဟာ အလွန်ပဲ လေးစားစရာ ပုဂ္ဂိုလ်တွေ ဖြစ်ပါလား ဆိုတာ သိလာပါလိမ့်မယ်။ တတ်နိုင်သမျှလည်း ကူညီမှု ပြုလာကြလိမ့်မယ်။ မိဘ မကောင်းတာမျိုးကတော့ ရှားပါလိမ့်မယ်။ သား သမီး မကောင်းတာတွေပဲ များမယ် ထင်ပါတယ်..။ ပုံသေတော့ ဘာမှ ပြောလို့ မရဘူးပေါ့ ။မိဘကတော့ အဓိက ကျတာ အမှန်ပါပဲ..။ တခြားသူ အပေါ် အပြစ် လုပ်တာထက် မိဘပေါ်ကို အပြစ်လုပ်မိရင် အပြစ် ပိုကြီးတယ် ထင်တယ်.. မိဘ ရှိနေသေးသူတွေ မြန်မြန် သိနိုင်ကြပါစေ ခင်ဗျာ..။

Reply to This

လက်ခံတယ်လေ
အဲ့အဖြေကိုလူတိုင်းပေးမယ်ထင်တယ်
ငါ့ဘ၀မှာတော့ မိဘက နံပါတ်တစ် မိဘက နံပါတ်နှစ် မိဘက နံပါတ်သုံး

အချိန်တိုင်း အဓိက အပိုင်းမှာပါတယ်

Reply to This

သယ်ရင်း ကိုကတော့ ကိုယ့်ဘဝရဲ့အရေးအကြီးဆုံးကို ကိုယ့်ရဲ့ကိုယ်ကျင့်တရားလို့သတ်မှတ်ထားတယ်။ အမေခိုင်းလို့ ကိုယ်သူများဥစ္စာခိုးမှာ မဟုတ်ဘူး။ အဖေက ညာခိုင်းလို့ ကိုယ်ညာပြောမှာ မဟုတ်ဘူး။ အမေက လူသတ်ခိုင်းရင် ကိုယ်လိုက်နာမှာ မဟုတ်ဘူး။ သယ်ရင်းရဲ့ တန်ဖိုးထားမှုကို ကိုနားလည်ပါတယ်။ ကိုလည်း အဲလိုဖြစ်ခဲ့ဖူးတယ်။ တစ်ခါတလေ အမေက ကိုယ့်ကို လိမ်ခိုင်းတာမျိုး ရှိတယ်။ အကြောင်းကြောင်းကြောင့်ပေါ့။ သူဝယ်လာတဲ့ ငါးအရှင်တွေကို သတ်ခိုင်းဖူးတယ်။ အဟဲ ခိုးတော့ မခိုးခိုင်းဖူးပေါ့နော်။ မိဘနှစ်ပါးဟာ ကျေးဇူးရှင်တွေပါ။ ကျေးဇူးဆပ်ဖို့ လိုပါတယ်။ ဟစ်တလာလို မိဘမျိုးပဲ ဖြစ်ဖြစ်ပေါ့။ အဓိကက ကိုယ်ကိုယ်တိုင်ပဲလို့ မြင်ပါတယ်။ ကောင်းလည်းကိုယ် မကောင်းလည်းကိုယ်ပဲလေ။ မိဘက ကိုယ့်အစား ဝင်ပေးနိုင်မှာ မဟုတ်ဘူး။

Reply to This

ကိုယ့်ကို လူဖြစ်အောင် မွေးပေးတဲ့ မိဘ ကိုမှ အဓိကလို့ လက်မခံတဲ့သူ ကတော့.....သွားသေလိုက်တော့........

Reply to This

အမ်...အဲဒါကို မေးခွန်းတောင် ထုတ်စရာ မလိုပါဘူးဗျာ...
အဲဒီ့ မေးခွန်းမျိုးတောင် မရှိသင့်ပါဘူး...ကျွန်တော် တို့ က ဗုဒ္ဒ္ဓဘာသာလေ ....ဒါမျိုးဆိုတာ မှန်သော မေးခွန်းမျိုး မေးရတယ်ဗျ...ဒီလိုဗျာ..
" မိဘ ဟာ ဘ၀မှာ...အဓိက ကျပါတယ်...အဲဒါကို လက်မခံတဲ့ သူကို...သင်ဘယ်လိုပြောသင့်ပါသလဲ...? "
အဲလိုလေးကို ပြန်ပြီး Edit လုပ်လိုက်ပါလား..?
ဟီး....

Reply to This

Reply to This

RSS

About

MBS MBS created this Ning Network.

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service