Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

saw gangster

ဝေးကွာခြင်းက အချစ်ကို အေးခဲစေသလား....

ချစ်သူတိုင်းဟာ အတူတူနေချင်ကြတယ်...
ချစ်သူနဲ့အတူ စကားတွေ အများကြီးပြောချင်တယ်...လျှောက်သွားမယ်....
ဒါပေမယ့်လည်း ချစ်သူနဲ့ဝေးကွာရရင်ကော....
ဝေးတာမှ အချိန်အကြာကြီးကို ဝေးရမယ်ဆိုရင်.....

Share

Reply to This

Replies to This Discussion

ဝေးတာမှ အချိန်အကြာကြီးကို ဝေးရမယ်ဆိုရင်တော့ သူတို့နှစ်ဦးလုံး ဘယ်လောက်ပဲ မြတ်နိုးတန်ဖိုးထားထား အနည်းနဲ့ အများတော့ အချစ်ကို အေးခဲသွားစေတယ်လို့ ကျနော်ကတော့ ထင်ပါတယ်.. အချစ်ဆိုတာ တစ်ကယ်တမ်းတော့ ပြောပြလို့ မလွယ်တဲ့ ခံစားချက်တစ်မျိုးပါပဲ..

Reply to This

အနေဝေးပေမယ့် သွေးအေးမသွားစေနဲ့ဆိုတဲ့ စကားက အာပလာမှ မဟုတ်တာ
သတိပေးနေတာလေ အနေဝေးရင် သွေးအေးတတ်လို့ပေါ့ ဗျာ

Reply to This

မီးဝေးတော့ ချိတ်မာတယ် .. ဆိုတဲ့ စကားပုံလေးရှိနေတယ်လေ .. ဘယ်လောက်ပဲ ချစ်ချစ် . အဝေးမှာနေရလို့ .. အနေဝေးပြီဆိုရင် အဆွေးကိုသာ အဖော်ပြုပေတော့ .. ဆွေးပြီးရင်တော့ ပြတ်ကျဖို့ပဲ ရှိတော့တယ် ..
ဒါပေမယ့် .. အနေဝေးလို့ သွေးမအေးရလေအောင် .. အမြဲတမ်း သွေးပူလေ့ကျင့်ခန်းလေးအဖြစ် .. စာမှန်မှန်ရေးပါ .. ဖုန်းမှန်မှန်ဆက်ပါ .. ချစ်တဲ့အကြောင်း .. သတိရနေတဲ့အကြောင်း .. လွမ်းနေပြီဆိုတာလေးပါ မကြာမကြာ ပြောဖို့လိုပါတယ် ..

Reply to This

အချစ်စစ်တို့က မဖြောင့်ဖြူးဘူး...ဆိုတဲ့စကားလည်းရှိတယ်လေ....
ပီးတော့...သစ္စာဆိုတဲ့စကားကလည်း အဓိပ္ပါယ်မဲ့မဟုတ်ဘူးလေ....နော့..

Reply to This

ဝေးပြီဆိုထဲက ဝေးဖို့ ဖြစ်လာပြီလေ...
သူနဲ့လည်း အကြာကြီးဝေးရမှာ...
သတိရပေးပါလို့တော့မှာ ခဲ့မိတယ်...
ဘာဖြစ်လာမလဲတော့ တကယ်ကို မသိတော့တာပါ

Reply to This

ကျန်တဲ့သူတွေတော့ မသိဘူး။ ကျမတို့အတွက်ကတော့ အေးခဲသွားစေမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

Reply to This

ဒီကောင်လေးထင်တာကတော့ အချစ်စစ်မှန်ရင် လူချင်းဘယ်လောက်ပဲဝေးနေပါစေ... ဘယ်နေရာ၊ ဘယ်အချိန်ရောက်ရောက် စိတ်ချင်းအမြဲတမ်းနီးနေကြမယ်ဆိုရင် အေးခဲသွားဖို့ဆိုတာ မလွယ်ကူနိုင်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့်လည်း အခြေအနေ အချိန်အခါအရ အရာရာဟာပြောင်းလဲနေတတ်တယ် ဆိုတာကိုတော့ မေ့ထားလို့မရပါဘူးနော်... ဒါပေမယ့်လည်း ချစ်သူချင်းပေါင်းစည်းနိုင်တာဟာ ကောင်းမွန်တဲ့အရာတစ်ခုပါ...။ ဒီကမ္ဘာပေါ်က ချစ်သူတိုင်း ပေါင်းစည်းနိုင်ပါစေလို့ ဆဒ္နပြုရင်း................

Reply to This

ကျွန်မ ကတော့ ဒီစကားကို ထောက်ခံရမှာပဲ။ ဟုတ်ပါတယ် ဝေးကွာနေခြင်းဟာ အချစ်ကို အေးခဲစေပါတယ်။ အဓိက အားဖြင့် နိုင်ငံခြား ကိုရောက်နေတဲ့ မိန်းကလေး တော်တော်များများ ဟာ အားကိုးရှာ ကြပါတယ်။ အားလုံးကို မဆိုလိုပါ။ များသောအားဖြင့်ပေါ့။ အဲဒီ အချိန်မှာ ကိုယ်ဘေးနားမှာ ရောက်လာတဲ့သူ ၊ ကိုယ်အပေါ် ကြင်နာမယ်သူ၊ ကိုယ်ရဲ့ ဒုက္ခတွေကို မျှဝေခံစားပေးနိုင်တဲ့ သူတွေ အပေါ်မှာ စိတ်ညွှတ် တတ်ကြပါတယ်။ ဒါကတော့ မိန်းကလေးတွေရဲ့ သဘာဝ ပေါ့။ ဒီတော့ ကျန်ခဲ့တဲ့ အချစ်ထက် နီးစပ်တဲ့ လူကို အားကိုးရင်းနဲ့ပဲ။ ဝေးကွာသွားကြတယ် ဆိုပါတော့။ လူသားအားလုံးကို မရည်ရွယ်ပါ။

Reply to This

အရမ်းကြာသွားရင်တော့ မေ့သွားနိုင်ပါတယ်.. မမေ့ခင်နဲ့ နောက်တစ်ယောက် ရောက်မလာခင်ထိတော့... လက်ရှိ တစ်ယောက်နဲ့ချစ်တဲ့ ချစ်ခြင်းတွေဟာ တစ်ချိန်မှာ အေးခဲသွားလိမ့်မယ်လို့ ဘယ်လိုမှ ယုံကြည်လို့ရမှာ မဟုတ်ဘူး..
ဝေးကွာပေမယ့် အေးခဲမသွားသေးတဲ့ အချစ်ကိုတော့ blacksheep ပိုင်ဆိုင်နေဆဲပါပဲ.... တစ်ချိန်မှာတော့... အေးခဲသွားမှာ သေချာပါတယ်.. အချိန်တစ်ခုပဲလိုမှာပါ.. အဲဒီအချိန်(တရုတ်လူမျိုးနာမည်မဟုတ်ပါ)ကို မက်မက်မောမော ရက်ရက်ရောရော စောင့်မလား.. စိုးရွံ့ထိတ်လန့်ပြီး စောင့်မလားဆိုတာတော့.. ချစ်တဲ့သူရဲ့ ချစ်ခြင်းအတိမ်အနက်ပဲ ထင်တယ်...
ဟိ ဟိ.. blacksheep လျှောက်ရေးနေတာ.. ခေါင်းနဲ့ ကိုယ် ကိုက်ရဲ့လား မသိတော့ဘူး... မှားသွားရင် ဆောရီး နော်..

Reply to This

အရမ်းကြာမယ်ဆိုရင်တော့ အဆက်အသွယ်မပြတ်စေနဲ့ပေါ့၊စာရေး mail ပို့ chatting ထိုင်၊ စကားပြော ပေးပေါ့၊ဒါပေမယ်လည်း ဝေးတိုင်း လည်း အချစ်ကို မလျှော့ဘူးလို့ ထင်တယ်၊ ဒါကတော့ လူချင်း တူပေမယ့် အသက်ရှုချင်းကွာတယ် ဆိုတဲ့စကားလိုပေါ့။ကျွန်တော်ကတော့ ဘယ်လောက်ဝေးဝေး နှလုံးသားချင်းနီးနေမယ်ဆိုရင် တော့ အေးခဲ မသွားဘူးထင်ပါတယ်။

Reply to This

ဘယ်လောက်ဝေးဝေး နှလုံးသားချင်းနီးကြရင်တော့ အကောင်းဆုံးပေါ့. ဘယ်တော့မှ မဆုံနိုင်တော့တဲ့ ပြိုင်မျဉ်းနှစ်ကြောင်းအတွက်ကတော့..

Reply to This

အနေဝေးနေပေမယ့် ကိုယ့်စိတ်ထဲမှာ အမြဲတမ်းရှိနေမယ်ဆိုရင် ဘယ်တော့မှ ဝေးသွားမှာ မဟုတ်ပါဘူး။ အချိန်ဘယ်လောက်ကြာကြာ ဘယ်နေရာမှာပဲရောက်နေနေ တစ်နေ့ပြန်ဆုံရမယ်ဆိုတဲ့စိတ်တခုက ခိုင်မာနေမယ်ဆိုရင် ဘယ်တော့မှဝေးသွားမှာမဟုတ်ပါဘူး။

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service