Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

မန်ဘာများအားလုံး မင်္ဂလာပါ။
ဒီနေ့အချိန်အထိ (28 Aug, 2008 - 9:59 am) ကျနော်တို့ MBS မှာ မန်ဘာအရေအတွက် ၆၃၇ ယောက် ရှိပါတယ်။
အဲဒီ (၆၃၇) ယောက်ထဲမှာ
Blogger အဖြစ်နဲ့ စာရင်းသွင်းထားသူ (၅၁၃) ယောက်၊
Blogging beginner အဖြစ်နဲ့ စာရင်းသွင်းထားသူ (၆၄) ယောက်၊
Blog reader အဖြစ်နဲ့ စာရင်းသွင်းထားသူ (၅၁) ယောက်၊
စစ်ဆေးလို့ မရတဲ့ အကောင့်က (၉) ယောက် ရှိပါတယ်။

Blogger စာရင်းမှာကိုပဲ URL ထည့်တဲ့သူနဲ့ ဘလော့ဂ်လိပ်စာ မထည့်တဲ့သူတွေ ရှိနေပါတယ်။ URL ထည့်တဲ့သူ (၄၃၄) ယောက် ရှိပြီး လိပ်စာ မထည့်သူ (၇၉) ယောက် ရှိပါတယ်။ နောက်ပြီး Blogger ထဲမှာပဲ URL လိပ်စာ ထည့်ပေမယ့် တချို့ ဘလော့ဂ်တွေက အသစ်စက်စက်တွေ ဖြစ်နေပါတယ်။ တကယ်လို့ ဘလော့ဂ် အသစ်စက်စက်တွေ ဖြစ်နေရင် Blogging beginner ထဲမှာ ပါစေချင်တယ်။ အဲဒီ Setting တွေကို ညာဘက် အပေါ်ထောင့်မှာ My Settings ဆိုတဲ့ အထဲက About Me မှာ ၀င်ပြင်လို့ ရပါတယ်။

၂၀၀၈ ခုနစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှာ ကျနော်တို့ အက်ဒမင်တွေ အနေနဲ့ မန်ဘာများရဲ့ Profile မှ အောက်ပါ အချက်များကို စစ်ဆေးပါ့မယ်။ တကယ်လို့ အောက်ပါအချက်ထဲက တစ်ချက်ချက်နဲ့ ငြိစွန်းနေတာ တွေ့ရင် အဲဒီ မန်ဘာကို အီးမေးလ်ပို့ အကြောင်းကြားပြီး မေးလ်ပို့ပြီး သုံးရက်နေလို့မှ မပြင်ဆင်ရသေးရင် အဲဒီ မန်ဘာကို ဘန်းပါ့မယ်။

Identity တွင် Blogger ဟု ရွေးချယ်ထားပြီး
၁။ ဘလော့ဂ်လိပ်စာ မထည့်ခြင်း၊
၂။ ဘလော့ဂ်မဟုတ်သော တခြား Website URL တစ်ခုခု ထည့်ခြင်း
၃။ ဘလော့ဂ်လိပ်စာ အမှားထည့်ခြင်း၊
၎။ သူတပါး ဘလော့ဂ်လိပ်စာ ထည့်ခြင်း၊
၅။ ဘလော့ဂ်လိပ်စာ အမှန်ဖြစ်သော်လည်း ဘလော့ဂ် အသစ်စက်စက် ဖြစ်နေခြင်း၊
(Identity ကို Blogging beginner အဖြစ် ပြောင်းပေးပါ)

MBS ကို ခပ်စောစောကတည်းက စ၀င်ထားပြီး Blogger, Blogging beginner, Blog reader ဆိုတာကို မရွေးချယ်လိုက်ရဘဲ မန်ဘာဝင်ထားတဲ့ လူတချို့ ရှိပါတယ်။ ကျေးဇူးပြုပြီး မိမိ Profile ကို တချက်လောက် သွားပြင်ပေးကြပါ။ အတူတကွ ပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ လက်တွဲညီညီနဲ့ ပူးပေါင်းဆောင်ရွက်မှ ဒီ MBS လေး အဒွန့်ရှည် တည်တံ့နိုင်မှာပါ။ ကျေးဇူးတင်ပါတယ်။

Tags: announcement

Share

Reply to This

Replies to This Discussion

ပြန်ဖြေပေးတာ ကျေးဇူးပါပဲဗျာ။ ကျွန်တော်ကိုတော့ လူပျိုစာရင်းမှာ ထဲ့ပေးနော်။ လူကြီးလဲ မဖြစ်ချင်ဘူး။ ကလေးလဲ မဖြစ်ချင်ဘူး။ :)

ပီကေ said:
Blogger Lay မေးတဲ့ မေးခွန်းက ဘယ်လို မေးခွန်းနဲ့ တူနေသလဲဆိုတော့
“ဘယ်လိုလူမျိုးကို ကလေးလို့ ခေါ်ပြီး ဘယ်လိုလူမျိုးကို လူကြီးလို့ ခေါ်မလဲ” ဆိုတာနဲ့ တူနေတယ်။
အသက် ၂ နှစ်သား၊ ၃ နှစ်သားကို လူတိုင်းက ကလေးလို့ သိတယ်။ အသက် ၅၀၊ ၆၀ အရွယ်လူတစ်ယောက်ကို လူတိုင်းက လူကြီးလို့ သိပြီးသားပါ။ ဒါပေမယ့် အသက် (၁၈) နှစ်အရွယ် လူတစ်ယောက်ကို လူကြီးလို့ ခေါ်မလား။ ကလေးအဖြစ်ပဲ သက်မှတ်မလား။ ကျနော်တို့ တရားသေ ပြောမရတော့ပါဘူး။ ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်မယ်ထင်တယ်။
ဒီလိုပါပဲ ဘလော့ဂ်ကို အခုမှ စဖွင့်ပြီး လေ့လာနေတဲ့ လူတစ်ယောက်က Blogging Beginner ဆိုတာ ဘယ်သူမှ မငြင်းနိုင်သလို၊ ဘလော့ဂ် လုပ်သက် ၂ နှစ်လောက် ရှိပြီး ပညာတွေ၊ အတွေ့အကြုံတွေ မျှဝေနေတဲ့ လူတစ်ယောက်ကို ဘလော့ဂါလို့ လူတိုင်း လက်ခံနိုင်ပါတယ်။
အကြောင်းအရာ တစ်ရပ်ကို အခုမှ စပြီး လေ့လာနေဆဲ ဆိုရင် အဲဒီလူဟာ Beginner ပါပဲ။ ဘလော့ဂ်မှာ ဆိုရင်လည်း Blogging Beginner ပေါ့။
လေ့လာနေရသေးတာ မှန်ပေမယ့် မိမိကိုယ့်ကို အခြေခံအဆင့်ကို ကျော်လွန်ပြီလို့ လက်ခံနိုင်ရင်တော့ သူဟာ Beginner မဟုတ်တော့ပါဘူး။ လေ့လာသူတော့ ဖြစ်နေဆဲပါ။ ပညာရေးမှာ ဆိုရင် Master တို့၊ Ph.D တို့ တက်နေသူကိုတော့ Students လို့ မခေါ်တော့ဘဲ Participants လို့ ပြောင်းခေါ်ပါတယ်။
ဒါကြောင့် မိမိကိုယ်ကို Blogging ရဲ့ အခြေခံကျတဲ့ သဘောတရားတွေ လုပ်နည်းတွေ နားလည်လုပ်ဆောင် တတ်ရင်တော့ သူဟာ Blogger ပါပဲ။ Beginner မဟုတ်တော့ပါဘူး။ အဲဒါတွေကို ကိုယ့်ကိုယ်ကို အသိဆုံးပါ။ ဘယ်သူမှ ရိုက်စစ်နေမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင် ခံယူချက်ပေါ့။ ကျနော်တော့ အဲလို နားလည်ပါတယ်။

Blogger Lay said:
ဘယ်လို လူမျိုးတွေကို Blogging beginner လို့ ခေါ်သင့်ပြီး ဘယ်လို လူမျိုးတွေကိုတော့ Blogger လို့ ခေါ်သင့်ပါသလဲ။ ပို့စ်အရေအတွက်နဲ့ ကြည့်ပြောတာလား။ ပို့စ်ရဲ့ အရေအသွေးပေါ်ကို ကြည့်ပြောတာလား။ ဒါမှ မဟုတ် ဘလော့ရေးတဲ့ သက်တမ်းကို မူတည်ပြီး ကြည့်ပြောတာလား။ MBS မှာ ဘယ်လို သတ်မှတ်ထားပါသလဲ။

Reply to This

အင်း.. အရမ်းကောင်းပါတယ်..ကိုပီကေ ရေ..
ကျွန်တော်ပြီးခဲ့တဲ့လထဲက..MBS ၏ ဂုဏ်သိက္ခါ ဆိုပြီး ခေါင်းစဉ်လေးထုတ်ပြီး အမြင်လေးတင်လိုက်သေးတယ်..
ဆရာဝန် ဘလော့ဂါတစ်ယောက် ကပြောတယ်..မော်ဒီရေတာတွေ ရဲအလုပ်ပါတဲ့ .. အကျိုးသက်ရောက်မှု ရှိလာမှာမဟုတ်ဘူး ဆိုတာနဲ့ ပြန်ဖျက်လိုက်တယ်ဗျာ.. ပြန်စဉ်းစာကြည့်တော့လည်း အားလုံးက ကိုယ်ထက် ဘလော့သင်တမ်း ရင့်ကြတဲ့သူတွေချည်းပဲ သူပြောတာလည်းဟုတ်တာပဲပေါ့..တကယ်က..
အဲဒီတုန်းကဗျာ...ကျွန်တော်ကိုယ်တိုင် ခံလိုက်ရတာ.. ကျွန်တော် ဘလော့ဂါလို့တောင် ပြောလို့မရသေးတဲ ဘလော့ စတင်သူ အဆင့်မှာပဲရှိပါတယ်..ဒါပေမယ်. ကျွန်တော် ဘလော့ကို လာကြည့်ပါ.. ကျွန်တော့်အကြောင်း ကိုတောင်သိနိုင်ပါတယ်.. ဒါ ပြောပြတာပါ.. တကယ်က.. ဘလော့ဂါ ဘယ်သူလဲ ဆိုတာ အရေးမကြီးပါဘူး .. ဘလော့ဟာ ဘယ်ကိုဦးတည်တယ် ဆိုတဲ့ လမ်းတစ်ခု တော့ ရှိသင့်တာပေါ့..
ကျွန်တော်နဲ အငြင်းခုန်ဖြစ်သူရဲ ဘလော့ကို သွားကြည့်တော့.. ပို့စ်တစ်ခုပဲ ရှိတယ် ဒါကလည်း ဒီ mbs မှာ ကွန်မင့် ပေးတာကို တင် ထားတာ၊ ဒါကိုကြည့်ပြီး တော်တော် ဒေါကန်သွားသေးတယ် .. ကျွန်တော့်ဘလော့မှာ တောင် ပို့စ် တစ်ခု တင်ဖြစ်သွားသေးတယ် ဗျာ.. အဲဒါ ကျွန်တော့်ဆန္ဒပေါ့..
ခုလို စည်းကမ်းတွေ နဲ အများကိုအသိပေးပြီး လုပ်ဆောင်တာ ကြိုဆို ထောက်ခံကြောင်းပါ...ဗျာ..
MBS တိုးတက်ခိုင်မာပြီး မြန်မာပြည် က လူငယ်တွေ အနာဂတ်ကို ဒီထက်ပိုပြီး လမ်းကြောင်းပေးနိုင်ပါစေ..

Reply to This

Blogger ဆိုသည်မှာ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးထားတာ ရှိပါတယ်။
ကျနော့်အမြင်ကတော့ဗျာ ဘလော့ဂါဖြစ်ဖို့ အရေးအကြီးဆုံး လိုအပ်တာ (၃) ခုရှိမယ်။
၁။ ဘလော့ဂ်တစ်ခု ပိုင်ဆိုင်ရမယ်။ (သူများ ဘလော့ဂ်မှာ မျှဝေပြီး ရေးနေတဲ့ လူလည်း ဖြစ်ကောင်းဖြစ်မယ်)
၂။ ရေးလိုတဲ့ ဆန္ဒနဲ့ ရည်ရွယ်ချက် ရှိနေမယ်။ (အပျင်းပြေလည်း ဖြစ်ကောင်းဖြစ်မယ်)
၃။ တကယ့်လက်တွေ့မှာလည်း ရေးရမယ်။ (ရေးဖူးတယ်၊ ရေးခဲ့မယ်၊ ရေးနေတယ်၊ ရေးဦးမယ်)

ကိုယ်ရေးနေတဲ့ ဘလော့ဂ်ကို ရည်ရွယ်ချက် ရှိရှိနဲ့ ရေးနေမယ် ဆိုရင် အဲ့ဒါ ဘလော့ဂါတစ်ယောက်ပဲ။ ခပ်ရှင်းရှင်း ပြောရရင် ဘလော့ဂ်ရေးသူပေါ့။
စာရေးသူလိုပါပဲ။ ဒါပေမယ့် ရုပ်ရှင်သရုပ်ဆောင် အရိုင်းတို့ ပြောင်သလို “ကျမက ၃ နှစ်သမီးကတည်းက စ စာရေးတာပါ” လို့တော့ မပြောနဲ့ ပေါ့ဗျာ။

လင်းအိမ်နက် said:
ဟား............အတော်ပဲ မေးပလိုက်တော့မယ်...ကိုpk ရေ blooger ဖြစ့်ဖို့ဘာတွေလိုလဲဟင်
ဖြစ်ချင်တယ်အရမ်းပဲ အဲ့ဒိဟာကြီးကဘာကြီးမှန်းမသိလို့ ခပ်လန့်လန့်ရယ်...

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service