Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

မန်ဘာများအားလုံး မင်္ဂလာပါ။
ဒီနေ့အချိန်အထိ (28 Aug, 2008 - 9:59 am) ကျနော်တို့ MBS မှာ မန်ဘာအရေအတွက် ၆၃၇ ယောက် ရှိပါတယ်။
အဲဒီ (၆၃၇) ယောက်ထဲမှာ
Blogger အဖြစ်နဲ့ စာရင်းသွင်းထားသူ (၅၁၃) ယောက်၊
Blogging beginner အဖြစ်နဲ့ စာရင်းသွင်းထားသူ (၆၄) ယောက်၊
Blog reader အဖြစ်နဲ့ စာရင်းသွင်းထားသူ (၅၁) ယောက်၊
စစ်ဆေးလို့ မရတဲ့ အကောင့်က (၉) ယောက် ရှိပါတယ်။

Blogger စာရင်းမှာကိုပဲ URL ထည့်တဲ့သူနဲ့ ဘလော့ဂ်လိပ်စာ မထည့်တဲ့သူတွေ ရှိနေပါတယ်။ URL ထည့်တဲ့သူ (၄၃၄) ယောက် ရှိပြီး လိပ်စာ မထည့်သူ (၇၉) ယောက် ရှိပါတယ်။ နောက်ပြီး Blogger ထဲမှာပဲ URL လိပ်စာ ထည့်ပေမယ့် တချို့ ဘလော့ဂ်တွေက အသစ်စက်စက်တွေ ဖြစ်နေပါတယ်။ တကယ်လို့ ဘလော့ဂ် အသစ်စက်စက်တွေ ဖြစ်နေရင် Blogging beginner ထဲမှာ ပါစေချင်တယ်။ အဲဒီ Setting တွေကို ညာဘက် အပေါ်ထောင့်မှာ My Settings ဆိုတဲ့ အထဲက About Me မှာ ၀င်ပြင်လို့ ရပါတယ်။

၂၀၀၈ ခုနစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှာ ကျနော်တို့ အက်ဒမင်တွေ အနေနဲ့ မန်ဘာများရဲ့ Profile မှ အောက်ပါ အချက်များကို စစ်ဆေးပါ့မယ်။ တကယ်လို့ အောက်ပါအချက်ထဲက တစ်ချက်ချက်နဲ့ ငြိစွန်းနေတာ တွေ့ရင် အဲဒီ မန်ဘာကို အီးမေးလ်ပို့ အကြောင်းကြားပြီး မေးလ်ပို့ပြီး သုံးရက်နေလို့မှ မပြင်ဆင်ရသေးရင် အဲဒီ မန်ဘာကို ဘန်းပါ့မယ်။

Identity တွင် Blogger ဟု ရွေးချယ်ထားပြီး
၁။ ဘလော့ဂ်လိပ်စာ မထည့်ခြင်း၊
၂။ ဘလော့ဂ်မဟုတ်သော တခြား Website URL တစ်ခုခု ထည့်ခြင်း
၃။ ဘလော့ဂ်လိပ်စာ အမှားထည့်ခြင်း၊
၎။ သူတပါး ဘလော့ဂ်လိပ်စာ ထည့်ခြင်း၊
၅။ ဘလော့ဂ်လိပ်စာ အမှန်ဖြစ်သော်လည်း ဘလော့ဂ် အသစ်စက်စက် ဖြစ်နေခြင်း၊
(Identity ကို Blogging beginner အဖြစ် ပြောင်းပေးပါ)

MBS ကို ခပ်စောစောကတည်းက စ၀င်ထားပြီး Blogger, Blogging beginner, Blog reader ဆိုတာကို မရွေးချယ်လိုက်ရဘဲ မန်ဘာဝင်ထားတဲ့ လူတချို့ ရှိပါတယ်။ ကျေးဇူးပြုပြီး မိမိ Profile ကို တချက်လောက် သွားပြင်ပေးကြပါ။ အတူတကွ ပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ လက်တွဲညီညီနဲ့ ပူးပေါင်းဆောင်ရွက်မှ ဒီ MBS လေး အဒွန့်ရှည် တည်တံ့နိုင်မှာပါ။ ကျေးဇူးတင်ပါတယ်။

Tags: announcement

Share

Reply to This

Replies to This Discussion

ကျွန်တော်မသိလို့တစ်ခုလောက်မေးပါရစေ။ မေးတယ်ဆိုတာထက် အကူအညီတောင်းတာဆိုရင်ပိုမှန်ပါလိမ့်မယ်။
(ဟိဟိ .. နိဒါန်းနဲ့တင်တော်တော်ရှည်နေပြီ ငါ့စာက။) ........... :)
အဲ .. ဒီလိုဗျာ ....
အမှန်အတိုင်းပြောရရင် blog ရေးတယ်ဆိုတာကိုသေသေချာချာမသိဘူးဗျ။
- blog ဆိုတာဘာလဲ
- blog ရေးတယ်ဆိုတာကကော ဘာကိုပြောတာလဲ
- blog ရေးဖို့ဆိုရင်ကော ဘာတွေလိုအပ်လဲ
- နောက်ပြီး ဘယ်သူမဆိုရေးလို့ရလား

အဲဒါလေးတစ်ချက်လောက် အချိန်ရရင် ရှင်းပြပေးပါလား။
တကယ်လို့ မအားရင်လည်း ဒါတွေကိုသိအောင် တခြားနည်းလမ်းလေးတော့ ပြောခဲ့ပေးစေချင်ပါတယ်။
ဘယ်မှာ သွားလေ့လာလို့ရလဲပေါ့။ သိချင်နေတာကြာပါပြီ။ ဘယ်သူ့မေးရမှန်းမသိလို့ မမေးဖြစ်တာ။
အခုဒီမှာ blog adress အကြောင်းဆိုလို့ ဆိုင်မယ်ထင်လို့ မေးကြည့်တာပါဗျာ။
ကူညီပါ ...
bo nyi ... :)

Reply to This

ကျနော်တော့ ဘလော့ဂါလို့ စာရင်းပေးလိုက်တာပဲ။ လိပ်စာလဲ ထည့်တော့ထည့်ထားလိုက်တယ်။ မှားတာတွေ ရှိရင်တော့ စိတ်တိုင်းကျသာ ၀င်ပြင်ပေးပါဗျာ။ မဘန်းရင် ပြီးရော...ဟီး။

Reply to This

ညီရေ၊ ဒီမေးခွန်းကို ဖြေပေးချင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မဖြေတော့ပါဘူး။ မူလအကြောင်းအရာကို သွေဖယ်သွားမှာ စိုးလို့ပါ။ How to Blog မှာ ၀င်ဆွေးနွေးစေချင်ပါတယ်။ အဲဒီမှာ အမေးရှိရင် ဖြေပေးပါ့မယ်။

Bo Nyi said:
ကျွန်တော်မသလို့တစ်ခုလောက်မေးပါရစေ။ မေးတယ်ဆိုတာထက် အကူအညီတောင်းတာဆိုရင်ပိုမှန်ပါလိမ့်မယ်။
ဟိဟိ .. နိဒါန်းနဲ့တင်တော်တော်ရှည်နေပြီး ငါ့စာက။
အဲ .. ဒီလိုဗျာ ....

Reply to This

အကိုစေးထူးရေ၊
မန်ဘာရဲ့ ဒေတာတွေကို ကျနော်တို့ ပြင်လို့ မရဘူးဗျ။ မန်ဘာကိုယ်တိုင်က ၀င်ပြင်မှ ရလို့ပါ။ အဖျက်အမှောက်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ၀င်လာတဲ့ မန်ဘာတွေ (Fake User) ရှိလာနိုင်တာကြောင့်ပါ။ Blog Readers တွေက ဧည့်သည်တော်တွေမို့ ကန့်သတ်ဖို့ မလိုပါဘူး။ ကျနော်တို့ ဘလော့ဂါ ညီကိုမောင်နှမတွေကြားမှာ လိပ်စာအမှန်တော့ ထည့်စေချင်ပါတယ်။

ကလိုစေးထူး said:
ကျနော်တော့ ဘလော့ဂါလို့ စာရင်းပေးလိုက်တာပဲ။ လိပ်စာလဲ ထည့်တော့ထည့်ထားလိုက်တယ်။ မှားတာတွေ ရှိရင်တော့ စိတ်တိုင်းကျသာ ၀င်ပြင်ပေးပါဗျာ။ မဘန်းရင် ပြီးရော...ဟီး။

Reply to This

ကျေးဇူးတင်ပါတယ်အစ်ကို။ ကျွန်တော် သိရဖို့ ခြေတစ်လှမ်းရှေ့တိုးသွားပါပြီ။ ၀မ်းသာပါတယ်။

ပီကေ said:
ညီရေ၊ ဒီမေးခွန်းကို ဖြေပေးချင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မဖြေတော့ပါဘူး။ မူလအကြောင်းအရာကို သွေဖယ်သွားမှာ စိုးလို့ပါ။ How to Blog မှာ ၀င်ဆွေးနွေးစေချင်ပါတယ်။ အဲဒီမှာ အမေးရှိရင် ဖြေပေးပါ့မယ်။

Bo Nyi said:
ကျွန်တော်မသလို့တစ်ခုလောက်မေးပါရစေ။ မေးတယ်ဆိုတာထက် အကူအညီတောင်းတာဆိုရင်ပိုမှန်ပါလိမ့်မယ်။
ဟိဟိ .. နိဒါန်းနဲ့တင်တော်တော်ရှည်နေပြီး ငါ့စာက။
အဲ .. ဒီလိုဗျာ ....

Reply to This

ကျနော် မသိလို့ တစ်ခုမေးပါရစေ. ဘလောစ့် အသစ်စက်စက် ဆိုတာ ကို ဘယ်လို တိုင်းတာပြီး ပြောပါသလဲဗျာ..
ကျနော် လည်း member ၀င်ထားတာ blogger အနေနဲ့ ၀င်ထားတာပါ.. တစ်ကယ်ေ၇ွှ့ ကျနော် ဘလောစ့် က blogger အဆင့် မရှိဘူးဆိုရင် ကျနော် blogging beginner အနေနဲ့ ပြောင်းချင်ပါတယ် တစ်ချက် ကျေးဇူးပြုပြီး ဆုံးဖြတ်ပေးပါ... အခုလို မေးခွင့်ရတာကို ကျေးဇူးတင်ပါတယ်

Reply to This

Blog လုပ်ထားတာ သိပ်မကြာသေးဘူး.. လိပ်စာတော့ ရှိနေတယ်.. ဟုတ်ထိပတ်ထိ ဘာမှ မရေးရသေးဘူး.. သူများတွေဆီမှာ လိုက်လေ့လာနေတုန်း.. သူများတွေ ဘာရေးနေကြလဲ လိုက်စပ်စုနေတုန်း... ဘလောဂ့်သက်တမ်းလေးကလည်း တစ်လလောက်ပဲ ရှိသေးတယ် ဆိုရင် Blog Beginner အဖြစ် ကိုယ့်ဟာကိုယ် သတ်မှတ်နိုင်ပါတယ်.. အသစ်စက်စက် ဘလောဂ့်ဂါပေါ့ရှင်... ဒါပေမယ့် တစ်ချို့တွေကျတော့လည်း blog ရှိနေတာကြာပြီ. ပိုစ့်မတင်သေးတာ တွေ့ရတယ်...

SOE MIN HTIKE said:
ကျနော် မသိလို့ တစ်ခုမေးပါရစေ. ဘလောစ့် အသစ်စက်စက် ဆိုတာ ကို ဘယ်လို တိုင်းတာပြီး ပြောပါသလဲဗျာ..
ကျနော် လည်း member ၀င်ထားတာ blogger အနေနဲ့ ၀င်ထားတာပါ.. တစ်ကယ်ေ၇ွှ့ ကျနော် ဘလောစ့် က blogger အဆင့် မရှိဘူးဆိုရင် ကျနော် blogging beginner အနေနဲ့ ပြောင်းချင်ပါတယ် တစ်ချက် ကျေးဇူးပြုပြီး ဆုံးဖြတ်ပေးပါ... အခုလို မေးခွင့်ရတာကို ကျေးဇူးတင်ပါတယ်

Reply to This

ဘယ်လို လူမျိုးတွေကို Blogging beginner လို့ ခေါ်သင့်ပြီး ဘယ်လို လူမျိုးတွေကိုတော့ Blogger လို့ ခေါ်သင့်ပါသလဲ။ ပို့စ်အရေအတွက်နဲ့ ကြည့်ပြောတာလား။ ပို့စ်ရဲ့ အရေအသွေးပေါ်ကို ကြည့်ပြောတာလား။ ဒါမှ မဟုတ် ဘလော့ရေးတဲ့ သက်တမ်းကို မူတည်ပြီး ကြည့်ပြောတာလား။ MBS မှာ ဘယ်လို သတ်မှတ်ထားပါသလဲ။

Reply to This

Blogger Lay မေးတဲ့ မေးခွန်းက ဘယ်လို မေးခွန်းနဲ့ တူနေသလဲဆိုတော့
“ဘယ်လိုလူမျိုးကို ကလေးလို့ ခေါ်ပြီး ဘယ်လိုလူမျိုးကို လူကြီးလို့ ခေါ်မလဲ” ဆိုတာနဲ့ တူနေတယ်။
အသက် ၂ နှစ်သား၊ ၃ နှစ်သားကို လူတိုင်းက ကလေးလို့ သိတယ်။ အသက် ၅၀၊ ၆၀ အရွယ်လူတစ်ယောက်ကို လူတိုင်းက လူကြီးလို့ သိပြီးသားပါ။ ဒါပေမယ့် အသက် (၁၈) နှစ်အရွယ် လူတစ်ယောက်ကို လူကြီးလို့ ခေါ်မလား။ ကလေးအဖြစ်ပဲ သက်မှတ်မလား။ ကျနော်တို့ တရားသေ ပြောမရတော့ပါဘူး။ ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်မယ်ထင်တယ်။
ဒီလိုပါပဲ ဘလော့ဂ်ကို အခုမှ စဖွင့်ပြီး လေ့လာနေတဲ့ လူတစ်ယောက်က Blogging Beginner ဆိုတာ ဘယ်သူမှ မငြင်းနိုင်သလို၊ ဘလော့ဂ် လုပ်သက် ၂ နှစ်လောက် ရှိပြီး ပညာတွေ၊ အတွေ့အကြုံတွေ မျှဝေနေတဲ့ လူတစ်ယောက်ကို ဘလော့ဂါလို့ လူတိုင်း လက်ခံနိုင်ပါတယ်။
အကြောင်းအရာ တစ်ရပ်ကို အခုမှ စပြီး လေ့လာနေဆဲ ဆိုရင် အဲဒီလူဟာ Beginner ပါပဲ။ ဘလော့ဂ်မှာ ဆိုရင်လည်း Blogging Beginner ပေါ့။
လေ့လာနေရသေးတာ မှန်ပေမယ့် မိမိကိုယ့်ကို အခြေခံအဆင့်ကို ကျော်လွန်ပြီလို့ လက်ခံနိုင်ရင်တော့ သူဟာ Beginner မဟုတ်တော့ပါဘူး။ လေ့လာသူတော့ ဖြစ်နေဆဲပါ။ ပညာရေးမှာ ဆိုရင် Master တို့၊ Ph.D တို့ တက်နေသူကိုတော့ Students လို့ မခေါ်တော့ဘဲ Participants လို့ ပြောင်းခေါ်ပါတယ်။
ဒါကြောင့် မိမိကိုယ်ကို Blogging ရဲ့ အခြေခံကျတဲ့ သဘောတရားတွေ လုပ်နည်းတွေ နားလည်လုပ်ဆောင် တတ်ရင်တော့ သူဟာ Blogger ပါပဲ။ Beginner မဟုတ်တော့ပါဘူး။ အဲဒါတွေကို ကိုယ့်ကိုယ်ကို အသိဆုံးပါ။ ဘယ်သူမှ ရိုက်စစ်နေမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင် ခံယူချက်ပေါ့။ ကျနော်တော့ အဲလို နားလည်ပါတယ်။

Blogger Lay said:
ဘယ်လို လူမျိုးတွေကို Blogging beginner လို့ ခေါ်သင့်ပြီး ဘယ်လို လူမျိုးတွေကိုတော့ Blogger လို့ ခေါ်သင့်ပါသလဲ။ ပို့စ်အရေအတွက်နဲ့ ကြည့်ပြောတာလား။ ပို့စ်ရဲ့ အရေအသွေးပေါ်ကို ကြည့်ပြောတာလား။ ဒါမှ မဟုတ် ဘလော့ရေးတဲ့ သက်တမ်းကို မူတည်ပြီး ကြည့်ပြောတာလား။ MBS မှာ ဘယ်လို သတ်မှတ်ထားပါသလဲ။

Reply to This

အစ်ကိုတို့ရေ.....
ဘလော့ဂ်လေးတစ်ခု စမ်းလုပ်ပါတယ်..
စမ်းတယ်ဆိုရုံမှ စမ်းရုံပါ ...
ပြောရရင် ...နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော်က တော်တော်လေးကို ပိန်းပါတယ် ...
ပို့စ်တစ်ခုတင်တယ်.....
ကျွန်တော့် ကိုယ်ပိုင်ဘလော့ဂ်မှာ အဲဒီပို့စ်ကလွဲပြီး ဘာမှမရှိဘူး..
မလုပ်တက်လို့ပါ ......
ဖြစ်နိုင်ရင် ရန်ကုန်မြို့ထဲမှာနေတဲ့
အခြေခံလောက်လေး သင်ပေးနိုင်မယ့် သူတစ်ယောက်လောက်နဲ့ ဆုံချင်ပါတယ် .....သင်ကြားချင်လို့ပါ ..
စာအုပ်တွေဖတ်တော့လဲ ကောင်းကောင်း နားမလည်ဘူးဗျာ..အဲဒါမို့ပါ ...
(ပိန်းပါတယ်လို့ ပြောပြီးသားနော်...)
ကူညီကြပါဦးနော် ....ဆရာတင်ချင်လွန်းလို့ပါ ။။

Reply to This

cloud လို့ပေးထားပါတယ်ရှင့် .
ညီမလည်း ဘလော့ကို လုပ်ချင်လို့သာ လုပ်လိုက်တယ် ဘာတွေကို မှ ကောင်း2 မသိဘူး
ညီမ ဘလော့ကို ကျေးဇူးပြုပီး ၀င်ကြည့်ပေးပါ. ပြီးရင် အရေးအသားတွေ မှားနေတယ်တို့ ... (ဘာတို့)ပေါ့ အားလုံးကို အကြံပြုပေးစေချင်ပါတယ်.
ညီမ အသုံးပြုပုံမှားနေတယ် ဆိုရင် လိုအပ်တာတွေကို ပြောပြပေးပါနော်
တစ်ခုခုမှားသွားရင် အကြောင်းကြားပေးပါနော် ပြီးတော့လည်း နေရပ်က အတည်မရှိတော့ ဘယ်ကို ထည့်ရမှန်း မသိဖြစ်နေတယ်.... ကျေးဇူးပြုပီး လိုအပ်ချက်တွေနဲ့ အမှားများကို ပြင်ဆင်ပေးစေချင်ပါတယ်။

Reply to This

ဟား............အတော်ပဲ မေးပလိုက်တော့မယ်...ကိုpk ရေ blooger ဖြစ့်ဖို့ဘာတွေလိုလဲဟင်
ဖြစ်ချင်တယ်အရမ်းပဲ အဲ့ဒိဟာကြီးကဘာကြီးမှန်းမသိလို့ ခပ်လန့်လန့်ရယ်...

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service