Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

“ လူ့ဘ၀ဆိုတာ အပြည့်အစုံရေးပြီးသား စာအုပ်ပါ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ပါပြီးသား ”

Share

Reply to This

Replies to This Discussion

ကျွန်မ အမြင်ပြောရရင် အရာတိုင်းဟာ စိတ်နဲ့ သက်ဆိုင်နေပါတယ် ရှင်ကိုယ်တိုင်ရေးဆွဲရတာ ရှင်ဘဝပါ သူကိုယ်တိုင်ချယ်မှုန်းရတာ သူ့ ဘဝပါ ရှင် ကိုယ်တိုင်ရေးနေတာ နောင်ဖြစ်လာမယ့် ရှင့်အနာဂတ်ကိုရှင်က ခုရေးဆွဲနေတာပါ ရှင်သာခုကောင်းအောင်မရေး ရင် မကြာခင်
ဖြစ်လာတော့မယ့်ရှင့်အနာဂတ်မကောင်းပါ ရှင်အရင်က ကြိုးစားခဲ့လို့ သာ ခုရှင်ဒီဘဝမျိုးရတာပါ ရှင်သာခုနေကောင်းတာကို လုပ်မယ်ဆိုရင် ရှင့်အနာဂါတ်ကောင်းမှာပေါ့ လူ့ ဘဝဆိုတာ ကိုယ်တိုင်ခြယ်မှုန်းရတာပါ ( အရင်ကကောင်းလို့ ခုကောင်းတာပါ ခုကောင်းမှနောင်ကောင်းမှာပါ။ အရင်က မကောင်းရင် ခုမကောင်းပါ ခုမကောင်းရင် နောင်လည်းမကောင်းနိုင်ပါ ) ရှင် ကောင်းတာကိုလုပ်နိုင်ဖို့ အတွက် အဓိက အရေးကြီးတာ
ရှင့်ရဲ့စိတ်ပါပဲ ရှင့်စိတ်တစ်ခု ဖြူစင်အောင်ထားတက်ရင် ဥပက္ခာ ထားတက်ရင် သီးခံတက်ရင် စသဖြင့် ကောင်းတဲ့စိတ် လေးများထားပြီး ဘဝကို ကိုယ့်စိတ်ကြိုက်ခြယ်မှုန်းရင်ဖြင့် ရှင့်ရဲ့ဘဝဟာ ရှင်ကိုယ်တိုင်ရေးသော အပြည့်စုံ ဆုံး စာအုပ်ကောင်းတစ်အုပ်ဖြစ်မှာ မလွဲပါဘူးရှင် ( ကဲ ကိုဆိုးသွမ်း ရေ နာမည်နဲ့ လိုက်ပြီးတော့လည်း ဆိုးမနေနဲ့ အုံးရှင့် ကျွန်မရဲ့ ထင်မြင်ချက်လေးအမှားပါလည်း ခွင့်လွှတ်နော် ပျော်ရွှင်ပါစေရှင် )

Reply to This

ရှိသေးတယ် ယောက်ဖဆိုတာ ရိုက်ပွဲတဲ့ အဟီးးး ;-p

tharrsoe said:
အဲ့ဒါတော့ မပြောတတ်ဘူး .. ကြားဖူးတာတစ်ခုကတော့ ...
( ဘ၀ဆိုတာ တိုက်ပွဲ .. ခယ်မဆိုတာ လိုက်ပွဲတဲ့ ... ) ဟီး ဟီး

Reply to This

ကိုဆိုးသွမ်း စိတ်မရှိနဲ့နော်။ တစ်ခုလောက် Question Shoot ချင်လို့။ ဘယ်အကြောင်းအရာတွေက ကိုဆိုးသွမ်းကို "လူ့ဘဝဆိုတာ အပြည့်အစုံ ရေးပြီးသား စာအုပ်ပါ။ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ပါပြီးသား"လို့ ထင်စေ၊ စဉ်းစားစေတာလဲဟင်။ တကယ်သိချင်လို့မေးထာပါ။ ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုခု မရှိဘဲနဲ့ အစ်ကို ဒီလို မယူဆလောက်ဘူးလို့ ထင်လို့ပါ။ ကိုဆိုးသွမ်းနဲ့ စိတ်သဘောထားတိုက်ဆိုင်သူတွေလည်း ကိုယ့်အကြောင်းပြချက်တွေကို ဝေမျှကြပါလား?

Reply to This

အဲဒီစာအုပ်ကို ကြိုတင်ဖတ်ခွင့်ရရင်ကောင်းမယ်.....

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service