Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

တာယာ

ဘာကြောင့် Blog ကို ဒီနာမည်ပေးတယ် ....

ဒီမှာ ရှိနေကြတဲ့ လူတိုင်းက ကိုယ်ပိုင်ဘလော့ဂ် တစ်ခုစီတော့ကိုယ်စီ ကိုယ်ငှ ရှိနေကြလိမ့်မယ်လို့ ယုံကြည်ပါတယ် ။ အဲဒီနေရာမှာ ကိုယ့်ဘလော့ဂ်လေးကို နာမည်တွေ ပေးကြတယ် ..။ တစ်ချို့ကလဲ ကိုယ့်နာမည် အရင်းနဲ့ လုပ်ကြသလို ..တစ်ချို့ကလဲ Nick Name တွေ ပေးပြီး လုပ်ကြတယ် ... ။ တစ်ချို့ကြတော့လဲ ကိုယ့်ချစ်သူနာမည်လေးတွေနဲ့ ..လုပ်ကြတယ် ...။ သေချာတာ တစ်ခုကတော့ အမှတ်တရ တစ်ခုခုကိုယ်စီလေးတွေနဲ့ လုပ်ထားကြတယ်လို့ ထင်ပါတယ် ...။ ဒါကြောင့် ဒီနေရာလေးမှာ ကျွန်တော်ကတော့ ဘာကြောင့် ဒီနာမည်လေး ပေးထားတာပါ ...ကျွန်မကတော့ ဘယ်လိုကြောင့် ဒီနာမည်လေး ပေးထားတာပါ ...စသဖြင့် ကိုယ့်ရဲ့ ဘလော့ဂ်လေးကို အမွန်းတင်ကြရအောင် ....... ။

Share

Reply to This

Replies to This Discussion

သောကြာသားမို့ သောကြာသားလို့ပေးတာပါ .. ဘလောခ့် အမည်ကို http://fridaypage.blogspot.com/
လို့ပေးတာကတော့ သောကြာသားကရေးလို့ပါ. :)

Reply to This

ကျတော်က ပြောရရင် ဂျယ်ဂျဲပေါ့။ သူငယ်ချင်းတွေ စရင်း နောက်ရင်းကနေ အဲ့နာမည်ကြိုက်ပြီး နာမည်ပြောတိုင်းဂျယ်ဂျဲပဲ ပြောတယ်။ နာမည်အရင်းကို သိတဲ့လူရှားတယ်။ မလိုအပ်ဘူးလေ ခေါ်စရာနာမည်တခုရှိရင် ပီးတာပဲပေါ့ Gmail လဲ jeljel ပဲ၊ Blog လုပ်တော့လဲ http://www.jeljel-lay.co.cc/ ဆိုပြီး လုပ်ဖြစ်တယ်။ အခုတော့ ကျတော့ အစ်မက ချစ်စနိုးနဲ့ ဖိုးဂျယ်လို့ခေါ်တော့ ဒီနာမည်လေးက ဂျယ်ဂျဲထပ် ပိုကောင်းတယ်ထင်လို့ ဖိုးဂျယ်လို့ ပြောင်းသုံးတယ်။ နောက် Blog တခုကအလကားရနေတော့ ထပ်လုပ်ဖြစ်တယ်။ ပထမက ရူးပေါဂိုဏ်းဆိုပြီး စလုပ်တာ သူငယ်ချင်းတွေ ပျော်ပျော်ရွှင်ပေါ့ နောက်တော့ ငပေါများဂေဟာဆိုပြီး နာမည်ပြောင်းလိုက်တယ်။ http://www.crazyvilla.co.cc/ ရယ်ချင်ရင် ပေါချင်ရင် လာလည်ပတ်လို့ရပါတယ်။ စိတ်အပန်းဖြေစရာနေရာလေးပေါ့။

Reply to This

ဘာပဲလုပ်လုပ် ကိုယ့်နာမည်ကိုပဲ အရင်သတိရမိတယ်။ အကျင့်ကလည်းပါနေပြီလေ။ ဘဏ်စာအုပ်၊ ကားလိုင်စင်၊ ဘာကဒ်၊ ညာကဒ် လုပ်သမျှ နာမည်တွေသုံး သုံးနေရတော့ ဒီဘလောဂ့်မှာလည်း မလည်မ၀ယ်နဲ့ ကိုယ့်နာမည်အရင်းပဲ သုံးဖြစ်ခဲ့တယ်။ နောက်ဆုံးတက်ခဲ့တဲ့ ကျောင်း၊ အမှတ်တရအမြဲဖြစ်နေတဲ့ တက္ကသိုလ်၊ လွတ်လပ်မှု၊ ပျော်ရွှင်မှုကို အပြည့်အ၀ ဖန်တီးပေးနိုင်တဲ့ ကျောင်းကို အမှတ်ရလို့ မန်းလေးဆိုပြီး အတို ကောက်ထည့်ခဲ့တယ်။ မန်းလေးသားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နေပျော်ခဲ့တဲ့မြို့မို့ နှစ်သက်ခဲ့တာ အမှန်ပါ။ ဒါနဲ့ http://winzaw-mdy.blogspot.com ဆိုပြီး ဘလောဂ့်လေး ဖွင့်မိတယ်။ သူများလိုမျိုး နစ်နိမ်း လည်း လှ၂ပ၂ မသုံးတတ်ဘူး၊ မသုံးတတ်တာထက် မနှစ်သက်တာပါ။ နောက် သူများလို စွဲစွဲထင်ထင် ကောင်မလေးရည်းစားက မရှိတော့ နာမည်လှတပတ ပေးဖို့ ဥာဏ်မကွန့် တတ်မိဘူးလေ။ ဒါပေမယ့် ဒီ ဘလောဂ့်လိပ်စာလေးကို ပဲ ကြိုက်ပါတယ်။ သူငယ်ချင်း တော်၂များ၂ ကလည်း ဒီလိပ်စာကို မှတ်မိနေလောက်ပါပြီ။ ဖော်ပြခွင့်ရလို့ကျေးဇူးတင်တယ်။

Reply to This

ကျနော့်ဘလော့ဂ်နာမည်ကတော့ http://www.thirteenborn.blogspot.com ပါ။ ဘာမှ မသိသေးပါဘူး။ ခုမှ အစမ်းပျိုးတုန်းပါ။ ကျနော့်ဆီကို လာလည်ပြီး အကြံပေးကြပါလို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ကျနော့်ဘလော့၈်အကြောင်းလေးကို ပြောပြပါဦးမယ်။ ပထမဆုံးပြော၇မှာကတော့ ဘလော့ဂ်နာမည်ပါ။ ကျနော်က အင်္ဂလိပ်လို ၁၃ ရက်နေ့မှာ မွေးပါတယ်။ ၁၃ ဟာ ကျနော့်အတွက်တော့ ထူးခြားမှုတွေကို ပေးပါတယ်။ အထူးသဖြင့် ၄ ရက်၊ ၁၃ ရက်၊ ၂၂ ရက်၊ ၃၁ ရက် နေ့တွေမှာ တစ်ခုခု ထူးခြားတာတွေ ဖြစ်တတ်ပါတယ်။ ကောင်းတာဖြစ်ဖြစ်။ ဆိုးတာဖြစ်ဖြစ် ဒီလိုရက်မျိုးတွေမှာ အများဆုံးကြုံရလေ့ ရှိပါတယ်။ ပြီးတော့ကျနော်က ၁၃ ကိုလည်း ကြိုက်တယ်လေ။ ဒါကြောင့် ကျနော့် ဘလော့ဂ်လေးကို
thirteenborn လို့ ပေးထားတာပါ။

Reply to This

ကြယ်စင်မင်း ရဲ့ မှတ်စုများ ပေါ့.. www.kingofstar7.com ပါ
ကောင်ကင်မှာရှိတဲ့ ကြယ်စင်တွေကို အပိုင်းစားထားတဲ့ သူလို့ သဘောသတ်မှတ်နိုင်ပါတယ်..။ :D
စစချင်း ဒိုမိန်းဝယ်တုံးက kingofstar.com က မရဘဲ kingofstar7.com ဘဲ ရလိုက်လို့.. 7 ပါတဲ့ဒိုမိန်းကိုဘဲ ၀ယ်လိုက်ရလို့ kingofstar7.com ဆိုပြီးဖြစ်ပေါ်လာတာပါ..။ 7 ထဲ့လိုက်တယ်ဆိုတာကလည်း.. မွေးနေ့ကိုပေါင်းရင် 7 ရတယ်လေ..။

ကယ်.. သိတဲ့သူလည်းသိပြီးကြပြီ.. မသိတဲ့သူတွေလည်း သိအောင် ဒီကိုလာ ကြည့်ပါအုံး....။

Reply to This

ချစ်သူမောင် ဆိုတာ ချစ်တဲ့မောင်ကနေလာတာပါ နာမည်ရွေးဒိုမိန်းဝယ်တော့လည်းချစ်သူမောင်နဲ့ဝယ်ဖြစ်ပါတယ်
အမှန်ကတော့http://www.chittemaung.blogspot.comကနေ ကူကူး စန္ဒကူးကသူ့ဘလော့မှာ ချစ်သူမောင် ဆိုတဲ့
လင့်ခချိတ်ထားတာတွေ့တော့ချစ်သူမောင်ဖြစ် ရပြီးကြိုက်လို့ကူကူးကိုလည်းကျေးဇူးတင်လို့ဆက်ပြီး ချစ်သူမောင်
ဖြစ်နေတော့တာ အယင်က happyman နာမည်နဲ့ အိပ်မက် မှာရေးပါတယ်...........

Reply to This

အဟီး ပြောရမယ်ဆိုရင် အမွန်းတင်ချင်လို့တော့မဟုတ်ပါဘူး
ကျွန်မ ဘလော့က www.gypsydoll.co.cc ပါ
gypsy ဆိုတာက ဂျစ်ပစီမိုးတိမ်သီချင်းကိုကြိုက်လို့
ပြီေးတာ့ မှောင်မှပဲ အိမ်ပြန်တတ်လို့ လျှောက်လည်နေတာလေ
မမှောင်ရင် လမ်းမမှတ်မိဘူး ဟီးဟီး
Doll ကတော့ ငယ်ငယ်တုန်းက သနပ်ခါးလိမ်းတမ်းဆော့ခဲ့ဖူးတဲ့ကော်ပတ်ရုပ်မကို သတိရလို့။
လမ်းကြုံရင်လည်း ၀င်ခဲ့ကြပါဦး
ဘာရယ်ညာရယ် ထူးထူးဆန်းဆန်းတွေ မရေးတတ်ပါဘူး ။ ဘ၀တလျှောက်မှာ အမှတ်တရတွေ ချန်ထားခဲ့တဲ့ သဘောလေးပါပဲ။

Reply to This

ထာဝရခင် ဆိုတဲ့ နာမည်က နည်းနည်းတော့ ကဗျာ ဆန်တယ်နော်။ ထာဝရ ဆိုတဲ့ စာကို ကြိုက်လို့ ၊ ခင် ဆိုတာကတော့ အဖေ့ နာမည်။ ထာဝရခင် ဖြစ်လာရပါတယ်။ ဘလောဂ့် စတင် စမ်းသပ်နေပါတယ်။ အချိန်ရရင် ကိုယ့် ဘလောဂ့်ကို လာလည်ဖို့  ဖိတ်ခေါ်ပါတယ်။

Reply to This

နည်းနည်းလေးတော့ ပွားရတာပ။ ကျုပ်ဘလော့ဂ် နာမည်က DHO ONG JHAAN အဟဲ နားမလည်ဘူးမလား? သိနေတယ်လေ။ မွန်လိုပေးထားတာ။ ဓရ်အံင်ဇျာန် တဲ့။ [ဓရ်=တရား၊ ဓမ္မ][အံင်=အောင်][ဇျာန်=ဈာန်] အဓိပ္ပာယ်က ဈာန်ကိုအောင်တဲ့တရား၊ ဈာန်အောင်တဲ့တရားပေါ့ဗျာ။ အဟဲ ဘလော့ဂ်ကတော့ တရားဓမ္မတွေအကြောင်း မဟုတ်ပါ။ ကျနော့်ရဲ့မွန်နာမည်ပါ။ ဗမာမှုပြုထားတာလေးက "ထင်အောင်ဈာန်"ပါတဲ့။ ဒီနာမည်က အသက် ၂၀ ကျော်မှ ပေးရတာကလား? ဒါကြောင့် အမှတ်တရလေးဖြစ်ရအောင် နာမည်အသစ်ကိုပဲ ဘလော့ဂ်နာမည်လေးပေးလိုက်တယ်။ ထွေထွေထူးထူး မရှိပါ။ ဒါပေမဲ့ ဒီနာမည်ကြောင့် ကျနော့်ခမျာမှ ခဏခဏ အဝေဖန်ခံနေရပါတယ်။ နာမည်ထူးထူးဆန်းဆန်း ကြိုက်တော့လည်း ခံပေါ့။

Reply to This

တို့ဘလော့ နာမည်က နှင်းဆီတစ်ခင်း ပန်းတစ်ခြင်း တဲ့။ ဘာနာမည် ပေးရမလဲလို့ စဉ်းစားလိုက်တဲ့ အချိန်မှာ စိတ်ကူးပေါ်လာလို့ အဲဒီလိုပေးလိုက်တာ။ ရသ စာပေ အမျိုးစုံ ပါမယ် ဆိုတဲ့ အဓိပ္ပါယ် နဲ့ပါ။

Reply to This

ကျွန်တော့် nickname က လောလောဆယ်ပေါ့်...ဘာ့ကြောင့် lawlawsal ကို lawlawsal4 လို့ ထည့်လိုက်လဲဆိုတော့ 4 ဆိုတာ ဖောရှော ကိုပြောတာမဟုတ်ဘူးနော်.... For... F-O-R ဆိုတဲ့ ဆိုလိုရင်းနဲ့ ပါ....:P

Reply to This

ကျွန်တော်လေတံခွန်ရဲ့ဘလော့နာမည်က တိမ်တွေပြိုတဲ့ညနေခင်း{လေတံခွန်} ပါ......။ အရင်ကတော့ တိမ်တွေပြိုတဲ့ညနေခင်း တစ်မျိုးထဲပါပဲ...။ နောက်ကလေတံခွန်ဆိုတာကိုမထည့်ထားပါဘူး........။ ဒါပေမယ့်တစ်နေ့မှာတော့ မထင်မှတ်ပဲ ကျွန်တော်နဲ့နာမည်တူတဲ့ လေတံခွန်ဆိုတာကိုသွားတွေ့တော့တာပါပဲ........။ အဲ့ဒါနဲ့ပဲ တိမ်တွေပြိုတဲ့ညနေခင်း ဖြစ်သွားပါရောဗျာ..........။ အဲ့သည့်တိမ်တွေပြိုတဲ့ညနေခင်းက ကျတော့ www.mysuboo.com မှာစရေးထဲက ဘလော့ရဲ့ခေါင်းစဉ်အဖြစ်သုံးခဲ့တာလေ.....။ အဲ့ဒါကြောင့်ပဲ တိမ်တွေပြိုတဲ့ညနေခင်း{လေတံခွန်}ဆိုပြီးဖြစ်လာပါတယ်.......။ ရသပိုင်းအရေးများပါတယ်.......။ ၀ါသနာပါရင်လာလည်ဖို့ဖိတ်ပါတယ်......။

{လေတံခွန်}

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service