Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

တာယာ

ဘာကြောင့် Blog ကို ဒီနာမည်ပေးတယ် ....

ဒီမှာ ရှိနေကြတဲ့ လူတိုင်းက ကိုယ်ပိုင်ဘလော့ဂ် တစ်ခုစီတော့ကိုယ်စီ ကိုယ်ငှ ရှိနေကြလိမ့်မယ်လို့ ယုံကြည်ပါတယ် ။ အဲဒီနေရာမှာ ကိုယ့်ဘလော့ဂ်လေးကို နာမည်တွေ ပေးကြတယ် ..။ တစ်ချို့ကလဲ ကိုယ့်နာမည် အရင်းနဲ့ လုပ်ကြသလို ..တစ်ချို့ကလဲ Nick Name တွေ ပေးပြီး လုပ်ကြတယ် ... ။ တစ်ချို့ကြတော့လဲ ကိုယ့်ချစ်သူနာမည်လေးတွေနဲ့ ..လုပ်ကြတယ် ...။ သေချာတာ တစ်ခုကတော့ အမှတ်တရ တစ်ခုခုကိုယ်စီလေးတွေနဲ့ လုပ်ထားကြတယ်လို့ ထင်ပါတယ် ...။ ဒါကြောင့် ဒီနေရာလေးမှာ ကျွန်တော်ကတော့ ဘာကြောင့် ဒီနာမည်လေး ပေးထားတာပါ ...ကျွန်မကတော့ ဘယ်လိုကြောင့် ဒီနာမည်လေး ပေးထားတာပါ ...စသဖြင့် ကိုယ့်ရဲ့ ဘလော့ဂ်လေးကို အမွန်းတင်ကြရအောင် ....... ။

Share

Reply to This

Replies to This Discussion

ကဲ ..ကျွန်တော်ပဲ စပြောမယ်ဗျာ ..ကျွန်တော့်ဘလော့ဂ်က http://taryar.mmtechpro.net/ ပါ ...ဘာကြောင့် တာယာ ဆိုတဲ့ နာမည်လေး ပေးထားရသလဲဆိုတော့ ...ကျွန်တော်က တာရာမင်းဝေကို ကြိုက်လို့ပါ ...( သူ့ အရေးအသားတွေ စာအုပ်တွေ ပြောတာနော် :P ).. ဒါပေမယ့် သူ့နာမည်ကို ပေးရလောက်အောင် ကျွန်တော့်မှာ သူ့လောက်အစွမ်းအစ မရှိဘူးဗျ ...ဒီကြောင့် တာရာ နဲ့ နီးစပ်တဲ့ တာယာ ဆိုတဲ့ နာမည်လေး ပေးထားတာပါ ...( ကားတာယာ ) မဟုတ်ဘူးနော် ...တွေ့တဲ့လူတိုင်းက ကားတာယာ လားလို့ မေးကြလွန်းလို့ ..ဒီနေရာမှာ တစ်ခါတည်း ရှင်းလိုက်ပြီနာ် .... :P .....

Reply to This

ဘာကြောင့် လရိပ် ဆိုတဲ့ နာမည်လေး ပေးထားရသလဲဆိုတော့ လရိပ် ဆိုတာက အေးချမ်းတယ်လေ အပူအပင် မရှိဘူး ဆိုတာ ကိုကြိုက် လို့ ပါ။ :)

Reply to This

ကျနော်ကတော့ ကိုဂစ်တာပါ။ ကျနော့်နာမည်အရင်းက ဂစ်တာမဟုတ်ပါဘူး။ ဒါပေမဲ့ gmail သုံးတဲ့အခါ။ နာမည်လေးကိုရှည်ရှည်လေးနဲ့ ကျနော်ကြိုက်တဲ့ အင်္ဂလိပ်စကားလုံးလေးတွေလည်းပါအောင် professionalguiterist လို့ ပေးခဲ့တာပါ။ ဒါတောင် စာလုံးပေါင်းကမှားလိုက်သေးတယ် ဂစ်တာရဲ့စာလုံးပေါင်းအမှန်က guitar လေ။ အဲ့ဒါကို နှစ်ပေါင်းတော်တော်ကြာအောင်ကိုမှားနေခဲ့တာ။ gamil လုပ်ပြီးမှပဲ အမှန်ကို သိတော့တယ်။ ဒါနဲ့ အွန်လိုင်းမှာခင်တဲ့သူငယ်ချင်းတွေက ကျွန်တော့်ကို ဂစ်တာတီးသလားလို့ အမြဲမေးတယ်ဗျ။ မတီးပါဘူး။ တီတတ်ခေါက်တတ်ရုံပါလို့ရှင်းပြရတာလဲ လက်တွေလည်းညောင်းသွားပြီ။ ကဲမှတ်ထားကြပါ။ မျိုးကြော့မြိုင်လိုပြောရရင်...
ကျွန်တော့်နာမည် ကိုဂစ်တာပါ လှိုင်သာယာမှာနေပါတယ်။
အမေကတော့ အမေကတော့ အိမ်ရှင်မပေါ့ အိမ်မှာအမြဲရှိပါတယ်။
အဖေကတော့ ၀ါသနာပါတဲ့ သူအလုပ်မှာပျော်ပါတယ်။
ကျွန်တော့်ညီမငယ်ငယ်လေးက ဆယ်တန်းအောင်ပြီးပါပြီကွယ်
အမှတ်ကောင်းရင် ဘာတက်ရမလဲေ အခုမှစဉ်းစားတုန်းပဲရှိပါတယ်
ကျွန်တော်ကတော့ ဘလော့ရေးနည်း လေ့လာတုန်းပဲရှိပါတယ်...
ခင်ဗျားတို့လည်း ပိုလို့သိရင် ကျွန်တော့်အတွက်နည်းနည်းပြပါကွယ်...............................................

Reply to This

my blog name is free rhythm
simply i like to stay freely, my ownself
tat's why i gave that name

Reply to This

ကျွန်တော်ကတော့ ရှင်းပါတယ်။
မန္တလေး နှစ်၁၅၀ပြည့် ကို ရည်ရွယ်ပြီး
မန္တလေး နှစ်၁၅၀ပြည့် ပွဲတော်အတွက်
ရည်ရွယ်ပြီး ဒီဘလော့ကို တင်ပါတယ်
ourmandalay.wordpress.com

Reply to This

ကျွန်မကတော့ ရှင်းပါတယ်... ပန်းရောင်အဆင်းရှိတဲ့ ရွှေကိုကြိုက်လို့ Pink Gold ဆိုပြီး ပေးခဲ့တာ.. လူတော်တော် များများကေ၇ွှဆို နှစ်မျိုးတည်းရှိတယ်ပဲ သိကြတယ်ရှင့်.. Yellow Gold နဲ့ White Gold ပေါ့.. Green Gold, Pink Gold. Purple Gold စတဲ့ အရောင်တွေရှိတဲ့ ရွှေ ဆိုတဲ့ သတ္တုကို မသိကြဘူး... ကျွန်မလည်း အတတ်ဆန်းပြီး Pink Gold ရယ်လို့ပေးလိုက်တာ အို နာမည်တွေများ ဖျက်လိုက်ကြတာ စုံပါလေရော.. ပန်းရွှေတွေရော ရွှေပန်းတွေရော ပင့်ကူတွေရော ပိန်ဂိုးတွေရော.. ကျန်သေးတယ် ကျန်သေးတယ် မပြောချင်လို့.. အဲတော့ Pink Gold က ရေးတဲ့ ဘလောဂ့်က The World Of Pink Gold ဆိုပြီး ဖြစ်လာတာပေါ့ရှင်။

Reply to This

ဘလော့ရေးမှာမို့ ဘလော့ဂါ။ အသက်မကြီးချင်လို့ လေး ထဲ့လိုက်တော့ ဘလော့ဂါလေး။ ကဲ ဘာပြောချင်သေးလဲကွာ။ :)

Reply to This

ကျွန်တော့ ဘလော့က .. ကောင်းခန့်(ရသ) .. နာမည်က ကောင်းခန့်ဇျာန် ပါ .. နာမည်အရင်းတော့မဟုတ်ပါဘူး .. အသက်ကြီးမှ ဆရာတော်တစ်ပါးက မင်းနာမည်က မကောင်းဘူး .. ဒီနာမည်ပြောင်းပါဆိုပြီး မှည့်ပေးထားလို့ ..
ရထားတဲ့ဘွဲ့က . ရသစာပေအရေးအသား ... သူငယ်ချင်းတွေရဲ့ ကဗျာစာအုပ်လေးတစ်ကို စီစဉ်ပေးခဲ့စဉ်က သူတို့ရဲ့ ရောယောင်ပြီး ကဗျာလေးတစ်ပုဒ်ရေးဖြစ်တယ် .. ကောင်းခန့်(ရသ) ဆိုတဲ့ နာမည်နဲ့ပါ ..
တက္ကသိုလ်တက်စဉ်ကရော .. ဘွဲ့ရပြီးမှရော .. အခုချိန်ထိ ရသသမားပီပီ ရေးခဲ့ဖူးတာဆိုလို့ အဲဒီတစ်ပုဒ်ပဲ ရှိပါတယ် .. ဘလော့ရေးဖြစ်တော့လည်း ဒီနာမည်ကိုပဲ သုံးဖြစ်ပါတယ် .. ရသနဲ့ ပတ်သက်တာတွေ ရေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ပါ .. ခုချိန်ထိတော့ ရသနဲ့ပတ်သက်ပြီး မရေးနိုင်သေးပါဘူး .... :)

Reply to This

ကျွန်တော်က တော့ http://kayahlayblog.myanmarbloggers.org ပေးရသလဲဆိုတော့ ကျွန်တော်က

ကယားလူမျိုးဆိုတော့ ကယားလူမျိုးတွေရဲ့

အမှတ်တရ တစ်ခု အနေနဲ့ ပြီးတော့ ကိုယ့်ကယားလူမျိုးတွေ ပိုမိုအမှတ်တရ အနေနဲ့ ပေးထားပါတယ်.......
.........

Reply to This

နှင်း ကတော့နာမည်အရင်းပါပဲ။ နှင်းကိုမွေးတာက သြဂုတ်လမှာဖြစ်ပေမယ့် ဒီဇင်ဘာလကို အရမ်းကြိုက်တယ်။ တချို့နေရာတွေမှာ ဒီဇင်ဘာဆို နှင်းတွေကျပြီလေ။ ဒီဇင်ဘာရဲ့ အေးချမ်းမှု ဒီဇင်ဘာမှာ ဖြစ်တတ်တဲ့ သဘာဝတွေနဲ့ နှစ်သစ်ကို ကူးပြောင်းရတော့မယ့် နောက်ဆုံးလ ဖြစ်တာရယ်ကြောင့် ဒီဇင်ဘာနှင်း လို့ပေးဖြစ်သွားတာပါ။

Reply to This

ကျွန်တော်က တော့နာမည်အရင်းမပာုတ်ဘူးဗျ။ကဗျာရေးရင် သုံးတဲ့နာမည်ပါ၊ နာမည်ရင်းနဲ့တင်ရင်ဘယ်သူမှ မယုံကြဘူးဗျ။ကျွန်တော့်နာမည်ကလည်းနည်းနည်းလေးတော့ဆန်းတယ်၊ကျောင်းစနေကတည်းက ဒီနာမည်ကတော်တော် ဒုက္ခပေးလာတာဗျ၊ကျွန်တော့်နာမည်အရင်းက နေကမ္ဘာအောင်ဆိုတော့ကျောင်းစတက်ပြီဆိုကတည်းက လူသိများလွန်းလို့တော်တော် ဒုက္ခရောက်ခဲ့တာဗျ။ ဒါကြောင့် ကိုယ့်နာမည်ကို ပေးခွင့်ရှိတဲ့ အချိန်တိုင်း ကျွန်တော်သုံးတာက နေမင်းခ ဆိုတဲ့ နာမည်ပဲ ဗျ။ဒါကြောင်လဲကျွန်တော့် ဘလောက်နာမည်က နေမင်းခ ဖြစ်သွားတာပေါ့ဗျာ။

Reply to This

စရည်ရွယ် ကတည်းက ကျနော့်ရဲ့ ဘလော့်ခ်ကို ရောက်တတ်ရာရာလေးပဲ ရေးမယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါကြောင့် နာမည်ကိုလဲ ရောက်တတ်ရာရာလေးများ လို့ပဲ ပေးခဲ့ပါတယ်။ URL ကိုတော့ အများ မှတ်မိလွယ်အောင် ကျနော့်ရဲ့ မေးလ်ယူဇာနိမ်းဖြစ်တဲ့ kzy1980 လို့ပဲ လွယ်လွယ်ကူကူပေးခဲ့မိပါတယ်။....

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service