Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

တာယာ

ဘာကြောင့် Blog ကို ဒီနာမည်ပေးတယ် ....

ဒီမှာ ရှိနေကြတဲ့ လူတိုင်းက ကိုယ်ပိုင်ဘလော့ဂ် တစ်ခုစီတော့ကိုယ်စီ ကိုယ်ငှ ရှိနေကြလိမ့်မယ်လို့ ယုံကြည်ပါတယ် ။ အဲဒီနေရာမှာ ကိုယ့်ဘလော့ဂ်လေးကို နာမည်တွေ ပေးကြတယ် ..။ တစ်ချို့ကလဲ ကိုယ့်နာမည် အရင်းနဲ့ လုပ်ကြသလို ..တစ်ချို့ကလဲ Nick Name တွေ ပေးပြီး လုပ်ကြတယ် ... ။ တစ်ချို့ကြတော့လဲ ကိုယ့်ချစ်သူနာမည်လေးတွေနဲ့ ..လုပ်ကြတယ် ...။ သေချာတာ တစ်ခုကတော့ အမှတ်တရ တစ်ခုခုကိုယ်စီလေးတွေနဲ့ လုပ်ထားကြတယ်လို့ ထင်ပါတယ် ...။ ဒါကြောင့် ဒီနေရာလေးမှာ ကျွန်တော်ကတော့ ဘာကြောင့် ဒီနာမည်လေး ပေးထားတာပါ ...ကျွန်မကတော့ ဘယ်လိုကြောင့် ဒီနာမည်လေး ပေးထားတာပါ ...စသဖြင့် ကိုယ့်ရဲ့ ဘလော့ဂ်လေးကို အမွန်းတင်ကြရအောင် ....... ။

Share

Reply to This

Replies to This Discussion

(အိတ်တီတီပီး//ကွမ်းယာ.နိုင်း.ကွန်း)
သူများတွေလိုပဲ ကွမ်းယာဆိုတာ ကျွန်တော်နာမည်။
ကွမ်းကြိုက်လို့တော့မထင်နဲ့ လုံးဝမစားတာ။
အမေကရွာမှာ''ကွမ်း''တောင်ကိုင်
အဖေကတေားမှာ ''ယာ"' လုပ်တယ်။
ဒါနဲံ အမေရိကားမှာနေတဲံ့အဖိုးက
ကျွန်တော်ကို ''ကွမ်းယာ''လို့ခေါ်တယ်လေ။
ဒါနဲ့ပဲ.....................................ခုလိုဘလောလေးဘာလေးတက်ကမြင်းတော့
ဘလောကာကွမ်းယာပေါ့(ငဲ...ငဲ)
လာလယ်လို့ရတယ်။။။။။။။။။
http://comyar.ning.com/လာလည်းကူလို့ရတယ်

Reply to This

နေ့အိပ်မက်က သိပ်စိတ်ကူးယဉ်တတ်တာ.. အင်္ဂလိပ်လို စိတ်ကူးယဉ်တာကို daydreamလို့ခေါ်တယ်လေ.. နေ့ခင်းကြောင်တောင်ကြီး အိပ်မက်မက်တယ်ဆိုတာ စိတ်ကူးယဉ်တာပေါ့.. အဲဒါကြောင့် နေ့အိပ်မက်ဆိုတဲ့ နာမည်ကိုယူပြီးပေးထားတယ်.... အိပ်မက်တွေများပေမဲ့ နေ့အိပ်မက်ဆိုတဲ့နာမည်တော့ ဘယ်သူမှ မသုံးသေးဘူးထင်လို့.. ဘလော့ဂ်နာမည်ကိုတော့ “အိပ်မက်များနဲ့ရှင်သန်ခြင်း”လို့ပေးထားတယ်.. နေ့အိပ်မက်မှာ အကောင်အထည်ဖော်ဖို့ လိုနေတဲ့ အိပ်မက်တွေ အများကြီးအများကြီး ရှိနေတယ်လေ.. တစ်နေ့တစ်နေ့အဲဒါတွေ ဖြစ်လာခဲ့ရင်ဆိုပြီး စိတ်ကူးယဉ်၊ ဖြစ်လာအောင်လည်း အကောင်အထည်ဖော်နေတာမို့ အိပ်မက်များနဲ့ရှင်သန်နေတဲ့ကောင်မလေး နေ့အိပ်မက်ပေါ့.. :) သြော်.. ဘလော့ဂ်လိပ်စာက daydreamမှာ myပါနေတာက စစချင်း wordpress.comမှာ ဘလော့ဂ်လုပ်တုန်းက daydreamဆိုတဲ့ နာမည်မရလို့ ကိုယ်ပိုင်တဲ့ စိတ်ကူးယဉ်တွေလို့ ပေးချင်လို့ my ထည့်လိုက်တာ. နောက်ပိုင်းလည်း ဒါပဲ သုံးဖြစ်တော့တယ်...

Reply to This

အစက မြန်မာဖီလိုဆိုဖာလို့ ပေးတယ်။ အများအမြင်ကပ်စရာဖြစ်နေတာရယ်၊ ဘလော့ဂ် ပြောင်းချင်တာရယ်ကြောင့် Thinker ကို အသံဖလှယ်ပြီး သင်ကာ လို့ယူတယ်။ ဒါပေမယ့် သင်ကာတွေက နိုင်ငံအသီးသီးမှာ များနေတော့ မြန်မာကို ကိုယ်စားပြုပြီး အမ်အမ်ရှေ့က တပ်တယ်။ နောက်ဆုံးဝါ့ဒ်ပရက်မှာ ဒိုမိန်းယူတော့ အမ်အမ်သင်ကာက ကိုယ့်ဖာသာယူပြီး ကိုယ့်ဖာသာ ပြန်ဖျက်ခဲ့ပြီးပြီ။ ဒီတော့ mm free thinker ဆိုပြီး ယူပါတယ်။ အများသိတာကတော့ ကိုသင်ကာပါပဲ။

နောက် ဘလော်ဂါ အသစ်တချို့က ရှေ့က အမ်အမ်ကို မောင်မောင် ရဲ့ အတိုကောက်မှတ်ပြီး မောင်မောင်သင်ကာလို့ ခေါ်တာ ရှိပါသေးတယ်။ ရှိစေတော့၊ မရှင်းတော့ပြီ။

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service