Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ko wai

Blog ကို မြန်မာလို ဘယ်လိုပေါင်းမလဲ

blog ကိုပေါ့ မြန်မာလိုစာလုံးပေါင်းတဲ့ အခါမှာ ကိုယ်သန်ရာသန်ရာ အမျိုးမျိုးပေါင်းနေကြလေရဲ့ ဒီတော့ ဘယ်လိုစာလုံးပေါင်းရင် ကောင်းမလဲ ၀ိုင်းဝန်းတိုင်ပင်ကြပါဦး
ဘလော့ ဘလောဂ် ဘလော့ခ် ဘလောက် ပေါ့ အမျိုးမျိုးပေါင်းနေတယ် ဘာက အသင့်တော်ဆုံးဖြစ်မလဲ ကဲ ပြောကြစမ်းပါ ဘလောက်ဂါတို့ရာ

Share

Reply to This

Replies to This Discussion

ဘယ်အိုဂျီ ဒီလိုကောင်းဘူးလား ဟီး......
နောက်တစ်ခုက....ဘယ်အော့
။။။။။။။။။။။။။။။။ ဘိုဂျီ
။။။။ ။။။။ ။။။ ။။။ ဘီလိုဂျီ
အးလုံးကောင်းတယ်ကြီုက်တာ၃ပေါ့ ပိုက်ဆံမပေးရပါဝူး......
လိုတာရှိရင်ပြေားပေါ့.......

Reply to This

ပေါင်းချင်သလို ပေါင်းပေါ့ ကိုယ်ပေါင်းတာ အမှန်ပဲ။ ပေါင်းတတ်ဖို့တော့ လိုတယ်နော....

Reply to This

ဂီတဆန်ဆန်လေး ပလို့ ဂျိလို့ ခေါ်ရအောင်

Reply to This

OK! သရင်း blog ကို မြန်မာလို့စာလုံပေါင်းကို ဘလော့ လို့ပဲလွယ်လွယ်လေးပေါင်းလိုက်ရင်မကောင်းဘူးလား . . . ဘာပြုလဲဆိုတော့ ဘလော့ လို့ပေါင်းခြင်းဟာ စာလုံပေါင်းတာလဲလွယ်တယ် စာရိုက်ရတာလဲတိုတယ် ဘလောဂ် တို့ ဘလော့ခ် တို့ ကနည်းနည်းတော့ဝေ့လည်ကြောင်ပတ် နိုင်တယ် ဘလောက် ကတော့ ဘလောက်အင်္ကျီ ကိုပေါင်းတဲ့စာလုံးပေါင်းဆိုတော့ မကောင်းပါဘူး သရင်းရာ . . .

Reply to This

သူ့ဟာသူ ဒီတိုင်းထားလိုက်ပါဗျာ... အင်္ဂလိပ်စာကလာတဲ့ စာလုံးတစ်လုံးပဲ... အသံတောင် ဒီတိုင်းထွက်နေကြတာပဲ... ဘာလို့ မြန်မာမှုပြုမှာတုန်း.. Blog လို့ရေးလည်း လူတိုင်းနားလည်နေတဲ့ကိစ္စပဲ

အဲ့လို ရှေးတုန်းက မြန်မာမှုတွေပြုခဲ့လွန်းလို့ Pension ကနေ ပင်စင်ဆိုတဲ့ စာလုံးမျိုးထွက်လာရတယ်၊ နောက်ဆုံးတော့ ဘာဖြစ်လဲ... အသံထွက်တွေ တလွဲဖြစ်ကုန်ရော...

Reply to This

ငါးသလေက်ပေါင်းသလိုသာပေါင်းလိုက်တော့ ရှင်းရှင်းလေးနဲ့ရှုပ်နေတယ်
ဘလော့(ဂ) ဒါဆိုလဲရတာပဲBLOGကတော့ရှင်းပြီးသားကြီးကိုရှုပ်မနေပါနဲ့တော့

Reply to This

မှန်ပါတယ်။ ဒါပဲ အသင့်တော်ဆုံးပါ
ဘလော့ဂ်

moehmaung said:
B သည် မြန်မာသံသို့ ဖလှယ်ရာတွင် (ဘ) သံထွက်ပါသည်။ L သည် (လ) သံ ထွက်ပါသည်။ O သည် မြန်မာသရသံ (အ၊ အာ၊ အု၊ အူ စသည်ဖြင့်) ဖလှယ်ပါသည်။ တခြား ဗျည်းသံများနှင့် ပေါင်းစပ်သော အခါ အသံပျောက်သွားသည်လည်းရှိသည်။ G သည် (ဂ) သံ ဖလှယ်ပါသည်။ ထိုကြောင့်အားလုံးကို ပေါင်းစပ်လိုက်သောအခါ Blog (ဘလော့ဂ်) သည် အနီးစပ်ဆုံး အသံဟုယူဆပါသည်။

Reply to This

ဝင်ပြောပါ့မယ်။ စကားလုံးအသစ်မို့ အသံထွက်အတိုင်း ပေါင်းသင့်တယ်လို့ ထင်၏။ Blog ကို ဗမာတွေ ဘယ်လို ထွက်ကြတုန်း? ဒါ အရေးကြီးတယ်။ "ဘလောက်" လို့ ပြောသံတော့ တစ်ခါမှ မကြားဖူးပါ။ ပြည်တွင်းမှာရော ပြည်ပမှာပ အင်တာနက် သုံးစွဲသူ မြန်မာအများစုဟာ အနည်းနဲ့အများတော့ အင်္ဂလိပ်လို တွတ်တတ်ကြတော့ "ဘလော့ဂ်" လို့ပဲ ပီပီသသ ထွက်ကြမှာပါ။ "ဘလော့ခ်" လို့ ရေးဖို့မသင့်ပါ။ အသံသဘောအရကော၊ ဒီမှာ အများစု မန့်ကြသလို အင်္ဂလိပ်စာအရေးအသားအရကော "ဘလော့ခ်"ဆိုတာက မသင့်ပါ။ အင်း "ဘလော့" လို့ပြောကြရင်တော့ နားထောင်ရမှာ တစ်ညိုးကြီးပဲဗျ။ "ဘလော့ဂ်" ဆိုတဲ့ အရေး နဲ့ အပြောကို အပြည့်အဝ ၁၀၀ % ရေမရောဘဲ ရာနှုန်းပြည့် ထောက်ခံပါကြောင်း...။

Reply to This

သတ်မှတ်ဖို့က မြန်မာစာအဖွဲ့ကလာသတ်မှတ်မှပဲရမယ်။ မြန်မာနိုင်ငံမှာ အဲလိုမျိုးအဖွဲ့အစည်းမရှိဘူး။ ဘလော့ဂ် ဆိုတာကတော့နီးစပ်ဆုံးလို့ထင်တာပဲ။ ဒါပေမဲကျန်တာတွေနဲ့ရေးလည်း နားလည်ကြတာပါပဲလေ။

Pinkgold said:
မဟုတ်ဘူးရှင့်.. မြန်မာ ဘလောဂ့်ဂါတွေ စာလုံးပေါင်း အမျိုးမျိုး ပေါင်းနေတာထက် စာရင် တစ်မျိုးတည်းကိုပဲ unique ဖြစ်အောင် အားလုံးက ညီတူညီမျှ သတ်မှတ်ပေးရင် ပိုကောင်းမယ်ထင်လို့ပါ။

Reply to This

ဘလော့ဂ်ပဲ သင့်တော်တယ်ထင်တယ်..

Reply to This

အင်း.. အင်္ဂလိပ်စာလုံးတွေကို အသံဖလှယ်လို့ မြန်မာတွေ ဘိုသံမပီဘူးပေါ့လေ.. ဒါဆို မွေးစာစာလုံးတွေ များလာလို့ မြန်မာဝေါဟာရတွေ ပျောက်ကုန်တာကျတော့ရော

mmhan said:
သူ့ဟာသူ ဒီတိုင်းထားလိုက်ပါဗျာ... အင်္ဂလိပ်စာကလာတဲ့ စာလုံးတစ်လုံးပဲ... အသံတောင် ဒီတိုင်းထွက်နေကြတာပဲ... ဘာလို့ မြန်မာမှုပြုမှာတုန်း.. Blog လို့ရေးလည်း လူတိုင်းနားလည်နေတဲ့ကိစ္စပဲ

အဲ့လို ရှေးတုန်းက မြန်မာမှုတွေပြုခဲ့လွန်းလို့ Pension ကနေ ပင်စင်ဆိုတဲ့ စာလုံးမျိုးထွက်လာရတယ်၊ နောက်ဆုံးတော့ ဘာဖြစ်လဲ... အသံထွက်တွေ တလွဲဖြစ်ကုန်ရော...

Reply to This

ကျုပ်ကတော့ ကိုယ်ရေးတာမှာ မူတစ်ခုထားထားတယ်

blog=ဘလော့ဂ်
blogger=ဘလော်ဂါ
blogging=ဘလော့ဂင်း
blogspot=ဘလော့ဂ်စပေါ့
wordpress=ဝါ့ဒ်ပရက်စ်

ဘလောက်၊ ဘလောက်ဂါဆိုတဲ့ အသံထွက်ကိုတော့ မကြိုက်ပါဘူး။
မြန်မာဝီကီမှာ တည်းဖြတ်ရင်လည်း အဲဒါတွေကို ပြင်ပစ်ပါတယ်။

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service