Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ko wai

Blog ကို မြန်မာလို ဘယ်လိုပေါင်းမလဲ

blog ကိုပေါ့ မြန်မာလိုစာလုံးပေါင်းတဲ့ အခါမှာ ကိုယ်သန်ရာသန်ရာ အမျိုးမျိုးပေါင်းနေကြလေရဲ့ ဒီတော့ ဘယ်လိုစာလုံးပေါင်းရင် ကောင်းမလဲ ၀ိုင်းဝန်းတိုင်ပင်ကြပါဦး
ဘလော့ ဘလောဂ် ဘလော့ခ် ဘလောက် ပေါ့ အမျိုးမျိုးပေါင်းနေတယ် ဘာက အသင့်တော်ဆုံးဖြစ်မလဲ ကဲ ပြောကြစမ်းပါ ဘလောက်ဂါတို့ရာ

Share

Reply to This

Replies to This Discussion

အဲလိုသတ်သတ်မှတ်မှတ်ကြီး ခွဲဖို့ကတော့ ခက်လိမ့်မယ်ထင်တယ်။ ဘာလို့လည်းဆိုတော့ ဒါက မွေးစားစာလုံးလေ။ မိခင်ဘာသာစကားက လာတာမဟုတ်ဘူး ၊တိုက်ရိုက်ယူသုံးထားတဲ့မွေးစားစာလုံး။ဒီတော့ အနီးစပ်ဆုံးအသံကိုယူပြီး သန်ရာပေါင်းကြတာပဲ။ ဘယ်ဟာမှားတယ် ဘယ်ဟာမှန်တယ် ခွဲလို့မရဘူးထင်တယ်။ မှတ်မှတ်ရရ လူအများ ဆိုကရေတီ လို့ပေါင်းတာကို မင်းခိုက်စိုးစန်ရဲ့ စာအုပ်တစ်အုပ်မှာ ဆော့ခရတ္တိ လို့ ပေါင်းတာတွေ့ဖူးတယ်။ ဒီတော့ အဓိက က ဘလော့ ပဲဖြစ်ဖြစ် ဘလောဂ် သို့မဟုတ် ဘလောက် ပဲ ဖြစ်ဖြစ် Blog ကို ပြောမှန်းသိရင် ပြီးတာပဲ ။ ဟုတ်ဘူးလား ။

Reply to This

မီးကတော့ ဘလော့ပဲပေါင်းတယ်.....

Reply to This

bloc - ဘလော့
blod - ဘလော့ဒ်
blog - ဘလော့ဂ်
blok - ဘလော့ခ်
blop - ဘလော့ပ်
blot - ဘလော့သ်

Reply to This

ဘလောဂ့်

Reply to This

B သည် မြန်မာသံသို့ ဖလှယ်ရာတွင် (ဘ) သံထွက်ပါသည်။ L သည် (လ) သံ ထွက်ပါသည်။ O သည် မြန်မာသရသံ (အ၊ အာ၊ အု၊ အူ စသည်ဖြင့်) ဖလှယ်ပါသည်။ တခြား ဗျည်းသံများနှင့် ပေါင်းစပ်သော အခါ အသံပျောက်သွားသည်လည်းရှိသည်။ G သည် (ဂ) သံ ဖလှယ်ပါသည်။ ထိုကြောင့်အားလုံးကို ပေါင်းစပ်လိုက်သောအခါ Blog (ဘလော့ဂ်) သည် အနီးစပ်ဆုံး အသံဟုယူဆပါသည်။

Reply to This

ဘလော့ဂ် လို့ပဲ ပေါင်းပါတယ်။

Reply to This

မှန်တယ်ဗျ လက်ခံတယ်
moehmaung said:
B သည် မြန်မာသံသို့ ဖလှယ်ရာတွင် (ဘ) သံထွက်ပါသည်။ L သည် (လ) သံ ထွက်ပါသည်။ O သည် မြန်မာသရသံ (အ၊ အာ၊ အု၊ အူ စသည်ဖြင့်) ဖလှယ်ပါသည်။ တခြား ဗျည်းသံများနှင့် ပေါင်းစပ်သော အခါ အသံပျောက်သွားသည်လည်းရှိသည်။ G သည် (ဂ) သံ ဖလှယ်ပါသည်။ ထိုကြောင့်အားလုံးကို ပေါင်းစပ်လိုက်သောအခါ Blog (ဘလော့ဂ်) သည် အနီးစပ်ဆုံး အသံဟုယူဆပါသည်။

Reply to This

အင်္ဂလိပ်စကားတွင် နောက်ပိတ်အသံ ခြောက်မျိုးရှိပါသည်။ p, b, d, t, k, g တို့ဖြစ်သည်။ ဗမာလိုပြောရမည် ဆိုလျင် ပ၊ ဘ၊ ဒ၊ တ၊ က၊ ဂ တို့ဖြစ်သည်။ Blog ဆိုတော့ စကားလုံး၏ နောက်ပိတ်သည် g ဖြစ်နေသောကြောင့် ဂ သံထွက်ရမည်ဟု ထင်မြင်မိပါသဖြင့် ဘလောဂ့်ဟု ပေါင်းခြင်းသာ အမှန်ဖြစ်ပေလိမ့်မည်။

Reply to This

အင်း အားလုံး သဘောတူရင် ဒါလေး အမှန်ယူဖြစ်သွားရင်ကောင်းတာပေါ့ ”ဘလော့ဂ်”

Reply to This

ကျနော်ကတော့ ကြိုက်တာနဲ့ ပေါင်းလိုက်တာပဲ..
ဘလောစ့်
ဘလော့
ဘလော့ဒ်
ဘာနဲ့ ပေါင်းပေါင်း စာဖတ်ပရိသတ် သိရင် ကျေနပ်တယ်.. ဘာလို့လဲဆိုတော့ မိခင်စကားမှ မဟုတ်တာဗျာ.

Reply to This

မဟုတ်ဘူးရှင့်.. မြန်မာ ဘလောဂ့်ဂါတွေ စာလုံးပေါင်း အမျိုးမျိုး ပေါင်းနေတာထက် စာရင် တစ်မျိုးတည်းကိုပဲ unique ဖြစ်အောင် အားလုံးက ညီတူညီမျှ သတ်မှတ်ပေးရင် ပိုကောင်းမယ်ထင်လို့ပါ။

Reply to This

ထွေပြားစရာမရှိပါဘူး။ ပုညပြောသလိုပဲ “ဘလော့ဂ်”သာ အသင့်ဆုံးပါ။ “ဘလောက်”လို့ရေးတဲ့သူကတော့ အတော်ကို ချာတဲ့သူလို့ ပြောရမှာပဲ။

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service