Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ပီကေ

America မှာ ကျောင်း၊ သင်တန်း တက်မယ်ဆိုရင် ...

အမေရိကားမှာ ကျောင်းသွားတက်နိုင်တယ် ဆိုတဲ့ လူဟာ အတော်လေး ရှားပါတယ်။ စကော်လာ ရလို့ပဲ ဖြစ်ဖြစ်၊ မိဘဆွေမျိုးသားချင်း ရှိလို့ပဲ ဖြစ်ဖြစ်၊ ငွေကြေး ပြည့်စုံလို့ပဲ ဖြစ်ဖြစ်၊ အဲလို အခြေအနေမျိုးမှာမှ သွားကြတာ များပါတယ်။ နည်းပညာ အပါအ၀င် အစစအရာရာမှာ သာလွန်နေတဲ့ အမေရိကားလို နိုင်ငံမျိုး အတော်များများ ကျောင်းသွားတက်ချင်ပေမယ့် အလှမ်းဝေးကြတာ များပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း ပေါများပြီး အဆင့်မြင့် နည်းပညာနဲ့ နီးစပ်တာ ဒီနှစ်ခုနဲ့တင် အများစုက အမေရိကားလို နိုင်ငံမျိုးကို ပညာဆက်လက် ဆည်းပူးဖို့ ရွေးကြတယ်။ အမေရိကားကို ပညာသင်ဖို့ သွားမယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန် ဘာတွေ ရှိမလဲ။ အခုအချိန်မှာ အမေရိကားမှာ ဘယ်လို ဘာသာရပ်တွေက ခေတ်ထနေသလဲ။ အလုပ်ရ လွယ်သလဲပေါ့ဗျာ။ ဘယ်ဘာသာရပ်တွေက စကော်လာ ရလွယ်သလဲ။ လူနေမှု ပုံစံအတွက်ကော ဘာတွေ သိထားသင့်သလဲ။ ဘာတွေ ပြင်ဆင်ထားသင့်သလဲ။ အတွေ့အကြုံရှိနှင့်ပြီးသား အမေရိကားရောက် မြန်မာများက ဝေမျှ ပေးစေချင်ပါတယ်။

Tags: experience, sharing

Share

Reply to This

Replies to This Discussion

အမေရိကမှာ ပညာသင်မယ်ဆိုရင်တော့ ရွေးချယ်စရာလမ်းတွေက အများကြီးပါပဲ။ ကိုယ်သန်ရာ သန်ရာကို ရွေးလို့ရတယ်။ ဥပမာ ဆေးလိုင်းဆိုပါတော့ အဲဒီ ဆေးလိုင်းကိုမတက်ခင် pre medicine ကိုတက်ရမယ်။ အဲလို pre med တက်တဲ့အချိန်ကျရင် pre med ဆိုပြီး လိုင်းသက်သက်ကြီး မရှိပဲနဲ့ လိုင်းပေါင်းစုံပေါ့။ Chemistry ရှိမယ် Bio ရှိမယ် Psycho ရှိမယ်။ နောက်ပြီး တခြား music တို့ spanish တို့လို လိုင်းတွေလည်း ရှိတယ်။ အဲဒီလိုင်းအားလုံးထဲမှာမှ ကိုယ်က ဘာကိုအားသန်လဲ။ အဲဒီအားသန်တာကို အဓိကယူပြီး pre med ကိုတက်လို့ရပါတယ်။ ပြီးရင်တော့ bachelor ဘွဲ့ရမယ်။ အဲဒါရပြီးမှ ကိုယ်လိုချင်တဲ့ဆေးလိုင်းကို master ဆက်တက်ပေါ့။ ဒါကတော့ဥပမာပါ။ တခြားလိုင်းတွေလည်းအဲလိုပါပဲ။ သူက ဘာကိုယူရမယ်ဆိုပြီး အကန့်အသတ်မရှိဘူး။ ကိုယ်က အားသန်တဲ့ဘာသာရပ်တွေတွဲယူလို့ရတယ်။ အဲဒီတစ်ခုကပဲ အမေရိကန် ပညာရေးရဲ့ အားသာချက်တစ်ခုလိုဖြစ်နေတယ်။ ရိုးရိုး state school တွေမှာဆိုရင်လည်း အဲလိုပဲ။ ကျောင်းသားတစ်ယောက်က ၁၀ တန်းရောက်နေပြီဆိုပါတော့။ ဒါပေမဲ့ သူ့ရဲ့ သင်္ချာအဆင့်က ၈ တန်း ၉ တန်း အဆင့်လောက်ပဲရှိတယ်ဆိုရင် သူက ၈ တန်းသမားတွေတက်တဲ့သင်္ချာအတန်းမှာသွားတက်လို့ရတယ်။ ၁၀ တန်းမလို့ ၁၀ တန်းသင်္ချာအတန်းကို တက်ရမယ်ဆိုပြီးတော့ကန့်သတ်ချက်မရှိဘူး။ အဲဒီကျောင်းသားက သူ့ အရည်အချင်းနဲ့လိုက်မှီမယ့်အတန်းတွေကို ယူလို့ရတယ်။ ဒါကတော့ ဒီကကျောင်းတွေရဲ့ စနစ် အကြမ်းဖျင်းပေါ့။

နောက်တစ်ခုက ဒီမှာ ကျောင်းတက်မယ်ဆိုလို့ရှိရင်(ဒါကတော့ ကျောင်းတက်တက် မတက် ပါ နေမယ်ဆိုရင်) အဓိကကတော့ စကားပြောရဲရမယ်။ ဘယ်သူမှတော့ ရောက်ရောက်ချင်း စကားကို ကျွမ်းကျွမ်းကျင်ကျင်မပြောတတ်ပါဘူး။ လူတိုင်းဟိုစမ်းစမ်း ဒီစမ်းစမ်းနဲ့ပေါ့။ တစ်ခုရှိတာက စကားပြောရဲဖို့ပဲ။ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် ကိုယ်မှားမှာကို မစိုးရိမ်ပဲနဲ့ ပြောလိုက်ဖို့ပဲ အရေးကြီးတယ်။ အဲဒါဆိုရင် ရောက်ပြီး ၂ နှစ်လောက်ဆို စကားပြောတဲ့အပိုင်းမှာ အခက်အခဲမရှိနိုင်တော့ဘူး။ ဒီကလူတွေက အရမ်းပါးစပ်ရဲတယ်။ လူကို မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ သိသိ မသိသိ hello hi, how are you ကပြောဖို့ အဆင်သင့်။ သူတို့က အဲလိုမျိုးက အကျင့်ပါနေတော့ နေရာတကာမှာ စကားပြောဖို့က အရမ်းလွယ်ကူနေတယ်။ အဲလို လူတွေကြားထဲမှာ ကိုယ်က မပြောရဲမဆိုရဲ နဲ့ ပါးစပ်ပိတ်ထားမယ်ဆိုရင်တော့ စကားတတ်ဖို့မလွယ်တော့ပါဘူး။ ကျောင်းတက်တဲ့အခါ စကားကောင်းကောင်းပြောတတ်ဖို့ သူများပြောတာနားလည်ဖို့က အရေးကြီးဆုံးပဲလေ။ တချို့ဆို ဒီရောက်တာ ၇ နှစ် ၈ နှစ် ရှိပြီ။ စကားကို ဟုတ်တိပတ်တိ မပြောတတ်သေးတဲ့လူတွေရှိတယ်။ တချို့ကျပြန်တော့လည်း ၁ နှစ်ခွဲ ၂ နှစ်နဲ့ တော်တော်လေးကို အဆင်ပြေပြေပြောနိုင်နေကြပြီ။

အလုပ်ကတော့ ဒီရောက်လာတဲ့မြန်မာ တော်တော်များများက ဆူရှီလုပ်ကြတာများပါတယ်။ သူကလွယ်တယ်လေ။ အရင်းအနှီးမရှိဘူး။ AFC ဆိုပြီး ဆူရှီကုမ္ပဏီ တစ်ခုရှိတယ်။ သူ့ဆီမှာသင်တန်းသွားတက်ပြီးရင် ဆိုင်ယူလို့ရပြီ။ အဲလိုဆိုင်တစ်ဆိုင်ယူပြီး လုပ်.. လကုန်မှ ရတဲ့ပိုက်ဆံထဲက အရင်းကို သူတို့က တဖြည်းဖြည်းချင်းပြန်နှုတ်သွားတာ။ စဖို့ လွယ်သလို . တတ်ဖို့လည်း လွယ်တဲ့အလုပ်ပါ။ သိပ်အခက်ကြီးမဟုတ်ပါဘူး။ လုပ်ရတာလွယ်ပေမယ့် သူက ပင်ပန်းတယ်။ တစ်ပတ်ကို ၇ရက်လုပ်ရတဲ့ အလုပ်ဆိုတော့။ နားရက်က တစ်နှစ်လုံးမှာမှ thanskgiving နေ့ဆို နေ့တစ်ဝက်နားရတယ်။ နောက် Christmas ဆိုရင်တော့ တစ်နေကုန်။ ဒါပဲရှိတယ်နားရက်က။ နောက်အခုတလော ခေတ်စားနေတဲ့အလုပ်တစ်ခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ billing .။
ဆရာဝန်တွေရဲ့ စာရင်းကို လုပ်ပေးရတာ။ သူက ကျောင်းကို ၂ နှစ် အလွန်ဆုံး ၃ နှစ်တက်ရတယ်။ ပြီးရင်တော့ အလုပ်လည်း လွယ်တယ်။ ၀င်ငွေလည်း ကောင်းတယ်။ စာတော့ တော်တော် ကျက်ရတယ်။ medical term တွေလေ။

လူနေမှုကတော့ ဆူရှီလုပ်မယ်ဆိုရင် (ကိုယ်ပိုင်ဆိုင်မယူပဲနဲ့ သူများဆိုင်မှာ အလုပ်သမားအဖြစ်) ဆိုင်ရှင်က အိမ်ငှားပေးတယ်။ အဲဒီအိမ်မှာ တက်နေရုံပဲ။ အဲဒီလူဆီမှာ အလုပ်လုပ်နေသရွေ့ အဲ့အိမ်မှာနေလို့ရတယ်။ တခြား state တော့မသိဘူး။ ဒီ state (MI) မှာတော့ အဲလိုလုပ်ပေးရတယ်။ ထုံးစံဆိုလား ဥပဒေဆိုလားပဲ။ အလုပ်သမားတွေအတွက် တစ်ခုသက်သာတာပေါ့။ ကျန်တဲ့အလုပ်တွေကတော့ သိပ်မသိတော့ဘူး။

အမေရိက ကတော့ အဓိက လူတွေအတွက် အခွင့်အရေးတွေ ရွေးချယ်ပိုင်ခွင့်တွေ အများကြီးရှိတဲ့နေရာပါ။ ဒီမှာနေတဲ့လူတိုင်း လွတ်လပ်စွာ ကိုယ်လျှောက်မယ့်လမ်းကို ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ဘယ်သူမှ တားမယ့်လူမရှိဘူး။ အရွယ်ရောက်သွားပြီပေါ့။ လွတ်လပ်လွန်းလို့တောင် ခက်နေတယ်။

ကိုပီကေရေ.. ဒါကတော့ သမီးသိသလောက်အကုန်ပဲ။ စကော်လာရှစ်တွေ ဘာတွေကတော့ မလုပ်ဖူးသေးလို့ မသိဘူး။
ကျန်တာတွေကိုတော့ ကျန်တဲ့လူတွေက ဆက်ပြီးတော့ မျှဝေပေးကြပေါ့နော်။

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service