Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ပီကေ

စင်္ကာပူမှာ ကျောင်း၊ သင်တန်း တက်မယ်ဆိုရင် ...

ကျနော်တို့ မြန်မာနိုင်ငံကနေပြီး စင်္ကာပူမှာ သင်တန်း သွားတက်နေတဲ့လူတွေ အများကြီးပါ။ ဒီတော့ စင်္ကာပူမှာ ဘာသင်တန်းတွေ တက်ရင် လုပ်ငန်းအတွက် အဆင်ပြေမလဲ။ ဘယ်လို သင်တန်းတွေက တက္ကသိုလ်အထိ ဆက်လှမ်းလျှောက်ဖို့ အဆင်ပြေလဲ။ အနောက်နိုင်ငံက တက္ကသိုလ်တွေကို ကူးမယ်လို့ ရည်ရွယ်သူအတွက် ဘယ်လို သင်တန်းကနေ တဆင့်ခံ ကူးရင်ကောင်းမလဲ ဆိုတာလေးတွေကို အတွေ့အကြုံရှိတဲ့ သူတွေကနေ ဝေမျှပေးစေချင်ပါတယ်။ ကျနော်ကတော့ ခေါင်းစဉ်လေးတစ်ခု ဆွဲထုတ်ပေးပါတယ်။ အမေးအဖြေပုံစံမျိုးနဲ့ ဆွေးနွေးစေချင်တယ်။ ဒါမှ စင်္ကာပူသွားချင်တဲ့ လူငယ်တွေအတွက် ပြင်ဆင်စရာ ရှိတာ ပြင်ဆင်နိုင်မှာပါ။

Tags: experience, sharing

Share

Reply to This

Replies to This Discussion

ဟော်တယ် Management က အာရှဘက်မှာ ဘွဲ့ယူပြီးလို့ အလုပ်လိုချင်ရင် ရှာရခက်ပါတယ်။ သို့သော် ကိုယ်တက်ခဲ့တဲ့ ကျောင်းပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ ဘွဲ့ဟာ သေသေချာချာ နာမည်ကြီး နိုင်ငံတွေလို Switzerland တို့ ဘာတို့ က ပေးတဲ့ ဘွဲ့တွေဆိုရင် အလုပ်ရလွယ်ပါတယ်။

နောက်တစ်ခုက Service ဆိုတော့ များသောအားဖြင့် လုပ်တတ်ကြပါတယ်။ မလုပ်တတ်ကြတာ သူဌေးတွေပဲ ရှိပါတယ်။ Service အလုပ်ဆိုပြီ ဆိုတာနဲ့ များသောအားဖြင့် သူ့နိုင်ငံရဲ့ နိုင်ငံသားကိုပဲ ဦးစားပေးတယ်ဆိုတာ ထည့်စဉ်းစားဖို့ လိုပါတယ်.
suiyeh said:
ကျွန်တော် မေးခွန်းတစ်ခု မေးချင်ပါတယ် ။ စလုံးမှာ Hotel Management နှင့်ပတ်သက်ပြီးသိချင်ပါတယ်ဗျာ။

ပြီးတော့ ဒီမြန်မာနိုင်ငံမှာ Hotel နှင့်ပတ်သက်ရင် အရမ်းကို ခေတ်စမ်းပါတယ်ဗျာ ။ Private ကျောင်းတွေကော

Hotel နှင့်ပတ်သက်၍ တကယ်ကော အလုပ်သေချာပါသလားခင်ဗျား ။ ကျေးဇူးပြု၍ ဖြေပေးပါခင်ဗျာ။

Reply to This

နောက်တစ်ခုက ကျောင်းတက်ရင်း သင်တန်းဆင်မည့် ဟော်တယ်မှာလည်း မူတည်ပါတယ်။ နာမည်ကြီးတဲ့ ဟော်တယ်တွေ ကို သင်တန်းဆင်းသင့်ပါတယ်။ ဥပမာ Jw Marriott, Hilton အစရှိသဖြင့်ပေါ့။ ကျွန်တော်တော့ ဒူဘိုင်း Hyatt ကို အလုပ်လျှောက်ဘူးပါတယ်။ ခေါ်ပါတယ် သို့သော် ကျွန်တော် မသွားဖြစ်ပါ..

Reply to This

ကျွန်တော် TMIS ကျောင်းအကြောင်း အနည်းငယ်ရှင်းပြချင်လို့ပါ ။ TMIS ကျောင်းပာာ ပိာုတယ် Management ကျောင်းလို့ ဆိုတာထက် သူက Travel Service ပိုင်းပါ ။ TMIS ရဲ့ အဓိက Main Focus က လေကြောင်းနဲ့ Travel Agencies တွေပါ ။ TMIS ရဲ့ ပို့ချတဲ့ ဘာသာရပ်တွေက Air Tickets ဖြတ်တာတွေ ၊ လေယာဉ် Fares တွေကို calculate လုပ်တာမျိုးတွေ ၊ Air Fares/ Air tickets ရဲ့ Rules and Regulations တွေ ၊ Travel Package ရေးဆွဲတာတွေ ၊ Customer Services ကောင်းတာတွေ ကို အဓိက သင်ကြားတဲ့အတွက် TMIS ကျောင်းဆင်းတဲ့ သူတွေပာာ လေကြောင်းလိုင်းတွေမှာနဲ့ ခရီးသွားအေးဂျင့်တွေမှာ အလုပ်ဝင်ဖို့ ပိုပြီးသင့်လျှော်ပါတယ် ။ နောက်ပြီး TMIS ရဲ့ လုပ်ငန်းခွင် ခြောက်လ မှာလဲ ကျောင်းက Travel Agents တွေကိုသာရှာပေးတာမို့ ၊ ကျောင်းပြီးတာနဲ့ Hotel Mangement မှာ အလုပ်ဝင်မယ်ဆိုရင် အနည်းငယ်အခက်တွေ့နိုင်ပါတယ် ။

မစ်(စ်)သွန်းသွန်း said:
ဟုတ်တယ်ရှင့်။ ဟိုတယ်လုပ်ငန်းက စင်္ကာပူမှာ ဒီအချိန်ခေတ်စားတယ်ပြောလို့မရသေးပေမဲ့ နောင်တစ်ချိန်ခေတ်စားလာဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေတိုးလာဖို့ အလားအလာအများကြီးရှိပါတယ်။ Poly ကျောင်းတွေရဲ့ Hotel management က (၁၀) တန်းအောင်ရုံနဲ့ ဝင်မရဘဲ အနည်းဆုံး ပညာသင်နှစ် (၁၂) နှစ်ရှိခဲ့ပြီးမှ ဝင်လို့ရမယ်ဆိုတာမျိုး တစ်လောက ဝက်ဆိုက်မှာ တွေ့ပါတယ်။ ဟိုတယ်နဲ့ပတ်သတ်ရင် အပြင်ကျောင်းတွေ တက်ကြတာများပါတယ်။ TMIS ( Tourism Management Institute of Singapore) က Hotel management မှာ နာမည်ကြီးကျောင်းတစ်ခုပါ။ သူက တစ်နှစ်သင်တန်းဖြစ်ပြီး တစ်နှစ်လုံးစာသင်ရတဲ့ အတန်းက စင်္ကာပူဒေါ်လာ (၇၅၀၀) ဝန်းကျင်ရှိပါတယ်။ အကယ်၍ ၆ လ စာသင်ပြီး ၆ လ ဟိုတယ်တစ်ခုမှာ Training ပေးတဲ့ အတန်းက စင်္ကာပူဒေါ်လာ (၁၂၀၀၀) ဝန်းကျင် ရှိပါတယ်။ Training ဆင်းရတဲ့ ၆ လမှာ တစ်လကို စင်္ကာပူဒေါ်လာ (၅၀၀) ကနေ (၈၀၀) ကြားပြန်ရမယ်လို့ အာမခံထားပါတယ်။ Training ဆင်းရတဲ့အခါမှာ Shangrila Hotel လိုမျိုး ဟိုတယ်ကြီးတွေမှာ ဆင်းရလေ့ရှိပါတယ်။ အဲဒီမှာ ကိုယ်ကြိုးစားရင်ကြိုးစားသလို ကျောင်းပြီးတဲ့အခါမှာ ကိုယ် Training ဆင်းခဲ့တဲ့ ဟိုတယ်တွေမှာ အလုပ်ပြန်ရတာမျိုးတွေ တွေ့ရပါတယ်။ ဒါက TMIS ရဲ့ Website ပါ ။ http://www.tmis.edu.sg/index.php?page=home

suiyeh said:
ကျွန်တော် မေးခွန်းတစ်ခု မေးချင်ပါတယ် ။ စလုံးမှာ Hotel Management နှင့်ပတ်သက်ပြီးသိချင်ပါတယ်ဗျာ။

ပြီးတော့ ဒီမြန်မာနိုင်ငံမှာ Hotel နှင့်ပတ်သက်ရင် အရမ်းကို ခေတ်စမ်းပါတယ်ဗျာ ။ Private ကျောင်းတွေကော

Hotel နှင့်ပတ်သက်၍ တကယ်ကော အလုပ်သေချာပါသလားခင်ဗျား ။ ကျေးဇူးပြု၍ ဖြေပေးပါခင်ဗျာ။

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service