The Prominent Online Society of Myanmar Blogger
We're sorry, but this discussion has just been closed to further replies.
Tags: experience, sharing
အခုနှစ်ပိုင်းအတွင်း မှာ မြန်မာလူငယ် အတော်များများ ပြည်ပမှာ ပညာသင်ယူဖို့ ကို အထူးကိုစိတ်ဝင်စား လာကြပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ဘ၀အတွက် အာမခံချက်ရှိမယ့် ပညာရေးကို လိုချင်တာကြောင့်၊ နောက် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ပြည်ပမှာအလုပ်လုပ်ကိုင်လိုတာကြောင့် နိုင်ငံတကာ အသိအမှတ်ပြု Degree၊ Diploma တွေ ရရှိချင်တာတွေ အဓိက လို့ထင်ပါတယ်။ ပထမဆုံးအနေနဲ့ ပြည်ပမှာ ပညာသင်တော့မယ်ဆိုရင် အဓိက က ကိုယ်ဘယ် Career ကိုရွေးမယ်၊ ကိုယ် ဘာကိုဝါသနာ ပါတယ် ဆိုတာကိုအရင်ဆုံး ဆုံးဖြတ်ရမယ်။ ပြီးမှသာ ကျောင်းကိုရွေးချယ်သင့်တယ်။ မြန်မာအများစု ပထမဦးစားပေးရွေးချယ်သင့်တာတွေကတော့ NUS, SIM, NTU တို့လို တက္ကသိုလ်တွေနဲ့ ပိုလီတက္ကနစ်ကျောင်းတွေပဲဖြစ်ပါတယ်။ ဒီကျောင်းတွေဟာ ၀င်ခွင့်ရဖို့ ခက်ခဲတာကြောင့် အခုနောက်ပိုင်း ကျောင်းသားအများစုဟာ ပုဂ္ဂလိက ကျောင်းတွေမှာ ပညာသင်ဖို့ စိတ်ဝင်စားလာကြပါတယ်။ ဒီကျောင်းတွေအနေနဲ့ကလည်း သူတို့ ၀င်ငွေ ရရှိရေးကိုသာ အဓိကထားပြီး ကျောင်းသားတွေကို နည်းမျိုးစုံနဲ့ စွယ်ကြပါတယ်။ မြန်မာပြည်လာပြီး Agent တွေကနေတဆင့် နည်းမျိုးစုံကို သုံးပြီး တစ်ခါတစ်ရံ Information အမှားတွေကို ပါပေးပြီး စည်းရုံးကြပါတယ်။ မြန်မာပြည်ကကျောင်းသားတွေ အနေနဲ့ အဓိက ကတော့ မိမိဘာတက်ချင်တယ် ဘာလုပ်ချင်တယ် ဆိုတာကို အချိန်ယူစဉ်းစားဖို့နဲ့ ကိုယ်ဘာကို လေ့လာသင်ယူလိုတယ်ဆိုတာကို သေသေချာချာ ဆုံးဖြတ်ဖို့ပါပဲ။ ဘယ်သင်တန်းတွေ တက်သင့်တယ်ဆိုတာထပ် ကို ဘာကို လုပ်ချင်တယ်ဆိုတာကို အရင် ရွေးဖို့လိုတယ်။ ကိုယ်ယူမယ့်ဘာသာနဲ့ ကိုယ်တက်မယ့်ကျောင်းအကြောင်းကိုလည်း Internet Website တွေ ကနေပြီး သေသေချာချာလေ့လာ ဖို့လိုပါတယ်။ တစ်ခါတစ်လေမှာ ကျောင်းလခ များတာကိုမကြည့်ပဲနဲ့ ကျောင်းပြီးရင် ရနိုင်မယ့် အခွင့်အရေး၊ ကျောင်းရဲ့ မှန်ကန်ခိုင်မာမှု၊ သင်ရိုးညွှန်းတမ်း၊ နဲ့ ဖြစ်နိုင်ရင် Agent ကမဟုတ်တဲ့ ကျောင်းသားဟောင်းတွေရဲ့ Feed back ကို နားထောင်သင့်တယ်။ အနောက်နိုင်ငံတွေမှာ ပညာဆက်သင်ယူဖို့ ဆိုပြီး တချို့ Agent တွေက စင်္ကာပူမှာ နှစ်နှစ်တက် ပြီးရင် ဖိုင်နယ်ကို အော်ဇီမှာ၊ အင်္ဂလန်မှာ၊ အမေရိကန်မှာ သင်ယူနိုင်တယ် ဆိုတာတွေနဲ့ စွဲဆောင်ကြပါတယ်။ အဲ့လိုတက်ဖို့ဆိုတာက လည်း ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ Visa ပြဿနာ နဲ့ အင်္ဂလိပ်စာ အရည်အချင်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ အော်ဇီမှာ ကျောင်းတက်ဖို့ဆိုရင် မြန်မာတွေအနေနဲ့ အနည်းဆုံး အိုင်အစ်မှာ 6.0 လောက်ရှိမှသာ သံရုံးက Visa ထုပ်ပေးပါတယ်။ ဒါကြောင့် ကိုယ်ဘာလုပ်ချင်တယ် ဘယ်အထိမှန်းတယ်ဆိုတာကို အရင်ဆုံး သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးမှ ရွေးချယ်သင့်ပါတယ်။
ဗမာပြည်သား said:အခုနှစ်ပိုင်းအတွင်း မှာ မြန်မာလူငယ် အတော်များများ ပြည်ပမှာ ပညာသင်ယူဖို့ ကို အထူးကိုစိတ်ဝင်စား လာကြပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ဘ၀အတွက် အာမခံချက်ရှိမယ့် ပညာရေးကို လိုချင်တာကြောင့်၊ နောက် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ပြည်ပမှာအလုပ်လုပ်ကိုင်လိုတာကြောင့် နိုင်ငံတကာ အသိအမှတ်ပြု Degree၊ Diploma တွေ ရရှိချင်တာတွေ အဓိက လို့ထင်ပါတယ်။ ပထမဆုံးအနေနဲ့ ပြည်ပမှာ ပညာသင်တော့မယ်ဆိုရင် အဓိက က ကိုယ်ဘယ် Career ကိုရွေးမယ်၊ ကိုယ် ဘာကိုဝါသနာ ပါတယ် ဆိုတာကိုအရင်ဆုံး ဆုံးဖြတ်ရမယ်။ ပြီးမှသာ ကျောင်းကိုရွေးချယ်သင့်တယ်။ မြန်မာအများစု ပထမဦးစားပေးရွေးချယ်သင့်တာတွေကတော့ NUS, SIM, NTU တို့လို တက္ကသိုလ်တွေနဲ့ ပိုလီတက္ကနစ်ကျောင်းတွေပဲဖြစ်ပါတယ်။ ဒီကျောင်းတွေဟာ ၀င်ခွင့်ရဖို့ ခက်ခဲတာကြောင့် အခုနောက်ပိုင်း ကျောင်းသားအများစုဟာ ပုဂ္ဂလိက ကျောင်းတွေမှာ ပညာသင်ဖို့ စိတ်ဝင်စားလာကြပါတယ်။ ဒီကျောင်းတွေအနေနဲ့ကလည်း သူတို့ ၀င်ငွေ ရရှိရေးကိုသာ အဓိကထားပြီး ကျောင်းသားတွေကို နည်းမျိုးစုံနဲ့ စွယ်ကြပါတယ်။ မြန်မာပြည်လာပြီး Agent တွေကနေတဆင့် နည်းမျိုးစုံကို သုံးပြီး တစ်ခါတစ်ရံ Information အမှားတွေကို ပါပေးပြီး စည်းရုံးကြပါတယ်။ မြန်မာပြည်ကကျောင်းသားတွေ အနေနဲ့ အဓိက ကတော့ မိမိဘာတက်ချင်တယ် ဘာလုပ်ချင်တယ် ဆိုတာကို အချိန်ယူစဉ်းစားဖို့နဲ့ ကိုယ်ဘာကို လေ့လာသင်ယူလိုတယ်ဆိုတာကို သေသေချာချာ ဆုံးဖြတ်ဖို့ပါပဲ။ ဘယ်သင်တန်းတွေ တက်သင့်တယ်ဆိုတာထပ် ကို ဘာကို လုပ်ချင်တယ်ဆိုတာကို အရင် ရွေးဖို့လိုတယ်။ ကိုယ်ယူမယ့်ဘာသာနဲ့ ကိုယ်တက်မယ့်ကျောင်းအကြောင်းကိုလည်း Internet Website တွေ ကနေပြီး သေသေချာချာလေ့လာ ဖို့လိုပါတယ်။ တစ်ခါတစ်လေမှာ ကျောင်းလခ များတာကိုမကြည့်ပဲနဲ့ ကျောင်းပြီးရင် ရနိုင်မယ့် အခွင့်အရေး၊ ကျောင်းရဲ့ မှန်ကန်ခိုင်မာမှု၊ သင်ရိုးညွှန်းတမ်း၊ နဲ့ ဖြစ်နိုင်ရင် Agent ကမဟုတ်တဲ့ ကျောင်းသားဟောင်းတွေရဲ့ Feed back ကို နားထောင်သင့်တယ်။ အနောက်နိုင်ငံတွေမှာ ပညာဆက်သင်ယူဖို့ ဆိုပြီး တချို့ Agent တွေက စင်္ကာပူမှာ နှစ်နှစ်တက် ပြီးရင် ဖိုင်နယ်ကို အော်ဇီမှာ၊ အင်္ဂလန်မှာ၊ အမေရိကန်မှာ သင်ယူနိုင်တယ် ဆိုတာတွေနဲ့ စွဲဆောင်ကြပါတယ်။ အဲ့လိုတက်ဖို့ဆိုတာက လည်း ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ Visa ပြဿနာ နဲ့ အင်္ဂလိပ်စာ အရည်အချင်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ အော်ဇီမှာ ကျောင်းတက်ဖို့ဆိုရင် မြန်မာတွေအနေနဲ့ အနည်းဆုံး အိုင်အစ်မှာ 6.0 လောက်ရှိမှသာ သံရုံးက Visa ထုပ်ပေးပါတယ်။ ဒါကြောင့် ကိုယ်ဘာလုပ်ချင်တယ် ဘယ်အထိမှန်းတယ်ဆိုတာကို အရင်ဆုံး သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးမှ ရွေးချယ်သင့်ပါတယ်။
ကိုဗမာပြည်သားပြောတာဟုတ်ပါတယ်..
ဝါသနာပါတာမရှိဘူး ဘာလုပ်ရလုပ်ရဆိုရင်တော့.. အများစုဒီမှာ အလုပ်ရကြတာကတော့..
accountance ပါ.. ACCI ပြီးထားရင် အသိအမှတ်ပြုပါတယ်.. အလုပ်ရတာမရတာတော့interview မှာကိုယ့်အရည်အချင်းပေါ်မူတည်ပါတယ်..
နောက်ပြီး computer programming သမားတွေအတွက်တော့.. IDCS ၃နှစ်ပြီးထားရင်အလုပ်ကောင်းပါတယ်.. programming သမားတွေက experience ကိုလိုက်ပြီး လခကတက်တက်လာပါတယ်..
ကျောင်းတွေကလဲ ကှိုဗမာပြည်သားအပေါ်မှာပြောထားတဲ့ကျောင်းတွေလောက်သာ အာမခံချက်ရှိပါတယ်.. ခုနောက်ပိုင်း ပေါ်လီရော တက္ကသိုလ်တွေပါအ၀င်ခက်လာတဲ့အတွက် ITE ဆိုတဲ့ ပေါ်လီအောက် တဆင့်နိမ့်ကို တိုးနေကြပါတယ်.. အရင်က ITE ရတာလွယ်သလောက်ခုဆို မြန်မာနိုင်ငံသားတွေအတွက် မရသလောက်ကိုဖြစ်နေပါတယ်..
ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လေးလုပ်မယ်လေလို့ စိတ်ကူးရင်တော့ ပေါ်လီနဲ့ တက္ကသိုလ်တွေပဲရပါတယ်.. အရင်က ITE တွေလုပ်လို့ရပေမဲ့ ခုတော့ မရတော့ပြန်ပါဘူး..
private ကတော့လုံးဝအားမပေးပါဘူး.. ကျမသူငယ်ချင်း ၃ ၄ယောက် စလုံးကို private နဲ့လာပြီး.. agent က ကျောင်းပြီးလို့ အလုပ်ရရင် PR ရမယ်.. အလုပ်ရမယ်ပြောပြီး နောက်ဆုံး အလုပ်မရလို့.. မြန်မာပြည်ပြန်တဲ့လူပြန်ရ.. ဒီမှာပဲ Private ပြီး private မုန့်လုံးစက္ကူကပ်နေရပါတယ်..
နောက်ပြီး Private ကဆိုးတာက အချိန်ပိုင်းအလုပ်လုပ်လို့မရပါဘူး.. ခိုးလုပ်မယ်ဆိုရင်တောင် အလုပ်ရဖို့ခက်ပါတယ်.. အထူးသဖြင့် ခုချိန်မှာ စလုံးအစိုးရက မြန်မာတွေကို အရမ်းတင်းကြပ်နေတော့ မဖြစ်နိုင်ပါဘူး..
ဒီတော့ Private တက်ရင် ပိုက်ဆံပိုကုန်ပြီး ကျောင်းချိန်အပြင်ဘာမှလုပ်စရာမရှိတော့.. ဟိုသွားဒီသွား ဟိုလုပ်ဒီလုပ်နဲ့ ပိုက်ဆံထက်ထွက်ပါတယ်.. လူပေါ်မူတည်ပြီး ကုန်ကျစရိတ်ကတက်မှာပါ.. တချို့ဆိုလုပ်စရာမရှိ.. club တက် ရည်းစားထား... ပျက်စီးလွယ်ပါတယ်.. ဒီအချက်လေးက မိဘတွေအတွက်ပြောတာပါ.. မသေချာတဲ့အနာဂတ်အတွက် ဒီလောက်ရင်းနှီးမြုပ်နှံဖို့ မသင့်ဘူးထင်လို့ပါ..
ပြောတာလဲများသွားပြီ... သိချင်တာရှိရင်မေးပါ.. သိသလောက်ပြန်ဖြေပါ့မယ်..
ကဲ... နားမယ်ကွယ်....
ကျွန်တော့်အနေနဲ့ ဘယ်ကစလို့ ဘယ်လိုဆုံးရမယ်လဲဆိုတာ မသိဘူးဖြစ်နေတယ် ။ အောက်မှာ ကို ဗမာပြည်သား နဲ့ မဗေဒါတို့ဆွေးနွေးတာကိုတော့ ကျွန်တော်ဖတ်ပြီးသွားပါပြီ ။ ဒါပေမယ့် အမေးမရှိတော့ ကျွန်တော်ဘယ်ကစ ဆွေးနွေးရမလဲမသိဖြစ်နေတယ် ။ စလုံးမှာ ကျောင်းတက်ခြင်းရဲ့ ကောင်းတာ ၊ ဆိုးတာ ၊ အခွင့်အရေးတွေဆိုတာတွေအားလုံးကို ပြောဖို့ အရမ်းကျယ်ပြောနေလို့ ခေါင်းစဉ်တစ်ခုခုနဲ့ ခွဲပြီးမေးဖို့ အကြံပြုပါတယ် ။ ကိုဗမာပြည်သားနဲ့ ကျွန်တော်က စလုံးမှာ တူတူကျောင်းတက်ခဲ့ကြတဲ့ သူတွေပါ ။ အခက်အခဲတွေကို နှဖူးတွေ့ဒူးတွေ့ တွေ့ပြီး တူတူရင်ဆိုင်ခဲ့ကြတာပါ ။ ဒါကြောင့် သိချင်တာရှိရင် ပွင့်ပွင့်လင်းလင်း မေးနိုင်ပါတယ် ။ Government ကျောင်းပဲဖြစ်ဖြစ် ၊ Private ကျောင်းပဲဖြစ်ဖြစ် ၊ Part-time ရှာတာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းမေးနိုင်ပါတယ် ( ဒါပေမယ့် Agent မပာုတ်ပါ ) ။ General Information တော်တော်များများကို ကိုဗမာပြည်သားနဲ့ မဗေဒါတို့ ပြောပြီးပြီမို့ ကျွန်တော် Repeat ထပ်မလုပ်တော့ပါဘူး ။ ဒါပေမယ့် အရမ်းအရေးကြီးတာတစ်ခုကိုတော့ ကျွန်တော် အကြံပြုပါရစေ -----
Computer Skill ကောင်းကောင်းရှိပါစေ ။ ကွန်ပြူတာကောင်းကောင်း မသုံးတတ်သူတွေ ပြည်ပမှာစာသင်တာ အလွန်ခက်ခဲတာကို ကျွန်တော်ကိုယ်တိုင်တွေ့နေရလို့ပါ ။ အနည်းဆုံး ဂူဂဲပေါ်မှာ ကိုယ်လိုချင်တာကို အချိန်တိုအတွင်းမှာ ရှာနိုင်အောင် လေ့ကျင့်ထားပါလို့ အကြံပြုပါရစေ ။ ဂူဂဲပေါ်မှာ ကိုယ်လိုချင်တဲ့ အချက်အလက်ကို ၁၀မိနစ် ၁၅မိနစ်အတွင်းမှာ မရှာနိုင်သေးရင် ပြည်ပမှာ စာသင်ရတာ တကယ် ခက်ခဲပါလိမ့်မယ် ။ အကြာင်းရင်းကတော့ Project တွေလုပ်ရလို့ပါပဲ - ပရောဂျက်တွေလုပ်တဲ့အခါမှာ သတင်းအချက်အလက်တွေကို အင်တာနက်ပေါ်ကရှာရပါတယ် ။ အချိန်တိုအတွင်းမှာ မရှာနိုင်ရင် (သို့) မှန်ကန်တဲ့ အချက်အလက်တွေကို မရှာနိုင်ရင် ပရောဂျက်ပာာ Reject လုပ်ခံရနိုင်တယ် (သို့) အမှတ်လျော့နိုင်တယ် ။ ဒါဆိုရင် စာမလိုက်နိုင်တာတွေ ဖြစ်လာနိုင်ပါတယ် ။ ပာုတ်ကဲ့ ကျန်တာတွေကိုတော့ မေးခွန်းရှိလာတဲ့အခါမှာ ဆက်ပြီးဆွေးနွေးခွင့်ပြုပါ ။ ကျွန်တော့် Blog ပေါ်မှာလဲ အားရင် အားသလို ပညာရေးနဲ့ ပတ်သက်တဲ့ ပို့(စ်)တွေကို တင်သွားပါ့မယ် ။ မြန်မာလိုပဲ ရေးပြီးတင်မှာပါခင်ဗျာ ( ကျွန်တော့် Blog ကိုကျောင်းက Control လုပ်ထားတယ်ဗျ ၊ အတင်းအဖျင်းတွေ စလုံးမကောင်းကြောင်းတွေ တင်လို့မရဘူး ၊ ဒါကြောင့် မြန်မာလိုပဲ ရေးမယ် :D ) ။ ခုလောလောဆယ်တော့ စာမေးပွဲတွေရှိနေလို့ သည်းခံပါခင်ဗျာ ။
စလုံးမှာလဲ Hotel Management တဖြည်းဖြည်း ခေတ်စားလာပါတယ် ။ ခုလောလောဆယ်မှာ မသိသာပေမယ့် ၂၀၀၉ခုနှစ် နဲ့ ၂၀၁၀ခုနှစ်မှာ စလုံးရဲ့ ပရောဂျက်ကြီး နှစ်ခုဖြစ်တဲ့ IRs တွေအပြီးမှာ အရမ်းသိသာလာပါလိမ့်မယ် ။ IRs ဆိုလို့ IR ဆိုတာ Integrated Resorts ကိုပြောတာပါ ။ Marina Bay မှာတစ်ခုနဲ့ Sentosa မှာတစ်ခုပါ ။ IRs ထဲမှာ ဘာတွေပါဝင်လဲဆိုတော့ Casino, Hotels, Restaurants အပြင် Spa စတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေပါဝင်ပါတယ် ။ စင်္ကာပူရဲ့ Business District Area ကလောလောဆယ် Raffles မှာရှိနေပေမယ့် Marina Sand Bay (Marina Bay IR ကို Marina Sand Bay လို့အမည်ပေးထားပါတယ်) ကိုပြောင်းရွေ့မယ်လို့သိရပါတယ် ။ Sentosa ရဲ့ IR ထဲမှာ ပိာုတယ် ၄ခုပါဝင်မယ်လို့ သိရတဲ့ အတွက် အဲဒီ့ IR ပြီးရင်တော့ Job Demand တွေ သိသိသာသာ များလာမှာပါ ။ ဒီ ၂၀၀၈ မှာတော့ Service နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ သိပ်မကြားသေးပါခင်ဗျာ ။ Private ကျောင်းတွေနဲ့ဆိုရင် တော်တော် လှုပ်ရှားရပါလိမ့်မယ် (အချိန်တော်တော် ပေးရမယ်လို့ဆိုတာပါ) ။ Hotel Management နဲ့ဆိုရင် အစိုးရကျောင်း နည်းတဲ့အတွက် အလုပ်ရဖို့အခွင့်အရေးပာာ ကိုယ့်ကိုကိုယ် နဲ့ ကံပဲမူတည်ပါတယ် ။ Private Students တွေကျောင်းပြီးလို့ အလုပ်မရတဲ့ အကြောင်းရင်းတွေထဲက တစ်ချို့က --
နောက်ဆုံးတစ်ချက်ကတော့ အလုပ်ရွေးတာကြောင့်ပါ ။ သိပ်တော့ အရေးအကြီးကြီးမပာုတ်ပေမယ့် တော်တော်များများက ရွေးလွန်းလို့မရ ဖြစ်သွားတတ်ကြပါတယ် ။ မြန်မာနိုင်ငံမှာထဲက နားလည်လာပြီးတော့ ဒီမှာ Private ထပ်တက်ပြီးအလုပ်ရှာရင်လဲ အခွင့်အလမ်းရှိပါတယ် ။ တချို့ဆို Private တက်နေထဲကရှာပြီး ရတာနဲ့ ကျောင်းထွက်ပြီးအလုပ်တန်းဝင်သွားသူတွေလဲရှိပါတယ် ။
ကျွန်တော် မေးခွန်းတစ်ခု မေးချင်ပါတယ် ။ စလုံးမှာ Hotel Management နှင့်ပတ်သက်ပြီးသိချင်ပါတယ်ဗျာ။
ပြီးတော့ ဒီမြန်မာနိုင်ငံမှာ Hotel နှင့်ပတ်သက်ရင် အရမ်းကို ခေတ်စမ်းပါတယ်ဗျာ ။ Private ကျောင်းတွေကော
Hotel နှင့်ပတ်သက်၍ တကယ်ကော အလုပ်သေချာပါသလားခင်ဗျား ။ ကျေးဇူးပြု၍ ဖြေပေးပါခင်ဗျာ။
မဗေဒါပြောသလိုပဲ မြန်မာလူငယ်တော်တော်များများ စလုံးရောက်ရင် အတော်ကို ပျက်စီးသွားကြပါတယ်။ ကလပ်တက်တာ၊ ရည်စားထားတာ၊ living together နေကြတာတွေပေါ့။ ဒီအကြောင်းက ခေါင်းစဉ်နဲ့မကိုက်ညီလို့ Topic တစ်ခုတင်ပြီးဆွေးနွေးသင့်တယ်လို့ထင်ပါတယ်။ ဘာလို့ဒီလိုပျက်စီးသွားကြတယ်။ ဘယ်လိုစဉ်ခြင်သင့်တယ်ဆိုတာတွေကိုပါ၊ ကျွန်တော် က topic အသစ်တင်လို့မရဘူးဖြစ်နေပါတယ်။ Error တက်နေလို့ပါ။ ဒါကြောင့် ဒီ အကြောင်းကိုပါ topic အသစ်တင်ဆွေးနွေးသင့်တယ်လို အကြံပြုပါတယ်။
mabaydar said:ဗမာပြည်သား said:အခုနှစ်ပိုင်းအတွင်း မှာ မြန်မာလူငယ် အတော်များများ ပြည်ပမှာ ပညာသင်ယူဖို့ ကို အထူးကိုစိတ်ဝင်စား လာကြပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ဘ၀အတွက် အာမခံချက်ရှိမယ့် ပညာရေးကို လိုချင်တာကြောင့်၊ နောက် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ပြည်ပမှာအလုပ်လုပ်ကိုင်လိုတာကြောင့် နိုင်ငံတကာ အသိအမှတ်ပြု Degree၊ Diploma တွေ ရရှိချင်တာတွေ အဓိက လို့ထင်ပါတယ်။ ပထမဆုံးအနေနဲ့ ပြည်ပမှာ ပညာသင်တော့မယ်ဆိုရင် အဓိက က ကိုယ်ဘယ် Career ကိုရွေးမယ်၊ ကိုယ် ဘာကိုဝါသနာ ပါတယ် ဆိုတာကိုအရင်ဆုံး ဆုံးဖြတ်ရမယ်။ ပြီးမှသာ ကျောင်းကိုရွေးချယ်သင့်တယ်။ မြန်မာအများစု ပထမဦးစားပေးရွေးချယ်သင့်တာတွေကတော့ NUS, SIM, NTU တို့လို တက္ကသိုလ်တွေနဲ့ ပိုလီတက္ကနစ်ကျောင်းတွေပဲဖြစ်ပါတယ်။ ဒီကျောင်းတွေဟာ ၀င်ခွင့်ရဖို့ ခက်ခဲတာကြောင့် အခုနောက်ပိုင်း ကျောင်းသားအများစုဟာ ပုဂ္ဂလိက ကျောင်းတွေမှာ ပညာသင်ဖို့ စိတ်ဝင်စားလာကြပါတယ်။ ဒီကျောင်းတွေအနေနဲ့ကလည်း သူတို့ ၀င်ငွေ ရရှိရေးကိုသာ အဓိကထားပြီး ကျောင်းသားတွေကို နည်းမျိုးစုံနဲ့ စွယ်ကြပါတယ်။ မြန်မာပြည်လာပြီး Agent တွေကနေတဆင့် နည်းမျိုးစုံကို သုံးပြီး တစ်ခါတစ်ရံ Information အမှားတွေကို ပါပေးပြီး စည်းရုံးကြပါတယ်။ မြန်မာပြည်ကကျောင်းသားတွေ အနေနဲ့ အဓိက ကတော့ မိမိဘာတက်ချင်တယ် ဘာလုပ်ချင်တယ် ဆိုတာကို အချိန်ယူစဉ်းစားဖို့နဲ့ ကိုယ်ဘာကို လေ့လာသင်ယူလိုတယ်ဆိုတာကို သေသေချာချာ ဆုံးဖြတ်ဖို့ပါပဲ။ ဘယ်သင်တန်းတွေ တက်သင့်တယ်ဆိုတာထပ် ကို ဘာကို လုပ်ချင်တယ်ဆိုတာကို အရင် ရွေးဖို့လိုတယ်။ ကိုယ်ယူမယ့်ဘာသာနဲ့ ကိုယ်တက်မယ့်ကျောင်းအကြောင်းကိုလည်း Internet Website တွေ ကနေပြီး သေသေချာချာလေ့လာ ဖို့လိုပါတယ်။ တစ်ခါတစ်လေမှာ ကျောင်းလခ များတာကိုမကြည့်ပဲနဲ့ ကျောင်းပြီးရင် ရနိုင်မယ့် အခွင့်အရေး၊ ကျောင်းရဲ့ မှန်ကန်ခိုင်မာမှု၊ သင်ရိုးညွှန်းတမ်း၊ နဲ့ ဖြစ်နိုင်ရင် Agent ကမဟုတ်တဲ့ ကျောင်းသားဟောင်းတွေရဲ့ Feed back ကို နားထောင်သင့်တယ်။ အနောက်နိုင်ငံတွေမှာ ပညာဆက်သင်ယူဖို့ ဆိုပြီး တချို့ Agent တွေက စင်္ကာပူမှာ နှစ်နှစ်တက် ပြီးရင် ဖိုင်နယ်ကို အော်ဇီမှာ၊ အင်္ဂလန်မှာ၊ အမေရိကန်မှာ သင်ယူနိုင်တယ် ဆိုတာတွေနဲ့ စွဲဆောင်ကြပါတယ်။ အဲ့လိုတက်ဖို့ဆိုတာက လည်း ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ Visa ပြဿနာ နဲ့ အင်္ဂလိပ်စာ အရည်အချင်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ အော်ဇီမှာ ကျောင်းတက်ဖို့ဆိုရင် မြန်မာတွေအနေနဲ့ အနည်းဆုံး အိုင်အစ်မှာ 6.0 လောက်ရှိမှသာ သံရုံးက Visa ထုပ်ပေးပါတယ်။ ဒါကြောင့် ကိုယ်ဘာလုပ်ချင်တယ် ဘယ်အထိမှန်းတယ်ဆိုတာကို အရင်ဆုံး သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးမှ ရွေးချယ်သင့်ပါတယ်။
ကိုဗမာပြည်သားပြောတာဟုတ်ပါတယ်..
ဝါသနာပါတာမရှိဘူး ဘာလုပ်ရလုပ်ရဆိုရင်တော့.. အများစုဒီမှာ အလုပ်ရကြတာကတော့..
accountance ပါ.. ACCI ပြီးထားရင် အသိအမှတ်ပြုပါတယ်.. အလုပ်ရတာမရတာတော့interview မှာကိုယ့်အရည်အချင်းပေါ်မူတည်ပါတယ်..
နောက်ပြီး computer programming သမားတွေအတွက်တော့.. IDCS ၃နှစ်ပြီးထားရင်အလုပ်ကောင်းပါတယ်.. programming သမားတွေက experience ကိုလိုက်ပြီး လခကတက်တက်လာပါတယ်..
ကျောင်းတွေကလဲ ကှိုဗမာပြည်သားအပေါ်မှာပြောထားတဲ့ကျောင်းတွေလောက်သာ အာမခံချက်ရှိပါတယ်.. ခုနောက်ပိုင်း ပေါ်လီရော တက္ကသိုလ်တွေပါအ၀င်ခက်လာတဲ့အတွက် ITE ဆိုတဲ့ ပေါ်လီအောက် တဆင့်နိမ့်ကို တိုးနေကြပါတယ်.. အရင်က ITE ရတာလွယ်သလောက်ခုဆို မြန်မာနိုင်ငံသားတွေအတွက် မရသလောက်ကိုဖြစ်နေပါတယ်..
ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လေးလုပ်မယ်လေလို့ စိတ်ကူးရင်တော့ ပေါ်လီနဲ့ တက္ကသိုလ်တွေပဲရပါတယ်.. အရင်က ITE တွေလုပ်လို့ရပေမဲ့ ခုတော့ မရတော့ပြန်ပါဘူး..
private ကတော့လုံးဝအားမပေးပါဘူး.. ကျမသူငယ်ချင်း ၃ ၄ယောက် စလုံးကို private နဲ့လာပြီး.. agent က ကျောင်းပြီးလို့ အလုပ်ရရင် PR ရမယ်.. အလုပ်ရမယ်ပြောပြီး နောက်ဆုံး အလုပ်မရလို့.. မြန်မာပြည်ပြန်တဲ့လူပြန်ရ.. ဒီမှာပဲ Private ပြီး private မုန့်လုံးစက္ကူကပ်နေရပါတယ်..
နောက်ပြီး Private ကဆိုးတာက အချိန်ပိုင်းအလုပ်လုပ်လို့မရပါဘူး.. ခိုးလုပ်မယ်ဆိုရင်တောင် အလုပ်ရဖို့ခက်ပါတယ်.. အထူးသဖြင့် ခုချိန်မှာ စလုံးအစိုးရက မြန်မာတွေကို အရမ်းတင်းကြပ်နေတော့ မဖြစ်နိုင်ပါဘူး..
ဒီတော့ Private တက်ရင် ပိုက်ဆံပိုကုန်ပြီး ကျောင်းချိန်အပြင်ဘာမှလုပ်စရာမရှိတော့.. ဟိုသွားဒီသွား ဟိုလုပ်ဒီလုပ်နဲ့ ပိုက်ဆံထက်ထွက်ပါတယ်.. လူပေါ်မူတည်ပြီး ကုန်ကျစရိတ်ကတက်မှာပါ.. တချို့ဆိုလုပ်စရာမရှိ.. club တက် ရည်းစားထား... ပျက်စီးလွယ်ပါတယ်.. ဒီအချက်လေးက မိဘတွေအတွက်ပြောတာပါ.. မသေချာတဲ့အနာဂတ်အတွက် ဒီလောက်ရင်းနှီးမြုပ်နှံဖို့ မသင့်ဘူးထင်လို့ပါ..
ပြောတာလဲများသွားပြီ... သိချင်တာရှိရင်မေးပါ.. သိသလောက်ပြန်ဖြေပါ့မယ်..
ကဲ... နားမယ်ကွယ်....
ကျွန်တော် မေးခွန်းတစ်ခု မေးချင်ပါတယ် ။ စလုံးမှာ Hotel Management နှင့်ပတ်သက်ပြီးသိချင်ပါတယ်ဗျာ။
ပြီးတော့ ဒီမြန်မာနိုင်ငံမှာ Hotel နှင့်ပတ်သက်ရင် အရမ်းကို ခေတ်စမ်းပါတယ်ဗျာ ။ Private ကျောင်းတွေကော
Hotel နှင့်ပတ်သက်၍ တကယ်ကော အလုပ်သေချာပါသလားခင်ဗျား ။ ကျေးဇူးပြု၍ ဖြေပေးပါခင်ဗျာ။
© 2009 Created by MBS on Ning. Create a Ning Network!