Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

Cloud

တကယ်ချစ်မိသွားတာလား

ကျမကိုယ် ကျမ မချစ်တက်တဲ့ ကောင်မလေး ။ အချစ်မရှိတဲ့ (ခံစားချက်)ကင်းမဲ့တဲ့
မိန်းကလေးတစ်ယောက်လို့ ထင်ခဲ့တယ်။ ခုတော့ လူတစ်ယောက်ကို ချစ်မိနေပီထင်တယ်။
သူနဲ့ အွန်လိုင်းမှာ မတွေ့ရရင် ဟာတာတာဖြစ်နေတယ်။ ညဖက် အိပ်ရာက တစ်ရေးနိုးလည်း သူ့အကြောင်းပဲ ခေါင်းထဲ ရောက်နေတယ်။ အဲဒါ အချစ်လား(အစစ်)လား ဆိုတာ သိချင်ပါတယ်။

အချစ်အကြောင်း နောကြေနေတဲ့ အကိုကြီး ၊ အမကြီးများ ဖြေကြားပေးကြပါလားဟင်

Share

Reply to This

Replies to This Discussion

အနော်ကတော့ နောမကြေသေးလို့.. မဖြေတော့ဘူး..း)

Reply to This

ငါ့အတွေ့အကြုံအရကတော့...ဖြစ်တက်ပါတယ်
ငါလည်းအဲ့လိုခံစားခဲ့ရတယ်
ဒါပေမဲ့ကြာလာတော့လည်း သူ့ကိုမေ့ချင်လာတယ်..ငါ့ရင်ထဲမှာတစ်ခြားကစ္စတွေပေါ်လာတယ်...သူ့ထက်အရေးကြီးတာတွေပေါ့
လောကမှာ အချစ်ထက်အရေးကြီးတာတွေ အများကြီးရှိတယ်ဆိုတာ.....
ငါ့ကိုတော့ မချစ်တက်ဘူးလို့ပြောချင်ပြောပေါ့......အချစ်ဆိုတာ....ကိုယ်ကပေးဆပ်ချစ်တာနဲ့..
ကိုယ်ကရယူပြီးချစ်တာနှစ်ခုရှိတယ်......
ငါ သူ့ကိုချစ်ခဲ့တုန်းက ပေးဆပ်အချစ်တွေပေါ့
ငါခံယူခဲ့ပါတယ် ရှေးဘ၀က အကြွေးတွေဆပ်လိုက်ရပါတယ်လို့

ကိုချစ်
မန္တလာသားလေး

Reply to This

ဖြေသာဖြေရတာ ခပ်လန့်လန့်..အချစ်အကြောင်းနောကြေနေလို့တော့ ဟုတ်ပါဘူးဂျာ။
ဝင်ပြီး ပြောကြည့်တာပေါ့ တစ်ကယ်ချစ်တာလား? သူ့ကိုသာယာတာလား? သိချင်ရင် အွန်လိုင်းတစ်လေလောက်မတက်ပဲနဲ့ အဆက်အသွယ် ဖြတ်ကြည့်ပါလား? အဲ့လောက်ဆိုသိမယ်ထင်တယ်။

Reply to This

တစ်လလောက် အွန်လိုင်းမ၀င်ဖို့မပြောနဲ့ တစ်ရက်တောင် မချက်ရ မနေနိုင်ပါဘူးဆို

Reply to This

ညဖက် သူအကြောင်းခေါင်းထဲ ရောက်ရောက်နေတယ်ဆိုတာ အိပ်ရာ နိုးမှ မလား.. ဒီတော့ အကောင်းဆုံးကတော့ ညအိပ်ခါနီး အိပ်ဆေးသောက်အိပ်ဗျို့..

*အချစ်ဆိုတာ ထူးဆန်းပါတယ် တခါတလေ မခေါ်ပဲ ရောက်လာတတ်သလို တခါတလေ မနှင်ဘဲ ပြန်သွားတတ်တယ်တဲ့. ဟဲ ဟဲ ကျွမ်းလို့ဟုတ်ဘူးနော် လူကြီးတွေ ပြောခဲ့တဲ့ စကားလေး

Reply to This

ဒါပေမယ့် ဘာဖြစ်လဲဟင် ....

ဂျေဂျူဝိုင် said:
အချစ်အကြောင်းတော့ နောမကျေပါဘူး။ အကိုကြီးအမကြီးလိုလည်း မဖြေချင်ဘူး။ ဖြေချင်တာက အသက် ၇၀ အရွယ် အဖွားကြီးတွေ သူတို့မြေးမလေးကို ဆုံးမသလို ဖြေချင်တယ်။ ဒါပေမယ့်.............

Reply to This

အဲဒါတော့ဟုတ်သားနော်


*အချစ်ဆိုတာ ထူးဆန်းပါတယ် တခါတလေ မခေါ်ပဲ ရောက်လာတတ်သလို တခါတလေ မနှင်ဘဲ ပြန်သွားတတ်တယ်တဲ့. ဟဲ ဟဲ ကျွမ်းလို့ဟုတ်ဘူးနော် လူကြီးတွေ ပြောခဲ့တဲ့ စကားလေး

Reply to This

တစ်ခုပြောမယ်နော်....ဆရာကြီးတော့မဟုတ်ပါဘူး....သူ့ကို အွန်လိုင်းပေါ်မှာမတွေ့ရင် ဟာတာတာကြီးဖြစ်နေတယ်ဆိုတော့ ....မတွေ့ဘဲ အကြာကြီးနေကြည့်ရင်ကော အဲ့ဒီခံစားချက်ရှိသေးလားလို့ စဉ်းစားလို့ နေကြည့်ပါလား.... အနေဝေးလို့မေ့သွားမယ်ဆိုရင်တော့ သာယာမှုကြောင့်ဖြစ်လာတဲ့ အချစ်တုလေးတွေဖြစ်သွားနိုင်ပါတယ်....ဟိဟိ

Reply to This

ကျနော်ပြောပါတယ် ကို အာကာရယ်..
Cloud လေးကို အိပ်ဆေးသောက်အိပ်ပါလို့

အာကာဖြိုး said:
တစ်ခုပြောမယ်နော်....ဆရာကြီးတော့မဟုတ်ပါဘူး....သူ့ကို အွန်လိုင်းပေါ်မှာမတွေ့ရင် ဟာတာတာကြီးဖြစ်နေတယ်ဆိုတော့ ....မတွေ့ဘဲ အကြာကြီးနေကြည့်ရင်ကော အဲ့ဒီခံစားချက်ရှိသေးလားလို့ စဉ်းစားလို့ နေကြည့်ပါလား.... အနေဝေးလို့မေ့သွားမယ်ဆိုရင်တော့ သာယာမှုကြောင့်ဖြစ်လာတဲ့ အချစ်တုလေးတွေဖြစ်သွားနိုင်ပါတယ်....ဟိဟိ

Reply to This

cloud ရေ အချစ်အကြောင်းကို နောကြေနေလို့ ပြောတာဟုတ်ဘူးနော် :P အမြဲတမ်း ကိုယ်နဲ့စကားပြောနေတဲ့လူတစ်ယောက်ဖြစ်လို့ ဒီအချိန်မှာ ပြောချင်တွေ့ချင်တယ်ဆိုတာ အကျင့်ပါသွားလို့လဲ ဖြစ်နိုင်တယ်။ နေ့တိုင်း ကော်ဖီသောက်နေကျလူက ကော်ဖီမသောက်ရရင် မနေနိုင်ပါဘူးလို့ ပြောပြီး သောက်နေတယ်။ အရင်က သူဒီကော်ဖီကို သောက်ခဲ့တာမှ မဟုတ်တာ။ အကြောင်းတခုခုကြောင့် စသောက်မိတာကနေ သူ့စိတ်က မသောက်ရရင် မနေနိုင်ဘူးလို့ စွဲသွားတဲ့အတွက် ဆက်သောက်နေတာပါ။ အခုလဲ သူနဲ့မတွေ့ရရင် မနေနိုင်ဘူးလို့ စိတ်ထဲမှာစွဲနေတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ သူ့ကို တကယ်ချစ်မချစ်သိချင်ရင် သူနဲ့တွေ့ရမယ်ဆိုတဲ့ အချိန်တွေမှာ ကွန်ပျူတာနားမှာ မနေပဲ တခြားအရေးကြီးတာတွေကို စိတ်နှစ်ပြီး လုပ်နေကြည့်ပါ။ အစပိုင်းမှာ ခံရခက်ပေမယ့် နောက်ပိုင်းနေလို့ရသွားမယ် ဆိုရင်တော့ ခဏတာ သာယာမှုလို့ ပြောရမလားပဲ။ အချစ်စစ်ဆိုတာကိုတော့ နားမလည်လို့ မပြောတတ်ဘူး။ တကယ်ပဲ ကိုယ်သူ့ကို သံယောဇဉ်ရှိတယ်ဆိုရင်တော့ မတွေ့တာ ဘယ်လောက်ပဲကြာကြာ စိတ်ထဲမှာ အမြဲရှိပြီး မကြာမကြာ သူ့အကြောင်းတွေကို သတိရနေတတ်တယ်။

Reply to This

မဒီဇင်ဘာနှင်းပြောတာမှန်ပါတယ်... ကော်ဖီစွဲသလို သူ့ကို စွဲသွားတာ...
နေကြည့်ပါ့မယ် အပြင်မှာလည်းမမြင်ဘူးတာကြောင့် နေနိုင်လိမ့်မယ်လို့တော့ ထင်မိပါတယ်....
ဒီဇင်ဘာနှင်း said:
နေ့တိုင်း ကော်ဖီသောက်နေကျလူက ကော်ဖီမသောက်ရရင် မနေနိုင်ပါဘူးလို့ ပြောပြီး သောက်နေတယ်။ အရင်က သူဒီကော်ဖီကို သောက်ခဲ့တာမှ မဟုတ်တာ။ အကြောင်းတခုခုကြောင့် စသောက်မိတာကနေ သူ့စိတ်က မသောက်ရရင် မနေနိုင်ဘူးလို့ စွဲသွားတဲ့အတွက် ဆက်သောက်နေတာပါ။

Reply to This

ခံစားချက်တူတဲ့သူတော့တွေ့ပြီ ..
ကျွန်တော်လည်း ကိုယ့်ကိုယ်ကို မချစ်တတ်တဲ့သူ .. ခံစားချက်မရှိသူအဖြစ် အခုချိန်ထိ သတ်မှတ်ထားတုန်းပဲ
Cloud လို တစ်ယောက်ယောက်ကို ချစ်မိသွားချင်တယ် .. ဒါပေမယ့် .. အခုထိ ဘယ်သူ့ကိုမှ ချစ်လို့မရသေးဘူး .. တစ်ယောက်ယောက်ကို ချစ်မိသွားပြီလို့ ထင်တဲ့အခါတွေမှာလည်း ခဏလောက် အဆက်ဖြတ်ကြည့်တယ် .. ဟုတ်တယ်ဗျာ .. ရင်ထဲမှာ ဘာမှမကျန်တော့ဘူး .. ပျောက်သွားတာပဲ ..
အချစ်ဆိုတာကိုလည်း နားမလည်သေးဘူး .. အဲဒီအတွက် ဘာမှ အကြံမပေးတော့ဘူး ..

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service