The Prominent Online Society of Myanmar Blogger
We're sorry, but this discussion has just been closed to further replies.
Tags:
ဟိုတစ်နေ့က ကျနော်တို့ဆိုင်မှာလာသုံးတဲ့ customer ကောင်လေးတစ်လေးတစ်ယောက်ကိုသတိရမိတယ်။
သူသုံးတာက အကြာကြီးပဲဗျ။ နှစ်နာရီ သုံးနာရီလောက်တော့ ရှိမယ်ထင်တယ်။ သူနဲ့ vzo ချက်တဲ့ ကောင်မလေးကလည်းချောမှချော။ ကျနော်တောင်သဘောကျတယ်။ သူသုံးပြီးတော့ သူ့ ဟာကိုသူ ဒိအတိုင်းပိတ်သွားတယ်။ ထောင့်မှာ vzo က ဆိုင်းအောက်မဖြစ်ပဲ ကျန်ခဲ့ရော။ဒါနဲ့ဆိုင်းအောက်သူ့ကိုပြောတော့
ဘယ်လိုလုပ်ရတာလဲတဲ့ ။ စိတ်ထဲကနေ သေစမ်းကွာလို့ရေရွတ်မိတယ်။ တစ်နာရီကို ငါးရာဗျ အချိန်လည်းကုန်။ငွေလည်းကုန်းတဲ့ကောင်လေးက ဆိုင်းအောက်တောင်မလုပ်တတ်ဘူးတဲ့လား။ သူသုံးတဲ့ အထဲမှာ အရေးကြီးတာပါမယ်တော့မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ကောင်မလေး တွေ့တာ ကြာမှမကြာသေးတာ ကျနော်တို့အသိပဲလေ။
နောက်တစ်ခုကတော့ ကျနော်တို့ဆိုင်က ၀န်ထမ်းတွေပါပြောရရင်ရှက်ဖို့လည်းကောင်းပါတယ်။ အလုပ်ရှင်ကလည်း။ ပေါချောင်ကောင်းအလုပ်သမားတွေကို ရွေးခန့်တော့ ပြသနာကအဲ့မှာစတာပဲ။ ဒီမှာက တော်တော်များများက ပေါ်ပင်တွေများတယ်ခင်ဗျ။ အားလိုက်ရင်ချက်တင်ဆိုတော့ ၀န်ထမ်းတွေက ဘာမှကိုထပ်လေ့လာဖို့စိတ်မရောက်တော့ဘူး။ အင်တာနက်ကြီးရှေ့ချပြီး။ အဓိပ္ပါယ်မရှိတဲ့ ချက်တင်တွေနဲ့ အချိန်ကုန်နေတော့ customer ကိုဝန်ဆောင်မှု့ ကောင်းကောင်းမပေးနိုင်ဘူးဗျ။ လက်ကွက်တောင်ကောင်းကောင်းမရိုက်တတ်တဲ့သူက ချက်တင်လုပ်တော့ပိုဆိုးရော တစ်ချောင်းထိုးချက်တင်နဲ့ချက်နေလိုက်တာ ဒီဂျေပွတ်နေတဲ့အတိုင်းပဲ။
တစ်ခုတော့ ရှိတယ် ကိုဂစ်တာရေ .. အရာရာကို မျှမျှတတတွေးပေးရသေးတယ်လေ။ ချက်တက်တိုင်းလည်း အီတယ် ကျူတယ် မခေါ်နိုင်ဘူးလေ။ အလုပ်သဘောအရ အွန်လိုင်းတက်နေရတဲ့သူတွေ အများကြီး ။ ကိုဂစ်တာပြောသလိုပါပဲ ။ လူငယ်တွေ ချက်ထဲက သင်ယူနိုင်ရင်အကောင်းဆုံးပေါ့ ။ အဲ Myanglish ကိစ္စကတော့ ဟုတ်တော့ဟုတ်ပါတယ်။ မြန်မာလိုရိုက် ၊ မရိုက်နိုင်ရင် အင်္ဂလိပ်သုံး ။ ဒါအကောင်းဆုံးပေါ့။ ဒါပေမဲ့ မြန်မာလက်ကွက်ဆိုတာက သိတဲ့အတိုင်း ကီးဘုတ်ပေါ်မြင်နေရတာ မဟုတ်တော့ သင်မယ်ဆိုရင် အချိန်ယူရတယ်။ အဲအတွက် အချိန်မပေးနိုင်တဲ့သူတွေလည်း ရှိနေလို့ ၊ နောက်ပြီး မြန်မာတွေအတွက် အားလုံးအဆင်ပြေနားလည်စေဖို့က Myanglish ပဲ ရှိတာကိုး။ ဒါကြောင့် မြန်မာတွေ ချက် နေသရွေ့တော့ Myanglish က ရှိနေဦးမှာပဲ ။ ဂျပန်စာမှာတောင် ဂျပန်စာလုံးချည်းသီးသန့်မဟုတ်ဘဲ သင်ယူကာစသူတွေ မှတ်လွယ်တတ်လွယ်အောင် အသံထွက်လွယ်အောင် Romaji ဆိုတဲ့ အင်္ဂလိပ်စာလုံးတွေနဲ့ ဂျပန်စာရှိသေးတာပဲ။ နိုင်ငံတကာ လက်ခံထားပြီးသားပါ။ နိုင်ငံခြားဘာသာတက္ကသိုလ် (UFL) မှာလည်း နိုင်ငံခြားသားတွေကို မြန်မာစာသင်တဲ့အခါ Myanglish သုံးပြီး အသံထွက်ကို အနီးစပ်ဆုံးထွက်နိုင်အောင် သင်ကြတာကို တွေ့ရတယ်။ အဓိက လူငယ်တွေနားလည်ဖို့က အွန်လိုင်းတက် ၊ တွေ့ကရာမေးလ် add ပြီး asl pls ? လုပ်မနေသင့်တာပါ။ အဲဒါ အဓိကပဲ ။ ( အဲ နားမလည်တာတစ်ခုရှိသေးတယ်။ ကိုဂစ်တာက ဘယ်သူ့ကို ဘာစာအုပ်တွေ ဖွင့်ပြပြီး ဘယ်သူကမကြည့်လို့ စိတ်တွေမရှည်ဖြစ်နေရတာတုန်း ။ လင်းစမ်းပါဦး ။ :P )
© 2009 Created by MBS on Ning. Create a Ning Network!