Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ဒီခေါင်းစဉ်ကို တပ်လိုက်ကတည်းက ပြောစရာတွေကတော့ အများကြီးပဲဗျ။ခင်ဗျားတို့မှာလဲ ပြောစရာတွေရှိမယ်ထင်ပါတယ်။ ချက်တင်ဆိုကတည်းက ပြေးမြင်လိုက်ရင် ကျူနေတာတွေပဲများတယ်ဗျ။ အမှန်တော့ချက်တင်ကနေ ယူ ရမှာတွေကအများကြီးရှိတဲ့အချိန်မှာ။ ဘာညာသာရကာတွေနဲ့ အခါခါအာပလာတွေလုပ်နေတော့ ရှိနေတဲ့တန်ဖိုးရှိနေတဲ့ အချိန်တွေပြုန်းရောဗျ။ လူငယ်အားလုံးကိုမဆိုလိုပါ။ ကျနော်တွေ့နေတဲ့ သိနေတဲ့ ပတ်ဝန်းကျင်က တစ်ချို့တစ်ချို့သောလူငယ်တွေကို ဆိုလိုချင်တာပါ။ အင်တာနက်မှာ ချက်မှာသင်ယူစရာတွေ ကအများကြီး ရထားမမှီ၊ကားမမှီ၊လေယာဉ်ပျံမှီတဲ့ခေတ်ကြီးမှာ၊ ဆိုက်ကားလေးနဲ့ငြိမ့်လို့။
ချက်ပါ။ချက်ပါ။ချက်ပါ။ ပြီးတော့ ချက်ထဲကနေ ယက်ပြီးတော့ ရယူပါ။ အခုတော့ဗျာ.... nay kg lar? ho nay. ga ygn mhar tway. lite tal. ဆိုတာမျိုးတွေကတော့ မကောင်းဘူးလို့ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဖျက်သံချေးတက်တဲ့။ အခုတော့ ချက်ကြီးတို့အမျိုးတွေက ထပ်ပြီး ထွင်လိုက်တဲ့ myanglish က အင်တာနေရှင်နယ်မှာ အချဉ်ပါလေ ထင်တယ်ပေါ့။
ကဲခင်ဗျားတို့လည်း ပြောပါဦး။ bal lo lae? ဟဲဟဲ နော်တာနော်...အားကျလို့ ဟီဟိ။

Share

Reply to This

Replies to This Discussion

ဟီး ဒါမျိုးက ကောင်းကောင်းထိကြတယ် ထင်ပါ့။ ဘယ်သူမှ ၀င်မအော်ဘူး။
well, i block everybody i don't know. no more "i wanna be friends with you"
i know it's mean lol
ဒီလို ဘလော့တာ သိပ်မကြာသေးဘူးရှင့်
အချိန်တန်ဖိုးကို လေးစားတတ်တဲ့ တစ်နေ့တော့ ကျူတာတွေ ပျောက်သွားမှာပါ။
ပေဖူးကတော့ အခုချက်ကို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ၊ ခွဲခွာထားရတဲ့ မိသားစုဝင်တွေ အတွက်ပဲ ထားတော့တယ်

Reply to This

ဟုတ်တယ် ကိုဂစ်တာရေ ..။
ချက်တက်ပြီး အချိန်တွေကုန်နေကြတဲ့ အခုခေတ်လူငယ်တွေကိုကြည့်ပြီး သွန်းတော့သနားတယ်။(အဲ ဆရာမကြီးလေသံပေါက်သွားလား မသိဘူး :P ) အင်တာနက်ဆိုတာကို ကိုယ့်အတွက် အကျိုးရှိစေနိုင်မဲ့ နေရာတွေမှာပဲ သုံးသင့်တာပေါ့ရှင်။ အားနေ asl pls? ဆိုတာကြီးကိုတော့ ဘဝင်မကျချင်ဘူးကွယ်။ ချက်ထဲကနေ ယက်ပြီးတော့ယူ ဆိုတဲ့ စကားကိုတော့ အကြိုက်ဆုံးပဲ ။ :)

Reply to This

သင်ယူတယ်ဆိုတာက အခုလိုအချိန်မှာ စောင့်ဆိုင်းနေတာထက် ကိုယ်ကိုယ်တိုင်သင်ယူနိုင်မယ့်အခွင့်အရေးကို လုပ်ယူမှဖြစ်မှာပါ။ သင်ယူတယ်ဆိုကတည်းက ယူပြီးတော့သင်ရမှာပါ။ စာအုပ်တစ်အုပ်ရှိတယ် စာအုပ်ကိုယူပြီး ဖတ်မှပါ။ စာအုပ်ကတော့ မျက်စိရှေ့မှာ စာမျက်နှာတွေ လာလှန်ပေးနေမှာမဟုတ်ဘူး။ ပြောမယ့်သာပြောရတယ်... ကျွန်တော်တွေ့နေရတာက စာအုပ်က ဖြဲပေးနေတာတောင် စာအုပ်ကိုမကြည့်တဲ့သူတွေပါ။ ကျနော်လည်း ဘယ်လိုလုပ်ရမှန်းမသိဘူး။ သွန်းသွန်းတို့ ပြောပါဦး။

Reply to This

သင်ယူတယ်ဆိုတာက အခုလိုအချိန်မှာ စောင့်ဆိုင်းနေတာထက် ကိုယ်ကိုယ်တိုင်သင်ယူနိုင်မယ့်အခွင့်အရေးကို လုပ်ယူမှဖြစ်မှာပါ။ သင်ယူတယ်ဆိုကတည်းက ယူပြီးတော့သင်ရမှာပါ။ စာအုပ်တစ်အုပ်ရှိတယ် စာအုပ်ကိုယူပြီး ဖတ်မှပါ။ စာအုပ်ကတော့ မျက်စိရှေ့မှာ စာမျက်နှာတွေ လာလှန်ပေးနေမှာမဟုတ်ဘူး။ ပြောမယ့်သာပြောရတယ်... ကျွန်တော်တွေ့နေရတာက စာအုပ်က ဖြဲပေးနေတာတောင် စာအုပ်ကိုမကြည့်တဲ့သူတွေပါ။ ကျနော်လည်း ဘယ်လိုလုပ်ရမှန်းမသိဘူး။

Reply to This

Chatting ကို Chatting ခွဲထား
Learning ကို Learning ခွဲထား ဘယ်လိုမှ မရောဘူး။
ဒီလောက်သီးသန့်ရှိနေတဲ့ဟာကို ။း)

Reply to This

chatting ဆိုတဲ့နေရာမှာ ရိုးရိုးတန်းတန်း communication အတွက်သုံးတာရှိသလို သမီးရည်းစားချိန်းတွေ့ပြီး ဘာညာသာရကာ ပြောနေတာလည်းရှိတယ်။ ဒါမှမဟုတ်ရင်တော့ အွန်လိုင်းပေါ်တက်ပြီး၊ ဟိုလူ့ကို ကြောင်သလိုလို၊ ဒီလူ့ကိုကြောင်သလိုလို၊ ဟိုလူ့ပွားလိုက်ဒီလူ့ကိုပွားလိုက်နဲ့ သူတစ်ပါးရဲ့ desktop ကို ၀င်ပြီး အနှောက်အယှက် ပြုတာမျိုးတွေလည်းရှိတယ်လေ။ ဖြစ်သင့်တာက တီထွင်သူတွေရဲ့ product တွေကိုသုံးပြီး user တွေအနေနဲ့ အကျိုးရှိရှိအသုံးချသင့်တာပဲ။ သင်ကြားခြင်းဆိုတာ ကလည်း ဘယ်လိုနေရာကနေပဲဖြစ်ဖြစ် သင်ကြားလို့ သင်ယူလို့ရနိုင်မို့ပဲလေ။ ပြောချင်တာက ချက်တင်မှာလည်းသင်ကြားလို့ရတာပါပဲလေ။ အနည်းဆုံးတော့ မိမိအတွက်အကျိုးရှိမဲ့လုပ်ဆောင်ချက်ကို ချက်တင်ကနေ ရယူနိုင်တာပါပဲ။ အဲ့ဒါမှ အထွန့်တက်ပြီး ဘာတွေသင်ရမှာလဲ ဘာတွေယူရမှာလဲ လို့ပြန်မေးချင်သပ ဆိုရင်လည်း....အဟင်းဟင်းဟင်း...းD

Reply to This

i am not sure in myanmar
when i was study here i did probject discussing with my group members through chatting
there r a lot of things can be learn from chat
n also i feel like is kind of relaxation

for myanglish case, seriouly i admit i don't know how to type myanmar
so when i chat with my fri mostly i use myanglish
some more some of my fris if i use a lot of english words they don't understand n some of the words can't find in english so that i use myanglish
when i came out from myanmar there is no zaw gyi or some other myanmar font
so usually we use myanglish for chatting writng mail blah blah
its good that use really myanmar font is nice but if we can't type what to do
i know i can practise but but need time time time :P

Reply to This

တစ်ခုတော့ ရှိတယ် ကိုဂစ်တာရေ .. အရာရာကို မျှမျှတတတွေးပေးရသေးတယ်လေ။ ချက်တက်တိုင်းလည်း အီတယ် ကျူတယ် မခေါ်နိုင်ဘူးလေ။ အလုပ်သဘောအရ အွန်လိုင်းတက်နေရတဲ့သူတွေ အများကြီး ။ ကိုဂစ်တာပြောသလိုပါပဲ ။ လူငယ်တွေ ချက်ထဲက သင်ယူနိုင်ရင်အကောင်းဆုံးပေါ့ ။ အဲ Myanglish ကိစ္စကတော့ ဟုတ်တော့ဟုတ်ပါတယ်။ မြန်မာလိုရိုက် ၊ မရိုက်နိုင်ရင် အင်္ဂလိပ်သုံး ။ ဒါအကောင်းဆုံးပေါ့။ ဒါပေမဲ့ မြန်မာလက်ကွက်ဆိုတာက သိတဲ့အတိုင်း ကီးဘုတ်ပေါ်မြင်နေရတာ မဟုတ်တော့ သင်မယ်ဆိုရင် အချိန်ယူရတယ်။ အဲအတွက် အချိန်မပေးနိုင်တဲ့သူတွေလည်း ရှိနေလို့ ၊ နောက်ပြီး မြန်မာတွေအတွက် အားလုံးအဆင်ပြေနားလည်စေဖို့က Myanglish ပဲ ရှိတာကိုး။ ဒါကြောင့် မြန်မာတွေ ချက် နေသရွေ့တော့ Myanglish က ရှိနေဦးမှာပဲ ။ ဂျပန်စာမှာတောင် ဂျပန်စာလုံးချည်းသီးသန့်မဟုတ်ဘဲ သင်ယူကာစသူတွေ မှတ်လွယ်တတ်လွယ်အောင် အသံထွက်လွယ်အောင် Romaji ဆိုတဲ့ အင်္ဂလိပ်စာလုံးတွေနဲ့ ဂျပန်စာရှိသေးတာပဲ။ နိုင်ငံတကာ လက်ခံထားပြီးသားပါ။ နိုင်ငံခြားဘာသာတက္ကသိုလ် (UFL) မှာလည်း နိုင်ငံခြားသားတွေကို မြန်မာစာသင်တဲ့အခါ Myanglish သုံးပြီး အသံထွက်ကို အနီးစပ်ဆုံးထွက်နိုင်အောင် သင်ကြတာကို တွေ့ရတယ်။ အဓိက လူငယ်တွေနားလည်ဖို့က အွန်လိုင်းတက် ၊ တွေ့ကရာမေးလ် add ပြီး asl pls ? လုပ်မနေသင့်တာပါ။ အဲဒါ အဓိကပဲ ။ ( အဲ နားမလည်တာတစ်ခုရှိသေးတယ်။ ကိုဂစ်တာက ဘယ်သူ့ကို ဘာစာအုပ်တွေ ဖွင့်ပြပြီး ဘယ်သူကမကြည့်လို့ စိတ်တွေမရှည်ဖြစ်နေရတာတုန်း ။ လင်းစမ်းပါဦး ။ :P )

Reply to This

ချက်တင်မှာရှိတိုင်း ကျူတယ်၊ကြောင်တယ်လို့မပြောပါဘူး။အဲ့ဒီ့လိုလည်းမထင်ပါဘူး။ ကျနော်ပြောပြီးသားပဲလေ။ communication ပါဆို။ အဲ့... myanglish ကိစ္စကတော့ တော်တော်လေး ကျယ်ပြန့်နေတာကိုတွေ့နေရတယ်။ တစ်ချို့ကိစ္စတွေမှာတော့လက်ခံပါတယ်။ သွန်းသွန်းပြောသလို လိုအပ်တဲ့နေရာတွေမှာပဲသုံးတာကောင်းပါတယ်။ မရှိသုံးပေါ့လေ။နေရာတစ်ကာမှာ myanglish ကြီးကတော့မကောင်းဘူးပေါ့လေ။ဟုတ်တယ်မလား။ ကျွန်တော်အဓိကပြောချင်တာက မြန်မာက လူငယ်တွေကိုပါ။ ပြည်ပမှာရောက်နေတဲ့သူတွေကတော့ထားပါတော့သူအခက်အခဲနဲ့သူရှိကြမှာပါပဲ။ဒါက နားလည်နိုင်ပါတယ်။ ကျနော်လည်း myanglish သုံးပါတယ်။ ဒါပေမဲ့ မရှိသုံးပေါ့ဗျာ။

Reply to This

ဟိုတစ်နေ့က ကျနော်တို့ဆိုင်မှာလာသုံးတဲ့ customer ကောင်လေးတစ်လေးတစ်ယောက်ကိုသတိရမိတယ်။
သူသုံးတာက အကြာကြီးပဲဗျ။ နှစ်နာရီ သုံးနာရီလောက်တော့ ရှိမယ်ထင်တယ်။ သူနဲ့ vzo ချက်တဲ့ ကောင်မလေးကလည်းချောမှချော။ ကျနော်တောင်သဘောကျတယ်။ သူသုံးပြီးတော့ သူ့ ဟာကိုသူ ဒိအတိုင်းပိတ်သွားတယ်။ ထောင့်မှာ vzo က ဆိုင်းအောက်မဖြစ်ပဲ ကျန်ခဲ့ရော။ဒါနဲ့ဆိုင်းအောက်သူ့ကိုပြောတော့
ဘယ်လိုလုပ်ရတာလဲတဲ့ ။ စိတ်ထဲကနေ သေစမ်းကွာလို့ရေရွတ်မိတယ်။ တစ်နာရီကို ငါးရာဗျ အချိန်လည်းကုန်။ငွေလည်းကုန်းတဲ့ကောင်လေးက ဆိုင်းအောက်တောင်မလုပ်တတ်ဘူးတဲ့လား။ သူသုံးတဲ့ အထဲမှာ အရေးကြီးတာပါမယ်တော့မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ကောင်မလေး တွေ့တာ ကြာမှမကြာသေးတာ ကျနော်တို့အသိပဲလေ။
နောက်တစ်ခုကတော့ ကျနော်တို့ဆိုင်က ၀န်ထမ်းတွေပါပြောရရင်ရှက်ဖို့လည်းကောင်းပါတယ်။ အလုပ်ရှင်ကလည်း။ ပေါချောင်ကောင်းအလုပ်သမားတွေကို ရွေးခန့်တော့ ပြသနာကအဲ့မှာစတာပဲ။ ဒီမှာက တော်တော်များများက ပေါ်ပင်တွေများတယ်ခင်ဗျ။ အားလိုက်ရင်ချက်တင်ဆိုတော့ ၀န်ထမ်းတွေက ဘာမှကိုထပ်လေ့လာဖို့စိတ်မရောက်တော့ဘူး။ အင်တာနက်ကြီးရှေ့ချပြီး။ အဓိပ္ပါယ်မရှိတဲ့ ချက်တင်တွေနဲ့ အချိန်ကုန်နေတော့ customer ကိုဝန်ဆောင်မှု့ ကောင်းကောင်းမပေးနိုင်ဘူးဗျ။ လက်ကွက်တောင်ကောင်းကောင်းမရိုက်တတ်တဲ့သူက ချက်တင်လုပ်တော့ပိုဆိုးရော တစ်ချောင်းထိုးချက်တင်နဲ့ချက်နေလိုက်တာ ဒီဂျေပွတ်နေတဲ့အတိုင်းပဲ။

Reply to This

ကျနော်ယုံကြည်ထားတာက အင်တာနက်သည်၊ အွန်လိုင်းသည် ကျနော့်ရဲ့Second life ပဲ အဲ့ဒီ့မှာ ကျနော့်ကိုအကျိုးပြုနိုင်မယ့် အရာတွေကိုပဲရယူချင်တယ်။ အင်တာနက်ကဖေးမှာဆိုတော့ဗျာ customer မရှိတဲ့အချိန်မှာမှသုံးရတာဗျ။ အဲ့ဒီ့အချိန်မှာ သိချင်တာလေးတွေ၊ လိုအပ်မဲ့ application လေးတွေ၊ ဒီဇိုင်းလုပ်ရင်အဆင်ပြေမယ် အထောက်အကူဖြစ်မဲ့ ပုံဆန်းဆန်းလေးတွေ ရှာတာပေါ့။ အဲ့.. အင်တာနက်သုံးရင်တော့ Gtalk ကို အမြဲဖွင့်ထားလေ့ရှိတယ်ဗျ။ ဖုန်းတစ်လုံး ဘေးနားမှာချထားသလိုပေါ့ဗျာ။ ကိုယ်သိချင်တာလေး ကို ကိုယ့်သူငယ်ချင်းတွေလှမ်းမေး သူတို့လည်းကိုယ့်ကို လှမ်းပြောဒီလောက်ပါပဲ။ တစ်ခါတစ်လေတော့ ပေါတောတောတွေလည်းလုပ်မိတာပေါ့ သွန်းသွန်းဆိုရင်ကျနော်အမြဲတမ်းလှမ်းစနေတာပဲ။ဒါပေမဲ့သူအလုပ်ရှုပ်နေရင်တော့ ကျနော်လည်း နေလိုက်တာပဲ။ အားနာတယ်ဗျ။ သူများက ဟိုဘက်မှာ ဘယ်လောက်ဒုက္ခရောက်နေလို့နေမှန်းမသိ။ တစ်ခါတစ်လေကြုံရတယ်ဗျ။ ကိုယ်ကဒီဘက်မှာ စိတ်ဒုက္ခရောက်နေတုန်း ဘယ်ကကောင်က၀င်လာမှန်းမသိ အူကြောင်ကြားတွေလုပ်တယ်။ လေတာပေါ့ဗျာ။

Reply to This

ကျနော်က ဦးဆောင်တဲ့သူဆိုတော့ သူတို့ကို သင်ပေးရတာပေါ့ဗျာ။သင်ပေးတော့လည်း ငသင်ကြီးပဲဖြစ်တာပဲဗျ။ သင်ယူချင်စိတ်လည်းမရှိဘူး။ ယူပြီးမသင်တတ်တာဗျ။ သင်ပေးတဲ့သူကတော့ရှေ့ကသင်သွားမှာပဲ။ သင်ယူတဲ့သူကလည်း နောက်ကလိုက်ပြီးယူတတ်ဖို့ပဲလိုတယ်။ gtalk သုံးမယ်ဆိုပါတော့ အဲ့ဒါနဲ့ပတ်သက်တာတွေကို သိအောင်လုပ်ထားသင့်တယ်လို့ကျနော်ထင်တယ်လေ။ အခုဟာက ဘာမှ ကိုမယ်မယ်ရရကိုမရှိဘူး။ အဲ့ဒါမျိုးက မဖြစ်သင့်ဘူးလို့ထင်တယ်။ လူငယ်တွေအတော်များများက ငါမှမသိတာ ငါမှမတတ်တာ။ ငါ့မှာသင်ဖို့အတွက် အခက်အခဲရှိတယ် ဘာညာ.. စသည်ဖြင့်ဒီလိုနဲ့ပဲသွားနေတယ်။ သင်ပေးမယ့်သူကိုစောင့်နေတယ်။ မဖြစ်သင့်ဘူး။ ကျနော် ကျနော့်လူတွေကိုပြောတယ်။ငါတို့မှာ သေသေချာချာ သင်ဖို့အချိန်လည်းမရှိဘူး အဲ့ဒိလောက်လည်းမအေးဆေးဘူး။ အဲ့တော့ ကိုယ်ရတဲ့အခွင့်အရေးလေး ကိုရအောင်ယူလို့ပြောတာပဲဒါပေမဲ့ in the air ပေါ့ဗျာ။

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service