Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

moehmaung

သင်ကောင်းလျှင်ကျွန်ုပ် မဆိုးပါ

သင်ကောင်းလျှင်ကျွန်ုပ် မဆိုးပါ စဉ်းစားကြည့်မိတယ်.. သင်ကောင်းလျှင်ကျွန်ုပ် မဆိုးပါ ဆိုတော့ သင်ဆိုးလျှင် ကျွန်ုပ်မကောင်းဘူးပေါ့... မိတ်ဆွေသင်ကော အဲ့ဒီလိုလူမျိုးလား?
ကျွန်ုပ်ကတော့ သင့်ဘာသာဆိုးဆိုး ကောင်းကောင်း ကျွန်ုပ်ဘက်က ကောင်းနေဖို့ပဲ လိုတယ်လို့ စဉ်းစားထားတယ်... ငြင်းကြည့်ပေါ့...

Share

Reply to This

Replies to This Discussion

သူများပေးတာကို လက်မခံတက်ဖို့က အရေးကြီးပါတယ်။ သူများက ဒေါသတွေပေးတိုင်း ကိုယ်က အဲဒီဒေါသကို လက်ခံမှ ကိုယ်လည်း ဒေါသကထွက်တာပါ။ လက်မခံရင် ဘာမှဖြစ်လာစရာ အကြောင်းမရှိပါဘူး။ မကောင်းဘူးဆိုတာလဲ မကောင်းချင်လို့မကောင်းတာ သူများကြောင့်မဟုတ်ဘူး။ ကောင်းတာလည်း ကောင်းချင်လို့ကောင်းတာ သူများကြောင့်မဟုတ်ဘူး။ သင့်ကြောင့်ကျွန်ုပ်ဘာမှမဖြစ်ပါ။ ကျွန်ုပ်ကြောင့် ကျွန်ုပ်ဖြစ်သည်။

Reply to This

သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ. သင်ဆိုးလျှင်တော့ ကျွန်ုပ် ပိုဆိုးရပါလိမ့်မည်.. ဟီးဟီး

Reply to This

သဘာဝတရားကိုက တုန့်ပြန်မှုကို စီစဉ်ပေးပြီးသားဗျ....သမင်မှာချိုရှိတယ်...ပုရွက်ဆိတ်မှာအဆိပ်ရှိတယ်....အနိုင်ကျင့်မခံရအောင် လက်နက်တပ်ဆင်ပေးထားတဲ့သဘောပေါ့...ခန္တီစသဘောကို မကောင်းဘူး မပြောချင်ပါဘူး....အတိုင်းအတာလေးတော့ရှိရမှာပေါ့
ဥပမာ မုဒိမ်းအကျင့်ခံရတဲ့ မိန်းကလေးတစ်ယောက်နေရာက နေကြည့်....ခန္တီစမလား ...တိုင်မလား...
ခန္တီစသမားတော်တော်များများက ဟိုဟာက သူ့အမေအနိစ္စကွ ဒါကငါ့အမေအနိစ္စ ဆိုတဲ့ ဘုန်းကြီးလိုပါပဲ

Reply to This

သွန်းသွန်းက သူ့ကိုသာထိုးလိုက် ဘေးလူတွေဝင် ပြီး သွန်းသွန်းကို နမ်းကြလိမ့်မယ်။

မစ်(စ်)သွန်းသွန်း said:
(အဲ .. ကျွန်တော်က သွန်းသွန်းကို နမ်းမယ်ဆိုရင် သွန်းသွန်းကပြန်နမ်းမှာပဲလားလို့တော့ မကပ်ရဘူးနော် .. ဟွန်း) :P

Reply to This

အဲဒီ မေးခွန်းကိုက နည်းနည်းလေး မှားနေသလား လို့။ တကယ်က “သင် ကောင်းလျှင်.. ၊ သင် ဆိုးလျှင်..” ဆိုပြီး စဉ်းစားဖို့ မလိုဘူးလို့ ထင်ပါတယ်။ “ကျွန်ုပ် ကောင်းစွာ နေလျက် ရှိသည်.. သင် ဆီက တုံ့ပြန်မှု သည် ကျွန်ုအတွက် ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ ကျွန်ုပ် ကျေနပ်စွာ ခံယူပါလိမ့်မည်” လို့်ပဲ စဉ်းစားပေးနိုင်ရင် အရာ အားလုံးဟာ အဆင်ပြေနိုင်မယ် ထင်ပါတယ်.။

Reply to This

ငါ့ ဘလော့မှာ ဆရာတက်တိုး ဘာသာပြန်ထားတဲ့ “လွတ်လပ်မှု ရဲ့ စိတ်ဓာတ်” (the spirit of liberty ) ဆိုတာလေး တင်ထားတယ်..။ အဲဒီ လွတ်လပ်မှု ရဲ့ စိတ်ဓာတ်ကလေး ရှိနေတဲ့ လူအဖို့တော့ အခြားသူရဲ့ ကောင်းခြင်း ဆိုးခြင်းတွေက သူ့ကို ရိုက်ခတ်နိုင်စွမ်း ရှိမယ်လို့ ငါ မထင်ဘူးကွ..။

Reply to This

မက်(စ်)သွန်းသွန်းရဲ့ အိုင်းစတိုင်းနိယာမကို အပြည့်အ၀ ထောက်ခံပါတယ်။ အရာရာတိုင်းမှာ တုန့်ပြန်မှုရှိတာဘဲ။ ဒါပေမယ့် ဖြစ်လာတဲ့ အခြေအနေကို ဘယ်လိုတုန့်ပြန်မလဲ ဆိုတာသာ မူတည်ပါတယ်။ ကိုယ်က အကောင်းဆုံးတုန့်ပြန်မှာလား။ ဆိုးဆိုးရွားရွားတုန့်ပြန်မှာလားပေါ့၊ ဗုဒ္ဒဘာသာဝင်တစ်ဦးအနေနဲ့ ကြည့်မယ်ဆိုရင် အကြောင်းရှိလို့ အကျိုးဖြစ်တာပေါ့။ တချိန်က သူ့ကို ကိုယ်တစ်ခုခုလုပ်မိခဲ့လို့ ယခုအချိန်မှာ ခံစားရတာဘဲ။

ကိုကြီး စိတ်မဆိုးရဘူးနော်

Reply to This

အင်း အားလုံးလိုလိုက ဒီစကား ("သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ") ရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကိုပဲ စဉ်းစားကြတော့ ကျနော့်အနေနဲ့ ထူးထူးခြားခြား ဖြစ်သွားအောင် ဒီစကား ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို ဆန်းစစ်ကြည့်မယ်။ ဒီအပင်ရဲ့ ရေသောက်မြစ်ကို တူးဆွကြည့်တာပေါ့ဗျာ။ "သင်ကောင်းရင် ကျနုပ် မဆိုးပါ" လို့နှုတ်ကပြောထွက်ဖို့ အခြေအနေ တစ်ရပ် ရှိရလိမ့်မယ်။ လောလောဆယ်မှာ ကျနော်က ဆိုးနေတယ်။ အဲဒါ သင်မကောင်းလို့။ အဟဲ အပြစ်တင်စကားပဲ။ သင်သာကောင်းကြည့်ပါလား? ကျနော်လည်း မုချ ကောင်းရမှာပေါ့။ ကတိပေးထားတာ။ "ဝင်ဝင်ချင်း ဆောက်နဲ့ထွင်း"ဆိုတာလို တစ်ကနေ မစခင်ကတည်းက ဘီလူးဆိုင်းတီးပြီး ဝင်လာတဲ့လူကို သာမန်လူတစ်ယောက်အနေနဲ့ ဘယ်လိုမှ ပြန်မကောင်းနိုင်ပါ။ နည်းနည်းအဆင့်မြင့်မဲ့လူဆိုရင် ဆောက်နဲ့ထွင်းနေတဲ့လူကို (ဟန်ဆောင်ပန်ဆောင်လေး) ကောင်းပြမယ်ပေါ့ဗျာ။ ဒီလိုလုပ်လို့မှ အထွင်းမရပ်ဘူးဆိုရင် တော့ "အရင်က သင်မကောင်းတာတွေ ထားလိုက်ပါ။ မနေ့တနေ့လောက်ကသာ သင်ကောင်းမယ်ဆိုရင် ကျန်ုပ် ဒီလောက်ထိ ဆိုးလိမ့်မယ်မထင်ပါ"လို့ပဲ တုန့်ပြန်ရမယ်ထင်တယ်နော် အဟီး။ "ဥပေက္ခာ"ဆိုတဲ့ စကား ၃ လုံးက မနက်စာ၊ နေ့လည်စာစားအပြီး နဲ့ ညအိပ်ရာဝင်ခါနီး တစ်နေ့သုံးကြိမ် သောက်ရမဲ့ ဆေးတွေပေါ့။ မကောင်းတဲ့ "သင်"နဲ့ တွေ့ရင်ပြောပါတယ်။

Reply to This

Reply to This

RSS

About

MBS MBS created this Ning Network.

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service