The Prominent Online Society of Myanmar Blogger
We're sorry, but this discussion has just been closed to further replies.
Tags:
အဟဲ .. ငြင်းကြည့်ဆိုလို့ ငြင်းကြည့်ပြီနော် ။ သွန်း အမြင်တော့ အရာရာတိုင်းမှာ Newton's Law တော့ရှိလိမ့်မယ် ။ Action & Reaction ဆိုတဲ့ အတိုင်း ကိုယ့်အပေါ်ကို တစ်ခုခုလာသက်ရောက်ရင် ကိုယ်လည်းတစ်ခုခုတော့ ပြန်သက်ရောက်မိမှာပေါ့ ။ သဘောထားသေးသိမ်တယ်ပဲဆိုဆို တူညီတဲ့ တုံ့ပြန်မှုတစ်ခုတော့ ပြုမိလိမ့်မယ်ထင်တယ် ။
အငဲကြီး ကတော့ သင်ဆိုးချင်သလောက်ဆိုးပါ။ ကျွန်တော်တတ်နိုင်သလောက်ကောင်းပါမည် လို့တော့ ပြောဖူးတာပဲ။ သူ့ရဲ့ကိုယ်ပိုင်စကား ဟုတ် မဟုတ်တော့ မသိဘူး။ ဒီစကားကို ကြိုက်ပြီး ကျင့်လာတာတော့ ကြာပြီ။
ကောင်းတာ ဆိုးတာကတော့ ကိုယ်ပိုင်ပေတံနဲ့ လောကပေတံ ၂ချောင်းကို သုံးပြီးတိုင်းတယ်။
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ပေါ့။ ဒါဆိုရင် သွန်းသွန်းက သင်ဆိုးရင် ကျွန်ုပ်ဆိုးမယ်ပေါ့။ အဲ့လို ဆန့်ကျင်ဘက်သမားနဲ့မှ ငြင်းလို့ကောင်းမှာ။ သွန်းသွန်းက သင်မကောင်းရင် ကျွန်ုပ် မကောင်းနိုင်ဘူးဆိုတော့ ခန္ဓီ(သည်းခံခြင်း) ဆိုတဲ့ တရားက အရောင်မှိန်သွားပြီပေါ့။ အဲ့ဒီမူအတိုင်းဆိုရင် မင်္ဂလသုတ်မှာ ဗုဒ္ဓဟောထားတဲ့ ခန္ဓီစ (သည်းခံခြင်းသည် မင်္ဂလာတစ်ပါး) ဆိုတာကို ဆန့်ကျင်တယ်ပေါ့။
မစ်(စ်)သွန်းသွန်း said:အဟဲ .. ငြင်းကြည့်ဆိုလို့ ငြင်းကြည့်ပြီနော် ။ သွန်း အမြင်တော့ အရာရာတိုင်းမှာ Newton's Law တော့ရှိလိမ့်မယ် ။ Action & Reaction ဆိုတဲ့ အတိုင်း ကိုယ့်အပေါ်ကို တစ်ခုခုလာသက်ရောက်ရင် ကိုယ်လည်းတစ်ခုခုတော့ ပြန်သက်ရောက်မိမှာပေါ့ ။ သဘောထားသေးသိမ်တယ်ပဲဆိုဆို တူညီတဲ့ တုံ့ပြန်မှုတစ်ခုတော့ ပြုမိလိမ့်မယ်ထင်တယ် ။
အင်း ကိုယ့်ပေတံနဲ့ကိုတော့ လူတိုင်း ဆယ့်နှစ်လက်မ ပြည့်တာ ချည်းပဲပေါ့လေ။ ဒါပေမယ့် ခြောက်လက်မပေတံတို့ ဆယ့်ရှစ်လက်မပေတံတို့ ရှိနေသေးသကိုး။ တတ်နိုင်သလောက် ကောင်းအောင် ကြိုးစားမယ့် လူဆိုတော့ အမြင်တူနေတယ် ငြင်းလို့ကောင်းမှာ မဟုတ်ဘူး။
koawlan said:အငဲကြီး ကတော့ သင်ဆိုးချင်သလောက်ဆိုးပါ။ ကျွန်တော်တတ်နိုင်သလောက်ကောင်းပါမည် လို့တော့ ပြောဖူးတာပဲ။ သူ့ရဲ့ကိုယ်ပိုင်စကား ဟုတ် မဟုတ်တော့ မသိဘူး။ ဒီစကားကို ကြိုက်ပြီး ကျင့်လာတာတော့ ကြာပြီ။
ကောင်းတာ ဆိုးတာကတော့ ကိုယ်ပိုင်ပေတံနဲ့ လောကပေတံ ၂ချောင်းကို သုံးပြီးတိုင်းတယ်။
အဟဲ.. ဒါဆို ကိုမိုးမှောင်ကြီးကို သွန်းသွန်းက လက်သီးနဲ့တစ်ချက်လောက် ခွပ်ခနဲထိုးလိုက်ရင် ခန္တီစ ပဲလားရှင် ။ ကိုမိုးမှောင်ကြီးက မိန်းကလေးမို့ပြန်မထိုးရင်တောင် စကားအရာနဲ့ တစ်ခုခုတော့ တုံ့ပြန်မှာပဲ ဟုတ်ဘူးလား ။ (အဲ .. ကျွန်တော်က သွန်းသွန်းကို နမ်းမယ်ဆိုရင် သွန်းသွန်းကပြန်နမ်းမှာပဲလားလို့တော့ မကပ်ရဘူးနော် .. ဟွန်း) :P
ကိုမိုးမှောင်ကြီး ဘယ်လိုပြန်ဖြေမှာလဲဆိုတာ ပရိသတ်ဖြစ်တဲ့ ကျွန်တော်တို့ သိချင်နေပါတယ်။
မြန်မြန်ဖြေဗျို့။
:D
ဟုတ်ပါတယ် .. သွန်းသွန်းပြောတာလဲ.. ဒါပေမယ့် ကျွန်တော်ဆိုလိုတာက အဲ့ဒီလိုလက်ရုံးရည်အားကိုးနဲ့ ရန်ဖြစ်တာကို ဆိုလိုတာမဟုတ်ဘူးလေ... အဲ့လိုရန်ဖြစ်နေချိန်မှာတော့ ကိုယ်ကဦးအောင်ဆော်မှာပေါ့..ကိုယ့်အပေါ်ကောင်းတယ် မကောင်းဘူးဆိုတာက လူမှုဆက်ဆံရေး ကိစ္စကို ဆိုလိုတာပါ.. ပေါင်းသင်းဆက်ဆံရေး ကိစ္စမှာ ကိုယ့်အပေါ်မကောင်းတဲ့သူ (အကောက်ကြံတယ်၊ ကိုယ့်ကို ဒုက္ခပေးတယ် စသည်ဖြင့်ပေါ့) ကို သည်းခံတာပြောတာပါ။ သွန်းသွန်းပြောသလိုတော့ မကပ်ပါဘူး။ (ကျွန်တော်က သွန်းသွန်းပြောသလိုမျိုး လုပ်ခဲ့ရင်ရော သွန်းသွန်းက စိတ်ဆတ်တဲ့သူ၊ သည်းမခံတတ်တဲ့သူ၊ တန်ပြန်သက်ရောက်မှုပြုတတ်သူလို့ ဆိုထားတော့ တကယ်များ ကျွန်တော့်ကို လက်တုံပြန်မှာလား.. သိချင်လိုက်တာ..ဟိဟိ)
မစ်(စ်)သွန်းသွန်း said:အဟဲ.. ဒါဆို ကိုမိုးမှောင်ကြီးကို သွန်းသွန်းက လက်သီးနဲ့တစ်ချက်လောက် ခွပ်ခနဲထိုးလိုက်ရင် ခန္တီစ ပဲလားရှင် ။ ကိုမိုးမှောင်ကြီးက မိန်းကလေးမို့ပြန်မထိုးရင်တောင် စကားအရာနဲ့ တစ်ခုခုတော့ တုံ့ပြန်မှာပဲ ဟုတ်ဘူးလား ။ (အဲ .. ကျွန်တော်က သွန်းသွန်းကို နမ်းမယ်ဆိုရင် သွန်းသွန်းကပြန်နမ်းမှာပဲလားလို့တော့ မကပ်ရဘူးနော် .. ဟွန်း) :P
ကျွန်တော်နဲ့ ကိုမိုးမှောင်ကြီးက တူသယောင်ယောင်နဲ့ မတူလောက်ဘူးလို့ထင်ပါတယ်။
သည်းမခံနိုင်လောက်တဲ့အထိ၊ မတတ်နိုင်လောက်တဲ့အထိ ဆိုးလာရင်တော့ ကိုမိုးကြီးက ဘယ်လိုတုံန်ပြန်မလဲ မသိပေမယ့် ကျွန်တော်ကတော့ ပေါက်ကွဲမှုနဲ့ တုန့်ပြန်မိပါတယ်။
ရှေ့မှာကသည်းခံခဲ့ရတာပါ အတိုးချပြီး သူများထက်တောင် အတိုးချပြီး ပေါက်ကွဲမိပါသေးတယ်။
ဆိုလိုတာက သည်းခံကြတဲ့အခါ ဘယ်လိုမျိုးသည်းခံမလဲ ဆိုတာက ရှိတယ်လေ။
သူတော်ကောင်းတွေကျတော့ မေတာစိတ်နဲ့ သြော်.. သူဆိုးရှာတယ်။သူ..မိုက်ရှာတယ်ပေါ့။
ကျွန်တော်လို ရိုးရိုးသာမာန်လူကတော့... ဟာ..ဒီကောင်က ခွေးထက်မိုက်တယ်။ ရှောင်မှ..။ဟာ..သူက ငါ့နဲ့အဆင့်အတန်းမတူဘူး... စသဖြင့် ကိုယ်ကိုကိုယ် လယ်ဗယ်မြှင့်ပြီး သည်းခံတာလေ။
သူတော်ကောင်းစိတ်နဲ့ မဟုတ်တော့ကျတော့ ပေတံဆုံးသွားပြီဆိုရင် ဘယ်လိုတုန့်ပြန်မလဲ ဆိုတဲ့ အဖြေပါပေးမှ ငြင်းရတာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းမယ်လို့ ထင်ပါတယ်။
ကျွန်တော်ကတော့ ပေတံဆုံးတဲ့အထိ ကြုံလာတဲ့အခါ သူငယ်ချင်းတွေကတောင် အံ့သြလောက်တဲ့အထိ ပြန်တုံ့ပြန်တဲ့သူမျိုးပါ။ ဒီတော့ သူတော်ကောင်းစိတ်နဲ့ သည်းခံတာမဟုတ်ပဲ.. ပြီးသွားရင် အေးတာပဲဆိုတဲ့ စိတ်နဲ့ ကျွန်တော်ကောင်းနှိင်သလောက် ပြန်ကောင်းတတ်တဲ့ သူမျိုးပါ ခင်ဗျား ။။။။။။
© 2009 Created by MBS on Ning. Create Your Own Social Network