The Prominent Online Society of Myanmar Blogger
We're sorry, but this discussion has just been closed to further replies.
Tags:
ဟင်း.. အဲဒါဆိုလည်း သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ (နှလုံးရည်ကိုသာ ဆွေးနွေးပါ) လို့ ထည့်ရေးပေါ့။ မကပ်ဘူးလဲ ပြောသေးတယ်။ အဖြေကလည်းတောင်းသေးတယ် .. ဟွန်း တော်တော်ဆိုးဆိုးပဲ ။ ဖဲဝိုင်းရိုက်မပေးဘဲ နေလိုက်မှာနော် ။ :P
moehmaung said:ဟုတ်ပါတယ် .. သွန်းသွန်းပြောတာလဲ.. ဒါပေမယ့် ကျွန်တော်ဆိုလိုတာက အဲ့ဒီလိုလက်ရုံးရည်အားကိုးနဲ့ ရန်ဖြစ်တာကို ဆိုလိုတာမဟုတ်ဘူးလေ... အဲ့လိုရန်ဖြစ်နေချိန်မှာတော့ ကိုယ်ကဦးအောင်ဆော်မှာပေါ့..ကိုယ့်အပေါ်ကောင်းတယ် မကောင်းဘူးဆိုတာက လူမှုဆက်ဆံရေး ကိစ္စကို ဆိုလိုတာပါ.. ပေါင်းသင်းဆက်ဆံရေး ကိစ္စမှာ ကိုယ့်အပေါ်မကောင်းတဲ့သူ (အကောက်ကြံတယ်၊ ကိုယ့်ကို ဒုက္ခပေးတယ် စသည်ဖြင့်ပေါ့) ကို သည်းခံတာပြောတာပါ။ သွန်းသွန်းပြောသလိုတော့ မကပ်ပါဘူး။ (ကျွန်တော်က သွန်းသွန်းပြောသလိုမျိုး လုပ်ခဲ့ရင်ရော သွန်းသွန်းက စိတ်ဆတ်တဲ့သူ၊ သည်းမခံတတ်တဲ့သူ၊ တန်ပြန်သက်ရောက်မှုပြုတတ်သူလို့ ဆိုထားတော့ တကယ်များ ကျွန်တော့်ကို လက်တုံပြန်မှာလား.. သိချင်လိုက်တာ..ဟိဟိ)
မစ်(စ်)သွန်းသွန်း said:အဟဲ.. ဒါဆို ကိုမိုးမှောင်ကြီးကို သွန်းသွန်းက လက်သီးနဲ့တစ်ချက်လောက် ခွပ်ခနဲထိုးလိုက်ရင် ခန္တီစ ပဲလားရှင် ။ ကိုမိုးမှောင်ကြီးက မိန်းကလေးမို့ပြန်မထိုးရင်တောင် စကားအရာနဲ့ တစ်ခုခုတော့ တုံ့ပြန်မှာပဲ ဟုတ်ဘူးလား ။ (အဲ .. ကျွန်တော်က သွန်းသွန်းကို နမ်းမယ်ဆိုရင် သွန်းသွန်းကပြန်နမ်းမှာပဲလားလို့တော့ မကပ်ရဘူးနော် .. ဟွန်း) :P
ကျွန်တော်တို့က ပုထုဇဉ်တွေဆိုတော့ ဒေါသဖြစ်လာပြီဆိုရင် ပေါက်ကွဲတတ်ကြတာ သဘာဝပါ။ ကျွန်တော်က ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုတော့ ဗုဒ္ဓရဲ့တရားတော်နဲ့ပဲဖြေပါမယ်။ ဘုရားဟောကြားခဲ့တဲ့ ဗြဟ္မစိုရ်တရား (၄) ပါးကိုတော့ သိကြမှာပါ။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာ ဆိုတဲ့တရားလေးပါးပေါ့။ ကိုယ့်အပေါ် မကောင်းတဲ့သူကို မေတ္တာ၊ ဂရုဏာထားကြည့်တယ်ပေါ့။ နောက်ဆုံးအဆင့် ဘယ်လိုမှ မရရင်တော့ ဥပက္ခာတရားနဲ့ သူဘာလုပ်လုပ် ကိုယ်နဲ့မဆိုင်သလိုပဲ ဥပက္ခာပြုထားတယ်ပေါ့။ ဒီလို ကြိုးစားပြီး နေကြည့်ပါတယ်။ ပုထုဇဉ်တွေဆိုတော့ လောဘ၊ ဒေါသ၊ မောဟ တရားနဲ့တော့ မကင်းဘူးပေါ့။ ဒေါသတရားဟာ ပူလောင်ပါတယ်။ မီးဟာ တစ်ခြားသူကို လောင်မြိုက်စေသလို မီးကို ကိုင်ထားတဲ့သူကိုလည်း လောင်မြိုက်တတ်ပါတယ်။ ဒေါသတရားဟာလည်း ဒီလိုပါပဲ.. ရင်ထဲမှာ ဒေါသတရားကို ထည့်ထားတဲ့သူဟာ ပူလောင်ပါတယ်။ ဗုဒ္ဓရဲ့တရားတွေဟာ အကျင့်တရားတွေပါ။ သိပြီးရင် လိုက်နာကျင့်ကြံနိုင်မှ အကျိုးရှိတာပါ။ ကျွန်တော်ကတော့ အဲ့လိုနေနိုင်အောင် အတတ်နိုင်ဆုံး ကျင့်ကြံပါတယ်။
koawlan said:ကျွန်တော်နဲ့ ကိုမိုးမှောင်ကြီးက တူသယောင်ယောင်နဲ့ မတူလောက်ဘူးလို့ထင်ပါတယ်။
သည်းမခံနိုင်လောက်တဲ့အထိ၊ မတတ်နိုင်လောက်တဲ့အထိ ဆိုးလာရင်တော့ ကိုမိုးကြီးက ဘယ်လိုတုံန်ပြန်မလဲ မသိပေမယ့် ကျွန်တော်ကတော့ ပေါက်ကွဲမှုနဲ့ တုန့်ပြန်မိပါတယ်။
ရှေ့မှာကသည်းခံခဲ့ရတာပါ အတိုးချပြီး သူများထက်တောင် အတိုးချပြီး ပေါက်ကွဲမိပါသေးတယ်။
ဆိုလိုတာက သည်းခံကြတဲ့အခါ ဘယ်လိုမျိုးသည်းခံမလဲ ဆိုတာက ရှိတယ်လေ။
သူတော်ကောင်းတွေကျတော့ မေတာစိတ်နဲ့ သြော်.. သူဆိုးရှာတယ်။သူ..မိုက်ရှာတယ်ပေါ့။
ကျွန်တော်လို ရိုးရိုးသာမာန်လူကတော့... ဟာ..ဒီကောင်က ခွေးထက်မိုက်တယ်။ ရှောင်မှ..။ဟာ..သူက ငါ့နဲ့အဆင့်အတန်းမတူဘူး... စသဖြင့် ကိုယ်ကိုကိုယ် လယ်ဗယ်မြှင့်ပြီး သည်းခံတာလေ။
သူတော်ကောင်းစိတ်နဲ့ မဟုတ်တော့ကျတော့ ပေတံဆုံးသွားပြီဆိုရင် ဘယ်လိုတုန့်ပြန်မလဲ ဆိုတဲ့ အဖြေပါပေးမှ ငြင်းရတာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းမယ်လို့ ထင်ပါတယ်။
ကျွန်တော်ကတော့ ပေတံဆုံးတဲ့အထိ ကြုံလာတဲ့အခါ သူငယ်ချင်းတွေကတောင် အံ့သြလောက်တဲ့အထိ ပြန်တုံ့ပြန်တဲ့သူမျိုးပါ။ ဒီတော့ သူတော်ကောင်းစိတ်နဲ့ သည်းခံတာမဟုတ်ပဲ.. ပြီးသွားရင် အေးတာပဲဆိုတဲ့ စိတ်နဲ့ ကျွန်တော်ကောင်းနှိင်သလောက် ပြန်ကောင်းတတ်တဲ့ သူမျိုးပါ ခင်ဗျား ။။။။။။
ဂလိုဆိုရင်တော့ လေးစားပါတယ်ခင်ဗျာ......
စကားမစပ် ဥပေကာ(စာလုံးဆင့် မရိုက်တတ်လို့ပါ။) တရားက အခက်ဆုံးလို့ပြောတာ ကြားဖူးတယ်။....
ကျွန်တော်တို့လူသာမာန်တွေရဲ့ ဥပေကာလား ?? သူတော်ကောင်းတွေရဲ့ ဥပေကာလား???
ကိုမိုးမှောင်ကြီးနားမှာ နေချင်တယ်ဗျိုး.. စရင်လည်း သည်းခံ၊ ဘာပဲလုပ်လုပ်ဒေါသလည်းမထွက်၊
ဟိ. ဟိ. ကလိချင်တယ်ဗျာ....သူတော်ကောင်းကြီးကို.. ကဲ.. စပြီးဆိုးပြီနော်..ဘယ်လိုပြန်ကောင်းမလဲ ?? သိချင်တယ်ဗျိုး.....
ဟွန့် ကိုမိုးမှောင်ကြီးနော် .. ပြောတော့ ခန္တီစ ခန္တီစ နဲ့ ။ ပြီးတော့ သူက သေနတ်ကြီးကိုင်လို့ ။
တော်တော်ဆိုးဆိုးပါလား ။ :P
သင်ကောင်းလျှင်ကျွန်ုပ် မဆိုးပါ
ဆို တာ
ဖင်ကောင်းလျှင် အဖုတ်မလိုးပါတဲ့
မှတ်ထားကြ
ကို exiter ရေ ဖြေထားတယ်နော် ဟဲဟဲ ကျေနပ်ပါ့မလား မသိဘူး
exiter said:ကိုမိုးမှောင်ကြီး ဘယ်လိုပြန်ဖြေမှာလဲဆိုတာ ပရိသတ်ဖြစ်တဲ့ ကျွန်တော်တို့ သိချင်နေပါတယ်။
မြန်မြန်ဖြေဗျို့။
:D
တို့ကငြင်းတာတော့မဟုတ်ဘူး။ ပြောကြည့်မယ်နော်။ သူ ကိုယ့်အပေါ်မှာ ဘယ်လောက်ဆိုးဆိုး သည်းခံလိုက်ရင် တနေ့ ကျ ရင် သူကိုယ့်အပေါ်ကိုပြန်ကောင်းလာပါလိမ့်မယ်။ သူဆိုးတိုင်းကိုယ်ကပြန်ဆိုးနေမယ်ဆိုရင် ရန်သူတွေဖြစ်ကုန်မှာပေါ့။ သည်းခံတယ်ဆိုတာ သည်းခံနိုင်တဲ့အတိုင်း အတာအထိပဲသည်းခံတယ် ဆိုတာ သည်းခံခြင်း မဟုတ်ပါဘူး ။ လုံးဝသည်းမနိုင်တဲ့အရာကိုသည်းခံလိုက်တာက သည်းခံခြင်းပဲ။ ဒါကတို့ အမြင်ပေါ့နော်။
သင်ကောင်းကောင်း မကောင်းကောင်း ကျွန်ုပ် ကောင်းမည်ဟု့ ဆရာတော်ကြီးတပါး ပြောခဲ့ဘူးတာကို သတိရမိပါသည်။ ပုထုဇဉ်လူသားတစ်ယောက်မို့ စိတ်တော့ရှိပါသည်။ သင်ဆိုးနေလျှင် ကျွန်ုပ်ကောင်းအောင်နေမည်။ သင်ကောင်းနေလျှင် သင့်ထက်ပိုကောင်းနေမည်။
Phoe Thu Taw said:သင်ကောင်းကောင်း မကောင်းကောင်း ကျွန်ုပ် ကောင်းမည်ဟု့ ဆရာတော်ကြီးတပါး ပြောခဲ့ဘူးတာကို သတိရမိပါသည်။ ပုထုဇဉ်လူသားတစ်ယောက်မို့ စိတ်တော့ရှိပါသည်။ သင်ဆိုးနေလျှင် ကျွန်ုပ်ကောင်းအောင်နေမည်။ သင်ကောင်းနေလျှင် သင့်ထက်ပိုကောင်းနေမည်။
အပာက်... ပာုတ်ရို.လား ကိုသူတော်ကြီးရ ...
း)
သူကောင်းလို.လည်း လိုက်မကောင်းနိုင်ပါ ။ သူဆိုးလို.လည်း လိုက်မဆိုးနိုင်ပါ ။
ကျနော် က ကျနော်.ရဲ.စိတ်အတိုင်း ကောင်းချင်ကောင်းပါမယ် ။ ဆိုးချင်လည်း ဆိုးသွားနိုင်ပါတယ် ။
© 2009 Created by MBS on Ning. Create a Ning Network!