Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

စစ်မာန်

အသဲကွဲရင် ဘယ်လိုနေကြမလဲဟင်??♥♥About Broken Heart♥♥

ထင်ရာမြင်ကြရာလေးတွေ ၀ိုင်းပြောပြကြပါအုံး .ကိုယ်တိုင်ခံစားဖူးတာဘဲဖြစ်ဖြစ် ဘာတွေဘယ်လိုဘဲဖြစ်ဖြစ် ပြောပြနိုင်ပါသည်.။

Tags: broken, heart♥♥, ဘယ်လိုနေကြမလဲဟင်??♥♥about, အသဲကွဲရင်

Share

Attachments:

Reply to This

Replies to This Discussion

ဒေါက်တာကြီးလားတိပှုးနော် .ကဗျာအလင်္ကာ အရတော့ဟ`ဟ` အသည်းတွေကွဲသည် တဲ့.တစ်ချို့ဆိုရင် ကွဲအက်လွန်းတာကြောင့် နှလုံးသွေးတွေတောင်ထွက်ကုန်တယ်တဲ့ဗျ..ကျေးဇူးတင်ပါသည် .ဆေးပညာအရ ဆွေးနွေးပေးသောကြောင့် .
စစ်မာန်@!~!~

moehmaung said:
ဆေးပညာအရတော့ အသည်းသည် ကွဲတတ်သည်ဟု မကြားဖူးပါ။ အသည်းကျွမ်းသည်၊ အသည်းဇကာကျသည်၊ အသည်းကင်ဆာဖြစ်သည်၊ စသည်တို့သာကြားဖူးပါသည်။

Reply to This

အသည်းဆိုတာ မကွဲဘူးတဲ့... အသည်းပြဲသွားတယ်ဆိုတာပဲ ရှိတယ်လို့ တစ်ယောက်က ပြောဖူးတယ်... သူပြောတာ ဟုတ်တော့ဟုတ်သားပဲနော်... မယုံရင် အဲဒီအသည်းကို ထုတ်... ပစ်ပေါက်ကြည့်ပါလား... ခလွမ်လို့ မြည်မှာမှမဟုတ်ပဲ...း)

Reply to This

ဒါဆိုရင်ဘယ်လိုမြည်မလဲဟင် မမကြီး ..။ဘလပ် ဆိုပြီး ပစ်တဲ့နေရာမှာကပ်နေတော့မယ်ထင်ပါ့.
ကောင်ချောချောလေး တစ်ယောက်ရဲ့ နှလုံးသားကိုသာ သွားကပ်ပါစေ ..♥♥ဂလိုလေး ၂ထု ဖြစ်သွားတော့
၂ယောက်၁အိမ်မက်ကလေးဖြစ်သွားတာပေါ့ .ဟီးဟီ.
စစ်မာန်@!~!~

ကြယ်စင်နတ်သမီး said:
အသည်းဆိုတာ မကွဲဘူးတဲ့... အသည်းပြဲသွားတယ်ဆိုတာပဲ ရှိတယ်လို့ တစ်ယောက်က ပြောဖူးတယ်... သူပြောတာ ဟုတ်တော့ဟုတ်သားပဲနော်... မယုံရင် အဲဒီအသည်းကို ထုတ်... ပစ်ပေါက်ကြည့်ပါလား... ခလွမ်လို့ မြည်မှာမှမဟုတ်ပဲ...း)

Reply to This

ွှအသဲကွဲပြီဆိုရင် သူ့ ကိုလွမ်းတဲ့စိတ် ချစ်တဲ့စိတ် နာကျည်းတဲ့စိတ် တွေနဲ့ ဝေးအောင်နေမယ် ဒါမှမဟုတ်ရင်တော့ သူ့ ကို ပိုမုန်းပြီးနားကျည်းနေမိလိမ့်မယ် ဒါဆိုရင် ဝေဒနာကပိုပြီးကြီးထွားလာတော့မယ် သူ့ ကြောင့်ခံစားနေရတဲ့ ကိုယ့်ရဲ့စိတ်နဲ့ ဝေးရာမှာ နေမယ် အချိန် တော့ပေးရမှာပေါ့နော် ( မုန်းရတာစိတ်ပင်ပန်းလွန်းလို့ ပါ) :)

Reply to This

ဟုတ်ပါတယ် ။ကျွှန်တော်လည်းအဲလိုဘဲ ယူဆမိပါတယ်.။ သူမနဲ့အဝေးဆုံးတစ်နေရာကို ပြေးထွက်သွားပြီး
အချိန်ယူကုစားနိုင်ခဲ့လျှင် ပိုမိုလျှင်မြန်စေမယ်လို့ထင်ပါတယ် ။အဲဒီရောဂါကလေ တကယ်ချစ်မိရင်
ရောဂါအရှင်းကြီးမပျောက်ဘူးတဲ့ .(ဟုတ်လားတော့သိပှုး၊ရမ်းတုတ်ဘဲ)ဟီးဟီ.
စစ်မာန်@~!~

Lwantakhin said:
ွှအသဲကွဲပြီဆိုရင် သူ့ ကိုလွမ်းတဲ့စိတ် ချစ်တဲ့စိတ် နာကျည်းတဲ့စိတ် တွေနဲ့ ဝေးအောင်နေမယ် ဒါမှမဟုတ်ရင်တော့ သူ့ ကို ပိုမုန်းပြီးနားကျည်းနေမိလိမ့်မယ် ဒါဆိုရင် ဝေဒနာကပိုပြီးကြီးထွားလာတော့မယ် သူ့ ကြောင့်ခံစားနေရတဲ့ ကိုယ့်ရဲ့စိတ်နဲ့ ဝေးရာမှာ နေမယ် အချိန် တော့ပေးရမှာပေါ့နော် ( မုန်းရတာစိတ်ပင်ပန်းလွန်းလို့ ပါ) :)

Reply to This





Hello,

ရင်ထဲကနေဆက်ချစ်နေလိုက်ပေါ့။
Love is everything.တဲ့

Reply to This

ဒါလည်းတစ်မျိုးကောင်းတာဘဲနော် .။.အမုန်းမရှိတော့ ဆက်ချစ်နေတော့ .ပိုမြန်တာပေါ့ .စိတ်သက်သာတယ်.
စစ်မာန်@~!~

Myat Myat Thant said:




Hello,

ရင်ထဲကနေဆက်ချစ်နေလိုက်ပေါ့။
Love is everything.တဲ့

Reply to This

ကွဲနေတုန်းလား ကိုစစ်မာန်..အချိန်ဆိုတာ အဓိကဆေးပဲဗျ နောက်တော့လည်းပြီးသွားတာပဲ ဘ၀အမှတ်တရ တစ်ခုလိုဖြစ်သွားမှာပါ လွမ်းနေလား လွမ်းတဲ့စာတွေရေး ပေါက်ကွဲချင်လား ဖြေချလိုက် ကျနော်ဆို အဲ့လိုပဲ အချစ်ဆိုတာ ဘ၀ရဲ့ အစိတ်ပိုင်းသေးသေးလေးတစ်ခုပါး)

Reply to This

မဟုတ်ပါဘူး ..ကိုမောင်မျိုးရယ်..အတဲကွဲပါဘူးဗျာ ..အဲဒီအကြောင်းကို ကြိုတင်သိထားချင်တာပါဂျ ..ဟ`ဟ`
စစ်မာန်@~!~

Reply to This

အသည်းကွဲရင် ဆိုင်ကယ်တစ်စီးနဲ့လျှောက်ပတ်လိုက်မယ်။ ပြီးတော့ကိုယ့်ကို ရယ်စရာတွေပြောပြတတ် တဲ့သူကိုရှာပြီး သူပြောတာနားထောင်ပြီး အားရပါးရ ရယ်လိုက်မယ်။ ပြီးတော့ သူငယ်ချင်းတွေကိုရင် ဖွင့်ပြီး တစ်ယောက်ထဲ လူတိတ်ဆိတ်တဲ့နေရာမှာ အားရပါးရ ငိုလိုက်မယ်။

Reply to This

ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်လည်း ရင်ဖွင့်ချင်နေတာ ကြာလှပါပြီ။ ကျွန်တော့်ရဲ့ ကဗျာလွယ်အိတ်ကလေးကလည်း ကျွန်တော့်ကို အသည်းကွဲလွန်းလို့ တော်တော် အမြင်ကတ်နေပြီဗျ။ ဒီလိုနဲ့ပဲ ကျွန်တော်လည်း ကိုယ်အသည်းကွဲနေခဲ့တာကို ကြိတ်မှိတ်လို့ လက်ရေးတွေ တုန်ခိုက်လာတဲ့အထိ ရေးချင်စိတ်၊ ပါးစပ်တွေ ကျင်ခိုက်လာတဲ့အထိ ပြောချင်စိတ်တွေကို ဖုံးကွယ်ခဲ့ရတာ အချိန် ဘယ်လောက် ကြာခဲ့ပါလိမ့်ဗျာ။
ခု ဒီခေါင်းစဉ်လေးးကို မြင်လိုက်ရတော့မှ ကျွန်တော် ရင်ဖွင့်စရာ နေရာ တစ်နေရာ တွေ့ပြီဆို့တဲ့ ခံစားချက်နဲ့ ဒီထဲ အရောက် လာခဲ့ပါတယ်။

အသဲကွဲရင် ဘယ်လိုနေကြမလဲတဲ့... ကျွန်တော်ကတော့ ဖြစ်သလိုပဲ နေလိုက်တယ်ဗျ။ ဖြစ်သလိုဆိုတာ ကွဲနေတဲ့အသည်းကို ပြန်မဆက်တော့ဘူး။ အနာအကျတ်လည်း မခံတော့ဘူး။ အရှိအတိုင်းလေးပဲ နေလိုက်တယ်။ အသည်းကို ပြန်ဆက်တဲ့အခါ နောက်တစ်ခါ ထပ်ကွဲရင် အကျနာတယ်။ အရမ်းချစ်မိရင် သေတောင် သေနိုင်လောက်တဲ့ အဆိပ်ပဲ။ အနာကို ပြန်ကျတ်ဖို့လည်း သီးခြားဆေးတွေ ကုမနေတော့ဘူး။ တစ်ခါတစ်လေ သီးခြားဆေးတွေက အနာကို ပြန်ပြန်စွသလိုပဲ။ (ကောင်မလေး နောက်တစ်ယောက်)

သူနဲ့ ချစ်ခဲ့လို
သူနဲ့ ဝေးခဲ့လို
သူလမ်းခွဲသွားလို့
သူ မုန်းရက်ခဲ့လို့
ဒါသူနဲ့ သူ့လုပ်ရက်ဆို
ငါ အသည်းပဲ အကွဲခံမယ်။ ။

သူက ချစ်ခဲ့တာ ကျေနပ်သွားလို့
ငါ့ကို ပြန်စွန့်ပစ်ခဲ့ရင်
ငါ အသည်းထပ်တစ်ခါ ကွဲမယ်။ ။

သူက ဝေးခဲ့ဖို့
ငါ့ကို မေ့ပါဆိုရင်
သီးခြားဆေးတွေ ငါ သုံးမနေတော့ဘူး
တစ်ယောက်တည်း အသဲကွဲတွေ ဆောက်ထားတဲ့
အိမ်မှာ ငါနေမယ်။ ။

သူလမ်းခွဲသွားလို့
ငါနဲ့ မထင်မှတ်ပဲ ပြန်ဆုံခဲ့ရင်
ငါ ခေါင်းကို ငုံထားမယ်
သူနဲ့ သူ့ကောင်လေး လက်တွဲတွေ ငါမမြင်ချင်လို့။ ။

သူက မုန်းပါတယ်ဆို
အပြစ်ကို ရှာမတွေ့တဲ့ငါ
ငါ့ကိုယ်ငါပါ ထပ်မုန်းပေးလိုက်မယ်
သူက ငါ့ကို မုန်းတယ်ဆိုတော့လေ
သူမုန်းတဲ့လူကို ငါလည်း မုန်းတယ်။ ။

ဒါသူ့ လုပ်ရက်တွေလား...
ငါ မထင်ရက်ဘူး
ငါမထင်တတ်ဘူး
ဒါပေမယ့် ငါ့အသည်းတော့
မထင်တတ် မထင်ရက်ခဲ့ညနေမှာ
မိုးနဲ့အတူ ကွဲထွက်သွားတယ်။ ။

ဒါ ကျွန်တော့်ရဲ့ အသည်းကွဲရင် ဖြေတဲ့ဆေးတစ်မျိုးပါ...။ ဒါဟာ ကဗျာပဲလေ...။ ကဲ ကဗျာလွယ်အိတ်ကလေးရေ... အသည်းကွဲတဲ့အကြောင်း ထပ်ပြီး လာမရေးနဲ့ဆိုလို့ ဒီမှာတော့ ရေးလိုက်ပြီ။
မှတ်မှတ် ရရ ကျွန်တော့် အသည်းကွဲတဲ့နေ့က သြဂုတ် ၉ရက်နေ့ဗျ။ ဒီနှစ်ထဲမှာပေါ့။ ဒီတစ်ကြိမ်တော့ တော်တော် နာကျင်တယ်။ (ချစ်သူ တစ်ယောက်တည်းက ကျွန်တော့်အပေါ် ခွဲခဲ့တဲ့အသည်းက အကြိမ်မရေနိုင်အောင်ပဲ...)

Reply to This

အသဲကွဲရင်လား..ဘာမှမလုပ်နဲ့..မေ့ပစ်ပြီး...ပျော်ပျော်၇ွှင်ရွှင်စားသောက်အချိန်ကုန်...သူငယ်ချင်းတွေနဲ့လည်..ရင်ဖွင့်တန်တာ ရင်ဖွင့်..ပီးရင်အိပ်ပစ်လိုက်.....စိတ်ထဲကထုတ်ပစ်လိုက်..အဲဒါအကောင်းဆုံးကုနည်းပဲ...။ ဘာလို့လဲဆိုတော့ အသဲကွဲရင်ဘယ်လိုအသက်ရှင်မလဲ လောကမှာ အသဲကွဲတယ်ဆိုတာ တစ်ကယ်မရှိဘူး..။ စိတ်ပဲ စိတ်ကခံစားရတာ..ဒီတော့ စိတ်ကို သက်သာအောင်ကုလိုက်..အလိုလိုပျောက်...း) (ထင်တာကို ဖောကြည့်တာ...)

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service