Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ဖြိုးငယ်

အခုလောလောဆယ် ဘယ်စီးပွားရေးမျိုး အောင်မြင်ဆုံးလဲ

အခုခေတ် မြန်မာနိုင်ငံမှာ ဘယ် စီးပွားရေးလုပ်ငန်းက ဖြစ်ထွန်း အောင်မြင်ဆုံးဖြစ်မလဲ .....
ကုမ္မဏီလုပ်ငန်းမျိုးကိုတော့ မပြောလိုပါဘူး ... လူလတ်တန်းစားလောက် က အစ လုပ်နိုင်တဲ့
စီးပွားရေး မျိုးထဲက ပေါ့ .... ကျွန်တော့် အထင်ကတော့ ယနေ့ခေတ် ရန်ကုန်နဲ့ မန္တလေး အစရှိတဲ့ မြို့တွေမှာ အင်တာနက် ကဖေး တွေ အများအပြား ပေါ်လာပြီး အောင်မြင်နေတယ်လို့
ထင်ပါတယ် ... ဒါကြောင့် အခုလက်ရှိကတော့ အင်တာနက်ကဖေး များက အောင်မြင်မှု အများဆုံး
စီးပွားရေး တစ်ခု လို့ ဆို နိုင်မလားဗျာ .... အားလုံးရဲ့ အမြင်ကိုလည်း ပြောကြည့်ကြပါဦး ...

Share

Reply to This

Replies to This Discussion

ဒါဟာလည်းပေါ်ပင်လုပ်ငန်းတွေပါထင်လို့တော့မရပါဘူး ရေရှည်မှာတော့ ကျနော်တို့ထိုင်နေကျလက်ဖက်ရည်ဆိုင်တွေ၊ အစာပြေစားတဲ့ ကွမ်းယာဆိုင်တွေလိုဖြစ်လာစရာရှိနေပါတယ်။

Reply to This

အောင်မြင်ရုံတင်မဟုတ်ဘူး .. ကြီးပွားနိုင်တဲ့ လုပ်ငန်းတွေ့ထားတယ် ..
သုံးထပ်တိုက် တစ်လုံးဆောက် ..
ပထမထပ်မှာ စားသောက်ခန်းဖွင့် ..
ဒုတိယထပ်မှာ ဘိလိယက်ခုံအပါအ၀င် လောင်းကစားခန်း နဲ့ အပေါင်ဆိုင်တွဲဖွင့် ..
တတိယထပ်မှာ ကာရာအိုကေ နဲ့ အနှိပ်ခန်း တွဲဖွင့် ..
ကဲ .. အဆင်မပြေရင် ကြိုက်သလိုပြော ..

Reply to This

ကျောင်းပြီးကာစက ကျွန်မတော့ စဉ်းစားဖူးတယ် .. အိမ်ရှေ့မှာ အကြော်ရောင်းဖို့.. အိမ်နားမှာ အကြော်ဆိုင် ကောင်းကောင်းမရှိဘူးလေ .. အညာသူ ဆိုတော့ မတ်ပဲကြော်ပါ ထည့်ကြော်မလို့ပေါ့.. နောက်တော့ ဘယ်လိုကနေ ဘယ်လို အလုပ်ရသွားမှန်း မသိဘူး.. သူဌေးဖြစ်မယ့် အကြံလဲ ပျက်ကရောပဲ.. :)

Reply to This

လောလော ဆယ်လား
ရေခဲရေရောင်းတာလောက်ကောင်းတဲ့ စီးပွားရေးမျိုးတော့မတွေ့သေးဘူးဗျ
1 ခွက် 50 နော် ပေါ့သေးသေးတော့မမှတ်နဲ့

Reply to This

ကျွန်တော်တို့ကတော့ စီးပွားရေး သမားမဟုတ်တော့ ဘာကိုဆွေးနွေးရမှန်း မသိဘူး။
အခုလို သုံးသပ်တာကို ဖတ်ရတာ ဗဟုသုတရပါတယ်။ နောက်တခုမေ့နေတယ်ဗျ။
အဲဒါ ပိုက်ဆံ အတိုးနဲ့ချေးတဲ့ လုပ်ငန်း။ ရင်းနှီးတဲ့ လူတွေကို ချေးထားလိုက်။ လပေးလား။
နေ့စဉ်ပေးလား။ မျက်နှာသာ ပူရတာ ။ ကျွန်တော်နေခဲ့တဲ့ ရပ်ကွက်ထဲမှာတော့ အဲဒီလူတွေပဲ
ချမ်းသာနေတယ်ဗျာ။

Reply to This

ဘာမမလုပ်နဲ့..။ ရွှေသာ စုဝယ်ထားလိုက်...။ စီးပွားရေးလုပ်တာထက် မြတ်တယ်..။ (တစ်နှစ်ထက်တစ်နှစ် ဈေးတက်နေတာနဲ့) ဦးနှောက်စားစရာလည်း မရှိဘူး..။
စီးပွားရေးလုပ်ငန်းတစ်ခု ရင်းနှီးမြုပ်နှံဖို့ဆိုတာ.. အောင်မြင်ဖို့မသေချာသေးခင် ပေးရ..ကမ်းရတာအရင်..။ အဆင်ပြေဖို့ အထောက်အပံ့တွေကျတော့ မရှိသလောက်ရှားတယ်..။
ကိုလေးဖြူသီချင်းလိုပေါ့... မသေချာဘူး.. မရေရာဘူး....

Reply to This

အရင်းနည်းနည်းနဲ့ စီးပွားဖြစ်တာ ကွမ်းယာဆိုင် ဆိုတာကို ထပ်ဆင့် ထောက်ခံပါတယ်။ ကိုယ်တိုင်တော့ လုပ်ဖို့ ဆန္ဒမရှိပါဘူး။ ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ အားမပေးလိုပါဘူး။

Reply to This

ဘယ်ခေတ်ဘယ်ကာလမှာမဆို ရောင်းအကောင်းဆုံး demand အရဆုံး အစားအသောက်ရောင်းတဲ့ဆိုင် လေးခု ရှိပါတယ်။ အဲ့ဒါကတော့ အရက်ဆိုင်ရယ်၊ မုန်ဟင်းခါးဆိုင်ရယ်၊ လက်ဖက်ရည်ဆိုင်ရယ်၊ ကွမ်းယာဆိုင်ရယ်ပါပဲ။ ဘယ်လောက်ပဲ အစိုးရကနေ ကွမ်းစားရင်ဒါဏ်ငွေဘယ်လောက်ရိုက်မယ်ပြောလည်း။ ကြွပ်ကြွပ်အိတ်ခံပြီးထွေးကြပါတယ်။ မိုးရွာထဲမှာ ကားပေါ်ကနေထွေးချကြပါတယ်( တားလို့ရမယ်များထင်လို့လား)း) နောက်တစ်ခုက အရက်.. တီဗွီမှာသာအရက်မကြော်ညာရတာ အရက်ကလည်းရောင်းကောင်းတာပါပဲ။ မုန့်ဟင်းခါး... မုန့်ဟင်းခါးကတော့ မနက်ဆိုရင် မြန်မာတွေအများဆုံးစားတတ်ကြတာမုန့်ဟင်းခါး သို့မဟုတ် လက်ဖက်ရည်နဲ့မုန့် တစ်ခုခုပါပဲ။ အဲ့တော့ အဲ့ဒီ့အမျိုးအစားတွေက ဘယ်တော့မှ တိမ်ကောသွားမှာမဟုတ်ပါဘူး။စီပွားရေးလုပ်လို့ အစားအသောက်များရောင်းမယ်ဆိုရင် အဲ့ဒါတွေကို ပထမဦးစားပေးနေရာမှာထားနော်း)

Reply to This

ဘယ်စီးပွါးရေးအအောင်မြင်ဆုံးလဲဆိုတာထက်..ကျွန်မအထင်တော့ ကိုယ်ကျွမ်းကျင်ပြီး ၀ါသနာပါတဲ့ လုပ်ငန်းကိုရွေးပါ၊
လက်ရှိ ကိုယ့်အခြေအနေကို သေချာသုံးသပ်၊စမလုပ်ခင်သေချာစဉ်းစား၊အစီအစဉ်ဆွဲ၊လက်တွေ့အကောင်အထည်ဖော်၊
စိတ်ရောကိုယ်ပါနှစ်မြှပ်ပြီးလုပ်၊ကိုယ်လုပ်တဲ့စီးပွါးရေးနဲ့ ဆက်နွယ်နေတဲ့ဝန်းကျင်ကို အမြဲမပြတ်လေ့လာ၊
ဒါဆိုရင် အဲဒီလုပ်ငန်းဟာ ဘာလုပ်ငန်းပဲဖြစ်ဖြစ်အောင်မြင်မှာ ကြိမ်းသေတယ်၊အဲလိုထင်တယ်

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service