Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

Guilty Angel

Chatting ရဲ့လိမ်ညာမူများ...

Chatting ထဲဝင်ပြီဆိုရင် ကမ္ဘာတခုထဲရောက်နေသလိုပါပဲ... ထောက်ခံလား..
ငါအထဲမှာ တွေ့သလောက်တော့ 90%ကလိမ်ညာမူတွေပါပဲ... ဘယ်လိုလဲ blog မိတ်ဆွေများ...
Chatting ထဲမှာ အချစ်စစ်နဲ့တွေ့နိုင်ပမလား...

Share

Attachments:

Reply to This

Replies to This Discussion

ရှိတော့ရှိတယ် ရှားတယ်

Reply to This

၉၀% က ညာတယ်လို့တော့ တရားသေကြီးပြောလို့မရပါဘူး .. အဲ့လိုပြောလိုက်ရင် chatting ကို ဆက်သွယ်ရေးကွန်ယက်တစ်ခုအနေနဲ့သုံးသူတွေ .. ဗဟုသုတရှာမှီးလို၍ သုံးသူတွေနဲ့ ..ရိုးရိုးသားသား အသုံးပြုသူတွေကို စော်ကားသလိုဖြစ်နေမှာပေါ့ ....
၅၀% လောက်ဆို လက်ခံလို့ရပေမယ့် ..... ရှင်းရှင်းပြောရရင် ဂျိုကုတ်ရှိရာ ဂျိုကုတ်လာတာပါပဲ ...။ နောက်တစ်နည်းနဲ့ ပြောရရင် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ဆိုတာမျိုးသားဖြစ်မှာပါလေ....။

Reply to This

ဟုတ်တယ်...... ကျွန်တော်လည်း Chatting ကို မယုံဘူး၊ ဒါပေမယ့် သူငယ်ချင်း တစ်ချို့ကို Chatting ထဲက ရခဲ့တယ် ဆိုတာတော့ ၀န်ခံပါတယ်၊ ဒါပေမယ့် YGn chat ကတော့ မဟုတ်ဘူး၊ အဲဒါက ကလေးတွေ အပျော်ကစားတဲ့ ကစားကွင်း တစ်ခုလို့ သူငယ်ချင်း တစ်ယောက်ကတော့ ပြောဖူးတာပဲ၊ ဒီထက် ဆိုးရွားတဲ့ မှတ်ချက်တွေကိုတော့ ရေးမပြချင်တော့ဘူး။
နောက် .... ကာတွန်းလေး တစ်ခု ဖတ်ဖူးတယ်။ ခွေးကလေးက ကွန်ပျူတာရှေ့မှာ စာရိုက်နေတယ် .... " hello fri, pls ur asl" ဘာညာနဲ့ ။ အောက်ပါစာတန်း တစ်ခုရေးထားတယ် ... “အင်တာနက်ပေါ်မှာ မင်းခွေးတစ်ကောင် ဆိုတာ ဘယ်သူမှ မသိပါဘူး ” တဲ့ .....

Reply to This

လိမ်တာကတော့ များမှာပါ။ ဒါပေမဲ့ မလိမ်စေချင်ဘူး။ သူငယ်ချင်းအချင်းချင်း ဒဏ်ရာ အနာတရ တွေ ကင်းစေချင်တယ်။ အကယ်၍ အွန်းလွန်းပေါ်မှာ သမီးရည်းစားဖြစ်သွားလို့ နောက်ဆုံး လက်တွဲတော့မယ်လို့ ဆုံးဖြတ်ကြတဲ့အခါ သမီးရည်စားနှစ်ယောက်အကြားမှာ သံသယတွေ၊ အက်ကြောင်းတွေ၊ မဖြစ်စေဘို့ပါ။ ကိုယ်ဘာဆိုတာ လူတိုင်းကို သိစေပါ။ ကြွားပြောတာကို၊ ကိုယ့်ကိုယ်ကို အမွန်းတင်တာ မျိုးကို မဆိုလိုပါ။ ရိုးသားမှုကို သာဆိုလိုတာပါ။

အားလုံး မလိမ်မိ၊ မညာမိ ဘို့နဲ့။ အလိမ်မခံရဘို့ အညာမခံရဘို့ ကျိုးစားနိုင်ကြပါစေ။

Reply to This

အလိမ်အညာဆိုတာကတော့ အပြင်မှာဖြစ်စေ အွန်လိုင်းမှာဖြစ်စေ ရှိကြတာပါပဲ။ အွန်လိုင်းမှာ အလိမ်အညာများတယ်ဆိုတာက တဖက်လူကို မယုံကြည်တဲ့စိတ်ကြောင့် လိမ်ပြောမယ်။ ဒီလိုပဲတဖက်လူကလည်း ကိုယ့်ကိုမယုံကြည်တော့လိမ်ပြောမယ်။ အဲဒီမှာတင် အလိမ်အညာတွေက ပတ်လည်ရိုက်နေတော့တာပါပဲ။ တဖက်လူကို ယုံကြည်တယ် မယုံကြည်ဘူးဆိုတာထက် နာမည်တို့ အသက်တို့ နေရပ်တို့ ဘာမဟုတ်တာတွေကို လိမ်ပြောနေမယ်ဆိုရင် ကိုယ်တကယ်အရေးတကြီး အမှန်ပြောမယ်ဆိုရင် ယုံကြည်နိုင်ပါတော့မလား။ တတ်နိုင်ရင် မလိမ်တာအကောင်းဆုံးပါပဲ။ ကိုယ့်ကိုလာလိမ်နေတာကိုသိရင်လည်း ဘာမှမပြောပဲ အရိုးသားဆုံးသာပြန်ပြောလိုက်ပါ။ ရိုးးသားမှုက နောက်ဆုံးတော့ အနိုင်ရတာပါပဲ။

Reply to This

chatting ထဲမှာ လိမ်ညာနေသူတွေ ရှိပါတယ်... ဒါပေမယ့် တကယ်ခင်မင်စရာကောင်းတဲ့ အပြင်မှာလည်းမိတ်ဆွေကောင်းအဖြစ် ရပ်တည်ပေးတဲ့ သူတွေလည်း အများကြီးပါ... zero ရဲ့ သူငယ်ချင်းအများစုက online ပေါ်က ခင်မင်ခွင့်ရခဲ့တဲ့သူတွေပါ... နှစ်ဖက်စလုံးက ရိုးသားမယ်ဆိုရင် chatting ထဲမှာလည်း အချစ်စစ်ကို တွေ့နိုင်မှာပါ...

Reply to This

ရာခိုင်နှုန်းအားဖြင့် မသိပေမယ့် အလိမ်အညာတွေတော့ ရှိကြပါတယ်... ဒါကလဲ ချက်တဲ့ လူတွေပေါ်မှာ မူတည်ကြပါတယ်. တချို့က လျှို့ဝှက် တတ်ကြပြီး တချို့က ပွင့်လင်းကြတယ်... ဘယ်လို့ဘဲ ဖြစ်ဖြစ်ပါ... အဓိက chatting ထိုင်တယ်ဆိုတာ အပြန်အလှန် အမြင်ဖလှယ်ဖို့. အပြန် အလှန် စကား ပြောကြဖို့ပါ.... အချစ်စစ် တွေ့ နိုင်သလားဆိုတာကတော့ တော်တော်လေး ပြောဖို့ခက်ပါတယ်.. အဲဒါကလည်း chat တဲ့ လူတွေ ပေါ်မှာ မူတည်ပါတယ်.. တွေ့နိုင်ပါတယ်... မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး.....

Reply to This

ချက်ထဲမှာ အချစ်စစ်တွေ့လိမ့်မယ်တော့ မထင်ဘူး .. ဒါပေမယ့် ရှိတော့ရှိနေကြတယ်နော် ..

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service