Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

Guilty Angel

Chatting ရဲ့လိမ်ညာမူများ...

Chatting ထဲဝင်ပြီဆိုရင် ကမ္ဘာတခုထဲရောက်နေသလိုပါပဲ... ထောက်ခံလား..
ငါအထဲမှာ တွေ့သလောက်တော့ 90%ကလိမ်ညာမူတွေပါပဲ... ဘယ်လိုလဲ blog မိတ်ဆွေများ...
Chatting ထဲမှာ အချစ်စစ်နဲ့တွေ့နိုင်ပမလား...

Share

Attachments:

Reply to This

Replies to This Discussion

Chatting ထဲဝင်ရင် ကမ္ဘာတခုထဲရောက်နေသလိုပါပဲ ဆိုတာကတော့ မပြောတတ်ဘူး.. Chatting ထဲကနေ ကိုယ့်အတွက် ဗဟုသုတတွေရစေနိုင်တယ်.. တယောက်နဲ့ တယောက် ဆွေးနွေးတိုင်ပင်နိုင် တယ်.. ဖလှယ်နိုင်တယ်.. အဲလိုကောင်းတာတွေရှိသလိုမကောင်းတာတွေလဲရှိပါတယ်.. ခုန ကျွန်တော်ပြောသလို လူမျိုးတွေရှိသလို.. သူငယ်ချင်းပြောတဲ့လူမျိုးတွေလဲရှိပါတယ်.. သူငယ်ချင်းက အဲလို လူမျိုးနဲ့ တွေ့သွားလို့ဖြစ်ပါလိမ့်မယ်... 90%ကလိမ်ညာမူတွေပါပဲ ဆိုတာကတော့ မဟုတ်လောက်ပါဘူး။ Chatting ထဲမှာ အချစ်စစ်နဲ့တွေ့နိုင်ပမလား ဆိုရင်တော့ တွေ့နိုင်ပါတယ်။ Chatting ထဲကတွေ့ပြီးလက်ထပ်သွားကြတဲ့ သာဓကတွေရှိပါတယ်။ ဒါပေမယ့် အချစ်စစ်လား ဆိုတာကတော့ သူကကိုယ့်အပေါ်ဘယ်လောက်ဆွဲဆောင်နိုင်လဲ.. ဖမ်းစားနိုင်လဲ.. အဲဒါနဲ့လည်း ဆိုင်မယ်ထင်တယ်.. Chat ထဲမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် တယောက်နဲ့ တယောက် နားလည်မှုရှိပြီး အပြန်အလှန်ရှိမယ်ဆိုရင် အဲဒီအချစ်ဟာ ခိုင်မြဲပါတယ်..
ဒါက ကျွန်တော်အမြင်ပါ.. အမြင်ချင်းဖလှယ်တာပါ.. မှားတယ်ဆိုရင်တော့ ဆောရီးပါနော်လို့း)

Reply to This

ဒါတော့ဟုတ်တယ်ဗျို့လက်ခံပါတယ်

Emotion Of Mind said:

တကယ်တော့ ၉၀% လောက်ကတော့ညာတာဟုတ်ပါတယ်
ဒါပေမဲ့တကယ့်ရင်ထဲကခံစားချက်တွေနဲ့...တကယ်ချစ်ခဲ့မိမယ်ဆိုရင်တော့.....အွန်လိုင်းမှာလဲ..အချစ်စစ်ကိုတွေ့နိုင်ပါတယ်

Reply to This

ရှင်ကလည်းနော် ... ဟိုဘက် ခန်းမှာ အချစ်အကြောင်းဆွေးနေတာကို
ဒီမှာ ပြန်လာပီး Chatting ထဲမှာ အချစ်စစ်တွေ့နိုင်ပမလား ကိုပြန်လာမေးတယ်
တော့ပစ်မွှားနေပြီထင်လယ်ဂျ...

Reply to This

Chatting ထဲမှာအချစ်စစ်နဲ့တွေ့နိုင်မယ်လို့ထင်ပါတယ်.ကိုချစ်မိတဲ့ကောင်မလေးနဲ့လည်းသက်ဆိုင်တာပေါ့နော်.
အလိမ်အညာဆိုတာကတော့ လူတိုင်းနဲ့မကင်းဘူးလို့ထင်တယ်ဗျ.အနည်းနဲ့အများပေါ့.ဥပမာပြောရရင်-(ငယ်ငယ်
တုန်းက မိဘဆီကတောင်မှုန့်ဖိုးလိမ်တောင်ဖူးသေးတာဘဲဟာ .ဟုတ်ပှုးလား)ဟ`ဟ`။ကိုယ်လုပ်ချင်ရာကို
အမှန်အတိုင်းပြောရင် အရမ်းချစ်တဲ့မိဘတွေတောင်မှ နည်းနည်းလေးတော့ ငြီးငြူသွားနိုင်တာဘဲဟာ။(မတောင်း
ဘူးသူများမပါ)ဟ`ဟ`။တကယ်တော့*အချစ်ကိုမလိမ်မိဖို့ကအရေးကြီးမယ်*လို့ထင်မိပါတယ်ဗျာ.တကယ့်အချစ်စစ်
များနှင့်ဆုံစည်းနိုင်ကြပါစေဗျာ.။
စစ်မာန်~!~

Reply to This

အွန်လိုင်းထဲက သူငယ်ချင်းအားလုံးကို လေးစားပါတယ်။ ချက်ထဲတွေ့ခဲ့တဲ့ သူငယ်ချင်း ညီအစ်ကို မောင်နှမတွေကတော့ တစ်ကယ် ရိုးသားပါတယ် (ကိုယ်ကလွဲရင်ပေါ့)။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဘွဲ့လွန်၊ ဆော့ဖ်ဝဲ အင်ဂျင်နီယာ နဲ့ ထိပ်သီး ပညာရှင်တွေချည်းပါပဲ။ အွန်လိုင်းပေါ် ရင်းနှီးခွင့်ရပြီး အတွေ့အကြုံကောင်းတွေ ဖလှယ်နိုင်ခဲ့တယ်။ လိုအပ်တဲ့ အကူအညီကို လိုအပ်တဲ့အချိန်မှာ တောင်းခံနိုင်တာမို့ ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ်။ အချစ်စစ်နဲ့ တွေ့နိုင် မတွေ့နိုင် ဆိုတာကိုတော့ တီးခေါက်တုန်း၊ ကြိုးစားတုန်းမို့ ပြောဖို့ စောပါသေးကြောင်း ၀င်ပွားရပါတယ်။

Reply to This

ကြိုးစားတာ ဘယ်နှစ်ခွေကုန်သွားပြီလဲ ကိုဝင်းချော်.. အဲမှားလို့.. ကိုဝင်းဇော်..း)

Win Zaw said:
အွန်လိုင်းထဲက သူငယ်ချင်းအားလုံးကို လေးစားပါတယ်။ ချက်ထဲတွေ့ခဲ့တဲ့ သူငယ်ချင်း ညီအစ်ကို မောင်နှမတွေကတော့ တစ်ကယ် ရိုးသားပါတယ် (ကိုယ်ကလွဲရင်ပေါ့)။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဘွဲ့လွန်၊ ဆော့ဖ်ဝဲ အင်ဂျင်နီယာ နဲ့ ထိပ်သီး ပညာရှင်တွေချည်းပါပဲ။ အွန်လိုင်းပေါ် ရင်းနှီးခွင့်ရပြီး အတွေ့အကြုံကောင်းတွေ ဖလှယ်နိုင်ခဲ့တယ်။ လိုအပ်တဲ့ အကူအညီကို လိုအပ်တဲ့အချိန်မှာ တောင်းခံနိုင်တာမို့ ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ်။ အချစ်စစ်နဲ့ တွေ့နိုင် မတွေ့နိုင် ဆိုတာကိုတော့ တီးခေါက်တုန်း၊ ကြိုးစားတုန်းမို့ ပြောဖို့ စောပါသေးကြောင်း ၀င်ပွားရပါတယ်။

Reply to This

ဒီလိုပါပဲ၊ မကြာမကြာ တွန့်လိမ် တွန့်လိမ် ဖြစ်ဖြစ် သွားပါကြောင်း .. ..

Reply to This

အချစ် စစ်တယ် မစစ်ဘူးက ကာယကံ ရှင်တွေ ပေါ်မှာ ပဲ မူတည်တယ်။ 90 % လိမ်တယ် ဆိုတာတော့
လက်မခံ ချင်ဘူး အမှန်အတိုင်းမပဲ လျှို့ဝှက် ရင် လျှို့ဝှက်ထားမယ်။ ဒါက လိမ်လည်နေတယ်လို့
ဘယ်ခေါ်ပါ့မလဲ ......
မေဇင့်အမြင်ပါ။ အချစ်စစ် ဆိုတာ .....

Reply to This

ကျန်တဲ့အကြောင်းအရာတွေသာလိမ်ချင်လိမ်မယ်..ရင်ထဲကဖြစ်လာတဲ့အချစ်ကိုတော့ မလိမ်ပါဘူး။
လိမ်လို.မှရဘဲကို....နော့။ :P

Reply to This

ခံစားချက်ဆိုတာ လူပေါ်မူတည်ပါသည် ။

Reply to This

ထောက်ခံပါတယ်၊ ဟိုဟာတော့ မဟုတ်ဘူး၊ ချက်တင်ဆိုတာ သုံးတဲ့လူရဲ့ အပေါ်မှာပဲမူတည်ပါတယ်ဗျာ၊ သုံးရင် သုံးတတ်တလောက် အကျိုးရှိပါတယ်၊ :) ကျွန်တော်ကတော့ မကြုံးဖူးသေးဘူးဗျ၊

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service