Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

Emotion Of Mind

ရည်းစားဦးကို တသက်မမေ့နိုင်ဘူးဆိုတာမှန်လား ?

ကျွန်တော်ကြားဖူးတာရှိတယ်.. "ရည်းစားဦးကို တသက်မမေ့နိုင်ဘူး"တဲ့.. အဲဒါမှန်လား.. ကျွန်တော့်သူငယ်ချင်းတို့ရဲ့ အမြင်လေးတွေကိုလည်း သိချင်ပါတယ်..

Tags: and, answer, question

Share

Attachments:

Reply to This

Replies to This Discussion

မေးခွန်းမရှင်းဘူး.... ရည်းစားဦး ဆိုရင်တော့ နိုးပါ၊ အချစ်ဦးဆိုရင်တော့ ရက်စ်....

Reply to This

မှန်ချက်တော်..

Win Zaw said:
နောက်အသစ်တစ်ယောက် မတွေ့မချင်းကတော့ ရည်းစားဦးကို တော့ဖြင့် မေ့မရသေးဘူး ဖြစ်ပါမယ်။ ဒါက ယောက်ျားလေးအတွေးပေါ့။
မိန်းကလေး ဖက်ကျတော့ ဘယ်နှစ်ယောက်နဲ့ပဲ တွေ့တွေ့ ရည်းစားဦးကိုတော့ဖြင့် မေ့နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ချစ်တတ်အောင် ပထမဆုံး အသင်ပေးခံလိုက်ရလို့ ဖြစ်မယ် ထင်ပါတယ်။ ကွဲလွဲနိုင်ပါတယ် သဘောထားလေးတွေ။

Reply to This

မှန်တယ်...@Daywalker ရေ..
ရည်းစားဦးနဲ့ အချစ်ဦးက တူမှမတူပဲကိုး။
ရည်းစားဦးက မလိုချင်ပဲနဲ့ ရတွားတာတွေရှိတယ်...။အဖြေမပေးချင်ပဲနဲ့ပေးလိုက်ရတာတွေရှိတယ်.။ မလိုချင်ပဲနဲ့ အဖြေရတာတွေလည်း ရှိတယ်။
အချစ်ဦးကတော့ ရင်ထဲမှာအမြဲရှိတယ်..။ ပိုင်လည်း ပိုင်ဆိုင်ချင်တယ်။ မပိုင်ဆိုင်ရရင်လည်း တသက်မမေ့နိုင်ဘူး..။ ဒါပဲ..

Daywalker said:
မေးခွန်းမရှင်းဘူး.... ရည်းစားဦး ဆိုရင်တော့ နိုးပါ၊ အချစ်ဦးဆိုရင်တော့ ရက်စ်....

Reply to This

ရည်းစားတော့ အခုထိ မရှိဖူးဘူး။ အဟီး ရှက်စရာ။ ဒါပေမဲ့ ကြိတ်ကြိတ်ပြီး ပိုးနေရတဲ့ သူတွေတော့ အများသား။ ဟီး ဒါလည်း ရှက်စရာ။ အဲဒီထဲကမှ အသက် ၁၉ နဲ့ ၂၀ ကြားမှာ ချစ်ခဲ့ဖူးတဲ့ သူကိုတော့ အခုထိမမေ့သေးဘူး။ မနက်ဖန်သာ သေမယ်ဆိုရင် ကျနော်ကတော့ ဒီစတိတ်မန့်းအစား "၁၉၊ ၂၀ အရွယ်မှာ ချစ်ခဲ့ဖူးတဲ့သူကို တစ်သက်မမေ့နိုင်ဘူး"လို့ပြင်ပြောချင်ပါတယ်။ မှတ်ချက် - နောက်ဘဝလည်း ပါရင်ပါမည်။

Reply to This

မမေ့လောက်သေးဘူးထင်ပါတယ်ဗျာ.....

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service