Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

မိတ်ဆက်ကြပါဗျို့။ ဘယ်သူက ဘယ်သူမှန်း သိအောင်လို့

Share

Reply to This

Replies to This Discussion

အဲ ... ဒီနေရာကိုကျော်ပြိးလျှောက်ရေးနေတာ ... ကိုယ့်ကိုယ်ကိုမိတ်ဆက်ဖို့တောင် မေ့သွားတယ်... ဟဲဟဲ ... ဒီဒီကိုပါ ... ဘလော့စပေါ့ရဲ့ တနေရာမှာ လောလောဆယ် တဲလေးထိုးထားပါတယ် ... တိုက်ကိုတော့ ဒီမှာ အသစ်ထပ်ဆောက်နေပါတယ် ... အုတ်နဲ့သဲ ပြတ်သွားတဲ့အတွက် လောလောဆယ် ဒီအတိုင်းငြမ်းဆင်ထားပါတယ် ...
နေတာကတော့ ကမ္ဘာကြီးရဲ့ ဟိုးဘက်ဒေါင့်စွန်းလေးမှာ ကပ်ပြီးနေနေပါတယ် ... ကွန်ပျုတာရှေ့မှာမနေရရင် ဘ၀ဟာပြည့်စုံမှုမရှိဘူးလို့ ခံစားရသူတွေထဲမှာ ပါနိုင်ပါတယ် ... လောလောဆယ်တော့ ဒီလောက်ပဲပေါ့ ...

Reply to This

exiter ပါခင်ညာ။
ဝင်တာတော့ကြာနေပါပြီ မိတ်မဆက်ရသေးလို့ပါ။
ရန်ကုန်မှာပဲနေပါတယ်။
လူပျိုလေးပါ (ဟီး ကြော်ငြာထည့်တာ)
ကျွန်တော်လက်ရှိရေးနေတဲ့ http://phyoheinkyaw.info က MZ နဲ့အတူပါသွားပါ၍
အခု ကို ddieko လုပ်ပေးထားတဲ့ http://kophyo.freedassk.com မှာ ကိုရေးချင်တာတွေရေးနေပါတယ်။
ကျွန်တော်ကတော့ အခုမှ ဘလော့ကို စရေးနေတဲ့ blog beginner ပါ။
ဝိုင်းဝန်းကူညီအားပေးစေချင်ပါတယ်။

Reply to This

အနော်နာမည်ဘိုဘိုပါ.. ချင်ဂါဘူမှာ နေပါဒယ်..း)
အသက်ကတော့ အိုဗာ ၂၄ ... ဘလော့တွေကို ခဏခဏချိန်းပါဒယ်.. ဒီဇိုင်းလုပ်ရတာဝါဒနာပါဒယ်..
အနော်ရဲ့ အခုနောက်ဆုံးဘလော့ဂ်ကတော့ Emotion Of Mind ဖြစ်ပါဒယ်.. လာရောက်အားပေးနိုင်ပါဒယ်... အနော်ရေးထားတဲ့ သို့အမေ..ဆိုတဲ့ ပိုစ့်လေးကိုလာရောက်အားပေးကြပါလို့ ဖိတ်ခေါ်ပါဒယ်.. တေးတူးတင်ပါဒယ်။

Reply to This

ကိုယ့်ကိုကိုယ် မိတ်ဆက်ဖို့ မေ့နေလိုက်တာ.. xD
ကလေးငယ်လေးပါ။ အသက်က ၁၄နှစ်ပြည့်ခါနီးပါပြီ။
လောလောဆယ် ချင်ကာပူမှာ နေပါတယ်။း)
Blog Link က http://cutielilgurl.blogspot.com/ ပါ။

Reply to This

မင်္ဂလာပါ။
လရိပ် ပါ။ .... အားလုံး ကို တွေ့ ရတာ ၀မ်းသာ ပါတယ်။

Reply to This

လရိပ်ရေ မင်္ဂလာပါခင်ဗျာ.........သရဲကြီးပဲခေါ်ပေါ့
ပျော်ရွင်ပါစေဗျာ.......

Reply to This

ကျွှန်တော်ကတော့ စစ်မာန်ပါ.Blog ထဲကိုဝင်တာကြာသေးပါဘူး.ခံစားချက်ကလေးတစ်ချို့ကိုinternetစာမျက်နှာ
တွေပေါ်မှာ ရေးချချင်မိလို့ပါ.Blogger 1 ယောက်တော့မဖြစ်သေးပါဘူး ။ကြိုးစားလျှက်ရှိ.
ကျွှန်တော့်Blog address ကတော့ www.sitmhan.blogspot.com ပါ.လာလည်ကြပါအုံးဖိတ်ခေါ်ပါတယ်။ဟီးဟီ
ပျော်ရွှင်ကြပါစေ.
စစ်မာန်@~!~

Reply to This

ကျွန်တော်ကတော့ ဘလော့ဂါတွေထဲ ရောယောင်ဝင်လာတဲ့ ဗေဒင်မတောက်တခေါက်သမားလေးပါ။ နက္ခတ်ဗေဒင်၊ တားရော့ဗေဒင်၊ အဆောင်ပလောင်တွေဘာတွေကို စိတ်ဝင်စားရင်တော့ လာလည်နိုင်ပါတယ်။ ဗေဒင်လေ့လာသလောက် ပေါက်ကရတွေလည်း ဖွတတ်ပါတယ်။

Reply to This

မင်္ဂလာပါဗျာ။ ကျွန်တော် ကိုလတ် ပါ။ http://hiriautatpa.co.cc မှာ တကယ် ရေးကြတာ ကတော့ Juan , uThant နဲ့ သင့်လူ တို့ပါဘဲ။ ကျွန်တော် ကတော့ သူတို့ ရေးသမျှ တင်ပေး နေသူဆိုတော့ တကယ်တမ်း ပြောရရင် အယောင်ဆောင် blogger ပေါ့။ အသက်နဲ့ နေရပ် ကတော့ profile ထဲက အတိုင်းပါဘဲ။

Reply to This

အားလုံးမင်္ဂလာပါ၊
Nice to meet you all .

Reply to This

အားလုံးပဲမင်္ဂလာပါ။ ကျနော်က ကိုဂစ်တာပါ။ ကျနော့်ကို ဂစ်တာတီးသလားလို့ လူတိုင်းကမေးပါတယ်။မတီးပါဘူး။ နာမည်လေးလှသွားအောင်လို့ gmail nick ကို professionalguiterist လို့ပေးလိုက်တာပါ။ ကျနော်က ဘလော့ဆိုတာဘာမှန်းတောင်သိတာမဟုတ်ပါဘူး။ အခုမှဟိုယောင်ဒီယောင်နဲ့ဝေလေလေလိုက်နေတုန်းပဲရှိပါသေးတယ်။ အားပေးကြပါဦး။ ကျနော့် ဘလော့လေးက ဒီဟာ ပါ။လာလည်ခဲ့ပါဦးနော်။

Reply to This

အခုမှရောက်တယ်.. ကျောင်းဖွင့်တဲ့ကိစ္စနဲ့ ရှုပ်နေတာ..

ရောက်ခါစဆိုတော့.. cat-mountain-mountain နဲ့ ..
သူများ profile တွေကျ လှလှလေး.. ဘယ်လို ပြင်ရမှာတုန်း.. :P

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service